Kyet Yae Youth Society - KYYS

Kyet Yae Youth Society - KYYS Community Organization

"ကမ္ဘာမြီကြီးကျန်းမာသန်စွမ်းရန်နှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရန် သစ်ပင်စိုက်ပျိုးခြင်း"ကြက်ရေလူငယ်များရပ်ဝန်း(KYYS)မှ ...
31/07/2023

"ကမ္ဘာမြီကြီးကျန်းမာသန်စွမ်းရန်နှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရန် သစ်ပင်စိုက်ပျိုးခြင်း"

ကြက်ရေလူငယ်များရပ်ဝန်း(KYYS)မှ ရပ်ရွာအတွင်း( 30.7.23)နိန့်မှာ သစ်ပင်တိကိုစိုက်ပျိုးထားခပါရေ။

#နောင်လာဖို့မျိုးဆက်သစ်တိကို ပိုလို့လှပရေ
အနာဂါတ်တိနဲ့ ကျန်းမာပျော်ရွှင်ရေ လူနေမှုပုံစံကိုလက်ဆင့်ကမ်းပီးနိုင်ဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကတ်ပါဖို့။

Kyet Yae Youth Society - KYYS

 #စာအုပ်လှူတန်းခြင်းအစီအစဥ်  ဆရာလင်းမြတ် (Future light Computer Training Center)မှ  လူငယ်များ စာ​ပေအသိညဏ်တိုးတက်​​ရေးအတွ...
22/07/2023

#စာအုပ်လှူတန်းခြင်းအစီအစဥ်

ဆရာလင်းမြတ် (Future light Computer Training Center)မှ လူငယ်များ စာ​ပေအသိညဏ်တိုးတက်​​ရေးအတွက်
အသုံးပြုနိုင်ရန် အလှူ​ငွေ (၅၀၀၀၀ )ကျပ်ကိုပါ၀င်လှူဒါန်း​ပေး​​သော​ကြောင့် ကျ​နော်ရို့ ကြက်​ရေလူငယ်များရပ်၀န်းမှ အထူး​ကျေးဇူးတင်ရှိပါသည်

အကျွန်ရို့ ကြက်ရေလူငယ်များရပ်ဝန်းမှ-Mobilelibraryအစီအစဥ်ကို အေနိန့် ရွာလယ်ပိတောက်ပင်အောက်မှာပြုလုပ်ခယေ ပုံရိပ်တိဖြစ်ပါယေ...
08/07/2023

အကျွန်ရို့ ကြက်ရေလူငယ်များရပ်ဝန်းမှ-
Mobilelibraryအစီအစဥ်ကို အေနိန့် ရွာလယ်ပိတောက်ပင်အောက်မှာ
ပြုလုပ်ခယေ ပုံရိပ်တိဖြစ်ပါယေ

စာကြည့်တိုက်ကို
စနေ တနင်္ဂနွေ နိန့်တိမှာ နိန့်တိုင်းဖွင့်လားပါဖို့

#အားလပ်နိန်ယေအချိန်တိကို စာအုပ်ဖတ်ပနာ အပန်းဖြေကပါမေ

သတိထားကတ်ရပါဖို့ကြိုတင်ပြင်ဆင်မှုတိဟိဖို့လိုပါ​ယေ
11/05/2023

သတိထားကတ်ရပါဖို့
ကြိုတင်ပြင်ဆင်မှုတိဟိဖို့လိုပါ​ယေ

■ မုန်တိုင်း မိုခါ ကို အနီရောင်အဆင့်သတ်မှတ်၊ ရခိုင်တွင် လူပေါင်း ၉ သိန်းကျော် ထိခိုက်နိုင်

Western News| မေ ၁၁

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အားကောင်းသော မိုခါ မုန်တိုင်း ကို အနီရောင်အဆင့် သတ်မှတ်လိုက်ပြီး ရခိုင်ပြည်မှ လူဦးရေ ၉၃၀,၀၀၀ ကျော် ထိခိုက်နိုင်ကြောင်း ကမ္ဘာ့သဘာဝဘေး သတိပေးချက်ထုတ်ပြန်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုစနစ် က ယနေ့ မေ ၁၁ ရက်တွင် ထုတ်ပြန်သည်။

ကမ္ဘာ့သဘာဝဘေး သတိပေးချက်ထုတ်ပြန်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုစနစ် (Global Disaster Alert and Coordination SYSTEM − GDACS) က ယနေ့ မေ ၁၁ ရက် တွင် ထုတ်ပြန်ချက်တွင် ရခိုင်ပြည် ကျောက်ဖြူမြို့နှင့် ဘင်္ဂလားဒေ့ရှ့် နိုင်ငံ ကော့ဘဇားဒေသသို့ ဝင်ရောက်ရန် ဦးတည်နေသည့် အဆိုပါ မုန်တိုင်းသည် တစ်နာရီလျှင် ၁၀၃ မိုင်ကျော် တိုက်ခတ်နိုင်ကြောင်း ခန့်မှန်းထားသည်။

မုန်တိုင်းဝင်ရောက်စဉ် ရခိုင်ပြည်မှ လူဦးရေ ၉၃၀,၀၀၀ ကျော်၊ နှင့် စစ်ကိုင်းတိုင်းမှ လူဦးရေ ၄၄၀,၀၀၀နှင့် မကွေးတိုင်းအတွင်းမှ လူဦးရေ ၁၇၀,၀၀၀ တို့သည် အန္တရာယ်ရှိသည့် လေပြင်းတိုက်ခတ်မှုများ ခံရနိုင်သည်ဟု GDACS က ဆိုသည်။

မိုး/ဇလ၏ ယနေ့ နံနက် ၆ နာရီခွဲတိုင်းတာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ် (Deep Depression) သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမို အားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Strom) “မိုခါ (MOCHA) ”အဖြစ်သို့ ရောက်ရှိနေပြီဟု သိရသည်။

ကော့ဘဇားဒေသနှင့် ကျောက်ဖြူမြို့တို့ကြားမှ ဖြတ်ကျော်စဉ် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၉၀ မှ ၁၀၀ ခန့်အထိ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားသည်။

အနည်းဆုံး တစ်နာရီ မိုင် ၄၀ အထိ လေပြင်းတိုက်ခိုက်မှုဒဏ်ကိုခံရနိုင်သော မြန်မာနိုင်ငံက လူဦးရေ စုစုပေါင်းကတော့ ၅.၄ သန်းအထိရှိကြောင်း၊ အဓိက ထိခိုက်ပျက်စီးနိုင်သည့် လေယာဉ်ကွင်းများမှာ စစ်တွေ၊ ထီးလင်းနှင့် ဂန့်ဂေါလေယာဉ်ကွင်းများဖြစ်ကြောင်း ထုတ်ပြန် သတိပေးထားသည်။

အဆိုပါ မုန်တိုင်းအရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊‌ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းများနှင့် ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုး/ဇလက ဆိုသည်။

Western News-WN

K.Y.Y.S 1Year Anniversary  ကြက်​ရေလူငယ်များရပ်ဝန်းသည် (၂၁.၉.၂၀၂၂) ကြာသပ​တေးနိန့်တွင်  တစ်နှစ်ပြည့်ခပါယာ။ ​ဒေပိုင်မျိုး အ...
21/09/2022

K.Y.Y.S 1Year Anniversary

ကြက်​ရေလူငယ်များရပ်ဝန်းသည် (၂၁.၉.၂၀၂၂) ကြာသပ​တေးနိန့်တွင် တစ်နှစ်ပြည့်ခပါယာ။ ​ဒေပိုင်မျိုး အဖွဲ့အစည်းတစ်ရပ် ဖြစ်​မြှောက်​လာ​အောင် အဘက်ဘက်မှ ကူညီ​ထောက်ပံ့​​ပေး​သော အဖွဲ့အစည်းများ၊ ရပ်ရွာရှိ ရွာသူ ရွာသားများ ၊ အ​နေ​နေ အရပ်ရပ်မှ အလှူရှင်များ ၊ ကြက်​ရေလူငယ်များ ရပ်ဝန်းမှ အသင်းဝင်များ အား အထူးပင်​ကျေးဇူးတင်ဟိပါ​ယေ။ ကျွန်​တော်ရို့ လူငယ်များအ​နေဖြင့်လည်း K.Y.Y.S(ကြက်​ရေလူငယ်များရပ်ဝန်း) ကို ​ဒေထက််မက တိုးတက်​ကောင်းမွန်​အောင် ကြိုးစားလားဖို့ဖြစ်ပါ​ယေ။

ဝါဆိုလပြည့်နိ (ဓမ္မစကြာအခါတော်နိ) မှာ ခုနှစ်ရက်သားသမီးများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံန...
12/07/2022

ဝါဆိုလပြည့်နိ (ဓမ္မစကြာအခါတော်နိ) မှာ ခုနှစ်ရက်သားသမီးများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံနိုင်ကတ်ပါစီလို့ကြက်ရေလူငယ်များရပ်ဝန်း(KYYS)မှ ဆုမွန်ကောင်းတောင်းလိုက်ပါရေ။

 #ရပ်ရွာသာယာလှပရေးအတွက်သစ်ပင်စိုက်ခြင်းအစီအစဥ်Kyet Yae Youths Societyမှရပ်ရွာစိမ်းလန်းစိုပြေ​ရေးအတွက်  Green World Assoc...
26/06/2022

#ရပ်ရွာသာယာလှပရေးအတွက်သစ်ပင်စိုက်ခြင်းအစီအစဥ်

Kyet Yae Youths Societyမှ
ရပ်ရွာစိမ်းလန်းစိုပြေ​ရေးအတွက်
Green World Association of Kyet Yaeအဖွဲ့နဲ့ပူးပေါင်းကာ

ရွာလယ်ကန်ဟောင်းပတ်ပတ်လည်တွင် တပေဘူတပင်တိကို (25.6.2022)တွင် စိုက်ပျိုးထားခပါရေ။

ကြက်ရေကြီးဆရာတော်ထံမှ ရပ်ရွာစိမ်းလန်းစိုပြေရေးအတွက် တပေဘူတပင် (15)ပင်ကိုလည်းပါဝင်လှူဒါန်းစိုက်ပျိုးခပါရေ။
# Kyet Yea Youths Society

မိုးရာသီသစ်ပင်စိုက်ပျိုးခြင်း-------------------------------------------(3.6.2022)တွင်ကျွန်တော်ရို့ကြက်ရေလူငယ်များရပ်ဝန်...
04/06/2022

မိုးရာသီသစ်ပင်စိုက်ပျိုးခြင်း
-------------------------------------------

(3.6.2022)တွင်ကျွန်တော်ရို့ကြက်ရေလူငယ်များရပ်ဝန်းမှ
ရပ်ရွာစိမ်းလန်းစိုပြေရေးအတွက်
သစ်ပင်စိုက်ခြင်းအစီအစဥ်တစ်ခုကို
ကြက်ရေကြီး(အ.ထ.က)ကျောင်းအတွင်း တပေဘူတပင်တိစိုက်ပျိုးကာ လုပ်ဆောင်ခပါရေ

Address

Kyetyegyi

Telephone

+959456196692

Website

Alerts

Be the first to know and let us send you an email when Kyet Yae Youth Society - KYYS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share