05/05/2026
သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးပြီး ရာသီဥတုနဲ့ ပတ်ဝန်းကျင်ဆိုင်ရာဘာသာရပ်တွေကို ဆက်လက်သင်ယူချင်တဲ့ လူငယ်တွေအတွက် ဆွေးနွေးပွဲ
ယခု ဆွေးနွေးပွဲကို 3ZERO House Myanmar နှင့် Myanmar Environmental Education Team ၊ Bright Institute တို့နှင့် ပူးပေါင်းကာ "Green Skills for Youth: Academic and Career Pathways Workshop" ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
ဒီ Workshop မှာဆိုရင်
✅ Session 1: Green Skills for Youth: လူငယ်တွေအတွက် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အသိပညာ (Green Skills) များကိုမိတ်ဆက်ဟောပြောသွားမှာဖြစ်ပါတယ်၊ လက်ရှိအချိန်တွေဟာ ပတ်ဝန်းကျင်မှာ သိသာထင်ရှား ဆိုးရွားစွာ ကြုံတွေ့နေကြရတဲ့ ..
(၁) သစ်တောပြုန်းတီးခြင်း၊
(၂) ရာသီဥတုပြောင်းလဲခြင်း
(၃) ပတ်ဝန်းကျင်ညစ်ညမ်းခြင်း နဲ့ အခြားပြဿနာတွေကို
ဖြေရှင်းဖိုဆိုရင် အဲဒီပြဿနာတွေကို သာမန်ပြည်သူတွေ လွယ်လွယ်ကူကူ နားလည်သဘောပေါက်အောင် ရှင်းလင်းဟောပြောဆွေးနွေးနိုင်မယ့် လူငယ် "Educators" များဖြစ်လာစေဖို့ လိုအပ်တဲ့ဟောပြောသင်ကြားမှုစွမ်းရည် (Teaching Skills) များကိုလည်း မိတ်ဆက်ဟောပြောပေးသွားမှာဖြစ်ပါတယ်။
✅Session 2: Academic and Scholarship Pathways in Climate and Environmental Studies
ဒုတိယပိုင်းမှာဆိုရင်တော့ ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ်နယ်ပယ်တွေမှာ လူငယ် “Scholars” တွေ ထွက်ပေါ်လာဖို့အတွက် တက္ကသိုလ်ဝင်ခွင့်နှင့် ပညာသင်ဆု လျှောက်ထားရန် ပြင်ဆင်မှုတွေကို လက်တွေ့ကျကျ ပြင်ဆင်နိုင်ဖို့ ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ ACCESS Program အကြောင်း မိတ်ဆက်ပေးခြင်း၊ Personal Statement ကောင်းတစ်ခု ဘယ်လိုရေးသားရမယ်ဆိုတဲ့ လမ်းညွှန်မှုများ၊ပညာသင်ဆုလျှောက်ထားခြင်းနှင့်ပတ်သက်၍ သိရှိလိုတာများကို အမေး၊အဖြေကဏ္ဍတွင် တခါတည်းမေးနိုင်တဲ့ အစီအစဉ်လည်းပါဝင်မှာဖြစ်ပါတယ်။
Workshop အသေးစိတ်အချက်အလက်များ 🗓
နေ့ရက်: ၂၀၂၆ ခုနှစ်၊ မေ ၁၀ ရက် (တနင်္ဂနွေနေ့)
အချိန်: နေ့လယ် ၁၂:၃၀ နာရီ မှ ညနေ ၅:၀၀ နာရီအထိ
ပြုလုပ်မည့်ပုံစံ: Hybrid (In-Person သို့မဟုတ် Online)
နေရာ: 3ZERO House Myanmar (အမှတ် ၁၆၇၊ ၄၇ လမ်း (အထက်ဘလောက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့)
Host : 3ZERO House Myanmar x Myanmar Environmental Education Team (MEET) x Bright Institute
ဘယ်သူတွေတက်ရောက်သင့်လဲ👥
အသက် (၁၈) နှစ်မှ (၄၀) နှစ်အတွင်းရှိသော:
တက္ကသိုလ်ကျောင်းသား/သူများနှင့် ကျောင်းပြီးစလူငယ်များ
ရာသီဥတုနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် စိတ်ပါဝင်စားသူများ
နိုင်ငံတကာပညာသင်ဆု (Scholarships) လျှောက်ထားလိုသူများအတွက် အထူးသင့်တော်ပါတယ်။
📩 လျှောက်ထားရန် နောက်ဆုံးရက်: ၂၀၂၆ ခုနှစ်၊ မေလ (၇) ရက် [ည ၁၁ နာရီ၊ ၅၉ မိနစ်]
🔗 စာရင်းသွင်းရန်: https://forms.gle/p7mn18ctL8xNf7aq9
In-Person တက်ရောက်နိုင်သောလူဦးရေ အကန့်အသတ်ရှိပါသဖြင့် အမြန်ဆုံး စာရင်းပေးသွင်းဖို့ တိုက်တွန်းလိုပါတယ်။
အသေးစိတ်သိရှိလိုပါက Ko Bhone Myat Kyaw (09 973 474141) နှင့် Ma Suu Myat Kyaw (09 978447481) သို့ ရုံးဖွင့်ရက်များတွင် ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
[English Content]
Green Skills for Youth: Academic and Career Pathways Workshop
3ZERO House Myanmar, in collaboration with the Myanmar Environmental Education Team (MEET) and Bright Institute, is proud to present a workshop titled "Green Skills for Youth: Academic and Career Pathways Workshop."
This workshop is specially designed for young people who love the environment and wish to pursue further studies in climate and environmental fields.
What to Expect in This Workshop:
✅ Session 1: Green Skills for Youth
In this session, we will introduce fundamental environmental concepts and "Green Skills." Today, our environment faces severe challenges such as:
Deforestation
Climate Change
Pollution and other climate related Issues
To solve these problems, it is not enough to just know they exist. We need young "Educators" who can clearly and simply explain these global and national issues to the general public. This session will introduce the Teaching Skills necessary to become an effective environmental communicator.
✅ Session 2: Academic and Scholarship Pathways in Climate and Environmental Studies
To help develop the next generation of climate and environmental scholars , the second half of the workshop will focus on practical preparation for university admissions and scholarship applications. This includes:
An introduction to the ACCESS Program.
Guidance and tips on how to write a compelling Personal Statement.
An Interactive Q&A Session where you can ask specific questions about the scholarship application process.
Workshop Details 🗓
Date: Sunday, May 10, 2026
Time: 12:30 PM – 5:00 PM
Format: Hybrid (In-Person or Online)
Venue: 3ZERO House Myanmar (No. 167, 47th Street (Upper Block), Botahtaung Township, Yangon)
Hosts: 3ZERO House Myanmar x Myanmar Environmental Education Team (MEET) x Bright Institute
Who Should Attend? 👥
This workshop is ideal for individuals aged 18 to 40 who are:
University students or recent graduates.
Passionate about environmental conservation.
Interested in applying for international scholarships.
📩 Application Deadline: May 7, 2026 [11:59 PM]
🔗 Register Here: https://forms.gle/p7mn18ctL8xNf7aq9
Seats for in-person attendance are limited, so we encourage you to register as soon as possible!
For more information: Please contact Ko Bhone Myat Kyaw (09 973 474141) or Ma Suu Myat Kyaw (09 978447481) during office hours on working days.