Mawk Kon Local Development Organization

Mawk Kon Local Development Organization Mawk Kon is a non-profit, non-religious, non-political local development organization and implementing community development work.

22/05/2025
26/11/2024

Story line (Short Video)

22/11/2024
လမစေ့ဘဲမွေးဖွားခြင်းကြောင့် မွေးကင်းစကလေးငယ်နဲ့ သူ့ရဲ့မိသားစုမှာ ဘယ်လိုပြဿနာတွေ ကြုံတွေ့ရနိုင်ပါသလဲ။ လမစေ့ဘဲမွေးဖွားခြင...
22/11/2024

လမစေ့ဘဲမွေးဖွားခြင်းကြောင့် မွေးကင်းစကလေးငယ်နဲ့
သူ့ရဲ့မိသားစုမှာ ဘယ်လိုပြဿနာ
တွေ ကြုံတွေ့ရနိုင်ပါသလဲ။

 လမစေ့ဘဲမွေးဖွားခြင်းဟာ မွေးကင်းစကလေးငယ်ပေါ်သာမက မိသားစုအပေါ်မှာပါ အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။ အောက်ကပုံလေးတွေမှာ ဘယ်လိုအခက်အခဲ စိန်ခေါ်မှုတွေရှိနိုင်မလဲဆိုတာ လေ့လာကြည့်ရအောင်။

22/11/2024

မေမေတို့ရေ ဒီလမစေ့ဘဲ မွေးဖွားတဲ့ကိစ္စက မြန်မာနိုင်ငံ အနေနဲ့တင်မကဘဲ တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ရင်ဆိုင်နေရတဲ့ ကြီးမားတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အခုလို နိုဝင်ဘာ (၁၇) ရက်နေ့မှာ ကျရောက်မယ့် လမစေ့မွေးကလေးများနေ့ အထိမ်းအမှတ်အနေနဲ့ ကျင်းပတဲ့ ပညာပေး Talk Show အစီအစဉ်ကနေ ပါဝင်ဆွေးနွေးပေးသွားတဲ့ ကလေးအထူးကုဆရာမကြီးနဲ့ သရုပ်ဆောင်လည်းဖြစ် ဆရာဝန်လဉ်းဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းတို့ကနေ လမစေ့ဘဲ မွေးဖွားတဲ့ ကလေးလေးတွေကို စောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး အမြင်၊ သုံးသပ်ချက်တွေနဲ့အတူ အကြံပြုချက်တွေကိုလည်း အတူတူကြည့်လိုက်ရအောင်

22/11/2024

သားပိုက်ကောင်မိခင် ကလေးပြုစုစောင့်ရှောက်ခြင်းနည်းလမ်းကို မေမေတို့ အရင်က ကြားဖူးပါသလား?
အခု အပိုင်း (၃) ဗီဒီယိုထဲမှာတော့ သားပိုက်ကောင်မိခင် ကလေးပြုစုစောင့်ရှောက်ခြင်းနဲ့ ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကို သေချာလေး ပြင်ဆင် မျှဝေပေးထားပါတယ်

လမစေ့ဘဲမွေးဖွားတဲ့ ကလေးငယ်လေးတွေကို ပြုစုစောင့်ရှောက်ဖို့ ဘယ်သူတွေ အတူတကွလက်တွဲ ပါဝင်ဆောင်ရွက်ကြဖို့ လိုပါသလဲ။ ဘာကြောင့်...
22/11/2024

လမစေ့ဘဲမွေးဖွားတဲ့ ကလေးငယ်
လေးတွေကို ပြုစုစောင့်ရှောက်ဖို့
ဘယ်သူတွေ အတူတကွလက်တွဲ ပါဝင်ဆောင်ရွက်ကြဖို့ လိုပါသလဲ။ ဘာကြောင့်ပါလဲ။

 မိသားစုဝင်များအကူအညီနှင့် ပူးပေါင်းပါဝင်မှုသည် လမစေ့၊ ပေါင်မပြည့် ကလေးများအတွက် ကျန်းမာရေးကောင်းမွန်မှုရရှိရန်သာမက မိခင်၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ပံ့ပိုးပေးပါသည်။
 Kangaroo Mother Care ဆောင်ရွက်ခြင်းသည် မိခင်တစ်ယောက်သာမက မိသားစုဝင်များပါ ပါဝင်နိုင်သော အရေးကြီးသော ကိစ္စတစ်ခုဖြစ်ပါသည်။
 ပဏာမကျန်းမာရေးဝန်ထမ်းများအနေဖြင့် လမစေ့မွေးကလေးများနှင့် မိသားစုများအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု၊ အသိပညာနှင့် ပံ့ပိုးမှုများကို အချိန်နှင့်တပြေးညီပေးသင့်ပါသည်။
 လမစေ့မွေးကလေးများတွင် အန္တရာယ်လက္ခဏာများ ဒါမှမဟုတ် ပြင်းထန်သော ပြဿနာများ ထင်ရှားလျှင် ကလေးအထူးကုဆရာဝန်များနှင့် ပညာရှင်များ၏ အခန်းကဏ္ဍမှာ အရေးကြီးပါသည်။
 ဒါကြောင့်လမစေ့မွေးကလေးများအပါအဝင် မွေးကင်းစ ကလေးများအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိစေရန်အတွက် အားလုံးပူးပေါင်း၍ တာဝန်ယူ ဆောင်ရွက်ကြစို့။

မိခင်နဲ့ကလေး အသားချင်းထိကပ်ပြုစုစောင့်ရှောက်ခြင်းနဲ့ သားပိုက်ကောင်မိခင်ကဲ့သို့ ပြုစုစောင့်ရှောက်ခြင်းဆိုတာ ကတော့ အခြေခံမ...
20/11/2024

မိခင်နဲ့ကလေး အသားချင်းထိကပ်ပြုစုစောင့်ရှောက်ခြင်းနဲ့ သားပိုက်ကောင်မိခင်ကဲ့သို့ ပြုစုစောင့်ရှောက်ခြင်းဆိုတာ ကတော့ အခြေခံမွေးကင်းစကလေးပြုစု
စောင့်ရှောက်မှုမှာပါဝင်တဲ့ မီးဖွားပြီးတစ်နာရီအတွင်း
မိခင်နဲ့ကလေး အသားချင်းထိကပ်ပြုစုစောင့်ရှောက်ခြင်းနဲ့ သားပိုက်ကောင်မိခင်ကဲ့သို့ ပြုစုစောင့်ရှောက်ခြင်းတို့ကို အောက်ကပုံလေးတွေမှာ လေ့လာကြည့်ရအောင်။

လမစေ့ဘဲမွေးဖွားလာတဲ့ ကလေးငယ်လေးတွေအတွက် ဘာတွေဆောင်ရွက်ပေးသင့်ပါသလဲ။လမစေ့ဘဲမွေးတဲ့ ကလေးတွေကို အခြေခံမွေးကင်းစပြုစုစောင့်ရ...
20/11/2024

လမစေ့ဘဲမွေးဖွားလာတဲ့ ကလေးငယ်လေးတွေအတွက် ဘာတွေဆောင်ရွက်ပေးသင့်ပါသလဲ။

လမစေ့ဘဲမွေးတဲ့ ကလေးတွေကို အခြေခံမွေးကင်းစပြုစုစောင့်ရှောက်မှုတွေ
ပေးဖို့က အရမ်းအရေးကြီးပါတယ်။ အခြေခံစောင့်ရှောက်မှုတွေကတော့
(၁) မိခင်နှင့်ကလေး အသားချင်း
ထိကပ်ပြုစု
စောင့်ရှောက်တာတွေ၊
(၂) Kangaroo Mother Care လို့ ခေါ်တဲ့သားပိုက်ကောင်မိခင်ကဲ့သို့ ပြုစုစောင့်ရှောက်တာတွေ၊
(၃) မိခင်နို့ စောနိုင်သမျှစောစွာ
တိုက်နိုင်အောင် ပံ့ပိုးဆောင်ရွက်
ပေးတာတွေ၊
(၄) ရောဂါပိုးမဝင်ရောက်အောင်
ကာကွယ်တာတွေ၊
(၅) ဗီတာမင်ကေ အသားဆေးထိုး
ပေးတာတွေ၊
(၆) ကျန်းမာရေးဆန်းစစ်တာတွေ၊
(၇) တကယ်လို့ ကလေးမှာ အန္တရာယ်လက္ခဏာတစ်ခုခု
ဒါမှမဟုတ် ပြင်းထန်တဲ့
ပြဿနာတွေရှိရင် လိုအပ်သလို ညွှန်းပို့ဆောင်ရွက်ပေးတာတွေ၊ စတာတွေပါဝင်ပါတယ်။

ဒီလို အခြေခံမွေးကင်းစကလေး
ပြုစုစောင့်ရှောက်မှုတွေဟာ
လမစေ့၊ ပေါင်မပြည့်တဲ့
ကလေးတွေအတွက် ကုန်ကျစရိတ်
သက်သာပြီး ထိရောက်အကျိုးများတဲ့ အသက်ကယ်ပြုစုစောင့်‌ရှောက်မှုတွေ
ဖြစ်တယ်ဆိုတာ ပြောပြပါရစေ။

19/11/2024

လမစေ့ဘဲ မွေးလာတဲ့ကလေးလေးမှာ ဘယ်လိုမျိုး ထိခိုက်မှုတွေ ခံစားရနိုင်မလဲ၊ အသက်အန္တရာယ်ထိခိုက်နိုင်တာမျိုလည်း၊ သူတို့လေးတွေ ကောင်းမွန်စွာ ရှင်သန်ကြီးထွားခွင့်ရအောင် ဘယ်လိုနည်းလမ်းလေးတွေနဲ့ လုပ်ပေးလို့ ရမလဲဆိုတာကို ပြည့်ပြည့်စုံစုံလေး ဝေမျှပေးထားတာမို့ လမစေ့မွေးကလေးများနေ့ ဗီဒီယို အပိုင်း (၂) ကို အဆုံးထိ ကြည့်ရှုပေးပါဦးနော်

19/11/2024

မေမေတို့ရေ လမစေ့မွေးကလေးများနေ့ကို ဘာကြောင့် နှစ်စဉ် နိုဝင်ဘာ (၁၇)ရက်နေ့မှာ ကျင်းပကြတာလဲ?
လမစေ့ဘဲမွေးဖွားခြင်းက ဘာကို ဆိုလိုတာလဲ၊ ဘယ်လိုအကြောင်းရင်းတွေကြောင်း လမစေ့ဘဲမွေးဖွားခြင်းကို ဖြစ်စေတာ စသည့် စိတ်ဝင်စရားကောင်းပြီး ကျန်းမာရေးဗဟုသုတတွေ တိုးပွားစေဖို့ အောက်က လမစေ့မွေးကလေးများနေ့ ဗီဒီယို အပိုင်း (၁) ကို ကြည့်ရှုပေးပါဦးနော်

Address

Kit Tar Road, Ward-3, Myothit
Kengtung

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

08423943

Alerts

Be the first to know and let us send you an email when Mawk Kon Local Development Organization posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Mawk Kon Local Development Organization:

Shortcuts

Share