Khaung Sue Lient Youth Center

Khaung Sue Lient Youth Center Khaung Sue Lient Youth Center

KhaungSueLient Youth Center ၏ ၂၀၂၆–၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းဝင်ခွင့် လျှောက်ထားမှုများကို လက်ခံရရှိပါသည်။ KhaungSueLi...
21/05/2026

KhaungSueLient Youth Center ၏ ၂၀၂၆–၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းဝင်ခွင့် လျှောက်ထားမှုများကို လက်ခံရရှိပါသည်။

KhaungSueLient Youth Center ကို စိတ်ဝင်စား၍ ကျောင်းဝင်ခွင့် လျှောက်ထားပေးသည့်အတွက် သင်တန်းကျောင်းအနေဖြင့် ကျေးဇူးတင်ရှိပါသည်။

သို့ဖြစ်ပါ၍ ကျောင်းဝင်ခွင့် လျှောက်ထားသူ များကို Online မှတဆင့် အင်တာဗျူး ပြုလုပ်နိုင်ရန်အတွက် Telegram No. (+959799179040) သို့မဟုတ် Signal No. (+66819263725) သို့ မိမိအမည် ဖော်ပြ၍ ပြန်လည် ဆက်သွယ်ပေးပါရန် အသိပေးအပ်ပါသည်။

သင်တန်းကျောင်း တည်နေရာတွင် ဖုန်းလိုင်း အခက်အခဲရှိသဖြင့် ပေးထားသော ဖုန်းနံပါတ်များသို့ တိုက်ရိုက် ဖုန်းခေါ်ဆို၍ မရနိုင်ပါ။ ထို့ကြောင့် Telegram သို့မဟုတ် Signal မှတဆင့်သာ ဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကျောင်းဝင်ခွင့်လျှောက်လွှာတွင် ဖြေဆိုထားသည့် Email များကို အကြောင်းကြားစာ ပို့ထားသည့် အတွက် မိမိတို့ Email များကို ပြန်ကြည့်ပါ။

အခက်အခဲ တစ်စုံတစ်ရာ ရှိပါကပေးပို့ထား သည့် Email လိပ်စာသို့ ပြန်လည် ဆက်သွယ်နိုင်ပါသည်။

လေးစားစွာဖြင့်
သင်တန်းကျောင်းအုပ်
KhaungSueLient Youth Center

ကျောင်းဝင်ခွင့်လျှောက်လွှာပိတ်ရန် (၁) ရက်သာ လိုပါတော့သည်။(သင်တန်းသားခေါ်ယူခြင်း Link)https://www.facebook.com/share/p/1U...
19/05/2026

ကျောင်းဝင်ခွင့်လျှောက်လွှာပိတ်ရန် (၁) ရက်သာ လိုပါတော့သည်။
(သင်တန်းသားခေါ်ယူခြင်း Link)
https://www.facebook.com/share/p/1UCC5gwYhM/

ကျောင်းဝင်ခွင့်လျှောက်လွှာပိတ်ရန် (၆) ရက်သာ လိုပါတော့သည်။(သင်တန်းသားခေါ်ယူခြင်း Link)https://www.facebook.com/share/p/1U...
14/05/2026

ကျောင်းဝင်ခွင့်လျှောက်လွှာပိတ်ရန် (၆) ရက်သာ လိုပါတော့သည်။

(သင်တန်းသားခေါ်ယူခြင်း Link)
https://www.facebook.com/share/p/1UCC5gwYhM/

Khaung Sue Lient Youth Center ၏ လေးနှစ်တာခရီး အတွင်းရှိ မှတ်တိုင်များဖြစ်ပါတယ်။ယနေ့ အချိန်ထိ ပူးပေါင်းကူညီခဲ့ကြသူအားလုံး...
13/05/2026

Khaung Sue Lient Youth Center ၏
လေးနှစ်တာခရီး အတွင်းရှိ မှတ်တိုင်များဖြစ်ပါတယ်။
ယနေ့ အချိန်ထိ ပူးပေါင်းကူညီခဲ့ကြသူအားလုံးနှင့်ကျောင်းသားများကို
အထူးပင်ကျေးဇူးတင်ရှိပါတယ်။

Khaung Sue Lient Youth Center Batch-5 (2025-2026) ပညာသင်နှစ်ကျောင်းသားများ၏ လှုပ်ရှားဆောင်ရွက်ခဲ့မှု မှတ်တမ်းများ။
30/04/2026

Khaung Sue Lient Youth Center
Batch-5 (2025-2026) ပညာသင်နှစ်
ကျောင်းသားများ၏ လှုပ်ရှားဆောင်ရွက်ခဲ့မှု မှတ်တမ်းများ။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ဝင်ခွင့်လျှောက်လွှာကြေငြာချက်ကျွန်ုပ်တို့၏ခါန်.ဆူလာင့်လူငယ်သင်တန်းကျောင်း အမှတ်စဥ်(၆)ကိုစတင်ဖွ...
29/04/2026

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ဝင်ခွင့်လျှောက်လွှာကြေငြာချက်

ကျွန်ုပ်တို့၏ခါန်.ဆူလာင့်လူငယ်သင်တန်းကျောင်း အမှတ်စဥ်(၆)ကိုစတင်ဖွင့်လှစ်မည် ဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။ မိမိတို့၏အနာဂတ်အတွက် လမ်းကြောင်းရှာဖွေလိုသော တိုင်းရင်းသားဘာသာပေါင်းစုံ လူငယ်များ အတွက်ဤ ပညာရေးအခွင့်အလမ်းကို လျှောက်ထားရန် ဖိတ်ခေါ်အပ်ပါသည်။

အရေးကြီးသောရက်စွဲများ
● ဝင်ခွင့်လျှောက်လွှာ တင်သွင်းရန်နောက်ဆုံးနေ့ : ၂၀၂၆ မေလ ၂၀ ရက်
● ရွေးချယ်ခံရသည့်ကျောင်းသား/သူများ ကို ၂၀၂၆ မေလ ၂၅ ရက်နေ့တွင် ပြန်လည်ဆက်သွယ်ပါမည်

သင်တန်းအစီအစဉ်အကျဉ်း

ဤသင်တန်းသည် ၁၀ လကြာ ပြုလုပ်မည် လူငယ်သင်တန်းကျောင်းဖြစ်ပြီး
● လက်တွေ့လေ့လာမှုနှင့် သင်တန်းများကို ၈ လကြာ သင်ကြားမည်၊
● သုတေသန နှင့် လက်တွေ့ ကွင်းဆင်းလုပ်ငန်းအတွေ့အကြုံများ အတွက် ၂ လအတွင်း လေ့လာသင်ကြားမည်ဖြစ်သည်။
● ကျောင်းအိပ်၊ ကျောင်းစားဖြစ်သည်။

(နေထိုင်ရေးနှင့် ကျောင်းလခကုန်ကျငွေအား ကျောင်းမှတာဝန်ယူသည်။သင်တန်းသားများသည် သင်တန်း ကာလအတွင်း ထမင်းစားရန်အတွက် ဆန် ယူလာရမည် ဖြစ်ပြီး ဟင်းကို ကျောင်းမှ တာဝန်ယူမည် ဖြစ်ပါသည်။ ကျောင်းသားတစ်ဦး လျှင် တစ်လ ဆန် တစ်တင်း ပေးရမည်ဖြစ်သည်(ဆန်း မပေးနိုင်သူများ ကင်းလွတ်ခွင့် လျှောက်ထားနိုင်ပါသည်)။ ထို့အပြင် တစ်ကိုယ်ရည် အသုံးဆောင်ပစ္စည်းများ (စောင်၊ခြင်ထောင်၊ဖျာ၊ခေါင်းအုံး၊ဆပ်ပြာ) တို့ကိုပါ ယူဆောင်လာရမည် ဖြစ်ပါသည်

အဓိကဘာသာရပ်များ
● လူမှုရေးသိပ္ပံ
● အင်္ဂလိပ်ဘာသာ
● ကွန်ပျူတာနည်းပညာ
● ယဉ်ကျေးမှုနှင့် လူမှုပေါင်းစည်းမှု
အထက်ပါအဓိကဘာသာရပ်များအပြင် ကျွန်ုပ်တို့၏ သင်ရိုးညွှန်းတန်းတွင် အောက်ပါ ပညာရေးဖွံ့ဖြိုးရေးဘာသာရပ်များပါဝင်သည် –
● သုတေသတန နည်းဗျူဟာများ နှင့် လက်တွေ့ကွင်းဆင်းခြင်း
● ဇာတ်ညွှန်းရေးခြင်း နှင့် ပြဇာတ်
● Chemical မပါသော သဘာဝအဝတ်စိုးဆေးများလေ့လာခြင်း နှင့် လက်တွေ့လေ့ကျင့်ခြင်း
● ခေါင်းဆောင်မှုပညာ
● လိင်နှင့်လူမှုမတူကွဲပြားမှုနားလည်မှု
● ဒစ်ဂျစ်တယ်လုံခြုံရေးနှင့် မီဒီယာ
● စီမံကိန်းစီမံခန့်ခွဲမှုပညာရပ်
● နှင့် အခြား အကျိုးရှိသောဘာသာရပ်များ…

ကျွန်ုပ်တို့၏ ဆောင်ပုဒ် ။ ။ “အသိပညာဖြင့်လူငယ့်ဘဝများအား မြှင့်တင်ပေးအံ့”

ကျွန်ုပ်တို့သည် ခေတ်မီပြီး မဟာဗျူဟာရှိသော ပညာရေးပတ်ဝန်းကျင် နှင့် သာမန်ရိုးကျမဟုတ်သော သင်ယူမှုပတ်ဝန်းကျင် တစ်ခုကို ဖန်တီးရန် ရည်ရွယ်ပါသည်။ကျောင်းသား/သူများအတွက် လုံခြုံမှုရှိပြီး လွယ်ကူစွာလေ့လာနိုင်သည့် ပတ်ဝန်းကျင်တစ်ခုဖြစ်အောင် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ “မိမိအနာဂတ်နှင့် မိမိရပ်ဝန်းအတွက် တာဝန်ယူလိုသူ၊ တိုးတက်ရန်သင်ယူလိုစိတ်ရှိသူတိုင်း” ကို ကျွန်ုပ်တို့၏ ပညာရေးသင်တန်းသို့ လျှောက်ထားရန် ဖိတ်ခေါ်အပ်ပါသည်။

(လူဦးရေ အများဆုံး ၄၀ ဦးသာ လက်ခံမည်ဖြစ်သည်။)

သင်တန်းလျောက်လွှာ များကို
• Google Form
https://forms.gle/AQF6DUhvSyDYYmXX9 မှတဆင့် ဖြည့်နိုင်သည်။

• မြို့နယ် ပညာရေးရုံးများတွင် လျှောက်လွှာတောင်းယူပြီး ဖြည့်နိုင်သည်။

• ကျောင်းသားဟောင်းများ၏ အကူညီဖြင့် သင်တန်းကျောင်းတွင် လာရောက်ဖြည့်နိုင်သည်။

• လျှောက်လွှာဖေါင်ကို Page Messaging မှ တောင်းယူပြီး ဖြည့်နိုင်သည်။

ဖြည့်ပြီးသော လျှောက်လွှာများကို သင်တန်းကျောင်းသို့ လူကိုယ်တိုင်လာရောက်ပေးခြင်းဖြစ်စေ၊ သင်တန်းကျောင်း Page Messanger သို့မဟုတ် သင်တန်းကျောင်း Email- [email protected] မှ တဆင့် ပေးပို့နိုင်ပါသည်။

Khaung Sue Lient Youth CenterBatch-5 Graduation Ceremony.
05/04/2026

Khaung Sue Lient Youth Center
Batch-5 Graduation Ceremony.

“ရေသည်ကျွန်ုပ်တို့၏ဘဝဖြစ်တည်မှုနှင့် ဆက်တည်ရှိမှု” ရေသည် လူသားများ၏ အသက်ရှင်နေထိုင်မှုအတွက် အရေးကြီးဆုံး သဘာဝအရင်းအမြစ်တ...
24/03/2026

“ရေသည်ကျွန်ုပ်တို့၏ဘဝဖြစ်တည်မှုနှင့် ဆက်တည်ရှိမှု”

ရေသည် လူသားများ၏ အသက်ရှင်နေထိုင်မှုအတွက် အရေးကြီးဆုံး သဘာဝအရင်းအမြစ်တစ်ခုဖြစ်ပြီး
သောက်သုံးရန် ၊အစားအသောက်ပြင်ဆင်ရန် ၊ကိုယ်ရေးကိုယ်တာ သန့်ရှင်းရေးအတွက် ၊ စိုက်ပျိုးရေးနှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများအတွက် မဖြစ်မနေလိုအပ်ပါသည်။

ယနေ့ကမ္ဘာတစ်ဝှမ်းတွင် လူအများအပြားသည် သန့်ရှင်းသော သောက်ရေကို လုံလောက်စွာ မရရှိနိုင်သေးပါ။ ထို့ကြောင့် ရေကို အကျိုးရှိစွာ အသုံးပြုခြင်းနှင့် သဘာဝရေအရင်းအမြစ်များကို ထိန်းသိမ်းကာကွယ်ခြင်းသည် လူတိုင်း၏ တာဝန်ဖြစ်ပါသည်။
ကမ္ဘာ့ရေနေ့ (World Water Day) ကို ကေအဲန်ယူ-ဒူးပလာယာခရိုင် မွေးမြူရေးနှင့်ရေလုပ်ငန်းဌာန ၊ Karen Environmental and Social Action Network (KESAN) တို့မှ ဦးဆောင်ပြီး Khaung Sue Lient Youth Centerမှ ကျောင်းသားများနှင့်အတူ ဒေသခံလူထုပါ ပါဝင်ပြီး ကျင်းပခဲ့ပါသည်။

ရေအရင်းမြစ် ပျက်စီးစေသော အကြောင်းအရာများ၊ ထိန်းသိမ်းရမည့်နည်း၊ ပြန်လည်ပြုပြင်ရမည့် နည်းလမ်းများ ဆွေးနွေးခဲ့ကြပါသည်။
ကမ္ဘာရေနေ့ ကို ၁၉၉၂ တွင် သတ်မှတ်ခဲ့ကာ ကမ္ဘာနဲ့အဝှမ်းမှာ ကျင်းပခဲ့ပြီး ၂၂.၃.၂၀၂၆ ရက်နေ့ တွင် ဒူးပလာယာခရိုင်မှာ ပထမဆုံး အကြိမ်ဖြစ် ကျင်းပခဲ့ပါသည်။

၂၀၂၆ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ရေအရင်းအမြစ်များနေ့၏ ဆောင်ပုဒ်မှာ ‘Water and Gender- Where Water Flows, Equality Grows (စီးဆင်းသမျှရေ၊ ညီတူမျှဝေစံစားစေ)’ ဖြစ်ပါသည်။

15/01/2026

အကူညီ လိုအပ်နေသူများထံသို့

07/01/2026

ကွီးဒေါလေး သဘာဝရေတံခွန် ပါတ်ဝန်းကျင်ရှိ
အမှိုက်များကို KKhaung Sue Lient Youth CenterBatch-5 ကျောင်းသားများမှ စုပေါင်း အမှိုက်ကောက် သန့်ရှင်းရေးလုပ်ဆောင်ခဲ့ပြီ အမှိုက်ပစ်ရန်နေရာများကို ထားရှိပေးခဲ့ပါသည်။
သဘာဝပတ်ဝန်းကျင်း သန့်ရှင်းလှပဖို့ ခရီးသွားအားလုံး ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကျွန်ုပ်တို့၏ ခါန်.ဆူလာင့် လူငယ်သင်တန်းကျောင်း အပတ်စဥ် (၅) ကို၂၀၂၅ ခုနှစ် ဇွန်လအကုန်ပိုင်းတွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင...
29/05/2025

ကျွန်ုပ်တို့၏ ခါန်.ဆူလာင့် လူငယ်သင်တန်းကျောင်း အပတ်စဥ် (၅) ကို၂၀၂၅ ခုနှစ် ဇွန်လအကုန်ပိုင်းတွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ဝမ်းမြောက်စွာအသိပေးအပ်ပါသည်။ မိမိတို့၏အနာဂတ်အတွက်လမ်းကြောင်း ရှာဖွေလိုသော တိုင်းရင်းသား ဘာသာပေါင်းစုံလူငယ်များအတွက် ဤပညာရေးအခွင့်အလမ်းကို လျှောက်ထားရန် ဖိတ်ခေါ်အပ်ပါသည်။

* ဝင်ခွင့်လျှောက်လွှာ တင်သွင်းရန်နောက်ဆုံးနေ့: ၂၀၂၅ ဇွန်လ ၁၇ ရက်
* ရွေးချယ်ခံရသည့်ကျောင်းသား/သူများ ရောက်ရှိရန်နေ့: ၂၀၂၅ ဇွန်လ ၂၂ ရက်

အဓိကဘာသာရပ်များ
* လူမှုရေးသိပ္ပံ
* အင်္ဂလိပ်ဘာသာ
* ကွန်ပျူတာနည်းပညာ
* ယဉ်ကျေးမှုနှင့် လူမှုပေါင်းစည်းမှု

(သင်တန်းကြေးအခမဲ့)�
ကျောင်းစားရိတ် (စာအုပ်စာတမ်းကြေး၊ ဖတ်စာ၊ ကျောင်းဝတ်စုံ ၊စာရေးကရိယာပစ္စည်းများ) ဖိုး ၁၅၀,၀၀၀ ကျပ် ပေးသွင်းရမည်။
ကျောင်းစားရိတ်ကင်းလွတ်ခွင့်လျှောက်ထားနိုင်ပါသည်။

Google/ online form:
https://forms.gle/nhiyy3X6kWuopWGR9

Physical form: (print ထုတ်၍ ဖြေဆိုရမည်၊ ဓါတ်ပုံရိုက်ပြီး အောက်ပါ emailသို့ပြန်ပေးပို့ရပါမည်)

ပေးပို့ရန်…
[email protected]

https://drive.google.com/file/d/12jZoVk7GKl1qqija4npbI_UZkZ_PKE9U/view?
usp=share_link

Form ကို တစ်မျိုးသာဖြည့်ရန်လိုအပ်ပါသည်။

ဓါတ်ပုံ: KSL YC batch 4 graduation
Good luck for all …

Form

Address

Karen, Myanmar
Karen

Website

Alerts

Be the first to know and let us send you an email when Khaung Sue Lient Youth Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share