09/03/2026
" ကယ်တင်ခြင်း (ရောက်)လား-(ရ) လား "
•———————••••••••••———————•
ကယ်တင်ခြင်း ရပြီလား/ ကယ်တင်ခြင်းရပြီ..
စသည်ဖြင့် အလွယ်တကူ ပြောမိတတ်တယ်။
ကယ်တင်ခြင်း ရ ဆိုတဲ့စာလုံးမြန်မာကျမ်းမှာ
မရှိပါ။ ကယ်တင်ခြင်းရောက်ဆိုတဲ့စာလုံးသာ
သုံးထားတယ်။
ခြွင်းချက်အနေနဲ့-
( ကယ်တင်ခြင်းကို ပိုင်ရစေခြင်းငှါ ) ဆိုတဲ့
စာကြောင်းတော့ရှိတယ်။( ၁သက်-၅း၉ )
ဥပမာ၊---
လူအပေါင်းတို့သည်ကယ်တင်ခြင်းသို့'ရောက်'
( ၁တိ-၂း၄ )
ကယ်တင်ခြင်းသို့ ' ရောက် ' မည်ဟုမျော်လင့်။
( ၁သက်-၅း၈ )
ကယ်တင်ခြင်းသို့'ရောက်'စေ။(၁သက်-၂း၁၆)
ကယ်တင်ခြင်းသို့' ရောက် 'ရ၏။(ဧဖက်-၂း၈)
ထာဝရ အသက် ဆိုရင် ( ရ ) နှင့် တွဲသုံးတယ်၊
ကယ်တင်ခြင်းကို ( ရောက် ) နှင့် တွဲသုံးတယ်။
( ရ ) ဆိုတာ ပိုင်ဆိုင်ခြင်း ပုဒ်ဖြစ်တယ်၊
( ရောက် )ဆိုတာ နေရာပြ ပုဒ်ဖြစ်တယ်။
ထာဝရအသက် ရပြီ ဆိုတာ ခရစ်တော်ကို ပိုင်
ဆိုင်ရရှိခြင်းဖြစ်တယ်။
သားတော်ကိုရသောသူသည် ထာဝရအသက်ကို
' ရ ' ၏။( ၁ယော-၅း၁၂ )
ကယ်တင်ခြင်းရောက်ပြီ ဆိုတာ စာတန်နိုင်ငံက
ထွက်လာပြီးခရစ်တော်ရဲ့နိုင်ငံထဲသို့ ' ရောက်ရှိ '
တာကို ဆိုလိုတာဖြစ်တယ်။(ကောလော-၁း၁၃)
ဂရိစာမှာတော့ σωθῆναι “ဆော်ထယ်နိုင်” ပေါ့။
“To be saved “ ပါပဲ။ ကယ်တာ၊ လုံခြုံစေတာ။
ထာဝရအသက်ရခြင်း (သို့) ကျနော်တို့ အထဲမှာ
ခရစ်တော်ရှင်ပေးလို့ကယ်တင်ခြင်းစိတ်ချရတာ
ကျနော်တို့အထဲမှာ ဦးဆောင်၊ လှုပ်ရှားဘို့ ကိန်း
ဝပ်ခြင်းလည်းဖြစ်တယ်။
ကယ်တင်ခြင်း ' ရောက် ' ဆိုတဲ့ စကားလုံးက
ဘုရားသခင်ရဲ့နေရာ ( သို့ ) ဘုရားသခင်ရဲ့
မျက်မှောက်တော်ဖြစ်တယ်။
ဖြူစင်သန့်ရှင်းနေရာ မြင့်မြတ်တဲ့နေရာ အပြစ်
ကင်းစင်တဲ့ ဘုရားရဲ့ နယ်မြေကို ရောက် ဆိုတဲ့
စကားလုံးက ညွန်ပြနေတယ်။
တမလွန်ဆိုတာ ကိုယ်တိုင်သွားရမယ့်ခရီး၊ ပြန်လှည့်
လာလို့မရတဲ့နေရာ၊ ထာဝရ ကါလ သို့အပြီးသွားရတဲ့
ခရီးဖြစ်တဲ့အတွက်၊ အထူးသတိထားစေချင်တယ်။
( သေပြီးရင် နောက်တဖန် မလာနိုင်သော ဝိညာဉ်-
ဆာလံ-၇၈း၃၉ )
( တခါတည်းသေ၍၊ ထိုနောက်မှတရားစီရင်ခြင်းခံရ-
ဟဗွေဲ.၉း၂၇ )
ထာဝရအသက် ရ/မရ ကယ်တင်ခြင်း ရောက်/
မရောက် နှုတ်ကပတ်တော်နဲ့ပြန်ဆန်းစစ်ပါ။
ကိုယ်ကိုယ်ကို စုံစမ်းကြလော့၊ စစ်ကြောကြလော့။
( ၂ကော-၁၃း၅ )
ထာဝရအသက် ပိုင်ဆိုင်သောသူ၊ ကယ်တင်ခြင်း
ရောက်သောသူ၊ သမ္မာတရားကို သိ၍ ကျင်လည်
သောသူများဖြစ်ကြပါစေ။ ( ၁တိ-၂း၄ )