ECCE Kalaymyo

ECCE Kalaymyo Early childhood care and Education Early Childhood Care Education Kalaymyo

19/01/2026

ECCE Chritmas 2025

19/01/2026

ECCE 2025 Christmas

09/10/2024

ECCE Oct 9 2044

03/06/2023

#မူကြိုကလေးတွေ စာရေးဖို့အချိန်မရောက်သေးဘူးဆိုတာကို ဒီဓါတ်မှန်ရိုက်ထားတဲ့ ပုံလေးက မိဘတွေကိုသက်သေပြနိုင်ပါလိမ့်မယ်။

💯3နှစ်အရွယ်ကလေးတွေရဲ့ ကြွက်သားတွေ အရိုးအဆစ်တွေက စာရေးဖို့ မသင့်တော်သေးတာကလည်း လက်ဖဝါးက အရိုးတွေ အဆစ်တွေဆက်ထားနိုင်တဲ့အချိန်အရွယ်မရောက်သေးတာကိုလည်း မြင်တွေ့ရပါတယ်။

💯ကလေးကို မူကြိုကျောင်းပို့တာနဲ့ စာစပြီးရေးတတ်စေချင်တဲ့အခါ ကလေးစာမရေးတတ်လို့ ငြိုငြင်လာတဲ့အခါ ဒီပုံလေးကြည့်ပြီး ဪ စာရေးခိုင်းဖို့ မလိုအပ်‌သေးပါလားဆိုတာကို နားလည်လက်ခံထားသင့်ပါတယ်။

✅မူကြိုကလေးတွေအတွက် အသင့်တော်ဆုံးက
အရောင်ခြယ်တာ
ရွံအတုတွေနယ်တာ
ကလေးကတ်ကြေးနဲ့ စက္ကူညှပ်တာ
စတေကာတွေ ခွာလိုက်ကပ်လိုက်ကစားတာ
အရုပ်ဆက်တာ သဲမြေကြီး ရွံဗွက်တွေကို ကစားခွင့်ပြုရင် အရိုးအကြောလေးတွေ ကြွက်သားတွေသန်မာလာအောင် ကလေးရဲ့ စားချိန်အိပ်ချိန် ကစားချိန်ကို နေ့စဉ်ပုံမှန်လည်ပါတ်လာအောင် ဂရုစိုက်ပေးရုံပါပဲ။

✅အဓိကက သဘာဝနဲ့ထိတွေ့ကစားခွင့်ပြုတာ
မိဘတွေနဲ့အတူကစားတာ သူငယ်ချင်းနဲ့ ကစားတာ
အကျီဘောင်းဘီကိုယ်တိုင်ဝတ်တတ်အောင် လေ့ကျင့်တာ ဖိနပ်ကြိုးချည်နည်းတွေ အိမ်အလုပ်မှာ နိုင်သလောက်ပါဝင်ခွင့်ပြုတာနဲ့ တာဝန်ယူတတ် တာဝန်သိတတ်အောင် အစားစာကို ကောင်းကောင်းစားတတ်အောင် ကစားစရာတွေ ကိုယ်တိုင်သိမ်းတတ်အောင်ပဲ လမ်းပြပေးရမှာပါ

💯အများနဲ့နေထိုင်တဲ့အခါ စိတ်ခံစားမှုကို ထိမ်းတတ်အောင် နိုင်ငံတကာစံနုန်းအတိုင်းဒီသုံးချကိကို လိုက်နာလာအောင်အချိန်ပေး သင်ရမှာပါ👇👇👇

❎ပစ္စည်းကိုပစ်ပေါက်ဖို့ခွင့်ပြုလို့မရကြောင်း
❎ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်လုပ်ဖို့ခွင့်ပြုလို့မရကြောင်းနဲ့
❎သူတပါးကိုနာကျင်အောင်လုပ်ဖို့ခွင့်ပြုလို့မရကြောင်းကို နားလည်အောင် အဓိကထား သင်ပေးရမှာဖြစ်ပါတယ်။

✍️ရေးဖို့ အရွယ်ရောက်လာချိန် ရေးတတ်လာမှာပါ။အဓိကက အရွယ်လိုက်ပေးသင့်တဲ့စည်းကမ်းကို အရင်လိုက်နာတတ်အောင် သင်ပေးပါ စံပြနေပေးပါ လက်တွဲခေါ်ပေးပါလို့ မိဘတွေကို အကြံပြုတိုက်တွန်းပါတယ်ရှင့်။

မေတ္တာဖြင့် ✍️💖 Mommy of 3





Photo by Play Academy 🙏

11/08/2021

Hello 🤗

Page စဖွင့်တဲ့ တစ်လ ပြည့် အထိမ်းမှတ် အနေနဲ့ လာမယ့် 23 ရက်နေ့ မှာ Give-away Tshirt (၂) ထည် မဲဖောက်ပေးပါမယ်
ပါဝင်ကံစမ်းလိုသူတွေအနေနဲ့
(၁) Page ကို Like & follow လုပ်ရပါမယ်
(၂) ယခုpost ကို public နဲ့ share ထားတဲ့ screenshot ကို comment မှာ မန့်ပေးရပါမယ်
(၃) ၁ မှ ၉ ထိ ကြိုက်ရာဂဏာန်း၃လုံး မန့်ပေးရပါမယ်

၂၃ရက်နေ့ကျရင် Give-away ရတဲ့ ကံထူးသူနှစ်ယောက်ကို page ကနေ ကြေငြာပေးပါ မယ်နော်

Tshirt (၂)ထည်က ကြောင်ခြစ်သားနဲ့ ချည်ဆွဲသားလေးပါ
အတိုင်းလေးတွေကို ရေးပေးထားပါတယ်နော်

(deli fee တတ်နိုင်မှပဲ ပါဝင်ပေးစေလိုပါတယ် )

Good luck!

11/06/2021

ကလေးတွေကို ထူးချွန်အောင်
ဟော သည်လို ပြုစု ပျိုးထောင်ပါ . . .
( ဆုတင် မှတ်စု )
++++++++++++++

၁။ နေ့တိုင်း
အနည်းဆုံး နာရီ၀က်ခန့်
သင့်ကလေးနဲ့ အတူ
သူတို့စိတ်၀င်စားတဲ့
အကြောင်းအရာ တစ်ခုခုကို
ဆွေးနွေး တိုင်ပင်ပါ။

၂။ ကလေးကို ငယ်စဉ်ကစပြီး
သန့်ရှင်းရေး ကို နှစ်သက်ပါစေ။
တစ်ကိုယ်ရည် သန့်ရှင်းရေး
ဂရုပြု နိုင်ပါစေ။

၃။ စိတ်ရှည်ရှည်ထားပြီး
ကလေး၏ စိတ်တွင်းစကားကို
နားထောင်ပေးပါ။
ထောက်ခံအားပေးသည့်
ပုံစံမျိုးဖြင့်
နားထောင်ပေးပါ။

၄။ ကလေးကို
သတိပေးတယ်ဆိုပြီး
အနာဟောင်းကို တုတ်ဖြင့်
ခဏခဏ မဆွပါနှင့်၊
သတိပေးစကား
ခဏခဏ ပြောမိလျင်၊
ကိုယ်ပြောချင်တာပြော၊
သူလုပ်ချင်တာလုပ် ဖြစ်သွားမည်။

၅။ ကလေး၏ အပြစ်ကိုတွေ့လျင်
လေးလေးနက်နက် ပြောပြပေးပါ။
ဆွေးနွေးပေးပါ။
အပြစ် မှ တစ်ဆင့်
ဖြစ်ပေါ်တတ်သော
နောက်ဆက်တွဲ အကျိုးများကို
ကလေးနားလည်အောင်
ပြောပြပေးပါ။

၆။ မိမိ အကောင်အထည်
မဖေါ်နိုင်ခဲ့သော
မိမိ၏ ရည်ရွယ်ချက်များကို
ကလေးထံမလွှဲပြောင်းပါနှင့်၊
ကိုယ်က ဆရာ၀န်မဖြစ်ခဲ့လို့၊
စစ်ဗိုလ်မဖြစ်ခဲ့လို့၊ စသည်ဖြင့်
ကလေးကို
အကောင်အထည်
ဖေါ်ခိုင်းတာမျိုး
လုံး၀ရှောင်ကျဉ်ပါ။

ရ။ ကလေးကို
အဖိုးအဖြားအနားမွာ
နှစ်ချီထားတာမျိုး
မပြုလုပ်ပါနှင့်၊
မြေး မှာအနှစ်၊
အနှစ်လွန်လျင် မကောင်းပါ။

၈။ ကလေးကို စိတ်ရှည်ရှည်ဖြင့်
ပုံပြင်စာအုပ် ဖတ်ပြပါ။
ပြန်ပြောပြခိုင်းပါ။
သူ့ အယူအဆလေးတွေကို
မေးကြည့်ပါ။
ထောက်ခံပေးပါ။

၉။ ကလေး၏ အပြုအမူ၊
အပြောအဆို၊ တိုးတက်မူ
စသည်တို့ကို သုံးသပ်ပြီး
နေ့စဉ် ကလေးအတွက်
တိုးတက်နိုင်စရာ
နည်းလမ်းတစ်ခုခု၊
အားပေးနိုင်စရာ
နည်းလမ်းတစ်ခုခု
စဉ်းစားပေးပါ။
အချိန်ကြာလာသည်နှင့်အမျှ
အလွန်ထိရောက်သည်ကို
တွေ့ရှိလာပါလိမ့်မည်။

၁၀။ ကလေးကို
စိတ်ရင်းကောင်း ရှိအောင်
ငယ်စဉ်ကတဲက မွေးမြူပါ။
အကောင်းဆုံးနည်းလမ်းမှာ
ကလေးရှေ့မှာ
မည်သူတစ်ဦးတစ်ယောက်၏
မကောင်းကြောင်းကို
မပြောမိပါစေနှင့်၊

၁၁။ ကလေးကို
ပြုံးတတ်အောင်
သင်ထားပေးပါ။
အလွယ်ကူဆုံး နည်းလမ်းမှာ
ကိုယ်အရင် ပြုံးပါ။

၁၂။ ကလေးကို
လွယ်လွယ် နှင့်
ကတိမပေးပါနှင့်၊
ပေးမိလျင်လည်း
အကောင်အထည်
ရအောင်ဖေါ်ပေးပါ။

၁၃။ ကိုယ့်ကလေး က
ဘယ်ကလေးထက် ညံ့တယ်၊
အားနည်းတယ် စသည်ဖြင့်
မည်သည့်အခါမှ မပြောမိပါစေနှင့်.၊

၁၄။ ကလေးပြီးမြောက်ထားသော
အလုပ်ထဲတွင် ချီးကျူးနိုင်စရာကို
ရအောင်ရှာဖွေပြီး ချီးကျူးပေးပါ။

၁၅။ ကလေးကို မည်သည့်အခါမှ
မချိန်းချောက်ပါနှင့်၊

၁၆။ လူရှေ့သူရှေ့ မှာ
မည်သည့်အခါမှ
မိမိကလေးကို ေ၀ဖန်ခြင်း၊
ဆဲဆိုခြင်း မပြုလုပ်ပါနှင့်။
ကလေး အနေဖြင့်
မိမ်ိကိုယ်မိမိ ယုံကြည်မူ
ထိခိုက်တတ်ပါသည်။

လက်ဦးဆရာ မိဘ များ
သတိရှိနိုင်ကြပါစေခင်ဗျား . . ။

ပြန်လည်မျှေ၀သူ

ကလေး တွေကို နည်းလမ်း အမှန် သင်ပြပါ
08/06/2021

ကလေး တွေကို နည်းလမ်း အမှန် သင်ပြပါ

2019 2020 အောင်စာရင်း သြဂုတ်လ အစောပိုင်း ကာလာတွေမှာ ထွက်လာပါတော့မယ်နော်app ယူရန် ပုံနှိပ်လိုက်ပါ
28/07/2020

2019 2020 အောင်စာရင်း သြဂုတ်လ အစောပိုင်း
ကာလာတွေမှာ ထွက်လာပါတော့မယ်နော်

app ယူရန် ပုံနှိပ်လိုက်ပါ

ECCE Christmas 2019
20/12/2019

ECCE Christmas 2019

20/12/2019

ECCE Christmas 2019

Address

Phualpi Veng
Kale
1000

Opening Hours

Monday 09:00 - 15:00
Tuesday 09:00 - 15:00
Wednesday 09:00 - 15:00
Thursday 09:00 - 15:00
Friday 09:00 - 15:00

Telephone

+959400457851

Website

Alerts

Be the first to know and let us send you an email when ECCE Kalaymyo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share