CFK_Art Fund

CFK_Art Fund Community-supported creative access initiative of CFK - Art Education Should Be Accessible

ရေဆေးပန်းချီသင်တန်းဆင်းပွဲ အမှတ်တရမတ်လ (၈)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တဲ့ ကျွန်မတို့ရဲ့ “ရေဆေးပန်းချီသင်တန်း”လေး အောင်မြင်စွ...
14/06/2026

ရေဆေးပန်းချီသင်တန်းဆင်းပွဲ အမှတ်တရ

မတ်လ (၈)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တဲ့ ကျွန်မတို့ရဲ့ “ရေဆေးပန်းချီသင်တန်း”လေး အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

သင်တန်းတစ်လျှောက်လုံး စိတ်အားထက်သန်စွာနဲ့ ရေဆေးရဲ့ အလှတရားတွေကို နောက်ဆုံးအထိ ကြိုးစားအားထုတ် ပုံဖော်ခဲ့ကြတဲ့ သင်တန်းသား/သူလေးများ အားလုံးကို ဂုဏ်ယူပါတယ်ရှင်။

ကလေးတို့ရဲ့ ကြိုးစားမှုရလဒ်တွေအဖြစ် သင်တန်းဆင်းလက်မှတ် (Certificate) လေးတွေ ပေးအပ်ချီးမြှင့်ခဲ့တဲ့ ပျော်ရွှင်စရာ အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Watercolor Painting Class Graduation Memories

Our "Watercolor Painting Course," which began on March 8th, has successfully come to an end.

Congratulations to all our wonderful students who passionately explored the beauty of watercolors and worked hard until the very end.

We are happy to share these lovely memories of our students receiving their certificates as a reward for all their hard work.





အခြေခံပန်းချီသင်တန်းလေးရဲ့ ပျော်ရွှင်စရာ အမှတ်တရများပြီးခဲ့တဲ့ မတ်လ (၆)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တဲ့ ကျွန်မတို့ရဲ့ “အခြေခံ...
13/06/2026

အခြေခံပန်းချီသင်တန်းလေးရဲ့ ပျော်ရွှင်စရာ အမှတ်တရများ

ပြီးခဲ့တဲ့ မတ်လ (၆)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တဲ့ ကျွန်မတို့ရဲ့ “အခြေခံပန်းချီသင်တန်း”လေးကို အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။
သင်တန်းတစ်လျှောက်လုံး ပျက်ကွက်မှုမရှိဘဲ စိတ်ပါဝင်စားစွာနဲ့ တစိုက်မတ်မတ် ကြိုးစားအားထုတ်ခဲ့ကြတဲ့ သင်တန်းသား/သူလေးများ အားလုံးကို ချီးကျူးဂုဏ်ယူမိပါတယ်။

ပန်းချီဆွဲရင်း ပျော်ရွှင်စရာအချိန်တွေကို အတူတူဖြတ်သန်းခဲ့ကြတဲ့ ကလေးတွေကို သင်တန်းဆင်းလက်မှတ် (Certificate) လေးတွေ ပေးအပ်ခဲ့တဲ့ အမှတ်တရနေ့ရက်လေးရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ရပါတယ်ရှင်။

Happy Memories from our Basic Art Course

Our “Basic Art Course,” which started on March 6th, has been successfully completed!

We are incredibly proud of and commend all of our students who showed great dedication, interest, and perfect attendance throughout the entire course.

Here are some memorable glimpses from the graduation day, where certificates were awarded to the children who shared so many fun and happy moments drawing together.




#ပန်းချီသင်တန်း

CFK Summer Studio 2026 | နောက်ဆုံးပိတ်ပြပွဲ အောင်မြင်စွာပြီးဆုံးခြင်းပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကျွန်မတို့...
11/06/2026

CFK Summer Studio 2026 | နောက်ဆုံးပိတ်ပြပွဲ အောင်မြင်စွာပြီးဆုံးခြင်း

ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကျွန်မတို့ရဲ့ နောက်ဆုံးပိတ် အနုပညာပြပွဲ (Final Exhibition) လေး အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ။ သင်တန်းတိုတစ်ခုစီကနေ ဖန်တီးထွက်ရှိလာတဲ့ အနုပညာလက်ရာတွေကို ComingFromKalaw_Art Space မှာစုစည်းပြသနိုင်ခဲ့ပါတယ်။

ပြပွဲဆီ လှမ်းလာခဲ့ပြီး ဝိုင်းဝန်းအားပေးခဲ့ကြတဲ့ ဒေသခံမိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ အနုပညာဝါသနာရှင် အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ လာရောက်သူတွေဟာ သင်တန်းသားတွေရဲ့အက၊သီချင်းဆိုတာတွေနဲ့ ဖလန်မင်ကို အကဖျော်ဖြေပွဲတွေကို ကြည့်ရှုအားပေးခဲ့ကြသလို၊ ဒေသတွင်းကနေ့စဉ်ဘဝလှုပ်ရှားမှုတွေကို ရိုက်ကူးထားတဲ့ မှတ်တမ်းတင်ရုပ်ရှင်တိုတွေကိုလည်း အတူတူ ကြည့်ရှုခဲ့ကြပါတယ်။ ဒါ့အပြင် စွန့်ပစ်ပစ္စည်းတွေနဲ့ လုပ်ထားတဲ့ "Real-Life Minecraft" ပန်းပုလက်ရာကြီးကိုလည်း ကိုယ်တိုင်ပါဝင် ဆော့ကစားရင်း လေ့လာခဲ့ကြပါတယ်။

ဒီနွေရာသီမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြတဲ့ ခသင်တန်းသားများ၊ စနစ်တကျ လမ်းညွှန်ပြသပေးခဲ့ကြတဲ့ ပြည်တွင်းပြည်ပမှ အနုပညာရှင်များနှင့် ဤစီမံကိန်းတစ်ခုလုံး ဖြစ်မြောက်အောင် အဓိကပံ့ပိုးကူညီပေးခဲ့တဲ့ ဥရောပသမဂ္ဂ (EU) တို့ကို အထူးပဲ ကျေးဇူးတင်ရှိအပ်ပါတယ်ရှင်။

ပြပွဲကြီး ပြီးဆုံးသွားခဲ့ပြီဖြစ်ပေမယ့် ဒီပွဲကရခဲ့တဲ့ အမှတ်တရတွေနဲ့ အနုပညာဖန်တီးမှုတွေကတော့ ကလောမြို့မှာ ဆက်ရှိနေမှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်မှာ အတူတကွ ပါဝင်ပေးခဲ့ကြသူ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

CFK Summer Studio 2026 | Final Exhibition Success

Our Final Exhibition on May 30th successfully came to an end. We were able to gather and display all the diverse artworks created from each of our short courses right here at ComingFromKalaw_Art Space.

Thank you so much to all the local families, friends, and art lovers who visited and supported us. Visitors enjoyed our participants' dance, singing, and Flamenco performances, and we also watched short documentary films together that captured daily life in our local area. In addition, everyone had the chance to explore and personally interact with our large "Real-Life Minecraft" public art sculpture made from recycled materials.

We want to say a special thank you to all the participants who actively joined us this summer, the local and international artists who carefully guided them, and the European Union in Myanmar for their main support in making this entire project happen.

Although the exhibition has finished, the memories and artistic creations from this event will stay with us in Kalaw. Thank you to everyone who took part in this journey with us.

CFK Summer Studio 2026 ရဲ့ Workshop 2: Public Community ArtPublic Community Art ရဲ့ အဓိက Concept က ကလောမြို့မှာ ကလေးတွေအ...
07/06/2026

CFK Summer Studio 2026 ရဲ့ Workshop 2: Public Community Art

Public Community Art ရဲ့ အဓိက Concept က ကလောမြို့မှာ ကလေးတွေအတွက် Public Space (အပန်းဖြေနေရာလွတ်) ရှားပါးမှုကို အနုပညာနဲ့ တုံ့ပြန်လိုက်တာပါ။ ကလေးတွေ အကြိုက်ဆုံး Minecraft ဂိမ်းထဲက ကမ္ဘာကို စွန့်ပစ်ပစ္စည်းတွေ (ကတ်ထူပုံး၊ ရေသန့်ဗူး၊ ဘီယာဗူးခွံ) သုံးပြီး ပြင်ပလောကမှာ "Real-life Minecraft" အဖြစ် အသက်သွင်း ပုံဖော်ခဲ့ကြပါတယ်။

ဒီ Minecraft ပုံစံတူ ဖန်တီးမှုပေါ်မှာ ခြယ်သထားတဲ့ ပန်းချီကားတွေဟာဆိုရင် ဒေသခံအနုပညာရှင်တွေနဲ့အတူ လက်တွဲပုံဖော်ထားတာ ဖြစ်ပါတယ်။ ထိုပန်းချီတွေထဲမှာ ကလောမြို့ရဲ့ အမှတ်အသားတွေဖြစ်တဲ့ ဒေသထွက် အသီးအနှံများ၊ ပန်းမန်များ၊ မြို့ပြရှုခင်းများနှင့် တိုင်းရင်းသား စကားလုံးများကို ထည့်သွင်းပုံဖော်ထားတာကြောင့် ကလောမြို့ရဲ့ အလှတရားကို တစ်နေရာတည်းမှာ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။
Kyaw N Soe Thet Htwe Phyo Thay Tattoo Kalaw

ဒစ်ဂျစ်တယ်ကမ္ဘာ (Virtual World) က စိတ်ကူးတွေကို လက်တွေ့လောက (Physical World) နဲ့ ချိတ်ဆက်ပေးရင်း၊ "အနုပညာဆိုတာ လူတိုင်းနဲ့ ဆိုင်တယ်" ဆိုတဲ့အတိုင်း ဒေသခံတွေ ကိုယ်တိုင်ပါဝင် ဖန်တီးတဲ့ Participatory Art ရဲ့ အနှစ်သာရကိုလည်း ပေါ်လွင်စေခဲ့ပါတယ်။

ဒီ Concept ကနေ ပေးချင်တဲ့ အဓိက message (၃) ခုကတော့
Sense of Place (ဒေသအပေါ် သံယောဇဉ်): မိမိတို့ ရှင်သန်ရာ အရပ်ဒေသနဲ့ ပတ်ဝန်းကျင်ကို အနုပညာမျက်စိနဲ့ ပိုမိုမြတ်နိုး တန်ဖိုးထားတတ်လာစေဖို့။

Conceptual Thinking (ချိတ်ဆက်တွေးခေါ်မှု): ဂိမ်းထဲက စိတ်ကူးနဲ့ ပြင်ပလောကကို အကြောင်းအရာတစ်ခုတည်းအဖြစ် ပေါင်းစပ်တွေးခေါ်တတ်လာစေဖို့။

Community Empowerment (စုပေါင်းစွမ်းအား): "ငါတို့ရဲ့ စိတ်ကူးတွေက အပြင်လောကမှာ တကယ်ဖြစ်နိုင်တယ်၊ ငါတို့ကိုယ်တိုင်လည်း မြို့ပြအနုပညာကို ဖန်တီးနိုင်တယ်" ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို မြှင့်တင်ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။

ဒီ Public Community Art လုပ်ထားတဲ့ ပန်းပုလက်ရာကို ဇွန် (Jun) လတစ်လလုံး ပြသထားမှာ ဖြစ်လို့ လာရောက်ကြည့်ရှုအားပေးလို့ ရပါတယ်ရှင်။

The main idea behind this Public Community Art project is to address the lack of public spaces for children in Kalaw through the power of art. We brought the imaginary world of kids' favorite game Minecraft into reality. Using recycled materials like cardboard boxes, plastic water bottles, and beer cans, we successfully brought a "Real-Life Minecraft" world to life.

Local artists and children teamed up to paint this amazing Minecraft installation. The artwork beautifully features iconic symbols of Kalaw, including local fruits, vibrant flowers, scenic town views, and traditional ethnic words. It truly captures the unique charm of Kalaw all in one place.

By seamlessly bridging ideas from the virtual world to the physical world, we proved that "art is for everyone." This project perfectly highlights the true spirit of Participatory Art, where the local community takes the lead in creation.

Three Main Messages of This Project:
Sense of Place: Helping people love, value, and appreciate their hometown and environment through an artistic lens.

Conceptual Thinking: Encouraging children to connect their digital imagination with the real world as one cohesive idea.

Community Empowerment: Building self-confidence by proving that "our ideas can come true, and we have the power to create public art ourselves."

This Public Community Art sculpture will be on display for the entire month of June.
Come visit us, explore the installation, and show your support. See you there.

Location: ComingFromKalaw_Art Space





CFK Summer Studio 2026 ရဲ့ Workshop 4: Documentary storytelling သင်တန်း ဆွေးနွေးပွဲ - ပြီးမြောက်ခြင်းComing from Kalaw (...
05/06/2026

CFK Summer Studio 2026 ရဲ့ Workshop 4: Documentary storytelling သင်တန်း ဆွေးနွေးပွဲ - ပြီးမြောက်ခြင်း

Coming from Kalaw (CFK) မှ ဦးဆောင်ပြီး ဥရောပသမဂ္ဂ (EU) ၏ ကူညီပံ့ပိုးမှုဖြင့် ပြုလုပ်ခဲ့တဲ့ ကျွန်မတို့ရဲ့ CFK Summer Studio 2026 မှ စတုတ္ထမြောက် သင်တန်းဆွေးနွေးပွဲ ဖြစ်သည့် "Documentary Storytelling Workshop" အောင်မြင်စွာ ပြီးမြောက်ခဲ့တဲ့ ပုံရိပ်တွေကို ဝေမျှပေးချင်ပါတယ်ရှင်။

စုစုပေါင်း သင်တန်းတို (၄) ခုထဲက နောက်ဆုံးပိတ် စတုတ္ထမြောက်ခြေလှမ်းဖြစ်တဲ့ ဒီသင်တန်းကိုတော့ ဝဿန် ရုပ်ရှင်ပွဲတော် (Wathann Film Festival) ကို တည်ထောင်သူဖြစ်တဲ့ Thaiddhi နှင့် Freelance Filmmaker နဲ့ director တစ်ဉီးဖြစ်တဲ့ Soe Moe Aung တို့ကနေ စိတ်အားထက်သန်စွာ အနီးကပ် ဦးဆောင်သင်ကြား ဆွေးနွေးပေးခဲ့တာ ဖြစ်ပါတယ်။

ဒီတစ်ခေါက် Workshop မှာတော့ အသက် ၁၈ နှစ်နှင့်အထက် စိတ်ပါဝင်စားသူ ဒေသခံလူငယ် ၈ ဦးနှင့်အတူ မှတ်တမ်းရုပ်ရှင် အနုပညာသင်တန်း​ဆွေးနွေးပွဲကို ၁၀ ရက်တာ အတူတူ လေ့လာခဲ့ကြပါတယ်။ ဒီသင်တန်းမှာ ဇာတ်လမ်းပြောခြင်းဆိုင်ရာ အခြေခံမူများ၊ ဓာတ်ပုံတစ်ပုံ၏ ပေါင်းစပ်ဖွဲ့စည်းပုံ (Photo composition) တို့ကစလို့ အဆင့်မြင့်ရုပ်ရှင်ရိုက်ကူးမှု အနုပညာ (Cinematography) နဲ့ အင်တာဗျူးမေးခြင်း ပုံစံများ (Interview techniques) အထိ ပုံစံမျိုးစုံကို သင်ယူခွင့်ရခဲ့ကြတာဖြစ်ပါတယ်။

သင်တန်းဖြစ်စဉ်တလျှောက်မှာတော့ "Ice-breaking" လေ့ကျင့်ခန်းများ၊ သုတေသနလေ့လာမှုတွေကနေ တကယ့်လက်တွေ့ ကွင်းဆင်းရိုက်ကူးခြင်းနှင့် ပညာသားပါစွာ ဗီဒီယိုတည်းဖြတ်ခြင်း (Professional editing) အထိ လက်တွေ့အသုံးချသင်ယူမှု (Hands-on learning) ကို အဓိကထား လုပ်ဆောင်ခဲ့ကြပါတယ်။ သင်တန်းသားတွေဟာ မိမိတို့ရဲ့ပတ်ဝန်းကျင်နှင့် နေ့စဉ်ဘဝလှုပ်ရှားမှုမှာရှိနေသည့် ဇာတ်လမ်းအကြောင်း အရာများကို ရှာဖွေဖော်ထုတ်ရင်း လူမှုကွန်ရက်ပေါ်မှာသက်ရောက်မှုရှိမည့် အကြောင်းအရာ (Social content) တွေ ဖန်တီးနိုင်မယ့် နည်းပညာနဲ့ ဇာတ်လမ်းပြောခြင်းပုံစံများကို ထိတွေ့လေ့လာခွင့်ရခဲ့ကြပါတယ်။

နောက်ဆုံးရက်မှာတော့ သင်တန်းသားတွေရဲ့ ကွဲပြားတဲ့အမြင်ခံစားမှုများကို ရုပ်ရှင်ဇာတ်လမ်းတို ၃ ကားအဖြစ် အနုပညာဆန်စွာပြသခွင့်ရခဲ့တဲ့ ရုပ်ရှင်ပြပွဲအဖြစ်အဆုံးသတ်နိုင်ခဲ့ပါတယ်။ သင်တန်းသားများ၏ ကြိုးစားမှုများ နှင့် စိတ်လှုပ်ရှားစရာ ဖန်တီးမှုပုံရိပ်တွေကို အတူတူ ကြည့်ရှုပေးကြပါဦးရှင်။

ကျွန်မတို့ ကလောမြို့မှာရှိနေကြတဲ့ လူငယ်မျိုးဆက်သစ်တွေရဲ့ အရည်အသွေးတွေကို မြှင့်တင်ပေးနိုင်ဖို့ အဓိက ကူညီပံ့ပိုးပေးပါသော ဥရောပသမဂ္ဂ (EU) နဲ့ စိတ်အားထက်သန်စွာ ပါဝင်ခဲ့ကြတဲ့ သင်တန်းသားများ၊ ဦးဆောင်ပေးခဲ့ကြတဲ့ အနုပညာရှင်များ ဖြစ်ကြတဲ့ Thaiddhi နဲ့ Soe Moe Aung တို့ကို အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။

နောက်ထပ် အနုပညာခရီးစဉ်တွေကိုလည်း ဆက်လက်စောင့်မျှော်ပေးကြပါဦးရှင်။

Reflecting on Workshop 4 of CFK Summer Studio 2026 - A Journey of Documentary Storytelling Workshop

We are incredibly proud to celebrate the successful completion of our 4th workshop, organized by Coming from Kalaw (CFK) and proudly supported by the European Union (EU). We are excited to share these wonderful moments from the "Documentary Storytelling Workshop" with everyone.

Designed as the final, fourth stepping stone out of our four short workshops, this session was passionately led and closely facilitated by Thaiddhi, founder of the Wathann Film Festival, and Soe Moe Aung, a freelance filmmaker and director.
In this workshop, a group of 8 local youths aged 18 and older came together to study the art of documentary filmmaking throughout an intensive 10-days journey.

The students were guided through the entire creative process from the fundamental principles of storytelling and photo composition to advanced cinematography and interview techniques.
The curriculum heavily emphasized hands-on learning, smoothly transitioning from initial "ice-breaking" exercises and research to actual practical shooting and professional editing days. By exploring compelling stories within their own local surroundings and daily lives, the participants developed both the technical and narrative styles needed to produce impactful social content.

The program culminated with a screening on the last day, providing a beautiful platform for these new voices to showcase their unique perspectives through film. Swipe through these photos to witness the dedication and exciting creative moments of our participants.

We extend our heartfelt gratitude to the European Union in Myanmar for their essential support in empowering and uplifting the potential of the next generation of youth here in Kalaw. Our warm thanks also go out to all the passionate participants and our leading artists, Thaiddhi and Soe Moe Aung.

Please stay tuned for our upcoming creative journeys.



#

CFK Summer Studio 2026 ရဲ့ Workshop 2: Public Community Art သင်တန်း ဆွေးနွေးပွဲ - ပြီးမြောက်ခြင်းComing from Kalaw (CFK)...
31/05/2026

CFK Summer Studio 2026 ရဲ့ Workshop 2: Public Community Art သင်တန်း ဆွေးနွေးပွဲ - ပြီးမြောက်ခြင်း

Coming from Kalaw (CFK) မှ ဦးဆောင်ပြီး ဥရောပသမဂ္ဂ (EU) ၏ ကူညီပံ့ပိုးမှုဖြင့် ပြုလုပ်ခဲ့တဲ့ ကျွန်မတို့ရဲ့ CFK Summer Studio 2026 မှ ဒုတိယမြောက် သင်တန်းေဆွးေနွးပွဲ ဖြစ်သည့် "Public Community Art Workshop" အောင်မြင်စွာ ပြီးမြောက်ခဲ့တဲ့ ပုံရိပ်တွေကို ဝေမျှပေးချင်ပါတယ်ရှင်။

စုစုပေါင်း သင်တန်းတို (၄) ခုထဲက ဒုတိယမြောက်ခြေလှမ်းဖြစ်တဲ့ ဒီသင်တန်းကိုတော့ အနုပညာရှင် ထိန်လင်း၊ ယိမ်းခမ်း နှင့် ကိုသေး (ဒေသခံအနုပညာရှင် ၃ ဦး) နှင့်အတူ ဒေသခံလူကြီးလူငယ် ၁၃ ယောက်တို့မှ စိတ်အားထက်သန်စွာ ဆွေးနွေးဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။

ကလောမြို့မှာရှိတဲ့ ဒေသခံတွေရဲ့ အမြင်များနှင့် အထင်ကရအ ေကြာင်းအရာများကို ရောင်ပြန်ဟပ်စေဖို့ အတွက် ပြန်လည်အသုံးပြုနိုင်မည့် ပစ္စည်းများ (Recycled materials) ကိုပါ ရောယှက်အသုံးပြုကာ အများပြည်သူနှင့်သက်ဆိုင်သော ပန်းပုအနုပညာလက်ရာ (Public Community Art) တစ်ခုကိုဖန်တီးခဲ့ကြပါတယ်။

သင်တန်းအစမှာ အနုပညာရှင် ပန်းချီထိန်လင်းမှ Public Community Art နှင့်ပတ်သက်သည့် နိုင်ငံတကာမှ ပန်းပုလက်ရာများအကြောင်းနှင့် ၎င်းတို့ ဘာကြောင့်အရေးကြီးတယ်ဆိုတဲ့ အကြောင်းအရာတွေကို မျှဝေပြောကြားပေးခဲ့ပါတယ်။ ထို့နောက် ပတ်ဝန်းကျင်၊ နေ့စဉ်ဘဝလှုပ်ရှားမှုနဲ့ အနာဂတ်မျှော်မှန်းချက်များ စတဲ့ ခေါင်းစဉ်များအပေါ် အခြေခံကာ အဖွဲ့လိုက်ဆွေးနွေးမှုများ စတင်ပြုလုပ်ခဲ့ကြပါတယ်။ သင်တန်းသားတွေက မိမိတို့ရဲ့ ကိုယ်ပိုင်အကြံဉာဏ်များကို ပုံကြမ်းများနှင့် ပုံစံငယ်များ ဖန်တီးကာ အနုပညာရှင်များနှင့် နီးကပ်စွာအတူတကွ ပူးပေါင်းအကောင်အထည်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

အသေးစိတ်ဆွေးနွေးပြီး‌နောက် အတူတကွပန်းချီများဆွဲခြင်း ၊ အသုံးပြုမည့် ပစ္စည်းများရွေးချယ်ခြင်း ၊ ပန်းပုအရွယ်အစားဆုံးဖြတ်ခြင်း အဆင့်သို့ကူးပြောင်းကာ အတူတကွ ပုံဖော်ခဲ့ကြပါတယ်။ ယခုအခါ ၎င်းအနုပညာလက်ရာကို ကျွန်မတို့ရဲ့ ComingFromKalaw_Art Space မှာတပ်ဆင်ပြသထားပြီး ဖြစ်ပါတယ်။ ဒီလက်ရာရဲ့ နောက်ကွယ်က စဉ်းစားထားသည့် အတွေးအခေါ်နှင့်တကွ ရွေးချယ်အသုံးပြုထားသော ပစ္စည်းများအကြောင်းကိုလည်း သင်တန်းသားများရဲ့ ကြိုးစားမှုတွေနဲ့ စိတ်လှုပ်ရှားစရာ ဖန်တီးမှုပုံရိပ်တွေကို အတူတူ ကြည့်ရှုပေးကြပါဦးရှင်။

ကျွန်မတို့ ကလောမြို့မှာရှိနေကြတဲ့ လူငယ်မျိုးဆက်သစ်တွေရဲ့ အရည်အသွေးတွေကို မြှင့်တင်ပေးနိုင်ဖို့ အဓိက ကူညီပံ့ပိုးပေးပါသော ဥရောပသမဂ္ဂ (EU) နဲ့ စိတ်အားထက်သန်စွာ ပါဝင်ခဲ့ကြတဲ့ သင်တန်းသားများ၊ ဦးဆောင်ပေးခဲ့ကြတဲ့ အနုပညာရှင်များ ဖြစ်ကြတဲ့ ထိန်လင်း၊ ယိမ်းခမ်း နှင့် ကိုသေး တို့ကို အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။

နောက်ထပ် အနုပညာခရီးစဉ်တွေကိုလည်း ဆက်လက်စောင့်မျှော်ပေးကြပါဦးရှင်။

Reflecting on Workshop 2 of CFK Summer Studio 2026 - A Journey of Public Community Art Workshop

We are incredibly proud to celebrate the successful completion of our 2nd workshop, organized by Coming from Kalaw (CFK) and proudly supported by the European Union in Myanmar. We are excited to share these wonderful moments from the "Public Community Art Workshop" with everyone!

Designed as the second stepping stone out of our four short workshops, this session was passionately discussed and created by 13 local youths and adults, together with three of our local artists; Htein Linn,Yeinn Kham and Ko Thay.

To beautifully reflect the perspectives and iconic stories of the local community in Kalaw, everyone worked together to create a Public Community Art sculpture, incorporating various recycled materials into the design.

The process kicked off with an artist talk by artist Htein Lin, who shared international public art masterpieces and discussed why this art form is so important. From there, the group dove into lively discussions centered around themes like the environment, daily life activities, and hope. The participants then brought their own ideas to life through sketches and small-scale models, working closely hand-in-hand with the artists.

After detailed discussions, everyone moved on to painting together, selecting the materials to use, and deciding on the final size of the sculpture to co-create the piece. This completed artwork is now officially installed and on display right here at our ComingFromKalaw_Art Space.

We will also be sharing a separate post soon about the deeper concepts behind the artwork and the specific materials chosen, so please stay tuned for that.

Swipe through these photos to witness the dedication and exciting creative moments of our participants!

We extend our heartfelt gratitude to the European Union (EU) for their essential support in empowering and uplifting the potential of the next generation of youth here in Kalaw. Our warm thanks also go out to all the passionate participants and our leading artists, Htein Lin, Yeinn Kham, and Ko Thay.

Please stay tuned for our upcoming creative journeys!

CFK Summer Studio 2026 ရဲ့ Flamenco အကသင်တန်း ၃ - ပြီးမြောက်ခြင်းComing from Kalaw (CFK) မှ ဦးဆောင်ပြီး ဥရောပသမဂ္ဂ (EU) ...
29/05/2026

CFK Summer Studio 2026 ရဲ့ Flamenco အကသင်တန်း ၃ - ပြီးမြောက်ခြင်း

Coming from Kalaw (CFK) မှ ဦးဆောင်ပြီး ဥရောပသမဂ္ဂ (EU) ၏ ကူညီပံ့ပိုးမှုဖြင့် ပြုလုပ်ခဲ့တဲ့ ကျွန်မတို့ရဲ့ Summer Studio 2026 မှ တတိယမြောက် သင်တန်းတို ဖြစ်တဲ့ "Flamenco Dance Workshop" အောင်မြင်စွာ ပြီးမြောက်ခဲ့တဲ့ ပုံရိပ်တွေကို ဝေမျှပေးချင်ပါတယ်ရှင်။

စုစုပေါင်း သင်တန်းတို (၄) ခုထဲက တတိယမြောက်ခြေလှမ်းဖြစ်တဲ့ ဒီသင်တန်းကိုတော့ ကမ္ဘာတစ်ဝှမ်းမှာ ဖျော်ဖြေရေးနဲ့ သင်ကြားရေးအတွေ့အကြုံ ၁၅ နှစ်ကျော်ရှိပြီး နိုင်ငံတကာအသိအမှတ်ပြု Flamenco အကပညာရှင် ၊ ကကွက်ဖန်တီးရှင် တစ်ဦးဖြစ်တဲ့ Paola Santa Cruz မှ ဦးဆောင်သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။

ဒီသင်တန်းမှာ ဒေသခံ သင်တန်းသား ၁၈ ဦး (ကလေးများ၊ လူငယ်များနှင့် လူကြီးများ) ဟာ စည်းစနစ်တကျ လေ့ကျင့်ရင်း ရိုးရာ Flamenco အကရဲ့ အခြေခံနည်းစနစ်တွေ၊ ကကွက်တွေနဲ့ စည်းချက်အက္ခရာတွေကို စိတ်အားထက်သန်စွာ သင်ယူခဲ့ကြပါတယ်။ နောက်ဆုံးရက် ညနေပိုင်းမှာတော့ သင်တန်းသားတွေဟာ သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို ဆရာမ Paola နဲ့အတူ စင်မြင့်ထက်မှာ အောင်မြင်စွာ ဖျော်ဖြေတင်ဆက်နိုင်ခဲ့ကြပါတယ်။

ဒေသခံတေးသံရှင်တွေနဲ့ပါ ပူးပေါင်းပြီး အနုပညာချင်း ပေါင်းစပ်ဖန်တီးခွင့်ရခဲ့တဲ့ ဒီသင်တန်းဟာ ယဉ်ကျေးမှုချင်း ဖလှယ်ခွင့်ရရုံတင်မကဘဲ မိမိကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ ပုံပြင်တွေကို အကအနုပညာနဲ့ ပုံဖော်တင်ဆက်နိုင်တဲ့ အခွင့်အရေးကို ရရှိစေခဲ့ပါတယ်။ သင်တန်းသားတွေရဲ့ ကြိုးစားမှုတွေနဲ့ စိတ်လှုပ်ရှားစရာ ပုံရိပ်တွေကို အတူတူ ကြည့်ရှုခံစားပေးကြပါဦးရှင်။

ကျွန်မတို့ ကလောမြို့မှာရှိနေကြတဲ့ လူငယ်မျိုးဆက်သစ်တွေရဲ့ အရည်အသွေးတွေကို မြှင့်တင်ပေးနိုင်ဖို့ အဓိက ကူညီပံ့ပိုးပေးပါသော ဥရောပသမဂ္ဂ (EU) နဲ့ စိတ်အားထက်သန်စွာ ပါဝင်ခဲ့ကြတဲ့ သင်တန်းသား ၁၈ ဦးစလုံး နှင့် အကဆရာမ Paola Santa Cruz တို့ကို အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။

နောက်ထပ် အနုပညာခရီးစဉ်တွေကိုလည်း ဆက်လက်စောင့်မျှော်ပေးကြပါဦးရှင်။

Reflecting on Workshop 3 of CFK Summer Studio 2026 - A Journey of Flamenco Dance Workshop

We are incredibly proud to celebrate the successful completion of our 3rd workshop, organized by Coming from Kalaw (CFK) and proudly supported by the European Union in Myanmar

Designed as a core part of our 4 workshops, Workshop 3 - Flamenco Dance Workshop was beautifully led by Paola Santa Cruz, an internationally acclaimed Flamenco dancer and choreographer with over 15 years of experience.

In this intensive 5-day workshop, local children, youth, and adults dedicated 2 hours daily to mastering the disciplined technical foundations, intricate choreography, and rhythmic language of traditional Flamenco. The program ended up in a breathtaking final stage performance on May 22nd, where students confidently showcased their hard work alongside Paola, even collaborating with local musicians for a beautiful cultural fusion.

Through this expressive art form, they discovered how to use movement as a powerful medium for storytelling and self-expression. Swipe through these photos to witness the incredible passion, discipline, and beautiful artistic growth of the participants.

We extend our heartfelt gratitude to Paola Santa Cruz, our 18 participants and the European Union (EU) for their essential support in empowering and uplifting the potential of the next generation of youth here in Kalaw.

Please stay tuned for our upcoming creative journeys!

CFK Summer Studio 2026 ရဲ့ Final Exhibition (နောက်ဆုံးပိတ်ပြပွဲ) မေလတစ်လလုံး ဥရောပသမဂ္ဂ (EU) ရဲ့ ပံ့ပိုးကူညီမှုနဲ့ ပြုလု...
28/05/2026

CFK Summer Studio 2026 ရဲ့ Final Exhibition (နောက်ဆုံးပိတ်ပြပွဲ)

မေလတစ်လလုံး ဥရောပသမဂ္ဂ (EU) ရဲ့ ပံ့ပိုးကူညီမှုနဲ့ ပြုလုပ်ခဲ့တဲ့ CFK Summer Studio 2026 ရဲ့ သင်တန်းတွေအားလုံး အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ သင်တန်းကာလအတွင်း ဖန်တီးထွက်ရှိလာတဲ့ အနုပညာလက်ရာမျိုးစုံကို တစ်နေရာတည်းမှာ တစုတစည်းတည်း လာရောက်ကြည့်ရှု ခံစားနိုင်ဖို့အတွက် ကျွန်မတို့ရဲ့ နောက်ဆုံးပိတ်ပြပွဲလေးကို လှိုက်လှိုက်လှဲလှဲ ဖိတ်ကြားအပ်ပါတယ်ရှင်။

မေလ ၃၀ ရက်နေ့ (စနေနေ့)
မနက် ၁၀ နာရီကစပြီး
ComingFromKalaw_Art Space မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ပြပွဲမှာ ဘာတွေ စောင့်မျှော်ကြည့်ရှုနိုင်မလဲ?
***သင်တန်းမှာ ပါဝင်ခဲ့ကြတဲ့ ဒေသတွင်း အနုပညာရှင်တွေ၊ လူကြီးလူငယ်တွေ အားလုံး တစ်စုတစ်စည်းတည်း ပြန်လည်ဆုံဆည်းကြမှာဖြစ်လို့ အနုပညာအတွေ့အကြုံတွေကို ရင်းရင်းနှီးနှီး စကားစမြည် ပြောနိုင်မှာပါ။

***သင်တန်းတစ်လျှောက်လုံးရဲ့ လှုပ်ရှားမှု မှတ်တမ်းဗီဒီယိုတွေနဲ့ မှတ်တမ်းရုပ်ရှင် ဇာတ်လမ်းတို (Documentary Short Films) တွေကို အတူတူ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

***ဒါ့အပြင် ကလောမြို့ရဲ့ ပထမဆုံး Public Community Art ပန်းပု ကိုလည်း ကိုယ်တိုင်ပါဝင် ဆော့ကစားရင်းဖြစ်စေ၊ စိတ်ဝင်တစား လေ့လာရင်းဖြစ်စေ ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။

ဒီနွေရာသီ ကျောင်းပိတ်ရက်တွေအပြီးမှာ အနုပညာပုံစံအသစ်တွေနဲ့ ဖန်တီးမှုအသစ်တွေက ဒေသတွင်းလူငယ်တွေအတွက် ဘယ်လောက်ထိ အရေးပါပြီး အကျိုးရှိစေလဲဆိုတာကို လာရောက်လေ့လာရင်း၊ နောက်နောင်မှာလည်း ကိုယ့်ဒေသတွင်းမှာ ဒီလိုအနုပညာလှုပ်ရှားမှုတွေ ပိုမိုများပြားပြီး အားကောင်းလာအောင် ကျွန်မတို့ပြခန်းလေးဆီ လှမ်းလာခဲ့ပြီး တတ်နိုင်သလောက် ဝိုင်းဝန်းအားဖြည့်ပေးကြပါဦးလို့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်လိုက်ပါရစေရှင်။

ပြပွဲမှာ အတူတူ ဆုံကြမယ်နော်။

The "CFK Summer Studio 2026," workshops which ran throughout May with the support of the European Union in Myanmar, have successfully come to an end. We warmly invite you to our final exhibition, where you can see and experience all the diverse artworks created during the program, all in one place.

May 30th (Saturday)
Starting from 10:00 AM
ComingFromKalaw_Art Space

What to expect at the exhibition:
A Community Reunion: The local artists and participants of all ages who took part in the courses will be gathering together, making it a great opportunity to chat and casually share artistic experiences.

Screenings: We will be watching the program's activity recap videos and documentary short films together.

Interactive Art: You can also explore and even personally interact with Kalaw’s very first Public Community Art sculpture.

Come visit our art space to see how vital and impactful these new art forms and fresh creative ideas are for our local youth as their summer holidays finish up. We warmly invite you to join us and show your support so we can see more of these artistic movements thrive in Southern Shan State community in the future.

See you at the exhibition!

28/05/2026

ဥရောပသမဂ္ဂရဲ့ အကူအညီဖြင့်ပြုလုပ်လျက်ရှိသော CFK Summer Studio 2026 ရဲ့ သင်တန်းတို ၄ ခုထဲက တစ်ခုဖြစ်တဲ့ Public Community Art ဖန်တီးပြုလုပ်ခြင်းက ပြီးဆုံးသွားပြီဖြစ်ပါတယ်။

ဒီဗီဒီယိုထဲမှာ အများပြည်သူနဲ့သက်ဆိုင်တဲ့ အနုပညာလက်ရာ (Public Art) ကိုဘယ်လိုဖန်တီးထားကြလဲဆိုတာ အကြမ်းဖျင်းသိရှိနိုင်ပါတယ်။ ဒေသခံ အနုပညာရှင် ၇ ယောက်က ဦးဆောင်ပြီး ပါဝင်အားဖြည့်သူ လူကြီးလူငယ် ၁၃ ယောက်နဲ့ ၁၆ ရက်ကြာ ပြုလုပ်ထားကြတဲ့ပန်းပုလက်ရာလည်းဖြစ်ပါတယ်။

မနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ ComingFromKalaw_Art Space မှာ လာရောက်ကြည့်ရှုလို့ရပါပြီရှင်။

“Public Community Art," one of the four workshops from CFK Summer Studio 2026, with the support of European Union in Myanmar has come to a successful close.

This video gives you a quick glimpse into how we brainstormed and designed this public art piece. The installation itself is the result of 18 days of collaboration, led by 7 local artists alongside 13 participants of all ages.

You can now visit ComingFromKalaw_Art Space (10 AM - 4PM) to see how it all took shape, step by step!

Address

Coming From Kalaw, No. 50, Nawarat Street, 3rd Quarter, East Bogyone
Kalaw

Alerts

Be the first to know and let us send you an email when CFK_Art Fund posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to CFK_Art Fund:

Share