Bo Gyi - A STONE

  • Home
  • Bo Gyi - A STONE

Bo Gyi - A STONE I In Christ, Christ In Me

ကောင်းကင်ဘုံ ၌ခမည်းတော် နှင့် ပေါင်းစည်း ခဲ့ သည့် ခရစ်တော် သည် အထက် မှ အောက်သို့ သွန်းလောင်းသော နံ့သာဆီ ဖြစ်သည်၊ဝမ်းမြော...
08/08/2026

ကောင်းကင်ဘုံ ၌
ခမည်းတော် နှင့် ပေါင်းစည်း ခဲ့ သည့်
ခရစ်တော် သည်
အထက် မှ အောက်သို့
သွန်းလောင်းသော နံ့သာဆီ ဖြစ်သည်၊
ဝမ်းမြောက်ခြင်း ဘိသိက်ဆီ ဖြစ်သည်၊

မြေကြီး ပေါ် ၌
လူ နှင့် ပေါင်းစည်း သည့် ခရစ်တော် သည်
အောက် အရပ် မှ အထက် သို့
သင်းပျံ့ လွင့် တက် သည့်
နံ့သာပေါင်း ဖြစ်သည်၊
ခမည်းတော် ကို
မွှေးကြိုင် ဝမ်းမြောက် စေသည်၊

A Stone

05/08/2026

ကန္တာရ နှစ် ၄၀ ထဲ မှာ
ဘုရား သည်
အရာခပ်သိမ်း ဖြစ်ကြောင်း ကို မြင် ဖို့
ဗလာ ဖြစ်ဖြစ်ခြင်း ကို နှစ် ၄၀ ကြာ
မောရှေ အား သွန်သင် ၍
သေချာ စေခဲ့တယ်။

ဧဒုံ ရဲ့ တစ်ဖက် မှာ
ပြန်ရှင်ခြင်း နှင့် ဆိုင် တဲ့
အသက် သစ် ကို မြင် ဖို့
ဧဒုံ ရဲ့ ဒီ ဘက် မှာ
သေဆုံး ပြီးစီးခြင်း ကို
သေချာ စေခဲ့တယ်။

သေ လူ ကို ဖွင့်ပြ မခံရ မချင်း
အသက် ကို ဖွင့်ပြ ခံရဖို့ မရှိနိုင်၊

A stone

မီးရှို့ရာ ယဇ်ပူဇော် ဖို့ အတွက် တောင်ပေါ် တက်တဲ့ လမ်းမှာ ထင်း ပါတယ်၊မီး လည်း ပါတယ်၊ဓါး လည်း ပါတယ်၊ပြဿနာ က ပူဇော်ခံ ရမည့်...
03/08/2026

မီးရှို့ရာ ယဇ်ပူဇော် ဖို့ အတွက်
တောင်ပေါ် တက်တဲ့ လမ်းမှာ
ထင်း ပါတယ်၊
မီး လည်း ပါတယ်၊
ဓါး လည်း ပါတယ်၊
ပြဿနာ က
ပူဇော်ခံ ရမည့်
ယဇ်ကောင် ပါ မလာ ခဲ့တာ ပဲ၊

ငါတို့ က
ယဇ်ကောင် တော့ မပျောက် ပါဘူး။
ငါ တို့ ကိုယ်တိုင် က
ယဇ် ဖြစ် ဖို့ ဆက်ကပ် ပါတယ်၊
ယဇ်ပလ္လင် ပေါ် တက်မယ် တကဲကဲ နဲ့၊
မီး လည်း ပါတယ်၊
ဓါး လည်း ပါတယ်၊
ပြဿနာ က ထမ်း လာ ရမဲ့
ကားတိုင် မပါ ပြန်ဘူး။

A Stone

သားအဖ နှစ်ယောက်စကားတီးတိုး ပြောမိ ကြတယ်၊အဖေ - သမီး ... လူတွေ ကို ကူညီ ရမယ်၊ ဒုက္ခ ရောက်တဲ့သူ ကို ကူရမယ်၊ လူဆိုး လက်ထဲ က ...
20/07/2026

သားအဖ နှစ်ယောက်
စကားတီးတိုး ပြောမိ ကြတယ်၊

အဖေ - သမီး ... လူတွေ ကို ကူညီ ရမယ်၊ ဒုက္ခ ရောက်တဲ့သူ ကို ကူရမယ်၊ လူဆိုး လက်ထဲ က လူကို ကယ်ရမယ် နော်၊

သမီး - စူပါဟီးရိုး တွေ အပြင်မှာ မရှိဘူးလား၊

အဖေ - !?!?!? . . . ? . . . ? ရှိ တာပေါ့၊ 🤔

သမီး - ဘယ်မှာလဲ၊

အဖေ - သမီး တို့ က စူပါဟီးရိုး ပဲလေ၊ လိုအပ် နေတဲ့ သူကို ကူညီ မစ တဲ့သူ က စူပါဟီးရိုး ပဲ ပေါ့ သမီး၊

သမီး - သမီး တို့ လက် က ပါဝါ တွေ မထွက်ဘူး လေ၊ စူပါဟီးရိုးတွေ က ပါဝါ ထွက်တယ်၊

အဖေ - ပါဝါ အစစ် က မမြင် ရဘူး၊ အတွင်း ထဲ က လာတာ၊

သမီး - အဲဒါ ဘာလဲ ⁉️

အဖေ - ချစ်ခြင်း (Love) ပဲ သမီး ၊
သမီး ချစ်တဲ့ သူ ကို သမီး ကာကွယ်မယ်၊
သမီး ချစ်တဲ့ သူကို သမီး ဝေမျှ မယ်၊
သမီး ချစ်တဲ့ သူ ကို သမီး တည်ဆောက်မယ်၊
အဲတာတွေ ဟာ ချစ်ခြင်း ထဲက ထွက်တဲ့ ပါဝါတွေ ပေါ့၊

A Stone
20.7.2020

တစ်ယောက် တည်း လည်း ဖြစ်၊တစ်ကိုယ် တည်း လည်း နေ နိုင် တဲ့ခရစ်တော် ကတစ်ယောက် တည်း ဆို မဖြစ်၊တစ်ယောက် တည်း မနေ ရင် ကောင်း တဲ...
15/07/2026

တစ်ယောက် တည်း လည်း
ဖြစ်၊
တစ်ကိုယ် တည်း လည်း နေ နိုင် တဲ့
ခရစ်တော် က

တစ်ယောက် တည်း ဆို မဖြစ်၊
တစ်ယောက် တည်း
မနေ ရင် ကောင်း တဲ့
ငါ့ ရဲ့ ဖြစ်ခြင်း ကို သဘောကျ လို့ တဲ့၊

ဒါနဲ့ . . .
တစ်ပါးတည်း သော သားတော် က
သားဦး ခရစ်တော် လာ ဖြစ်တယ်၊

Single ခရစ်တော် က
သတို့သား ခရစ်တော် ဖြစ် လာတယ်၊

A Stone
၁၀.၇.၂၀၂၆

မြေကြီး ဟာ ပုန်ကန် သူ ရှိ နေတာ ထက်လွတ်လပ် လဟာ ဖြစ်နေ တာ သာ၍ ကောင်းတယ်။ပုံပျက် ပန်းပျက် နေ တာထက် အဆင်း သဏ္ဌာန် မဲ့ နေတာ သ...
14/07/2026

မြေကြီး ဟာ

ပုန်ကန် သူ ရှိ နေတာ ထက်
လွတ်လပ် လဟာ ဖြစ်နေ တာ
သာ၍ ကောင်းတယ်။

ပုံပျက် ပန်းပျက် နေ တာထက်
အဆင်း သဏ္ဌာန် မဲ့ နေတာ
သာ၍ ကောင်းတယ်။

တလွှဲ ညာဏ်ကောင်း နေ တာထက်
အလင်း မဲ့ ပြီး
မှောင်မိုက် ဖုံးလွမ်း နေတာ
သာ၍ ကောင်းတယ်။

ထာ၀ရ ဘုရား ၏ ဝိညာဥ်တော် သည်
ရေ မျက်နှာပြင် ပေါ် မှာ
လှုပ်ရှားတော် မူတယ်။

"သေလျှင် မူကား
သာ၍ အကျိုး ရှိ၏၊"

A Stone

11/07/2026

ခိုလှုံရာမြို့ Live Record

ဆရာ ကြီးအမှောင် ထဲမှာ တော့လူကန်း ဟာ ဆရာကြီး ပဲ။ဘုရား ကို ငြင်းပယ်တဲ့ ဣသရေလ လူစုထဲ မှာတော့ရှောလု က ဆရာကြီး ပဲ။ဘုရား အသံ က...
08/07/2026

ဆရာ ကြီး

အမှောင် ထဲမှာ တော့
လူကန်း ဟာ ဆရာကြီး ပဲ။

ဘုရား ကို ငြင်းပယ်တဲ့
ဣသရေလ လူစုထဲ မှာတော့
ရှောလု က ဆရာကြီး ပဲ။

ဘုရား အသံ ကို မကြားတတ်တဲ့
လူမျိုး ကြီး ထဲ မှာတော့
ဧလိ က ဆရာကြီး ပဲ။

ဘုရား ကို ပုန်ကန် တဲ့ လူကြား ထဲ မှာတော့
မိရိအံ က ဆရာမကြီး ပဲ၊

ခရစ်တော် ကို မသိကျွမ်း တဲ့ လူကြား ထဲမှာတော့
ကျမ်းတတ် က ဆရာကြီးပဲ

A stone
၂၉.၁၀.၂၀၁၉

ငါ က တော့ ခပ်ချေချေ ပဲသေ ပြီးရင် တောင် ပြန် ရှင် သေးတာ . . .၊လဲ တာ လောက် တော့ စာ မဖွဲ့ နဲ့၊ခုနှစ် ကြိမ် ပြန် ထ ဦး မှာ. ....
07/07/2026

ငါ က တော့ ခပ်ချေချေ ပဲ

သေ ပြီးရင် တောင်
ပြန် ရှင် သေးတာ . . .၊
လဲ တာ လောက် တော့
စာ မဖွဲ့ နဲ့၊
ခုနှစ် ကြိမ် ပြန် ထ ဦး မှာ. . . .။

ပျက်သွား ရင်တောင်
ပုံသဏ္ဌာန် အသစ် နဲ့
လူ သစ် ဖြစ် သေးတာ . . . ၊
ကျိုးပဲ့ တာလောက် တော့
ပုံကြီး မချဲ့ နဲ့၊
အိုး သစ် အနေ နဲ့ ပြန်ခဲ့ ဦးမှာ . . . .။

မရဏာ ရောက်တာ တောင်
ပြန် ခဲ့ သေးတာ
လမ်းပျောက် တာ လောက်တော့
လွမ်း မနေ ဘူး၊
လမ်း အသစ် နဲ့ ပြန်ခဲ့ ဦး မှာ. . . .။

ယေရှု က
ငါ သည် လမ်းခရီး ဖြစ်၏၊
သမ္မာတရား လည်း ဖြစ် ၏၊
အသက် လည်း ဖြစ် ၏။

A Stone
7.7.2024

Address


Alerts

Be the first to know and let us send you an email when Bo Gyi - A STONE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Bo Gyi - A STONE:

Shortcuts

  • Want your organization to be the top-listed Non Profit Organization?

Share