Dream Water Association - DWA

Dream Water Association - DWA Dream Water Association (DWA) is a non-profit humanitarian and development organization ,our aimimg to bring the reach of safe water for community.

FYI WASH Assistant (Nay Pyi Taw)ဒေသခံများသာ လျောက်ထားရန် ဖြစ်သည်။
10/07/2026

FYI

WASH Assistant (Nay Pyi Taw)

ဒေသခံများသာ လျောက်ထားရန် ဖြစ်သည်။

26/03/2026

ရာသီသွေးဆင်းခြင်းနဲ့ ပက်သက်ပြီး ပတ်ဝန်းကျင်မှာ ပြောနေ၊ သိနေတာတွေက တကယ်ရောမှန်ရဲ့လား

ဂျင်း ရာသီသွေးဆင်းတယ်ဆိုတာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့သွေးတွေ ခန္ဓာကိုယ်ထဲက ထွက်သွားတာဖြစ်တယ်။ ရာသီသွေးက မသန့်ရှင်းဘူး။ အနံ့ဆိုးလည်းထွက်တယ်။
အမှန် ရာသီသွေးဆိုတာက အရင်က post တွေမှာ ပြောပြထားတဲ့အတိုင်းပဲ သားဥကြွေချိန်မှာ မျိုးအောင်ခြင်းမဖြစ်တဲ့အခါ သားအိမ်နံရံက ပြိုကျလာရတာဖြစ်တဲ့အတွက် သန့်စင်ပါတယ်။ ဆင်းဆင်းလာခြင်းမှာ အနံဆိုးထွက်ခြင်းမျိုးမရှိပါဘူး။ ဒါပေမယ့် လစဉ်သုံးပစ္စည်းပေါ်မှာ သွေးတွေစုလာရင် ဘတ်တီးရီးယားတွေ ပေါက်ပွားလာပြီး အနံ့ဆိုးထွက်လာတတ်ပါတယ်။ ဒါ့ကြောင့် လစဉ်သုံးပစ္စည်းကို ပုံမှန်လဲပေးနော်။

ဂျင်း ခေါင်းလျှော်လို့မရဘူး။
အမှန် ခေါင်းလျှော်လို့ ရပါတယ်။ ရေလည်း ပုံမှန်ချိုးပေးလို့ရပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ။ ရေနွေးနဲ့ ရေချိုးတာမျိုး ဆိုရင်တော့ နာကျင်ကိုက်ခဲတာတွေ ပိုမိုသက်သာစေမှာပါ။

ဂျင်း လက်ဖက်စားရင် ချုပ်တတ်တယ်။ ရာသီထိန်တတ်တယ်။
အမှန် ကဖိန်းဓါတ်ပါဝင်တဲ့ အစားအစာတွေ (ဉပမာ - လက်ဖက်၊ ကော်ဖီ) ဟာ ခန္ဓာကိုယ်ကြွက်သားတွေကို နာကျင်ကိုက်ခဲစေနိုင်တဲ့အတွက် ဒီအချိန်မှာတော့ ကဖိန်းပါတဲ့ အစားအစာတွေ စားသုံးရင် ရာသီလာနေချိန်မှာ နာကျင်ကိုက်ခဲတာတွေ ပိုဖြစ်စေနိုင်ပါတယ်။

ဂျင်း လေ့ကျင့်ခန်းမလုပ်ရဘူး။
အမှန် အထူးအလည် ရှောင်စရာမလိုပါဘူး။ အပြင်းအထန် လုပ်ရတာမျိုး မဟုတ်တဲ့၊ ပုံမှန်လုပ်နေကျ လေ့ကျင့်ခန်းမျိုးကို ရပ်ပစ်ဖို့မလိုပါဘူး။ လေ့ကျင့်ခန်းလုပ်ရင် (ဉပမာ - ယောဂလေ့ကျင့်ခန်းလုပ်ပေးရင်) နာကျင်ကိုက်ခဲတာတွေကို ပိုပြီးသက်သာစေပါတယ်နော်။

ဂျင်း ရာသီလာစဉ် အမျိုးသားနဲ့ အတူနေရင် ကိုယ်ဝန်မရနိုင်ဘူး။
အမှန် ဒါက အမြဲတမ်းမမှန်နိုင်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ရာသီစက်ဝန်းရဲ့ ကြာချိန်မတူတဲ့အတွက် တချို့တွေမှာ ရာသီလာနေစဉ် အချိန်မှာလဲ သားဉကြွေတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရာသီလာနေစဉ်မှာ အတူနေခြင်းကိုတော့ ရှောင်စေချင်ပါတယ်။ နောက်ထပ် အရေးကြီးအချက်တစ်ခုက ရာသီလာနေစဉ်မှာ သားအိမ်ခေါင်း ပွင့်နေတဲ့အတွက် လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ကူးစက်ခံရရင် မွေးလမ်းကြောင်းကနေ သားအိမ်ထဲအထိ အလျင်အမြန်ရောက်သွားဖို့ ပိုမိုအခွင့်အလမ်းများပြီး အန္တရာယ်လည်းပိုများပါတယ်။ ဒါကြောင့် အကာအကွယ်အသုံးဘဲ အတူနေတာမျိုးတွေ လုံးဝရှောင်သင့်ပါတယ် ညီမလေးရှင့်။

Crd. VSO Page




အမျိုးသမီးများအတွက် ရာသီလာခြင်း သည် လစဉ်ဖြစ်ပေါ်သော ဖြစ်စဉ်တစ်ခုသာမက၊ အမျိုးသမီးကျန်းမာရေးနှင့် ဟော်မုန်းညှိနှိုင်းမှုအတ...
10/01/2026

အမျိုးသမီးများအတွက် ရာသီလာခြင်း သည် လစဉ်ဖြစ်ပေါ်သော ဖြစ်စဉ်တစ်ခုသာမက၊ အမျိုးသမီးကျန်းမာရေးနှင့် ဟော်မုန်းညှိနှိုင်းမှုအတွက် အရေးကြီးသော အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။

ရာသီလာစဉ်တွင် ဝမ်းဗိုက်ကိုက်ခဲခြင်း၊ စိတ်အလှုပ်အရှားများပြောင်းလဲခြင်း၊ ကိုယ်လက်ပင်ပန်းနွမ်းနယ်ခြင်း၊ ရင်သားနှင့်ဝမ်းဗိုက် တင်း/နာခြင်းနှင့် စိတ်ခံစားမှုအပြောင်းအလဲများ ဖြစ်ပေါ်နိုင်ပါသည်။ သို့သော်လည်း ဤအကြောင်းအရာများကို လူမှုအဖွဲ့အစည်းအတွင်း တိတ်ဆိတ်ထားခြင်းနှင့် အလွဲအမှားအမြင်များကြောင့် ဆွေးနွေးပြောဆိုရန် ခက်ခဲနေဆဲ ဖြစ်ပါသည်။

ကိုယ်ပိုင် ရာသီစက်ဝန်း (menstrual cycle) ကို နားလည်သဘောပေါက်ခြင်း၊ ရာသီလာစဉ်ဖြစ်ပေါ်တတ်သော လက္ခဏာများ၊ ရာသီမလာခင်(PMS) နှင့် ရာသီလာချိန် ကိုက်ခဲနာကျင်မှုများကို သိရှိထားခြင်းဖြင့် ကိုယ်ခန္ဓာကျန်းမာရေးသာမက စိတ်ကျန်းမာရေးကိုပါ ပိုမိုကောင်းမွန်စွာ စောင့်ရှောက်နိုင်ပါသည်။

Premenstrual Syndrome လို့ခေါ်တဲ့ (PMS) ရာသီမလာခင် ဖြစ်ပေါ်တတ်သော လက္ခဏာများကတော့ ----------

ဝမ်းဗိုက်ကိုက်ခဲခြင်း

ခေါင်းကိုက်ခြင်း

ကိုယ်လက်ပင်ပန်းနွမ်းနယ်ခြင်း

ရင်သား တင်း/နာ ခြင်း

စိတ်မငြိမ်သက်ခြင်း၊ စိတ်လှုပ်ရှားလွယ်ခြင်း

စိတ်ပူပန်ခြင်း၊ ဝမ်းနည်းလွယ်ခြင်း
လက္ခဏာတွေဟာ အများအားဖြင့် ရာသီမလာမီ ၇–၁၄ ရက်ခန့် တွင် စတင်ဖြစ်ပေါ်ပြီး
ရာသီလာစတင်လာချိန်မှာ လျော့နည်းသွားတတ်ပါသည်။
PMS ကို နားလည်ပြီး မိမိခန္ဓာအခြေအနေကို သတိထားစောင့်ကြည့်ခြင်းက
အမျိုးသမီးကျန်းမာရေးကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ရန် ပံ့ပိုးပေးလိမ့်မည် ဖြစ်သည်။


#အမျိုးသမီးဓမ္မတာလာခြင်း_ရာသီသွေးဆင်းခြင်း

ဓမ္မတာလာချိန် နာကျင်ခြင်းသည် အမျိုးသမီးအများစုတွင် တွေ့ရပေမယ့် ပုံမှန်ဖြစ်ရမည့်အရာ မဟုတ်ပါ။ဆေးဘက်ဆိုင်ရာ လက်တွေ့လုပ်ငန်း...
08/01/2026

ဓမ္မတာလာချိန် နာကျင်ခြင်းသည် အမျိုးသမီးအများစုတွင် တွေ့ရပေမယ့် ပုံမှန်ဖြစ်ရမည့်အရာ မဟုတ်ပါ။

ဆေးဘက်ဆိုင်ရာ လက်တွေ့လုပ်ငန်းများတွင် ဓမ္မတာလာချိန် နာကျင်မှုကို ပုံမှန်အဖြစ် သတ်မှတ်ကာ ပျောက်ကင်းအောင် ဆေးဝါးဖြင့်သာ ကုသနေကြသည်။ သို့သော် ကျန်းမာရေးအမြင်အရ ဓမ္မတာလာချိန် နာကျင်ခြင်းသည် ကိုယ်ခန္ဓာအတွင်းရှိ စနစ်ပိုင်းဆိုင်ရာ မညီမျှမှုများကို ပြသနေခြင်းဖြစ်ပါသည်။

ဓမ္မတာလာချိန် နာကျင်ခြင်းသည် အောက်ပါအချက်များနှင့် ဆက်စပ်နေပါသည် —

-​သွေးလေ လွန်ကဲမှု

-အစာချေမှုနှင့် ကိုယ်ခန္ဓာအာဟာရပြောင်းလဲမှု စနစ်ချို့ယွင်းမှု

-သွေးလည်ပတ်မှု မကောင်းခြင်းနှင့် အဆိပ်အတောက်များ စုပုံနေခြင်း

အစာချေမှု၊ နေထိုင်မှုပုံစံနှင့် သွေးလေ မညီမျှမှုများကို မပြုပြင်ဘဲ နာကျင်မှုကိုသာ ကုသခြင်းသည် အမှန်တကယ် ပြန်လည်ကောင်းမွန်လာစေရန်ကို နောက်ကျစေပါလိမ့်မည်။

အမျိုးသမီးကျန်းမာရေးသည် ယာယီနာကျင်ပျောက်ကင်းရေး မဟုတ်ဘဲ အရင်းအမြစ်အကြောင်းရင်းကို ကိုင်တွယ်ကုသရန် လိုအပ်ပါသည်။

ကိုယ်ခန္ဓာ၏ သဘာဝလုပ်ဆောင်ချက်များ ပြန်လည်မှန်ကန်လာသောအခါ လက္ခဏာများသည် သဘာဝအတိုင်း ပျောက်ကင်းသွားပါလိမ့်မည်။

Credit (Dr. Prithvi Mirchandani)


#အမျိုးသမီးဓမ္မတာလာခြင်း_ရာသီသွေးဆင်းခြင်း

  #အမျိုးသမီးဓမ္မတာလာခြင်း_ရာသီသွေးဆင်းခြင်းအစကမရေးဘဲနေမလို့ပါပဲ။ဒါမဲ့အငြင်းပွားတာတွေများလာလို့။!စာရှည်ပါတယ်။သိချင်မှဖတ်...
06/01/2026


#အမျိုးသမီးဓမ္မတာလာခြင်း_ရာသီသွေးဆင်းခြင်း
အစကမရေးဘဲနေမလို့ပါပဲ။
ဒါမဲ့အငြင်းပွားတာတွေများလာလို့။
!စာရှည်ပါတယ်။သိချင်မှဖတ်ပါ။!

ရာသီလာတယ်ဆိုတာ
သားအိမ်နံရံတွေပြိုကျခြင်းလို့ သင်ခဲ့ရပါတယ်။
အမျိုးသမီးတစ်ယောက်အပျိုစဖြစ်ပြီးဆိုရင်သားအိမ်ဖွံဖြိုးလာပါတယ်။
လိင်ဆက်ဆံဖို့နဲ့သန္ဓေတည်ဖို့ထိုအမျိုးသမီးကအဆင်သင့်ဖြစ်ပါပြီ။
ရာသီသွေးဆင်းရတဲ့အကြောင်းကတော့ သားအိမ်နံရံပါကပ်တွယ်စရာ
သားလောင်းမရှိလို့ပဲဖြစ်ပါတယ်။တစ်နည်းအားဖြင့် ကိုယ်ဝန်မရှိလို့။
ထို့ကြောင့်သားအိမ်နံရံတွေပြိုကျရခြင်းပဲဖြစ်ပါတယ်။

1 လက်ဖက်စားလို့ရလား?
စားလို့ကတော့ရပါတယ်။(မသေနိုင်ပါဘူး)
လက်ဖက်ထဲမှာပါတဲ့CAFFINEဆိုတဲ့ဓာတ်က
ရာသီသွေးစီးဆင်းရာလမ်းကြောင်းကိုတော့ နာကျင်စေနိုင်ပါတယ်။
အဲ့ဒါကြောင့် လူကြီးတွေက လက်ဖက်သုပ်မစားဖို့တားကြတာပါ။
tea,coffee မသောက်တာအကောင်းဆုံးပါ။
နာကျင်မှုကိုခံနိုင်ရင်တော့သောက်ပေါ့။

2 Sugar,Salt?
တစ်ချို့ဆရာဝန်ကတားပင်မဲ့တစ်ချို့ကတော့မတားပါဘူး။
သကြားနဲ့ဆားက ပုံမှန်အနေထားလောက်စားတာကိစ္စမရှိပင်မဲ့
periodအတွင်းအလွန်အကြူးစားသုံးမိရင်
ဆီးချိုနဲ့သွေးတိုး ဖြစ်စေနိုင်ချေများလို့ပါ။
အများအပြားစားရင် အသက်အန္တရာယ်စိုးရိမ်ရပါတယ်။
အအေးလည်းသောက်လို့ရပါတယ်နော်။
မသောက်ခိုင်းကြတာက အအေးအများစုသည်ချိုလို့
အဲ့အပြင် အေးနေတဲ့အရည်တွေက ဗိုက်အောင့်တတ်လို့ပါ။

3 ပြေးလို့ရလား?
ဒါကတော့ရှင်းရှင်းလေးပါ နေရာလွဲသွားမှာစိုးလို့ :")
ပြေးလို့ရပါတယ်။ဒါမဲ့ ပုံမှန်မိန်းကလေးတစ်ယောက်ဟာ
ရာသီလာနေချိန်ဆိုရင် ပင်ပန်းတတ်ပါတယ်။
တစ်ချို့မိန်းကလေးတွေကတော့ ရောဂါတစ်ခုသဖွယ်နာကျင်ကိုက်ခဲ၏။
Padဆိုတဲ့ဂွမ်းထုတ်တွေမပေါ်ခင်က ထဘီအစုတ်လေးခေါက်ပြီး
သုံးခဲ့ရတဲ့အတွက်လူကြီးတွေကမပြေးခိုင်းတာပါ။
သို့သော် အခုpadသုံးထားရင်တောင်ကျပ်နေတဲ့underwearနဲ့မှ
ပြေးလို့အဆင်ပြေပါလိမ့်မယ်။အပေါ်ကပြောထားသလိုပဲ
နေရာလွဲသွားမှစိုးလို့ပါ

4 ခေါင်းလျှော်ခြင်း ရေချိုးခြင်း?
တစ်ကိုယ်ရေသန့်ရှင်းရေးကတော့နေ့တိုင်းလုပ်သင့်ပါတယ်။
အထူးသဖြင့်periodကာလမှာပေါ့။အချိန်အခါနဲ့အခြေအနေအရ
ရေချိုးလို့လည်းရပါတယ်။ခေါင်းလျှော်လို့လည်းရပါတယ်။
ဒါမဲ့ အရမ်းအေးတဲ့ဒေသတွေ နှင်းအမြဲကျတဲ့ဒေသမှာနေတဲ့
မိန်းကလေးများအဖို့ကတော့ ရေမချိုး ခေါင်းမလျှော်တာအကောင်းဆုံးပါ။
အဓိက အကြောင်းအရင်းရယ်တော့မရှိဘူး။
သွေးခဲတတ်လို့ပါ။ရေမချိုးလည်းသေမသွားဘူးလေနော်။
ရာသီသွေးရပ်တန့်သွားခြင်း သွေးခဲသေခြင်း ဖြစ်တတ်၏။

5 ရာသီသွေးကသန့်စင်လား?
ဒါကအဓိကပြောပြချင်နေတဲ့အရာ!တစ်ချို့သောနိုင်ငံမှလူများနဲ့
မြန်မာနိုင်ငံရဲ့လူ၉၉ရာခိုင်နှုန်းသည် ရာသီသွေးကို ရွံတတ်ကြပါတယ်။
သွေးပုတ် သွေးညံံ့လို့လည်းခေါ်ကြသလို။
တစ်ချို့ဆို ရာသီလာရင် အခန်းပြင်တောင်ပေးမထွက်တဲ့အိမ်တွေရှိပါ၏
သန့်စင်လားမသန့်စင်လားမပြောခင် ဘာလို့ရွံကြရတာလဲ?
ရာသီလာနေတဲ့မိန်ကလေးတစ်ယောက်ကို ရွံစရာအကြည့်တွေနဲ့
ကြည့်တယ်။ (မသိရင် ပြစ်မှူကြီး ကျူးလွန်ထားသလိုပဲ)
ဘာလို့ရွံကြတာလည်းဆိုတော့ အဲ့သွေးဟာ အမျိုးသမီးအင်္ဂါထဲမှ
ထွက်လာခြင်းဖြစ်လို့ပါ။စာများအနည်းငယ်ရိုင်းမည်။
သေချာစဉ်းစားကြည့်ရင့် မြင့်မြတ်လှပါတယ်ဆိုတဲ့ ယောကျာ်းတွေတောင်
အဲ့ထဲကထွက်လာကြတာလေ။ပုံမှန်အချိန်ဆိုပေါင်ကြားထဲခေါင်းစိုက်နေကြတဲ့ကောင်တွေက
ရာသီလာတာကို မတူသလိုမတန်သလို ရွံရှာပြောနေကြတယ်။
ဘုရင်ဆိုလူတောင်တဲ့ပလ္လင်ပေါ်ထိုင်ဖို့ အဲ့ထဲကမွေးလာရတာ။
ဒါကိုဘာလို့ရွံကြရတာလည်း အဲ့Logicကြီးလည်းပြင်ကြဦး။
မေးခွန်းကိုပြန်သွားရင် သန့်စင်ပါတယ်။
သွေးထဲမှာ ရောဂါပိုးမရှိမခြင်း ရာသီသွေးဟာသန့်စင်ပါတယ်။
လက်မောင်းကဖောက်ထုတ်လိုက်တဲ့သွေးနဲ့ရာသီသွေးက
တူညီစွာသန့်ရှင်းပါတယ်။

6 ဘာကြောင့်နံရတာ ဘာကြောင့်သွေးတွေညိုသွားရတာ?
နံပြီးညိုနေလို့ သွေးပုတ်တွေလို ရှေးမြန်မာတွေကယူဆခြင်းဖြစ်သည်။
ညိုရတဲ့အကြောင်းက သွေးဆိုတာလေနဲ့ထိရင်ညိုပါတယ်။
(မယုံရင် ဓားယူပြီးလက်ကိုလှီးလိုက် ၅မိနစ်ပဲစောင့် ညိုလာလိမ့်မယ်)
သွေးလှူတဲ့သွေးကဘာလို့မညိုလည်းဆိုတော့ အဲ့သွေးတွေကပြင်ပက
လေနဲ့မထိတွေ့ခင်မှာလေလုံအိတ်ထဲရောက်သွားလို့ပါ။
နံတာကတော့ ပြင်ပမှာရှိတဲ့Bacteriaတွေနဲ့ထိတွေ့သွားလို့ပါ။
ရာသီသွေးစဆင်းတာနဲ့ Padအသစ်လည်းထားတာတောင် နံနေရင်
Vaginaနဲ့pussyမှာbacteriaတွေရှိနေလို့။
ဆရာဝန်နဲ့ပြသင့်ပါတယ်။Padတစ်ခုဟာ ၄နာရီပဲအသုံးခံပါတယ်။
ထို၄နာရီအတွင်း ဆိုးဝါးစွာနံနေရင် သွေးထဲပါ ရောဂါပိုးရှိနေလို့ပါ။
၄နာရီကျော်မှနံလာရင် ဒါဟာ ပြင်ပလေနဲ့ထိတွေ့ပြီးတဲ့အပြင်
padက မသန့်ရှင်းတော့လို့ပါ။

ကိုယ်ဝန်ရှိတယ်ဆိုတာ အဲ့လိုတစ်လတစ်ခါ ဆင်းရမဲ့သွေးတွေက
မဆင်းတော့ပဲ သားအိမ်ထဲမှာပဲကလေးတစ်ယောက်ဖြစ်လာတာပါ။တစ်နည်းအားဖြင့်စဉ်းစားရင်ကလေးဆိုတာရာသီသွေးနဲ့ဖြစ်တည်လာတာ

ရာသီသွေးကသွေးပုတ်တွေပါဆိုပြီး ရွံနေရင်
အဲ့သွေးတွေနဲ့ဖြစ်တည်လာခဲ့တဲ့ ကွကိုလည်းရွံ့လိုက်ပါ။

မူရင်းရေးသားသူ Dr. Min Min Thway အား ကျေးဇူးဥပကာယ တင်အပ်ပါသည်




Healthy Bounty
မူရင်းရေးသားသူအား crd ပေးပါသည်။

ကျွန်ုပ်တို့၏ အဖွဲ့အစည်းအနေဖြင့် ဒေသအခြေပြု လူမှုဖွံ့ဖြိုးရေး လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဒေသခံ ...
23/12/2025

ကျွန်ုပ်တို့၏ အဖွဲ့အစည်းအနေဖြင့် ဒေသအခြေပြု လူမှုဖွံ့ဖြိုးရေး လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဒေသခံ အမျိုးသမီးများကို ဦးစားပေး၍ Volunteer များခေါ်ယူနေပါသည်။

ဤ Volunteer Opportunity သည်

လူမှုဝန်ဆောင်မှုလုပ်ငန်းများတွင် ပါဝင်လိုစိတ်ရှိသူ၊

ဒေသအတွက် အပြုသဘောဆောင်ရွက်လိုသူ၊

အတွေ့အကြုံမရှိသေးသူများလည်း လျှောက်ထားနိုင်သော
အခွင့်အလမ်းကောင်းတစ်ရပ် ဖြစ်ပါသည်။

Volunteer များအတွက် ရရှိနိုင်မည့် အကျိုးကျေးဇူးများ.........

-လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အတွေ့အကြုံရရှိခြင်း။

-လုပ်ငန်းဆိုင်ရာ အခြေခံကျွမ်းကျင်မှုများ တိုးတက်လာခြင်း။

-အဖွဲ့လိုက်လုပ်ဆောင်မှုနှင့် ဦးဆောင်နိုင်မှု စွမ်းရည်များ မြှင့်တင်နိုင်ခြင်း။

Dream Water Group( DWG)

FYI
13/10/2025

FYI

🙆မိန်းကလေးကျန်းမာရေးအတွက် “ရေ” ရဲ့ အရေးကြီးမှု 🌸💦ရေက မိန်းကလေးတိုင်းအတွက် အလှနဲ့ကျန်းမာရေးကို တစ်ပြိုင်တည်း ထိန်းပေးတဲ့ ...
06/10/2025

🙆မိန်းကလေးကျန်းမာရေးအတွက် “ရေ” ရဲ့ အရေးကြီးမှု 🌸
💦ရေက မိန်းကလေးတိုင်းအတွက် အလှနဲ့ကျန်းမာရေးကို တစ်ပြိုင်တည်း ထိန်းပေးတဲ့ သဘာဝအဖော် ဖြစ်ပါတယ် 💦

💦💦💦 ရေက ဘာတွေလုပ်ပေးလဲဆိုတော့…💦💦💦

🌡️ကိုယ်အပူချိန်ထိန်းပေးတယ် – မောပန်းလွယ်တာနဲ့ သွေးအိုက်တာ လျော့နည်းစေတယ်။
💁 အစာခြေကောင်းစေတယ် – ဝမ်းချုပ်ခြင်းကို ကာကွယ်ပြီး အာဟာရစုပ်ယူမှု တိုးစေတယ်။
🦠 ကိုယ်ပိုင်သန့်ရှင်းမှုအတွက် အရေးကြီးတယ် – သန့်ရှင်းသောရေသုံးတာနဲ့ ဘက်တီးရီးယားကူးစက်မှုလျော့တယ်။
🤱မိခင်ကျန်းမာရေးကောင်းစေတယ် – မီးဖွားပြီးနောက်နဲ့ နို့တိုက်ကာလမှာ နို့ထုတ်မှုတိုးစေတယ်။
🧏 အသားအရေစိုပြေဖျော့ဖြူးစေတယ် – အရေးအကြောင်းနဲ့ အသားခြောက်ခြင်း မဖြစ်စေဘူး။💃စိတ်အေးချမ်းစေတယ် – စိတ်ဖိစီးမှုလျော့ပြီး သက်တောင့်သက်သာခံစားရစေတယ်။
🙅 ရောဂါကာကွယ်တားဆီးပေးတယ် – သန့်ရှင်းသောရေသုံးခြင်းနဲ့ အဆိပ်အတောက်ဖယ်ရှားနိုင်တယ်။

💧💧💧 နေ့တိုင်း ရေကို လုံလောက်အောင် သောက်ပါ။
သန့်ရှင်းသောရေသုံးခြင်းက မိန်းကလေးတိုင်းရဲ့
👉 ကျန်းမာရေး
👉 အလှအပ
👉 စိတ်အေးချမ်းမှု
တွေကို တစ်ပြိုင်တည်း ထိန်းသိမ်းပေးပါတယ် 🌷

Address

Hlaingbwe

Website

Alerts

Be the first to know and let us send you an email when Dream Water Association - DWA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share