26/05/2025
🍃🍃🍃🍃🍃 ကျေးဇူးတင်လွှာ 🙏🍃🍃🍃🍃🍃
မင်္ဂလာနေ့လယ်ခင်းလေးဖြစ်ပါစေ 🙏🍃🌿
စိုင်ခေါင်ရွာ ၊ ဇေယျမင်္ဂလာကျွန်းတောကျောင်း
နွေရာသီဗုဒ္ဓဘာသာယဥ်ကျေးမှုသင်တန်းကြီးကတော့
ယခုနှစ်အတွက် အောင်မြင်စွာပြီးမြောက်သွားပြီဖြစ်ပါတယ်
မတ်လ ၊ ဧပြီလ ၊ မေလ ၂၀ ရက်အထိ ၃လနီးပါး ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပါတယ်
သင်တန်းအတွက်အဖက်ဖက်က
ပံ့ပိုးကူညီပေးကြသူအားလုံးကို လေးနက်စွာ ကျေးဇူးတင်မိပါတယ်
၃လနီးပါးသင်တန်းကာလအတွင်းမှာ ကလေးတွေအတွက်
နေ့စဥ်အာဟာရဒါနကုသိုလ်ပြုကြသူကုသိုလ်ရှင်များ ၊
ကလေးများအားဆုချီးမြှင့်ရန်အတွက်ပံ့ပိုးကူညီပေးကြတဲ့ကုသိုလ်ရှင်များ၊
နွေရာသီယဥ်ကျေးမှုသင်တန်း တက်ရောက်ရန် ကလေးများကို နှိုးဆော်ပေးကြတဲ့ကုသိုလ်ရှင်များအားလုံး၊
အစရှိတဲ့စေတနာရှင်၊ ကုသိုလ်ရှင်များအားလုံးကို
ဘုန်းဘုန်းနှင့်တကွဆရာ/မ များက ကျေးဇူးတင်ဝမ်းမြောက်မိပါတယ်
ကုန်စျေးနှုန်းတွေကြီးမြင့်နေတဲ့ကြားက ၊ အဖက်ဖက်က
ကြပ်တည်းနေတဲ့ဒီကာလမှာတောင်
ကလေးတွေအတွက်
အာဟာရဒါနပြုပေးကြတဲ့ စိုင်ခေါင်းရွာ ကုသိုလ်ရှင်များကို ပို၍ပင် လေးစားသာဓုခေါ်ဆိုမိပါတယ်
ငွေကြေးတွေခက်ခဲကြပ်တည်းတဲ့ဒီလိုကာလမှာတောင် ကိုယ်ကျိုးမငဲ့ဘဲ မိမိရပ်ရွာဒေသက ကလေးတွေရဲ့ ဗုဒ္ဓဓမ္မပညာသင်ယူရေးမှာ စွမ်းစွမ်းတမံ ပံ့ပိုးပေးကြတဲ့
စိုင်ခေါင်းရွာ မိသားစုရဲ့စေတနာ၊သဒ္ဓါတရားကို တန်ဖိုးထားတဲ့စိတ်ကြောင့်ပဲ ဆရာ/မ များကလည်း သင်ခန်းစာများကို အကောင်းဆုံးဖြစ်အောင် အတက်နိုင်ဆုံး သင်ကြားပြသပေးခဲ့ပါတယ်
ပညာရေးမှာ ရင်းနှီးမြှုပ်နှံခြင်းသည် အကောင်းဆုံးသော ရင်းနှီးမြှုပ်နှံခြင်းဖြစ်ပါတယ်
ရေတိုမှာသိသာတဲ့ရလဒ်မမြင်နိုင်ပေမယ့် ကလေးတွေရဲ့ရေရှည်ဘဝမှာ ယခုနွေရာသီသင်တန်းက သင်ပေးလိုက်တဲ့ ဓမ္မသင်ခန်းစာတွေကို အသုံးချနိုင်ပြီး ဘဝကိုဓမ္မဖြင့်တည်ဆောက်ပြီး ဘဝတက်လမ်းကောင်းတွေကို ရွေးချယ်လျှောက်လှမ်းနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်
လူကောင်းတစ်ယောက်အဖြစ်မှ ၊ လူတော်တစ်ယောက်အဖြစ် ရောက်ရှိသွားခဲ့ရင် ထိုကလေးရဲ့ဘဝရှေ့ရေးအနာဂါတ်အတွက် စိတ်အေးစေရသလို ၊ မှန်ကန်သောခရီးလမ်းကို ရွေးချယ်လျှောက်လှမ်းနေသော ထိုကလေးဟာ သူနဲ့နီးစပ်ရာပတ်ဝန်းကျင်ကို အေးချမ်းစေပြီး ၊ ရပ်ရွာအတွက် အကျိုးပြုနိုင်စွမ်းရှိတဲ့ သားကောင်းရတနာ ၊ သမီးကောင်းရတနာလေးတွေဖြစ်လာကြမှာအမှန်ပါ
သစ်တစ်ပင်ကောင်းရင် ငှက်တစ်သောင်းနားလို့ရပါတယ်
ငှက်တစ်သောင်းနားလို့ရတဲ့သစ်ပင်ကြီးဆိုတာ တစ်ရက်တစ်မနက်နဲ့ဖြစ်ထွန်းလာတာမဟုတ်ဘဲ အချိန်ကာလတစ်ခုစောင့်ရပါတယ်
စိုင်ခေါင်းရွာမှာ သစ်ပင်ကြီးနဲ့တူတဲ့သူတွေအများကြီးပေါ်ထွက်လာဖို့လိုအပ်ပါတယ်
ကလေးတွေရဲ့ဘဝရေရှည်အခြေကျရပ်တည်နိုင်ရေးအတွက် လောကီပညာရေး၊လောကုတ္တရာပညာရေး ၊ စာရိတ္တပညာရေး၊အသက်မွေးဝမ်းကြောင်းပညာရေး အစရှိတဲ့လူတစ်ယောက်ရဲ့ဘဝကိုမြှင့်တင်ပြောင်းလဲပေးနိုင်စွမ်းရှိတဲ့ ပညာရပ်များကို သင်ယူနိုင်ဖို့ ၊ သင်ကြားပို့ချပေးနိုင်ဖို့ ပိုကြိုးစားကြပါစို့
ကလေးတို့အားလုံးနဲ့ နောက်နှစ်နွေရာသီမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်
💙