27/01/2025
Innolab Myanmar မှပြုလုပ်သော
Social Enterprise Business model Training
𝐒𝐨𝐜𝐢𝐚𝐥 𝐄𝐧𝐭𝐞𝐫𝐩𝐫𝐢𝐬𝐞 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐌𝐨𝐝𝐞𝐥𝐬 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠
လူမှုအကျိုးပြုစီးပွါးရေးလုပ်ငန်းတွေဟာနိုင်ငံတစ်နိုင်ငံရဲ့ လူမှုရေးနှင့် စီးပွားရေး စိန်ခေါ်မှုတွေကို ဖြေရှင်းတဲ့အခါ အရေးပါတဲ့ စီးပွါရေးလုပ်ငန်းရပ်တစ်ခုဖြစ်ပါတယ်။
အထူးသဖြင့် ဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့မှုနဲ့ ပတ်ဝန်းကျင်ပျက်ဆီးမှုတို့လိုလူမှုရေးပြဿနာများကို ဖြေရှင်းရန်ရည်ရွယ်ပြီး ဘဏ္ဍာရေးဆိုင်ရာ တည်ငြိမ်မှုကိုလည်း ရယူနိုင်စေရန် ဦးတည်ထားတာဖြစ်တယ်။
အလားတူဘဲလူငယ်တွေအနေနဲ့လည်းလူမှုအကျိုးပြုစီးပွားရေးကဏ္ဍတွင် ဆန်းသစ်တီထွင်မှုများကို ဦးဆောင်သူတွေ ဖြစ်လာဖို့ အလွန်အရေးကြီးပါတယ်။
ဒီတစ်ခါမှာတော့ 𝐘𝐨𝐮𝐭𝐡 𝐈𝐧𝐧𝐨𝐋𝐚𝐛 𝐌𝐲𝐚𝐧𝐦𝐚𝐫 က လူမှုအကျိုးပြုစီးပွားရေးအကြောင်း ကိုစိတ်ဝင်စားသူတွေအတွက် 𝐁𝐞𝐲𝐨𝐧𝐝 𝐭𝐡𝐞 𝐌𝐚𝐫𝐠𝐢𝐧𝐬 𝐩𝐫𝐨𝐣𝐞𝐜𝐭 ရဲ့ “𝐒𝐨𝐜𝐢𝐚𝐥 𝐄𝐧𝐭𝐞𝐫𝐩𝐫𝐢𝐬𝐞 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐌𝐨𝐝𝐞𝐥 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠” ဆိုတဲ့ ဟောပြောပွဲသင်တန်းကို Toolkit လက်ဆောင်တွေ 🎁 နဲ့အတူ စီစဉ်ထားပါတယ်။
အဆိုပါလူမှုအကျိုးပြုစီးပွားရေးသင်တန်းကို ဘယ်သူတွေ တက်သင့်လဲ?
🎯 လူမှုအကျိုးပြုစီးပွားရေးအပိုင်းစိတ်ဝင်စားတဲ့သူတွေ
🎯 လူမှုအကျိုးပြုစီးပွားရေးနယ်ပယ်မှာ အဆင့်မြင့်ပညာရေးအပိုင်းသိချင်တဲ့သူတွေ
🎯 အထူးသဖြင့် LGBTQ+ နဲ့ လိင်လုပ်သား (s*x workers) တွေအနေနဲ့ တက်ရောက်ရင် သင့်တော်ပါတယ်။
ဒီသင်တန်းကတဆင့်ရနိုင်တာတွေက
✨ လူမှုအကျိုးပြုစီးပွားရေးနဲ့ပတ်သက်ပြီး အသိပညာအသစ်တွေ ရယူနိုင်မယ်။
✨အာဆီယံနဲ့အာရှကလူငယ်တွေဖန်တီးထားတဲ့ Toolkit လက်ဆောင်ရမယ်။
✨အစီအစဉ်အတွင်းမှာ ငွေသားဆုတွေ ရရှိနိုင်မယ့်အပြင်၊ တက်ရောက်သူတွေအတွက်လည်း Certificate တွေချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။
တစ်ရက်တာသင်တန်းအကြောင်းအသေးစိတ်ကတော့
နေ့စွဲ: ဇန်နဝါရီ ၂၈၊ ၂၀၂၅
အချိန်: ည ၈:၀၀ မှ ၉:၃၀ (မြန်မာစံတော်ချိန်)
နေရာ: Online Webinar
📌 လူဦးရေကန့်သတ်ထားတဲ့အတွက် ခုချက်ချင်းပဲ Register လုပ်ဖို့ တိုက်တွန်းပါတယ်။
👉 https://shorturl.at/3o8me
💪 လူမှုအကျိုးပြုစီးပွားကိုရင်ထဲမှာဆောင်ရင်း Toolkitလက်ဆောင်ယူလိုက်ကြရအောင်နော်✨🎉