The Ants - Humanitarian Aid Team - Tanintharyi

The Ants - Humanitarian Aid Team - Tanintharyi A SMALL STEP CAN CHANGE A LOTS OF LIVES

💦 အတာရေပက်ဖြန်းအခါသင်္ကြန် 💦အားလုံးပဲမင်္ဂလာပါ…💦💦💦ကျွန်တော်တို့ အချိန်တွေကုန်ဆုံးသွားလိုက်တာဟာ အခုဆိုရင် နောင်ထပ်နှစ်သစ်...
13/04/2026

💦 အတာရေပက်ဖြန်းအခါသင်္ကြန် 💦

အားလုံးပဲမင်္ဂလာပါ…💦💦💦
ကျွန်တော်တို့ အချိန်တွေကုန်ဆုံးသွားလိုက်တာဟာ အခုဆိုရင် နောင်ထပ်နှစ်သစ်ကိုဖြတ်သန်းဖို့အတွက် သင်္ကြန်ကိုရောက်ရှိလို့လာခဲ့ပြန်ပါပြီ။ ဒါကြောင့်နှစ်ဟောင်းက ဖြစ်ပျက်သမျှကို သင်္ကြန်ရေနှင့်အတူ ဆေးကြောသန့်စင်ပြီး နှစ်သစ်ကို အကောင်းဆုံးပုံစံဖြင့် ဖြတ်သန်းနိုင်ပါစေ။ မိသားစုနှင့်အဝေးကိုရောက်ရှိနေသောသူများလည်း အမြန်ဆုံးမိသားစုနှင့်ပြန်လည်ဆုံဆည်းနိုင်ပြီး သင်္ကြန်အခါသမကို ပျော်ရွှင်စွာဆင်နွှဲနိုင်စေရန် ကျွန်တော်တို့ The Ants Team မှဆုမွန်ကောင်းတောင်းပေးလိုက်ရပါသည်။

#အတာသင်္ကြန်
Ants_Humanitarian Aids Team_Tanintharyi

02/04/2026

🍍နာနတ်သီးစက်ရုပ်နှင့်ဝါဆို🍍

🍍 အားလုံးပဲမင်္ဂလာပါ။ အားလုံးကို နာနတ်သီးစက်ရုပ်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ နာနတ်သီးစက်ရုပ်လေးက ဘယ်သူလဲ။ နာနတ်သီးစက်ရုပ်လေးကတော့ စာရေးဆရာမ ဝါဆို ၊ သရုပ်ဖော် ဂျင် တို့ပေါင်းစပ်ဖန်တီးထားတဲ့ “နာနတ်သီးစက်ရုပ်လေးနဲ့ကလေးများ” ဆိုတဲ့ ရုပ်ပြစာအုပ်လေးထဲမှ အဓိကဇာတ်ဆောင်လေးပဲဖြစ်ပါတယ်။

🍍 ကျွန်တော်တို့ကတော့ ဒီရုပ်ပြစာအုပ်လေးကို ကလေးလေးများ စိတ်ဝင်တစား ကြည့်ရှုပြီး ပိုမိုစွဲမြဲမှတ်မိစေဖို့ ပုံပြင် ဗီဒီယို လေးအဖြစ်ဖန်တီးကာ Series လေးအဖြစ် ပြန်လည်အသက်သွင်းထားပါတယ်။

🍍ယခုပထမဆုံးလရဲ့ အလှည့်ကျတာကတော့ “ နာနတ်သီးစက်ရုပ်လေးနဲ့ဝါဆို ” ဆိုတဲ့ ပုံပြင်လေးဖြစ်ပါတယ်။ အန္တရာယ်များတဲ့လက်နက်ပစ္စည်းတွေကို ထိချင်၊ ကိုင်ချင်တဲ့ ဝါဆိုတစ်ယောက် သူ့အိမ်မက်ထဲကို နာနတ်သီးစက်ရုပ်လေးရောက်လာတဲ့အခါ ဘာဆက်ဖြစ်မလဲဆိုတာကို Video လေးထဲမှာကြည့်လိုက်တော့နော်။

🍍Video လေးတွေက လစဉ်အပိုင်းသစ်လေးတွေ ထွက်ရှိမှာဖြစ်လို့ နာနတ်သီးစက်ရုပ်လေးကို လတိုင်းစောင့်မျှော်ပေးကြပါဦးနော်
🤍

#နာနတ်သီးစက်ရုပ်
#နာနတ်သီးစက်ရုပ်နှင့်ဝါဆို

🕯️International Holocaust Remembrance Day 🕯️🕯️၁၉၄၅ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်တွင် ဆိုဗီယက်တပ်တော်တို့သည် နာဇီတို့၏ အကြီးဆုံ...
27/01/2026

🕯️International Holocaust Remembrance Day 🕯️

🕯️၁၉၄၅ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်တွင် ဆိုဗီယက်တပ်တော်တို့သည် နာဇီတို့၏ အကြီးဆုံးသော Camp ဖြစ်သည့် Auschwitz-Birkenau ကို လွတ်မြောက်အောင်ဆောင်ရွက်နိုင်ခဲ့ကြပါသည်။ ထိုနေ့ကိုအကြောင်းပြု၍ Holocaust Remembrance Day လို့သတ်မှတ်ပြီး ထိုအချိန်ကအသက်ဆုံးရှုံးသွားကြသော ဂျူးလူမျိုးများအတွက် အောက်မေ့ဖွယ်ရာနေ့လေးအဖြစ် နှစ်စဉ်ကျင်းပပေးလျက်ရှိပါတယ်။

🕯️ထိုနေ့တွင် အသက်ဆုံးရှုံးခဲ့သော ဂျူးလူမျိုးများအတွက် ဝမ်းနည်းကြေကွဲစွာဖြင့် ဖယောင်းတိုင်များထွန်းခြင်း၊ ဆုတောင်းပွဲများပြုလုပ်ခြင်း တို့ကိုပြုလုပ်ကြပြီး နောက်တစ်ခါဒီလိုအဖြစ်ဆိုးကြီးကို မကြုံရစေအောင် လူသားများအချင်းချင်း မေတ္တာများထားနိုင်စေရန် ဟောပြောပွဲများကိုလည်းပြုလုပ်လေ့ရှိပါတယ်။

🕯️ဂျူးလူမျိုး ၆ သန်းခန့်အသက်ဆုံရှုံးသွားရခြင်းသည် ထိုအချိန်က လူမျိုးစုအားလုံးအတွက် ထိတ်လန့်ကြောက်ရွံ့စရာအဖြစ်အပျက် ဖြစ်ခဲ့ပါတယ်။ ထိုအချိန်က ဂျူးလူမျိုးတို့၏ဘဝပေါင်းများစွာသည် အကျဉ်းစခန်းပေါင်းများစွာတွင် ကြွေလွင့်ပျောက်ကွယ်သွားရပါတယ်။ ဒီလိုအဖြစ်အပျက်များသည် ယနေ့အချိန်တိတိုင်ဖျောက်ဖျက်မရနိုင်သော ဝမ်းနည်းကြေကွဲစရာအဖြစ် သမိုင်းတွင်ထိန်ကျန်နေဆဲ ဖြစ်ပါသည်။ ထိုသမိုင်းများကို နှိုင်းဆကြည့်ပြီး ပြန်မြင်ယောင်ရင်း နောင်အနာဂတ်တွေမှာ ကမ္ဘာကြီးကို ချစ်ခြင်းမေတ္တာများ ကိုယ်ချင်းစာတရားများဖြင့်သာ တည်ဆောက်နိုင်​ပါစေရန် ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။


📖International Day Of Education 📖📖 ယနေ့ကျရောက်တဲ့ ဇန်နဝါရီလ၊၂၄ ရက်နေ့ကတော့ “International Day Of Education” လို့ခေါ်တဲ့ ...
24/01/2026

📖International Day Of Education 📖

📖 ယနေ့ကျရောက်တဲ့ ဇန်နဝါရီလ၊၂၄ ရက်နေ့ကတော့ “International Day Of Education” လို့ခေါ်တဲ့ “ကမ္ဘာလုံးဆိုင်ရာပညာရေးနေ့” ပဲဖြစ်ပါတယ်။ ပညာရေးဆိုတာ ကမ္ဘာပေါ်မှလူသားအားလုံးအတွက် အရေးကြီးပါတယ်။ အသိပညာ၊ အတတ်ပညာရှိမှသာ လူသားတွေဟာအမှားအမှန်ကို သေချာပိုင်းခြားသိမြင်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် UN အဖွဲ့အစည်း ကနေပြီးတော့ ဇန်နဝါရီလ ၂၄ ရက်နေ့ကို ကမ္ဘာ့ပညာရေးနေ့အဖြစ်သတ်မှတ်ခဲ့တာပဲဖြစ်ပါတယ်။

📖 ပညာရေးဟာ လူသားတိုင်းအတွက် အမှောင်မှအလင်းသို့ လမ်းပြပေးသော အရာတခုဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးမှု အခြေအနေမှ လွတ်မြောက်အောင် ဆောင်ရွက်ပေးနိုင်သော တခုတည်းသော လမ်းပြကြယ်လေး ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှု၏ သော့ချက်တခုလည်းဖြစ်ပါတယ်။ ဒါကြောင့် ယခုပညာရေးနေ့ကို ကျင်းပရတာဟာ လူသားတိုင်းအတွက် အရမ်းကို အဓိပ္ပါယ်ရှိလှပါတယ်။

📖 ဒါကြောင့် The Ants - Humanitarian Aid Team - Tanintharyi သည် ပညာရေးအား စောစီးစွာပြန်လည်ထူထောင်ရေးလုပ်ငန်တခုအဖြစ် သတ်မှတ်ပြီး အကောင်ထည်ဖော်ဆောင်ရွက်လျှက်ရှိပါတယ်။ ကျွန်တော်တို့သည် ပဋိပက္ခဖြစ်ပွားရာဒေသမှ ကလေးငယ်များ ပညာသင်ယူရေးအဆက်မပြတ်စေရန် " နွေးထွေးဖေးကူပညာအလှူ" ကဲ့သို့သော ပညာရေးအထောက်အကူအပြုအစီအစဉ်များ ဆောင်ရွက်လျှက်ရှိပါတယ်။ ယနေ့ကျရောက်သော ပညာရေးနေ့မှစ၍ ကမ္ဘာပေါ်မှလူသားများအားလုံး အရည်အသွေးပြည့်ဝသောပညာရေးကို လက်လှမ်းမီနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပိုသအပ်ပါတယ်။



“Happy New Year 2026”အားလုံးပဲပျော်ရွှင်စရာနှစ်သစ်လေးဖြစ်ပါစေလို့ ဦးစွာပထမဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။နှစ်​သစ်မှစပြီ...
31/12/2025

“Happy New Year 2026”

အားလုံးပဲပျော်ရွှင်စရာနှစ်သစ်လေးဖြစ်ပါစေလို့ ဦးစွာပထမဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
နှစ်​သစ်မှစပြီး စိတ်၏ကျန်းမားခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပြီး ၂၀၂၆ အတွက် ရည်မှန်းထားသောပန်းတိုင်များကို ရောက်နိုင်ပါစေ။ ၂၀၂၆ မှာလည်း လွတ်လပ်ပျော်ရွှင်သောဘဝများ ပိုင်ဆိုင်နိုင်စေရန် ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 💖🥳

The Ants - Humanitarian Aid Team - Tanintharyi

"ကျောင်းသား ၂၀၀ဦး အား ၅လအတွက် ပညာသင်စရိတ် ကျပ်သိန်း၁၀၀ ထောက်ပံ့နိုင်ခဲ့ပါပြီ""နွေးထွေးဖေး​ကူပညာအလှူ" အစီအစဉ်မှ ထားဝယ်မြိ...
22/12/2025

"ကျောင်းသား ၂၀၀ဦး အား ၅လအတွက် ပညာသင်စရိတ် ကျပ်သိန်း၁၀၀ ထောက်ပံ့နိုင်ခဲ့ပါပြီ"

"နွေးထွေးဖေး​ကူပညာအလှူ" အစီအစဉ်မှ ထားဝယ်မြို့နယ်၊ ရေဖြူမြို့နယ်နှင့် သရက်ချောင်းမြို့နယ်ရှိ ပဋိပက္ခသက်ရောက်ရာဒေသများမှ ပညာသင်ယူရန်အခက်အခဲကြုံတွေ့နေရသော ကျောင်းသား ၂၀၀ဦးအား ၅လစာ (ဇူလိုင်လမှ နိုဝင်ဘာလအထိ) ပညာသင်စရိတ်အတွက် မြန်မာငွေ ကျပ်သိန်း၁၀၀ကို ထောက်ပံ့နိုင်ခဲ့ပါသည်။

ပညာသင်စရိတ်ထောက်ပံ့ငွေနှင့် စာရေးကိရိယာထောက်ပံ့မှုများပြုလုပ်ခဲ့ပြီး ထောက်ပံ့ငွေ ပိုမိုလိုအပ်သော ဒေသများသို့ လစဉ် ပညာသင်စရိတ် ထောက်ပံ့လျက်ရှိပြီး စာရေးကိရိယာပိုမိုလိုအပ်သော ဒေသများသို့ ကလေးတစ်ဦးချင်း၏ လိုအပ်ချက်နှင့်အညီ ၎င်းတို့လိုအပ်နေသော စာရေးကိရိယာနှင့် ကျောင်းသုံးပစ္စည်းများရရှိနိုင်ရန် စီမံဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

ယခုကဲ့သို့ ကလေးတစ်ဦးချင်းစီ၏ ပညာသင်ယူရေးဆိုင်ရာလိုအပ်ချက်များကို ကျွန်တော်တို့ The Ants - Humanitarian Aid Team - Tanintharyi အနေဖြင့် တတ်စွမ်းသမျှ ဖြည့်ဆည်းပေးနိုင်ခဲ့ခြင်းသည် ကျွန်တော်တို့အား ယုံကြည်စွာဖြင့် ပြည်တွင်း၊ ပြည်ပမှ ပါဝင်လှူဒါန်းခဲ့ကြသူများကြောင့်သာ ဖြစ်ပါသည်။ နောက်ကျန်သေးသည့် စာသင်လ ၃လအတွက်လည်း ထပ်မံ၍ပါဝင်ပေးကြပါရန် အလှူရှင်များအား တိုက်တွန်းနှိုးဆော်အပ်ပါသည်။

အလှူရှင်များ ကြည်နူးပီတိဖြစ်နိုင်စေရန် မှတ်တမ်းဓာတ်ပုံများကို ဖော်ပြပေးလိုက်ပါသည်။ အခြေအနေအကြောင်းအရပ်အမျိုးမျိုးကြောင့် လုပ်ငန်းလုပ်ဆောင်မှုတင်ပြခြင်း နှောင့်နှေးကြန့်ကြာမှုကိုလည်း အားနာစွာဖြင့်တောင်းပန်လိုပါသည်။

#နွေးထွေးဖေးကူပညာအလှူ
#၅လစာကျပ်သိန်း၁၀၀
#ပညာသင်စရိတ်ထောက်ပံ့ခြင်း
#ပဋိပက္ခဒေသပညာရေး

နေအိမ်မီးရှို့ခံရသော မိသားစုများအား အရေးပေါ်ငွေကြေးထောက်ပံ့ခြင်းစက်တင်ဘာလ ၁၁ရက်နေ့တွင် စစ်ကော်မရှင်တပ်သည် တနင်္သာရီတိုင်...
16/12/2025

နေအိမ်မီးရှို့ခံရသော မိသားစုများအား အရေးပေါ်ငွေကြေးထောက်ပံ့ခြင်း

စက်တင်ဘာလ ၁၁ရက်နေ့တွင် စစ်ကော်မရှင်တပ်သည် တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ချောက်ချောင်းရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး လူနေအိမ် ၄​​၀​ ကျော် ကိုမီးရှို့ဖျက်ဆီးခဲ့ကြပြီး ရပ်ရွာနေပြည်သူများ ဘေးလွတ်ရာသို့စစ်ရှောင်ကြရသည်။

ထိုကြောင့် ၃၊ ၁၂၊ ၂၀၂၅ တွင် မီးရှို့ခံရသော လူနေအိမ်(၄၃) ဆောင် နှင့် မီဘေးသင့်မိသားစု(၂)စု ကိုကျွန်တော်တို့ The Ants - Humanitarian Aid Team - Tanintharyi နှင့် MAGGA Initiative တို့ပူးပေါင်း၍ အိမ်တစ်ဆောင်လျှင် ၂၀၀,၀၀၀ကျပ်(နှစ်သိန်း)နှုန်းဖြင့် အရေးပေါ်ငွေကြေးထောက်ပံ့​ခဲ့သည်။

ထိုရွာသည် အပျက်စီးအဆုံးရှုံးများခဲ့ကာ ယခုအချိန်ထိ ဘက်ပေါင်းစုံမှ အကူအညီများလိုအပ်နေဆဲဖြစ်ပြီး ဝိုင်းဝန်းကူညီပေးကြရန် နှိုးဆော်အပ်ပါသည်။




12/11/2025

တားဂတ်ကျောင်းသား၂၀၀ပြည့်သွားတဲ့ ပွက်ချိတ်တွေရဲ့ လက်ရှိ Mood :

https://www.facebook.com/share/p/1BKrYX9WTQ/

#နွေးထွေးဖေးကူပညာအလှူ

"တားဂတ်ကျောင်းသားဦးရေ ၂၀၀ ဦး ပြည့်ပါပြီ" ထားဝယ်ခရိုင်အတွင်းရှိ စစ်ဘေးသင့်ဒေသများမှ ပညာသင်ယူရန်အခက်အခဲကြုံတွေ့နေရသောကလေးမ...
12/11/2025

"တားဂတ်ကျောင်းသားဦးရေ ၂၀၀ ဦး ပြည့်ပါပြီ"

ထားဝယ်ခရိုင်အတွင်းရှိ စစ်ဘေးသင့်ဒေသများမှ ပညာသင်ယူရန်အခက်အခဲကြုံတွေ့နေရသောကလေးများအား လစဉ်ပညာသင်ရိတ်ထောက်ပံ့ပေးသော နွေးထွေးဖေးကူပညာအလှုအစီအစဉ်သည် တားဂတ်ကျောင်းသားဦးရေ ၂၀၀ဦး ပြည့်ပြီဖြစ်ပါသည်။

လစဉ်အလှူရှင်များ၏ လှူဒါန်းခြင်းမှ ကျောင်းသား (၁၂၆)ဦး အတွက် ပညာသင်စရိတ် ရရှိခဲ့ပါသည်။ လစဉ်အလှူရှင်များကိုလည်း ၈လပြည့်သည်အထိ ဆက်လက်ပါဝင်ပေးကြရန်ထပ်မံတိုက်တွန်းလိုပါသည်။

ပမာဏကန့်သတ်ခြင်းမရှိဘဲ လစဉ်မဟုတ်သော ထောက်ပံ့လှူဒါန်းခြင်းမှလည်း ကျောင်းသား (၇၈)ဦး အတွက် ပညာသင်စရိတ် ရရှိခဲ့ပါသည်။

ကလေးများထံသို့ အချိန်နှင့်တပြေးညီ လစဉ်ထောက်ပံ့လျက်ရှိပြီးအလှူရှင်များ ပီတိဖြစ်နိုင်အောင် မကြာမီ တင်ပြသွားပါမည်။

ဤအစီအစဉ်တွင် ပါဝင်ခဲ့သူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းအားလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်အပ်ပါသည်။

#နွေးထွေးဖေးကူပညာအလှူ

05/11/2025

"လုံလုံခြုံခြုံ တို့ဗုံးခို"

ဆိုးရွားပြင်းထန်လှတဲ့ ဘေးအန္တရာယ်တွေကြားရှင်သန်နေရတဲ့ ကလေးတွေကို လေကြောင်းတိုက်ခိုက်မှုအန္တရာယ်မှကာကွယ်နေထိုင်ခြင်းဆိုင်ရာအသိပညာပေးတဲ့အခါ "ဘေးလည်းကင်းအောင် စိတ်လည်းပေါ့ပါးသွက်လက်အောင်" လုပ်ဆောင်ဖို့လိုပါတယ်။

ဒီကဗျာလေးဟာ The Ants-Tanintharyiမှ အသိပညာပေးခြင်းအစီအစဉ်များဆောင်ရွက်ခဲ့သော ဒေသရှိကလေးများရဲ့ပါးစပ်ထဲ စွဲထင်ကျန်နေတဲ့ ကဗျာလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။

အသိပညာ၊ အတတ်ပညာရှင်များ၏ ဝိုင်းဝန်းပါဝင်မှုကြောင့် Music Video အဖြစ်ဖန်တီးနိုင်ခဲ့ပါသည်။

🔹Composer - Eh Thar
🔹Vocal - ACT(Batch-3 Family)
🔹Prod - Chan Nyi
🔹Prompt Engineer - Aster, Stella Ivy
🔹AI Video Engineer - Leon
🔹Video Editor - Simon, Leon,Khin
(စစ်ပွဲများ၏ အကျိုးသက်ရောက်မှုကို ခံစားနေကြရသော ကလေးငယ်များ ဘေးကင်းစေရန် ရည်ရွယ်၍ The Ants - Humanitarian Aid Team - Tanintharyi နှင့် National University of Computer Studies - NUCS ၏ အနုပညာကလပ်ဖြစ်သည့် NUCS Diary Club တို့ ပူးပေါင်းတင်ဆက်သည်။)

မန်ယူဖန်တွေဆီက အလှူခံဖို့ ဖန်ယောင်ဆောင်နေတဲ့ သာကူး ပွက်ချိတ်များကလေး၃ဦးအတွက်ပဲ ကျန်တော့တာဆိုတော့ မိုးရွာတုန်းရေခံရမယ်လေ ...
20/10/2025

မန်ယူဖန်တွေဆီက အလှူခံဖို့ ဖန်ယောင်ဆောင်နေတဲ့ သာကူး ပွက်ချိတ်များ

ကလေး၃ဦးအတွက်ပဲ ကျန်တော့တာဆိုတော့ မိုးရွာတုန်းရေခံရမယ်လေ 😝
#နွေးထွေးဖေးကူပညာအလှူ

တလောကလုံးကပြောနေပြီ... ပွက်ချိတ်တွေလေ ၁၄ယောက် ကျန်တယ်တဲ့ ...မခံချင်ဘူး ကိုယ်ဘယ်လိုရှင်းပြရမှာလဲ ချစ်Doner တို့ရယ် (၁၄ယော...
14/10/2025

တလောကလုံးကပြောနေပြီ... ပွက်ချိတ်တွေလေ ၁၄ယောက် ကျန်တယ်တဲ့ ...မခံချင်ဘူး ကိုယ်ဘယ်လိုရှင်းပြရမှာလဲ ချစ်Doner တို့ရယ်

(၁၄ယောက်ပဲ ကျန်ပြီမို့ ကျောင်းသားတစ်ယောက် ၈၀၀၀၀ကျပ်နှုန်းနဲ့ နောက်ဆုံးပိတ်အိတ်နဲ့လွယ်ပေးကြပါဦးနော်)

ေးကူပေးသွားပါဦးဗျို့

https://www.facebook.com/share/p/15WowNK6gi/

Address

Dawei
14011

Telephone

+66657487647

Website

Alerts

Be the first to know and let us send you an email when The Ants - Humanitarian Aid Team - Tanintharyi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to The Ants - Humanitarian Aid Team - Tanintharyi:

Shortcuts

Share