01/04/2026
Ta Pho Watershed
Indigenous communities are sounding the alarm: forests, water, and life are disappearing fast.
Their study shows:
• Healthy forests = clean, flowing water
• Fish, shrimp, and tiny aquatic species keep ecosystems alive
• Traditional knowledge is key to protecting nature
Without forests, water and livelihoods are at risk.
Support Indigenous stewardship. Protect forests. Protect water. Protect the future.
၂၀၂၄ ခုနှစ်တွင် တဖို ဒေသခံဌာနေတိုင်းရင်းသားများမှ ရေ၀ေကြောသစ်တော၏ ဂေဟစနစ်ဆိုင်ရာ ပြောင်းလဲမှုကို လေ့လာရန် လေ့လာဆန်းစစ်မှု တစ်ရပ်ကို စတင်အကောင်အထည်ဖော်ခဲ့ပါသည်။
ဤလေ့လာမှုသည် ရေအရင်းအမြစ်ရှင်သန်ရေးအတွက် ရေ၀ေကြောသစ်တော၏ အရေးကြီးပုံ၊ ရေ၀ေ ကြော၏ စိမ့်စမ်းတွင်းတွင် တွေ့ရသော အပင်မျိုးစိတ်နှင့် ရေသတ္တ၀ါမျိုးစိတ်တို့မှ ရေအရင်းအမြစ် ကောင်းမွန်ရန်နှင့် တည်တံ့ရန်လုပ်ဆောင်ပုံများကို မျက်မြင်တွေ့ရှိရပြီးမှ မှတ်တမ်းတင်ထားခြင်းဖြစ် ပါသည်။
ဤစစ်တမ်းမှ တွေ့ရှိချက်များသည် ပညာရှင်များ၏သုတေသနများထက် ဌာနေတိုင်းရင်းသားများ၏ လက်တွေ့ လေ့လာခြင်း၊ သုံးသပ်ခြင်း၊ ခွဲခြားစိတ်ဖြာပြီးမှသာ ဖြစ်ပေါ်လာသော တွေ့ရှိချက်ဖြစ်ပါသည်။
တဖိုဒေသခံဌာနေတိုင်းရင်းသားများ၏ဆန်းစစ်လေ့လာချက်အရ ဂေဟစနစ်၏တစ်ခုနှင့်တစ်ခု ဆက်စပ် မှုနှင့်အမှီသဟဲပြုမှုတို့သည် ရေ၀ေကြောဒေသရှိသစ်တောရှင်သန်မှုအတွက်အရေးပါကြောင်း၊ တောအုပ်ကောင်းတစ်ခုဖြစ်လာရန် သစ်ပင်မျိုးစိတ်တစ်ခုတည်းအားဖြင့် မလုံလောက်ကြောင်း၊ သစ်တောအတွင်းရှိသဘာ၀ပေါက်ပင်တစ်မျိုးနှင့်တစ်မျိုးတို့၏ သဘာ၀ဖြစ်စဥ်သည်လည်းအရေးကြီးကြောင်းတွေ့ရှိရပါသည်။ ဥပမာအားဖြင့် နွယ်ပင်သည် အနိမ့်အမြင့်မတူညီပြီး သစ်တောအတွင်းပေါက်ရောက်ပြီး လေတိုက်သည့်အခါ သစ်ပင်သစ်ကိုင်းများ အလွယ်တကူမပြိုလဲစေရန် ထိန်းညှိပေးပါသည်။ ထိုနည်းတူ နွယ်ပင်များသည်လည်း အရွယ်အစား မတူညီသော အနိမ့်အမြင့် မတူညီသော အပင်များမှ တဆင့် အထက်သို့ တက်နိုင်မည်ဖြစ်သည်။ ရေချောင်းများအတွင်းရှိ ရေနေသတ္တ၀ါနှင့် ပိုးကောင်ငယ်အမျိုးမျိုးမရှိပါက အသက်ရှိသော် ရေချောင်း မဖြစ်နိုင်ကြောင်း လူကြီးသူမများလည်း ပြောဆိုလေ့ရှိပါသည်။ ဤစစ်တမ်း၏ တွေ့ရှိချက်အရ ငါး၊ပုစွန်၊ ဂဏန်း၊ ရေပိုးအမျိုးမျိုးကြောင့် ရေ၏ အရည်အသွေးမှာ ကောင်းမွန် သည်သာမက စမ်းပေါက်များမှ ရေများသည်လည်း စဥ်ဆက်မပျက် စိမ့်ထွက်လာသည်ကို လည်း သိရှိရပါသည်။ တောရိုင်းတိစ္ဆာန်နှင့်ငှက်များသည်လည်း သစ်သီးအမျိုးမျိုးကို စားသုံးပြီး သစ်စေ့ များသည် ၄င်းတို့၏ မစင်မှတဆင့် နောက်တဖန် ပြန်လည် ပေါက်ရောက်လာစေရန်အတွက် ဆင့်ကဲ ရှင်သန်မှုကို ဖြစ်စေပါသည်။ ဤ ဖြစ်ရပ်များသည် တဖိုဒေသ၏ ဒေသခံဌာနေတိုင်းရင်းသားများမှ တဖိုချောင်းဖျား ရေ၀ေတောဒေသ၏ ဂေဟစနစ်လေ့လာခြင်းစစ်တမ်းမှ သိရှိရ သော အရာများဖြစ်ပါသည်။
Access the download through the link below..
https://drive.google.com/file/d/1RPWoeBROEorLE2HbQhOf7XRgbuegh7FA/view?usp=sharing