Mindat University Students Union

Mindat University Students Union Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mindat University Students Union, Community Organization, Mindat Chin State, Chin State.

13/07/2026

" ကြယ်ပွင့်များအတွက် အလင်းစက် ''

ကမ်ပိန်း ခေါင်းစဉ် - ကြယ်ပွင့်များအတွက်အလင်းစက်
ကမ်ပိန်း Target - ကျပ်သိန်း ၃၅၀ ကျပ်
ကမ်ပိန်း ကာလ - ဇူလိုင် ၁ မှ ဇူလိုင် ၂၅ အထိ


ရေနံချောင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂအနေဖြင့် မိမ်ိတို့သမဂ္ဂ၌လည်းဒေသအသီးသီးကျောင်းသား/ ကေ​ကျာင်းသူများဖြင့် ဖွဲ့စည်းထားရှိရာ မိမ်ိတို့ တော်လှန် ကျောင်းသူ/သားများသည် နွေဦးတော်လှန်ရေးတွင် အသက်ပေး၍ ရွပ်ရွပ်ချွံချွံ စွန့်စားကြိုးပမ်းပေးနေကြသော ရှေ့တန်းရဲဘော်များ နှင့် တပ်ဖွဲ့အသီးသီးအတွက် သာမက စစ်ဘေးရှောင်ပြည်သူများနှင့် ဒေသတွင်းနှင့်ဒေသနှင့်နီးစပ်ရာ ဒေသများ၌ ပညာရေးလုပ်ငန်းများ၌ တတ်နိုင်သည့်ဘက်မှ လိုအပ်သည်များ တတပ်တအား ကူညီထောက်ပို့သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဤကမ်ပိန်းကို ပထမဦးဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ပါသည်။

Campaign မှရရှိလာသော ရန်ပုံငွေအား ၁၀၀% ပေါ်တွင်မူတည်၍ ဒေသနှစ်ခုမှ စစ်ဘေးရှောင်စာသင်ကျောင်း နှင့် လူငယ်ဖွံ့ဖြိုးရေးစင်တာအတွက်
ခွဲဝေအသုံးပြုသွားမည်ဖြစ်ပါသည်။

ယခု ကမ်ပိန်း ၌ အမာခံ Fundraiser နှင့်အဖွဲ့များမပါရှိ​သေးသော်လည်း တော်လှန် ကျောင်းသူ/သားများ နှင့်ဒေသတွင်းရှိလူငယ်အဖွဲ့အစည်းများ ၊မြေပြင်၌ ဘုတ်အဖွဲ့ / EROs တို့နှင့်ချိတ်ဆက်ဆောင်ရွက်နေသည့် စာသင်ကျောင်းမှတာဝန်ခံများ စုပေါင်းလုပ်ဆောင်သည့်ကမ်ပိန်းဖြစ်သော်လည်း ‌မိမိတို့သမဂ္ဂ / တက္ကသိုလ်ကျောင်းများအတွက်သော်လည်းကောင်း တစ်သီးပုဂ္ဂလ လူပုဂ္ဂိုလ် တစ်စုံတစ်ဦးအတွက်သော်လည်းကောင်း ရည်ရွယ်ပြုလုပ်ခြင်းမဟုတ်ဘဲ ပညာရေးကဏ္ဍနှင့်ဖွံ့ဖြိုးရေးကဏ္ဍ၌ ကူညီအားပေးထောက်ပံ့မှုပြုနိုင်ရန် ဦးတည်ပြုလုပ်ခြင်းသာဖြစ်ပါသည်။

လက်ရှိတွင် ကမ်ပိန်းအားစတင်းသည်​့နေ့ဖြစ်သည့်အတွက် အရှိန်အဟုန်ဖြင့် ပြည့်မီရန် နေရာဒေသအသီးသီးမှာရှိကြတဲ့ တော်လှန်မိဘပြည်သူအပေါင်းအား ဤ ''ကြယ်ပွင့်များအတွက်အလင်းစက် '' ကမ်ပိန်းတွင် တတ်အားသ၍ပါဝင်ပေးကြရန် ဖိတ်ခေါ်အပ်ပါသည်။

ပါဝင်ကူညီချင်သူများအနေနှင့် ရေနံချောင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ Fb page အပြင် နွေဦးလူထုရန်ပုံငွေအဖွဲ့ တို့မှလည်းတစ်ဆင့် ဆက်သွယ်ပါဝင်လှူဒါန်းနိုင်ပါသည်။

#ကြယ်ပွင့်များအတွက်အလင်းစက်
#လူငယ်ဖွံ့ဖြိုးရေး
#စစ်ဘေးရှောင်ကလေးများအတွက်ပညာရေး
#ကမ်ပိန်းတားဂတ်သိန်း၃၅၀
#ရေနံချောင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

“ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း နှစ်ပတ်လည် အထိမ်းအမှတ် ထုတ်ပြန်ချက်”ရက်စွဲ။      ။ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်ယနေ့ ဇွန်လ (၂...
26/06/2026

“ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း နှစ်ပတ်လည် အထိမ်းအမှတ် ထုတ်ပြန်ချက်”

ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်

ယနေ့ ဇွန်လ (၂၆) ရက်နေ့သည် မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှုသမိုင်းတွင် မမေ့အပ်သော ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခဲ့သည့် နှစ် ၅၀ ပြည့်နှစ်ပတ်လည်နေ့ ဖြစ်ပါသည်။

ဆလိုင်းတင်မောင်ဦးသည် ဒီမိုကရေစီ၊ တရားမျှတမှုနှင့် ပြည်သူတို့၏ လွတ်လပ်ခွင့်များအတွက် မိမိ၏ယုံကြည်ချက်ကို အသက်နှင့်ရင်း၍ ရပ်တည်ခဲ့သောကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ပြီး၊ ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် စစ်အာဏာရှင်အစိုးရ၏ ကြိုးပေးကွပ်မျက်ခြင်းကို ခံခဲ့ရပါသည်။ ၎င်း၏ ရဲစွမ်းသတ္တိ၊ မယိမ်းယိုင်သော ယုံကြည်ချက်နှင့် စွန့်လွှတ်အနစ်နာခံမှုတို့သည် ယနေ့တိုင် ကျောင်းသားထုနှင့် လူငယ်မျိုးဆက်များအတွက် လွတ်လပ်ရေး၊ တရားမျှတရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ အရေးတော်ပုံ၏ အားအင်တစ်ရပ်အဖြစ် တည်ရှိနေဆဲဖြစ်ပါသည်။

Mindat University Students’ Union အနေဖြင့် ဆလိုင်းတင်မောင်ဦး၏ မြင့်မြတ်သော စိတ်ဓာတ်နှင့် ကျောင်းသားသမဂ္ဂ၏ သမိုင်းဝင် အမွေအနှစ်ကို လေးနက်စွာ ဂုဏ်ပြုအောက်မေ့လျက်၊ အမှန်တရား၊ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ဆက်လက်ရပ်တည် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိပြုအပ်ပါသည်။

ဆလိုင်းတင်မောင်ဦးနှင့်တကွ လွတ်လပ်ရေး၊ ဒီမိုကရေစီနှင့် တန်းတူညီမျှရေးအတွက် အသက်ပေးလှူခဲ့ကြသော ကျဆုံးသူ အာဇာနည်များအားလုံးကို အလေးအနက် ဦးညွတ်ဂုဏ်ပြုအပ်ပါသည်။

“ခန္ဓာကိုယ်ကို သတ်နိုင်ပေမယ့် ယုံကြည်ချက်ကို မသတ်နိုင်။”

Mindat University Students’ Union

24/02/2026

၂၀၂၁ မတိုင်ခင် တက်လက်စ အဝေးသင်ကျောင်းသားများ အား မကြာခင် ခေါ်ယူမည်

အဝေးသင်တက်လက်စ ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ်အဖြစ် ၂၀၂၆ ခုနှစ် မတ်လ ၁၅ ရက်နေ့မှ စ၍ စတင်ခေါ်ယူသွားရန်ရှိပါသည်။
ခေါ်ယူမည့်ပုံစံ၊ လျှောက်ထားရမည့်ပုံစံအသေးစိတ်ကို ထပ်မံကြေညာပါမည်။

ကျောင်းအပ်လက်ခံရေးဌာနခွဲ
သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာဌာန
မြန်မာ့နွေဦးတက္ကသိုလ်

“စဉ်ဆက်မပြတ်ပညာရေး စတားလင့်ဖြင့်ထောက်ပံ့ပေး” ကမ်ပိန်း စာရင်းရှင်းတမ်း ထုတ်ပြန်ခြင်း(၃/၂၀၂၅)ရက်စွဲ။          ။ ၂၀၂၅ ခုနှစ...
04/11/2025

“စဉ်ဆက်မပြတ်ပညာရေး စတားလင့်ဖြင့်ထောက်ပံ့ပေး” ကမ်ပိန်း စာရင်းရှင်းတမ်း ထုတ်ပြန်ခြင်း

(၃/၂၀၂၅)

ရက်စွဲ။ ။ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့။

“စဉ်ဆက်မပြတ်ပညာရေး စတားလင့်ဖြင့်ထောက်ပံ့ပေး” ကမ်ပိန်းကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့မှ စတင်ပြီး ဖေဖော်ဝါရီ ၂၄ ရက်နေ့အထိ တစ်လတိတိဆောင်ရွက်ခဲ့ရာ ယခုအခါတွင် ကမ်ပိန်းကာလအပြီး စာရင်းရှင်းတမ်းကို ထုတ်ပြန်အပ်ပါသည်။

ဤကမ်ပိန်း၏ ရည်ရွယ်ချက်မှာ မြို့နယ်အတွင်း စဉ်ဆက်မပြတ်ပညာရေး လှုပ်ရှားမှုများကို တိုးတက်စေရန်နှင့် Learning Center အတွင်း လိုအပ်သော Power Supply များနှင့် အခြေခံပစ္စည်းများ ထောက်ပံ့ပေးရန် ဖြစ်သည်။

ကမ်ပိန်းရရှိငွေများဖြင့် Starlink (Mini) ၁ စုံ၊ Inverter ၁ စုံ၊ Solar Panel ၄ စုံ၊ Battery ၁ လုံး စသည်တို့ကို Learning Center သို့ ထောက်ပံ့ပေးခဲ့ပြီး၊ Vocational Support Budget နှင့် ပညာရေးဆိုင်ရာ အခြေခံအထောက်အပံ့များအတွက်လည်း အသုံးစရိတ် ထုတ်ပေးခဲ့ပါသည်။ Learning Center အတွက်လိုအပ်သည့် အသုံးပစ္စည်းများဝယ်ယူစဉ်ကာလ ဝယ်ယူထားသည့် Cash Memo များကိုလည်း ထားရှိထားပါသည်။

အသုံးစရိတ် စုစုပေါင်း MMK ၃၃,၁၀၀,၀၀၀ ကုန်ကျကာ Inflow MMK ၃၃,၁၈၅,၂၉၀ ဖြစ်သဖြင့် လက်ကျန်ငွေ MMK ၈၅,,၂၉၀ ကို ပညာရေးဆောင်ရွက်မှုများတွင် ထပ်မံ အသုံးပြုရန် သတ်မှတ်ထားပါသည်။

“စဉ်ဆက်မပြတ်ပညာရေး စတားလင့်ဖြင့်ထောက်ပံ့ပေး” ကမ်ပိန်းကို စိတ်ဝင်စားစွာ ပါဝင်ကူညီပံ့ပိုးခဲ့သူများအပေါ် အထူးကျေးဇူးတင်ဂုဏ်ပြုကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ယခုကဲ့သို့ မြို့နယ်အတွင်း ပညာရေးဆောင်ရွက်မှုများသည် နောက်နောင်မျိုးဆက်များအတွက် ပညာရေးတန်ဖိုးရှိမှု တိုးတက်စေရန် အထောက်အကူဖြစ်လာမည်ဟု ယုံကြည်ပါသည်။

ဆက်သွယ်ရန်။ ။ +916009703245

Address

Mindat Chin State
Chin State

Telephone

+959892580804

Website

Alerts

Be the first to know and let us send you an email when Mindat University Students Union posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share