Bhamo Foundation

Bhamo Foundation Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Bhamo Foundation, Community Organization, Banmaw.

ချင်းတုံးဆန်မှ စားတတ်ကြတဲ့ ဗန်းမော်သူ/သားတွေများအတွက် 🤗တစ်အိမ်ထောင်စုစီကို ဆန်(၃)ပြည် နဲ့ ဆီ (၅၀)သား (၁)ဘူးစီ ကျပြင်ဦးလွ...
06/09/2025

ချင်းတုံးဆန်မှ စားတတ်ကြတဲ့ ဗန်းမော်သူ/သားတွေများအတွက် 🤗

တစ်အိမ်ထောင်စုစီကို
ဆန်(၃)ပြည် နဲ့ ဆီ (၅၀)သား (၁)ဘူးစီ ကျ

ပြင်ဦးလွင်မြို့ ၊ ပြင်စာ
လက်ပံကုန်း ရိပ်သာလမ်း သီရိမဂ်လာ ကျောင်းတိုက်မှာ
အများဆုံးစုစည်းနေထိုင်ထားကြတဲ့ ဗန်းမော်စစ်ရှောင်မိသားစုများဖြစ်ကြတဲ့ ကျောင်းဆရာ/ဆရာမဟောင်းများ၊ သက်ကြီးရွယ်အိုနဲ့ ဆွေမျိုးမိတ်ဆွေများ
ဗန်းမော်မြို့ မှ ကျောင်းထိုင်ဆရာတော် ဘုန်းဘုန်းမှ တရားမျှဝေကာ ရပ်မိရပ်ဖ ဘဘမှ စစ်ရှောင်များအားလုံးကိုယ်စားကျေးဇူးစကားပြောကြားပေးပါတယ်။

လက်ပံကုန်းကျောင်း မှ အိမ်ထောင်စု (၆၅)စု
ဇီးပင်ကုန်း (၁၀)စု
ရွှေကျောင်း (၃)စု
အလင်းရောင်ကျောင်းဘေး (၃)စု
အပြင်ပြန့်ကျဲ (၂)စု

စုစုပေါင်း အိမ်ထောင်စု (၈၃)စု စာ အပြင်

ဆန်အိတ်(၁၁)အိတ် - ကာလ တန်ဖိုး
၁ အိတ် - ၉သောင်းကျပ် စုစုပေါင်း
(၉၉၀,၀၀၀) ကျပ်
ဆီ (၅၀)သား ဘူး (၆၃၀၀)* ၈၃ = ၅၂,၂၉၀၀ ကျပ်
ကားဆီဖြည့်ခ - ၅၀,၀၀၀ ကျပ်နဲ့
အဖွဲ့သားများကို အဆာပြေ မုန့်နဲ့ အအေးတိုက်- ၅၀,၀၀၀ကျပ်
အိတ်နဲ့ အခြား အသုံးစရိတ် -၁၈၅၀၀ ကျပ်

စုစုပေါင်း - ၁,၆၃၁,၄၀၀ ကျပ်
အသုံးပြုထားပါတယ်။

ဩဂုဏ်လ (၃၁)- တနင်္ဂနွေနေ့ရဲ့ ပြင်ဦးလွင် အလှူကို
ဗန်းမော်မြို့မှ ကားဆရာ ကိုမြတ်ကိုကို မှ

အလှူပြု ဒါနအနေနဲ့ ပြင်ဦးလွင်ထိ မောင်းပြီး
အလှူဖြစ်မြောက်ဖို့ ကူညီပေးထားပါတယ်။ 

ကားဆရာ မြတ်ကိုကိုကို ကျေးဇူးတင်စကား ပြောရင်း ဒီတပတ်မှာ လာကူပေးကြတဲ့ Volunteer အကို၊ အမ
မောင်လေး နဲ့ ညီမလေးများကိုလည်း အထူး ကျေးဇူးတင်ရှိပါတယ်။

နောင်တပတ်မှာ မန်းလေးမှာ ပြန့်ကျဲအိမ်ထောင်စု အလှူလေး ထပ်ရှိပါမယ်။

နောက်ဆုံးပုံလေးကတော့ ဘုန်းဘုန်းကကျွေးတဲ့ နေ့လည်စာလေး အားရပါးစားနေကြတာလေးပါ။

🍀Bhamo Foundation 🍀🍀

25/08/2025

ပြင်ဦးလွင် အလှူ အတွက် ကားစင်းလုံးပြတ်
ငှါးလိုပါတယ်

တနေကုန် ညထိတော့ မရောက်ပါဘူး
နေ့ချင်းပြတ်ကို စင်းလုံးငှါးမှာပါ
သင့်တော်တဲ့ စျေး နဲ့ မောင်းပေးနိုင်သူ
Chat box သို့ Comments မှာ
ဆက်သွယ်ပေးပါဦး 🙏🍀

လူ(၅)ဦး -၆ဦး အနည်းဆုံး လိုက်နိုင်ပြီး
ဆန်အိတ်ပါ တင်နိုင်ရပါမယ် နော်
ကားသေးမရပါဘူး ☝️

June လမှ July လ ထိ နောက်ဆုံး လက်ခံရရှိတဲ့ အလှူမှတ်တမ်းများဖြစ်ပါတယ်  🙏🍀အလှူရှင်များ ကိုယ်စိတ်နှစ်ဖြာချမ်းသာလို့ အသက်ရှည်...
23/08/2025

June လမှ July လ ထိ နောက်ဆုံး လက်ခံရရှိတဲ့ အလှူမှတ်တမ်းများဖြစ်ပါတယ် 🙏🍀

အလှူရှင်များ ကိုယ်စိတ်နှစ်ဖြာချမ်းသာလို့
အသက်ရှည် အနာမဲ့ပါစေ..
ချစ်သောသူ မိသားစု၊ ချစ်သူ၊ မိတ်ဆွေနဲ့
အသက်ထက်ဆုံး ဘေးကင်းရန်မဲ့
နေထိုင်နိုင်ပါစေ 🍀🙏

ဩဂုတ်လ(၁၇)ရက်နေ့ တွင် ကွယ်လွန်သူ ချစ်လှစွာသော ဇနီး - “မမေသကြင်္န်မိုး “အတွက် ရည်စူး၍ ထပ်မံလှူဒါန်းပေးသော အလှူ 🙏ဗန်းမော်ဇ...
23/08/2025

ဩဂုတ်လ(၁၇)ရက်နေ့ တွင်
ကွယ်လွန်သူ ချစ်လှစွာသော ဇနီး - “မမေသကြင်္န်မိုး “အတွက် ရည်စူး၍ ထပ်မံလှူဒါန်းပေးသော အလှူ 🙏

ဗန်းမော်ဇာတိမဟုတ်ပေမဲ့လည်း Bhamo Foundation မှာ အရင်က အလှူငွေ( ၁၀)သိန်း လှူဖူးတဲ့ ပရဟိတ စေတနာ အလှူရှင် တစ်ဦးမှ ကွယ်လွန်သူ ချစ်ဇနီးအတွက် - ရည်စူး၍ ဗန်းမော်စစ်ရှောင်မိသားစုများအတွက် အလှူငွေ သိန်း (၂၀) ကျပ်လှူဒါန်းထားပေးပါတယ်။

ကျန်ရှိတဲ့ အလှူငွေနဲ့ လာမဲ့ နောင်တပတ်
ပြင်ဦးလွင်- ပြင်စာမှာ
ဗန်းမော်စစ်ရှောင်မိသားစုများအတွက် အိမ်ထောင်စု အများဆုံး (၆၀) စု သာလှူနိုင်မယ် လို့ ရည်မှန်းထားသော်လည်း ယခု အလှုငွေကြောင့် အိမ်ထောင်စု(၁၀၀) စုအတွက်

ဆန်၊ ဆီ ညီညီမျှမျှခွဲဝေ လှူဒါန်းပေးပါ့မယ်။

နတ်လူသာဓုခေါ်စေသာ်..

ကွယ်လွန်သူ မမမိုး (ခေါ်) မမေသကြင်္န်မိုး ကောင်းရာဘုံဘဝတွင် အေးချမ်းစွာ စံစားနိုင်ပါစေ..
ယခု အလှူမှ ကောင်းကျိုးချမ်းသာများ ခံစားစံစားနိုင်ပါစေ .. 🙏

ဒီတပတ်ထဲမှာ စာရင်းလာပေးသူတွေလဲများသလို Page မှာ အလှူမရဖူးသူတွေ စာပို့သူတွေလဲ အတော်လေးများပါတယ်စာပြန်မနိုင်လို့ ခဏလောက်နာ...
09/08/2025

ဒီတပတ်ထဲမှာ စာရင်းလာပေးသူတွေလဲများသလို
Page မှာ အလှူမရဖူးသူတွေ
စာပို့သူတွေလဲ အတော်လေးများပါတယ်
စာပြန်မနိုင်လို့ ခဏလောက်နားထားပါတယ်…
နားလည်ပေးကြပါရန် တောင်းဆိုအပ်ပါတယ်
လာမဲ့ အလှူကို လှူနေကျ အိမ်ထောင်စု(၃၀) စာ အစား
(၅၀) စုစာ လောက်ပြင်ဆင်ထားပါတယ်..

လာလှူမဲ့ Ground မြေပြင်က ညီမလေးများနဲ့ Volunteer အဖွဲ့က လာမဲ့အကြောင်း ၊ မလာနိုင်ကြောင်းလဲ အမြဲဖုန်းလဲ ကြိုဆက်တတ်ပါတယ်။

ဒီကြားထဲ မန္တလေးရာသီဥတုက သိပ်မကောင်း
ငလျင်လဲ ကြောက်ရ၊ နေကလဲ တခါတလေ တအားပူ၊ မိုးကလဲ ကောက်ရွာတတ်တော့ ကြန့်ကြာခဲ့ရင် နားလည်းပေးပါရန် ကြိုတင်အသိပေးအပ်ပါတယ်ရှင့်

ပြီးရင်တော့ မန္တလေးဘက် လှူတာလေး ခဏနားပြီး
ပြင်ဦးလွင်ဘက်ကို ကျန်တဲ့ အလှူငွေနဲ့ အပြတ်လှူပေးပြီးရင်တော့ .. ကြားမှာ အလှူငွေ ထပ်ရမယ်ဆို

မန္တလေးဘက် ကျန်တဲ့ အိမ်ထောင်စု အလှူလေးတွေ ထပ်လှူပြီးရင် နောက်ပိုင်း page မှာ
အလှူစာရင်း လေးတွေ အပြတ်ဖြတ်ပြီး
လူပျောက်၊ တခြား လူမှူရေး ကိစ္စနဲ့ ကြော်ငြာလေးတွေ ပဲ အခမဲ့ တင်ပေးသွားဖြစ်ပါတယ်။

🍀Bhamo Foundation 🍀

03/08/2025

ဒီမနက်ရာသီဥတုအခြေနေကြောင့် ပုသိမ်ကြီး လာဖို့အစီစဉ်လေးကို ရက်ချိန်းလေးလုပ်ထားပါတယ်ရှင့်

ဆန်အိတ်တွေသယ်ရတာမို့ မိုးရွာရင်အဆင်မပြေဖစ်မှာစိုးလို့ပါ။ ပြန်လာမဲ့ရက်ကို
ဖုန်းလေးတချက်ပြန်ဆက်ပေးပါမယ်ရှင်

အဆင်မပြေဖြစ်သွားတဲ့အတွက်။ တောင်းပန်ပါတယ်ရှင့်🙏🙏

မနက်ဖန် မန္တလေးမြို့ရဲ့ ပုသိမ်ကြီး နဲ့ မြောက်ပြင်စစ်ရှောင်အိမ်ထောင်စု ပြန့်ကျဲ့မိသားစုများအတွက် ဆန်၊ ဆီ ၊ ခြင်ဆေးခွေ၊ ဆပ...
02/08/2025

မနက်ဖန် မန္တလေးမြို့ရဲ့ ပုသိမ်ကြီး နဲ့ မြောက်ပြင်

စစ်ရှောင်အိမ်ထောင်စု ပြန့်ကျဲ့မိသားစုများအတွက်

ဆန်၊ ဆီ ၊ ခြင်ဆေးခွေ၊ ဆပ်ပြာမှုန့်
အမျိုးသမီးသုံး နဲ့ ဆေး

အလှူပေးဖို့ ရှိပါတယ်.. 🍀
ငွေသား အလှူ မပါသေးပါ ရှင့်

မရဖူးသေးသူများ စာရင်းလာပေးပေးပါရန်
ရဖူးပြီးသူများ - မရသေးသူတွေကို ညွန်းပေးပါ..
ထပ်မယူပေးပဲဦးစားပေးပေးပါ လို့ မေတ္တာရပ်ခံပါတယ်🙏

အလှူလာပေးတဲ့အခါ စုရပ် ရှိပါမယ်..
လူစုပြီး နေထားပေးရင် ပိုအဆင်ပြေပါတယ်ရှင့်

ဗန်းမော်က စစ်ရှောင်မိသားစု ဖြစ်ဖို့ လိုပါတယ်ရှင့်
လက်ရှိ နေရပ်ဘယ်မှာနေတယ်၊ ဗမ ဘယ်မှာနေခဲ့တယ် ၊ ဖုန်း - နဲ့ လိပ်စာ Chat box မှာပဲ ရေးပေးပါ ရှင့်

Volunteer ကူမဲ့သူများလဲ ဆက်သွယ်ပေးနိုင်ပါတယ်ရှင့် ☺️

ပညာတံခွန် ကျောင်း ဘုန်းဘုန်းရဲ့ အပြုံး ☺️ညည်းတို့ ဒါတွေလိုနေတာ ဘယ်လိုသိလဲ ? တဲ့ အံဩဝမ်းသာစွာ လှိုက်လဲတဲ့ အပြုံးနဲ့ ရန်ကု...
01/08/2025

ပညာတံခွန် ကျောင်း ဘုန်းဘုန်းရဲ့ အပြုံး ☺️

ညည်းတို့ ဒါတွေလိုနေတာ ဘယ်လိုသိလဲ ? တဲ့

အံဩဝမ်းသာစွာ လှိုက်လဲတဲ့ အပြုံးနဲ့
ရန်ကုန်မြို့ပြင်နားက - ကိုယ်ထူကိုယ်ထ ပရဟိတ - ပညာအခမဲ့ ကျောင်း (သို့မဟုတ်) ဗန်းမော် စစ်ရှောင်စခန်း တဖြစ်လှည့် ပညာတံခွန်ကျောင်းသို့

ဆီပိဿာ (၂၀)
ထင်း အလှူအတွက် - ငွေသား (၂) သိန်း
ဗန်းမော်စစ်ရှောင် ကလေးတွေ ပညာသင်ကြားရေးအတွက် - စာအုပ်ဒါဇင် (၂၀)
ကားခ အပါအဝင်

စုစုပေါင်း တန်ဖိုး - (၆)-(၇) သိန်း ဝန်းကျင် လှူဒါန်းပေးခဲ့ပါတယ်။

အလှူရှင်များ သာဓုခေါ်စေသော် 🙏

ကျွန်မတို့ Bhamo Foundation သို့လှူဒါန်းလိုပါက -

Kpay Acc 💰- Daw Aye Aye Thi
09881453492

သို့ လှူဒါန်းနိုင်ပါတယ်
အလှူ Certificate လဲ ထုတ်ပေးပါတယ်ရှင့်

အနည်းငယ် နောက်ကျသည်ရှိသော်
နားလည်ပေးပါရန် တောင်းပန်အပ်ပါတယ် 🙏🍀

အလှူဖြစ်မြောက်ဖို့ မန္တလေးမှ ရန်ကုန်ထိ ခရီးဆက် စွန့်စား ကြိုးပမ်းအားထုပ်ပေးသော

ညီမလေး (၂) ဦး အားလေးစားစွာဖြင့်
ဂုဏ်ပြုအပ်ပါတယ် ❤️🍀

ဗန်းမော်စစ်ရှောင် ကလေးတွေနဲ့ မိသားစုများတဲ့ ရန်ကုန်မြို့နားက 📍ပညာတံခွန် ပညာဒါနနဲ့ စစ်ရှောင်စခန်းကျောင်းပါလက်ရှိမှာ ကျွန်...
26/07/2025

ဗန်းမော်စစ်ရှောင် ကလေးတွေနဲ့ မိသားစုများတဲ့ ရန်ကုန်မြို့နားက

📍ပညာတံခွန် ပညာဒါနနဲ့ စစ်ရှောင်စခန်းကျောင်းပါ

လက်ရှိမှာ ကျွန်မတို့ Bhamo Foundation က စိတ်အားတက်ကြွပြီး စေတနာဝါသနာပါလွန်းတဲ့
ကလေးနှစ်ဦးနဲ့ပဲ မန္တလေးကနေ ရန်ကုန်ထိ
အဝေးပြေးလက်မှတ်ဖြတ်

လာလှူဖို့ လျှောက်ထားရင်
လိုအပ်တာလေး အသေးစိတ် မေးမြန်းရင်း
မှတ်တမ်းတင်ထားတာလေးပါ

လှူချင်သူများ Kpay - 09881453492

Daw Aye Aye Thi အကောင့်ကို
တိုက်ရိုက်လှူနိုင်ပါတယ်

ဆန်၊ ဆီ ၊ ထင်း နဲ့ ကလေးတွေ အတွက် စာအုပ်လှူဖို့ရှိပါတယ်။ ကျောင်းရဲ့ လိုအပ်တာလေးတွေကို ပြောပြထားတဲ့ Video လေးပါ တင်ပေးပါဦးမယ် ရှင့် 😊

အလှူငွေ လာလှူထားကြတာလေး သိန်း(၃၀) ဝန်းကျင်ကျန်ပါတယ် လတ်တလော လာလှူကြတဲ့ အလှူရှင် လုံးဝမရှိတော့ပါ.. အလှူငွေ ထပ်မရတော့ရင် အ...
26/07/2025

အလှူငွေ လာလှူထားကြတာလေး သိန်း(၃၀) ဝန်းကျင်ကျန်ပါတယ်

လတ်တလော လာလှူကြတဲ့ အလှူရှင် လုံးဝမရှိတော့ပါ..
အလှူငွေ ထပ်မရတော့ရင် အလှူငွေကုန်ရင်
အပတ်စဉ် အလှူပေးတာလေးတွေရပ်ပါမယ်..

ဒီတပတ်အတွင်းမှာ ပြန်ကျဲ့အိမ်ထောင်စုလှူကျန်တာလေးတွေ အပြတ်ဖြတ်လှူပါမယ်..
ခုလောဆယ် ရန်ကုန်မြို့ပြင်နားက -

ပညာတံခွန်ကျောင်းမှာ ဗန်းမော်က စစ်ရှောင်မိသားစုရှိတယ်လို့ စုံစမ်းတာကြောင့် နဲ့ ကလေးတွေ ပညာရေးအတွက်

📚စာအုပ်၊ ဘောပင်နဲ့
🍚ဆန်ဆီ နဲ့ လိုအပ်မဲ့ပစ္စည်းတွေကို
🧑‍🧑‍🧒‍🧒အိမ်ထောင်စုအလိုက်
👨‍🎓ကျောင်းသား ဦးရေအလိုက် ကို လှူပေးဖို့ စီစဉ်နေပါတယ်..

နောက်ပိုင်းမှာတော့ ဒီ page ကနေပဲ ကြော်ငြာလေးတွေ ကူတင် ပေးတာ၊ လူပျောက်ရှာကြတာ
တခြား လူမှုရေးကိစ္စနဲ့ လိုအပ်တာလေးတွေ တင်ပေးပါမယ်.. ကူပေးတဲ့ ကလေးတွေနဲ့ volunteers တွေကို တော့ ထာဝရ စေတနာရှင်တွေ အဖြစ် မှတ်တမ်းတင် post နဲ့ certificates လေး ပေးသွားဖို့ ရှိပါတယ်

ပုံလေးတွေကတော့ အရင်နေ့က
မန္တလေးနီးစပ်ရာ ပြန်ကျဲ့မိသားစုတွေ အတွက် Volunteer ကလေးတွေ ဆိုင်ကယ်နဲ့ လိုက်လှူခဲ့ပေးတာလေးပါ 🙏

မန္တလေးမြို့တွင်းမှာ ခွဲနေကြတဲ့ ပြန့်ကျဲစစ်ရှောင် မိသားစုအလှူဟာ လုံးဝ မလွယ်ကူတဲ့ အလှူပါ Page မှာ မြေပြင်မှာ အလှူအတွက် vo...
21/07/2025

မန္တလေးမြို့တွင်းမှာ ခွဲနေကြတဲ့ ပြန့်ကျဲစစ်ရှောင် မိသားစုအလှူဟာ လုံးဝ မလွယ်ကူတဲ့ အလှူပါ

Page မှာ မြေပြင်မှာ အလှူအတွက် volunteer လာကူသူတွေဟာ-

ဗန်းမော်စစ်​ရှောင်တွေပါပဲ 🤗

တချို့လဲ အလုပ်မရှိတုန်း အားတဲ့အချိန်
အလုပ်အားတဲ့အချိန် မှာ အချင်းချင်းစာနာတဲ့စိတ်
စေတနာထားတဲ့ စိတ်နဲ့ လာကူကြတာပါ

ခံစားရတဲ့ ဒုက္ခတွေချင်းက အတူတူပါပဲ

နေစရာအိမ်ဆုံးရှူံးခဲ့ရတာတွေ
အလုပ်အဆင်မပြေကြတာတွေ
အလုပ်မရှိနေတာတွေ
မိသားစု ကွဲကွာနေရတာတွေ
မိသားစုဝင်တွေ နေမကောင်းကြ
စားဝတ်နေရေး အဆင်မပြေကြတာတွေ
အားလုံးထပ်တူခံစားနေရ အထဲကနေ

ပိုသန်မာတဲ့ စိတ်လေးထားပြီး
လုပ်နိုင်တာတွေလေးတွေ ဝင်ကူကြတာပါ

တာဝန်ယူကူပေးကြတာလဲ မတူကြဘူး
အဲ့အတွက်လဲ သေချာလေး စီမံခန့်ခွဲကြရပါတယ်။
အဆင်မပြေကြသူတွေအချင်းချင်းမို့ ကူပေးကြသူတွေလဲ တကယ် အားမှ
စိတ်အဆင်ပြေမှ ကူပေးဖို့
အမြဲမှာပါတယ်။

အရင်ဆုံး Page မှာ လာပြောကြတဲ့သူတွေ ကို အသေးစိတ်စာပြန်ရပါတယ်

ဘယ်ကလဲ ဘယ်နေလဲ ဗန်းမော်ကလား သေချာမေးမြန်းပြီး သေချာ စီစဉ် စာရင်းစုရတာပါ 📝

အဲ့အတွက်လဲ page မှာစာပြန်ဖို့ အကူစေတနာရှင် volunteers နှစ်ဦး၊(၃)ဦး ပဲ ရှိပါတယ်
တကယ်သွားလှူတဲ့အခါ volunteer တကယ်လိုက်နိုင်သူ(၃)ဦး (၄)ဦးထက်မပိုပါဘူး
ယောကျ်ားလေး volunteers လာကူသူ မရှိသလောက် နည်းပါတယ် 🫥

လိပ်စာ၊ ဖုန်းနံပတ်နဲ့ အမည် ၊ အိမ်ထောင်စု စာရင်းရရင် နေတဲ့ နေရာအလိုက်

📍လူများတဲ့နေရာ
📍နီးတဲ့နေရာ
📍သွားနိုင်တဲ့နေရာ
📍ကားခနဲ့ ကာမိတဲ့ နေရာ

အရင်ဦးစားပေးသွားရတာပါ..

အဲ့တော့ အရင် လာပြောပြီး အရင်အလှူမရတာတွေလဲ ဖြစ်နိုင်ပါတယ်။
အရင်ဆုံး အလှူမစီစဉ်ခင်
လူစာရင်းကို ပြန် confirm လုပ်တဲ့ အနေနဲ့
ဖုန်းဆက်ပြီး အိမ်ထောင်စု ဘယ်နစ်စုလဲ

📞ဘယ်နေလဲ တရက် သို့ ၂ ရက် ဖုန်းဆက် ကြိုမေးပါတယ်..
မေးပြီး တရက်ထဲ တချိန်ထဲ လာတာမျိုး မဟုတ်ပါဘူး
လမ်းကြောင်းမတည့်ရင် နောက်တပတ်ထဲ စုလှူမယ်ဆိုတာမျိုးလဲ စီစဉ်ရပါတယ်..
လာနေပြီ ဆိုရင်လဲ “ ခုလာပြီနော်” ပြောပြီးလာတာပါ..

စုနေထားတဲ့ စစ်ရှောင်စခန်း၊ ဘုန်းကြီးကျောင်းက စစ်ရှောင်မိသားစု တွေကို လှူရတာတွေ
အလွယ်ဆုံးပါ ..

ဘုန်းဘုန်းကိုလျှောက်ပြီး ဘယ်နှစ်စုလဲ မေးပြီး
လှူနိုင်တဲ့ Budget နဲ့ တွက်ပြီး ဝယ်ခြမ်းလှူပေးရင်ရပါတယ်။

ခုပြန့်ကျဲအိမ်ထောင်စု အလှူဆိုတာမျိုးက -

တနေရာစီ နေထားကြတဲ့ အိမ်ထောင်စုတွေကို
တစုစီ တအိမ်ချင်းစီ အိမ်ထိ လိုက်လှူပေးရတာပါ

အဲ့တော့ ရာသီဥတုကြောင့်ဖြစ်စေ
သွားရတဲ့ လမ်းခရီးအခက်အခဲကြောင့်ဖြစ်စေ
ကူမဲ့သူ မရှိတာကြောင့် ဖြစ်စေ

မလာနိုင်တာ စောင့်ရတာ ကြာနေတာမျိုးတွေ
ဖြစ်နိုင်ပါတယ်..

ပြန်ကျဲအိမ်ထောင်စု အပတ်အလိုက် အလှူရဲ့အသုံးစရိတ်💰

💰ကားခ (၅ )သောင်းမှ (၈) သောင်း၊ (၁) သိန်းထိ
အလှူပစ္စည်း (၆)သိန်းမှ (၈)သိန်း
ဖုန်းဘေလ်ခ

စုစုပေါင်းအလှူငွေ 💰 (၈)သိန်းမှ (၁၀)သိန်းထိ ကုန်ကျပါတယ်။
အရင်က ငွေသားပါ လှုပေးပေမဲ့ အလှူငွေနည်းလာတာကြောင့် ရပ်ထားပါတယ်။

📍မန္တလေးမှာပဲ လှူနိုင်သေးတဲ့ အကြောင်းကတော့
Volunteers ကူပေးနိုင်သူလူအင်အားကော
စစ်ရှောင်ဦးရေကော ပိုများလို့ပါ..

တကြိမ်တခါသာ လုပ်တဲ့ အလှူဆိုရင်

များများနဲ့ပိုလှူနိုင်ပြီး perfect ဖြစ်
အဆင်ပြေချောမွေ့နိုင်ပေမဲ့
ကျွန်မတို့ ဆောင်ရွက်နေတဲ့ အလှူဟာ
ရေရှည်နဲ့ အပတ်စဉ်အလိုက်လှူပြီး အားလုံးကို ရအောင် မျှပေးရတဲ့ အလှူမို့

လိုအပ်ချက်လဲ ရှိနိုင်သလို ပြည်စုံတဲ့ လူအင်အား
ငွေအင်အား မရှိနေတာကြောင့် ဗန်းမော်စစ်ရှောင်အချင်းချင်း ပြန်ကူပြီး လုပ်နိုင်သလောက်လုပ်နေတာလေး မျှဝေပေးပါရစေ..

ဒီအပတ်မှာ ရန်ကုန်မြို့နားက ပညာတံခွန်ဗန်းမော်စစ်ရှောင်စခန်း အတွက် ကလေးတွေရဲ့ ပညာရေးအတွက် စာအုပ်နဲ့ ဘောပင်၊ အပြင် မိသားစုတွအတွက် ဆန်ဆီ လှူပေးဖို့ ရှိပါတယ်…

လှူနိုင်သူတွေ လှူပြီး ကူနိုင်သူတွေ ကူကြဖို့ ဖိတ်ခေါ်ပါတယ် 🙏🏻🍀

ဒီအပတ် ရန်ကုန်မြို့ပြင် နား က ပညာတံခွန်က ဗန်းမော်စစ်ရှောင်မိသားစုနဲ့ ကလေးတွေ ပညာရေးအတွက် လှူပါမယ်။ အလှူရှင်များလဲ ညိုးငယ...
20/07/2025

ဒီအပတ် ရန်ကုန်မြို့ပြင် နား က ပညာတံခွန်က ဗန်းမော်စစ်ရှောင်မိသားစုနဲ့ ကလေးတွေ ပညာရေးအတွက် လှူပါမယ်။

အလှူရှင်များလဲ ညိုးငယ်စွာနဲ့ တတ်နိုင်သလောက် ပါဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ် ရှင့် 🙏🏻🥺🙌🏻

Kpay ကနေ အဓိက လှူဒါန်းပေးနိုင်ပါတယ်

Comment မှာ တင်ထားပေးပါ့မယ်..

Address

Banmaw

Telephone

+959760831623

Website

Alerts

Be the first to know and let us send you an email when Bhamo Foundation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share