Myanmar Skate Federation

Myanmar Skate Federation the official page of Myanmar Skate Federation

01/06/2026
01/06/2026

ဒီမီတာ ၅၀၀ ပွဲစဉ်တွေအားလုံး ပြသနာများအပြီး ပွဲကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် တတိယသာရရှိခဲ့တဲ့မြန်မာ စကိတ်အသင်း ရွှေအဖြစ်ပြောင်းလဲရရှိခဲ့ပြီးဖြစ်ပါတယ်

မြန်မာစကိတ်အသင်းသည် လက်ရှိ ရွှေ (၃)၊ ကြေး (၁) ဖြင့်
ပြိုင်ပွဲများအားလုံးပြီးဆုံးခဲ့ပြီဖြစ်ပါသည်။






31/05/2026

Some Clips from Race






ပြိုင်ပွဲဆုရရှိခြင်းအင်ဒိုနီးရှားစကိတ်အဖွဲ့ချုပ်ဖိတ်ခေါ်မှုဖြင့် မေလ ၂၉ ရက်မှ ၃၁ ရက်၊ ၂၀၂၆ ခုနှစ်အထိ ကျင်းပသော Jarkata I...
31/05/2026

ပြိုင်ပွဲဆုရရှိခြင်း

အင်ဒိုနီးရှားစကိတ်အဖွဲ့ချုပ်ဖိတ်ခေါ်မှုဖြင့် မေလ ၂၉ ရက်မှ ၃၁ ရက်၊ ၂၀၂၆ ခုနှစ်အထိ ကျင်းပသော Jarkata International Roller Skating Championships 2026, Indonesia 🇮🇩 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု စကိတ်အားကစားအသငိးအနေဖြင့် ကြေးတံဆိပ်တခုအား မီတာ ၁၀၀၀၀ relay (လက်ဆင့်ကမ်း) အသင်းလိုက်ကစားရသော event မှ ရရှိခဲ့ပါသည်။ အဆိုပါ event အား ခြေစစ်အဆင့်တွင် ကာဇက်စတန်၊ အိန္ဒိယ၊ စင်္ကာပူ၊ အင်ဒိုနီးရှားအသင်းများနှင့်လည်းကောင်း၊ ဖိုင်နယ်တွင် ကာဇက်နှင့် အိန္ဒိယအသင်းများနှင့်ယှဉ်ပြိုင်ခဲ့ရပြီး တတိယ ကြေးတံဆိပ်ဆုရရှိခဲ့ပါသည်။ ထို့ပြင် ၂၉ ရက်နေ့မေလက ယှဉ်ပြိုင်သော ပွဲများ
ဖြစ်သော မီတာ ၁၀၀၀ တွင်စတုတ္ထဖြင့်လည်းကောင်း၊ မီတာ ၅၀၀ တွင် finalist အဆင့်ဖြင့်သာကြေနပ်ခဲ့ရပြီး ယခု လက်ဆင့်ကမ်းပွဲစဉ်တွင်မှ ဆုရရှိခဲ့ခြင်းဖြစ်ပါသည်။

ယခုပွဲအားအောင်မြင်စွာသွားရောက်ယှဉ်ပြိုင်နိုင်ရန် ပံ့ပိုး ပေးပါသော Soe Electric Foundation၊ ထောက်ပံ့ပေးပါသော Hydration Partner Royal-D ၊ အဟာရဖြည့်စွက်ကူညီပေးခဲ့သော ထွန်းတောက်ကြက်ဥလုပ်ငန်းနှင့် မာန်ပြေစကိတ် Workshop အားအထူး ကျေးဇူးတင်ဂါဝရပြုအပ်ပါသည်။ နည်းစနစ် ကူညီပြသပေးပါသော Team Phoenix Academy အားလည်းကျေးဇူးတင်ပါသည်။ အနာဂါတ်တွင် လည်းအမြင့်ဆုံးဆုနှင့် စွမ်းဆောင်ရည် အားပြသ ပါ့မည်ဟု အထူးကတိပေးအပ်ပါသည်။






29/05/2026

Opening Ceremony of Jakarta International Roller

Skating Competition 2026, Indonesia





🇮🇩 အင်ဒိုနီးရှားနိုင်ငံစကိတ်ပြိုင်ပွဲသို့စေလွှတ်ခြင်း။Soe Electric Foundation ၏ ပံ့ပိုးမှု၊ Royal D Hydration ၏ ထောက်ပံ့...
26/05/2026

🇮🇩 အင်ဒိုနီးရှားနိုင်ငံစကိတ်ပြိုင်ပွဲသို့စေလွှတ်ခြင်း။

Soe Electric Foundation ၏ ပံ့ပိုးမှု၊ Royal D Hydration ၏ ထောက်ပံ့မှု၊ ထွန်းထောက်ကြက်ဥကုမ္ပဏီ၏ အဟာရ ပံ့ပိုး မှူများနှင့်အတူ အင်ဒိုနီးရှားနိုင်ငံ စကိတ်အဖွဲ့ချုပ်၏ စီစဉ်ကျင်းပဖိတ်ခေါ်မှုဖြင့် Jarkata International Open 2026 ပြိုင်ပွဲအား ၂၉ ရက်နေ့မှ ၃၁ ရက်နေ့ မေလ ၂၀၂၆ ခုနှစ်ထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာ မြို့၊ ဂျာကာတာ အင်လိုင်း Stadium တွင်နိုင်ငံပေါင်း ၁၅ နိိုင်ငံပါဝင်ယှဉ်ပြိုင်မှုဖြင့် ကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ကိုဟိန်းဇော်သိန်း(နည်းပြ/ကစားသမား) ဦးဆောင်သော အားကစားအဖွဲ့နှင့်အတူ သာကေတ မြို့နယ် ၊ အထက(၃) မှ ကစားသမားများဖြစ်သူ မောင်စစ်ပိုင်မှူး၊ မောင်ဇေယျာလင်း တို့အားရွေးချယ်လေ့ကျင့်ကာ မလေးရှားနိုင်ငံမှ တဆင့် အင်ဒိုနီးရှားနိုင်ငံ သို့ယနေ့မနက်တွင်ထွက်ခွါသွားပြီ ဖြစ်ပါသည်။ အင်လိုင်း speed စကိတ် မီတာ ၅၀၀၊၁၀၀၀၊ ၅၀၀၀ ပြိုင်ပွဲများအား ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။ ပြိုင်ပွဲပြီးဆုံးပါ Jarkata စကိတ်ကွင်းများ တွင် ဆက်လက် training လေ့ကျင့်မည်ဖြစ်ပါသည်။ ယခု ခရီးစဉ်သည် In-line Speed Skating Technique များအား လေ့လာရေးအတွက် အထောက်အကူပြုမည် ဖြစ်ပါသော ကြောင့် မြန်မာ့စကိတ်အားကစားတိုးတက်ရေးအတွက် အထောက်အကူပြုမည် ဖြစ်ပါသည်။






အဖွဲ့အစည်းတည်ထောင်ခြင်း ၁၄ နှစ်ပြည့်ဒီနေ့သည် ကျွန်ုပ်တို့အဖွဲ့အစည်း တည်ထောင်ခဲ့သည့် (၁၄) နှစ်ပြည့်သည့် နေ့ဖြစ်ပါသည်။(၁၄)...
04/05/2026

အဖွဲ့အစည်းတည်ထောင်ခြင်း ၁၄ နှစ်ပြည့်

ဒီနေ့သည် ကျွန်ုပ်တို့အဖွဲ့အစည်း တည်ထောင်ခဲ့သည့် (၁၄) နှစ်ပြည့်သည့် နေ့ဖြစ်ပါသည်။

(၁၄) နှစ်တာ ခရီးလမ်းတစ်လျှောက်တွင် အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရပါသည်။ စကိတ်အားကစား လေ့ကျင့်ရန်အတွက် သင့်လျော်သော ကွင်းများ မရှိခြင်း၊ လေ့ကျင့်ရေးသုံး ပစ္စည်းကိရိယာများ မလုံလောက်ခြင်းတို့ကြောင့် အခက်အခဲများ ဖြစ်ပေါ်ခဲ့ပါသည်။

ယခုနှစ်အတွင်းတွင်လည်း Developers များသည် ရန်ပုံငွေ နည်းပါးနေသည့်အခြေအနေကြားမှ အဖွဲ့အစည်းနှင့် skate community ကို ဆက်လက် ရပ်တည်နိုင်ရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိပါသည်။ ထို့အပြင် လေ့ကျင့်ရေးပစ္စည်းများ ရှားပါးခြင်းနှင့် ကစားသမားများ၏ ဝင်ငွေနည်းပါးမှုတို့ကြောင့် ရေရှည်တည်တံ့ရေးအတွက် စိန်ခေါ်မှုများ ရှိနေပါသည်။

သို့သော်လည်း အခက်အခဲများကြားမှ ကျွန်ုပ်တို့သည် (၁၄) နှစ်တိုင်တိုင် ဆက်လက် ရပ်တည်နိုင်ခဲ့ခြင်းမှာ ပံ့ပိုးသူများ၊ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၏ ဇွဲလုံ့လ၊ စိတ်အားထက်သန်မှုနှင့် အပြန်အလှန် ပူးပေါင်းကူညီမှုတို့ကြောင့် ဖြစ်ပါသည်။

ဤခရီးလမ်းတစ်လျှောက် အတူတကွ ပံ့ပိုးကူညီပေးခဲ့ကြသော ထောက်ပံ့သူများ၊ မိတ်ဖက်များနှင့် အားပေးသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။

ရှေ့ဆက်လမ်းတွင်လည်း ပိုမိုကောင်းမွန်သော အနာဂတ်တစ်ခုကို ရည်မှန်း၍ အခွင့်အလမ်းများ ဖန်တီးကာ ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ပါသည်။

(၁၄) နှစ်တာခရီး — မရပ်မနား ဆက်လက် လှမ်းတက်နေဆဲဖြစ်ပါသည်။

04/05/2026

14 YEARS OF PASSION 🇲🇲

Fourteen years ago, we started with nothing but dreams, boards, and courage.
Today, we stand together — tired, bruised, smiling — still chasing the same dream.

We still faces challenges that

No proper skate park to train in 🛹

Limited funds to compete internationally 🌍

Endless struggles to keep our passion alive ❤️

Yet, every fall taught us resilience. Every scar became a story. Every smile reminds us why we ride.

This anniversary isn’t just about years — it’s about commitment, unity, and hope.
We skate on streets, but our hearts belong to the world stage.

27/04/2026

Thanks Talkie Sports

စကိတ်ကွင်း အသုံးပြုရန် စည်းကမ်းချက်များ
25/03/2026

စကိတ်ကွင်း အသုံးပြုရန် စည်းကမ်းချက်များ

Address

No. 177, U Chit Maung Road
Bahan Township

Telephone

+959895555936

Website

Alerts

Be the first to know and let us send you an email when Myanmar Skate Federation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Myanmar Skate Federation:

Share