31/01/2021
"TODAY's PROBLEMS, TOMORROW's SOLUTIONS" လူမှုအကျိုးပြု စွန့်ဦးတီထွင်မှု သင်တန်း
ယနေ့ခေတ်၏ လူမှုအကျိုးစီးပွားပြဿနာများကို ဖြေရှင်းရန်လိုအပ်ချက်သည် မြင့်မားလာသည်နှင့်အမျှ စွန့်ဦးတီထွင်လုပ်ငန်းရှင်များကို “မနက်ဖြန်၏ ဖြေရှင်းချက်များ” အဖြစ်ပြောင်းလဲနိုင်ရန် လိုအပ်ပါသည်။
လူမှုအကျိုးပြု စွန့်ဦးတီထွင်မှုသည် အကျိုးအမြတ်မယူသော၊ အစိုးရနှင့် စီးပွားရေးလုပ်ငန်းမဟုတ်သော၊ တီထွင်မှု၊ ဆုံးရှုံးနိုင်ချေများကို ကြိုတင်တွက်ချက်လက်ခံထားသော စွန့်ဦးတီထွင်မှုစိတ်ဓာတ်ကို အခြေခံကာ လူမှုပတ်ဝန်းကျင်ရှိ ပြဿနာများကို ကြီးမားစွာ ပြောင်းလဲပေးသည့် စွန့်ဦးတီထွင်မှုလုပ်ငန်းပုံစံတစ်မျိုး ဖြစ်သည်။ မြန်မာနိုင်ငံသည် လူမှုပတ်ဝန်းကျင်ပြဿနာ များစွာရှိသည့်အတွက် လူမှုစွန့်ဦးတီထွင်မှု တိုးတက်ခြင်းသည် အလွန်အရေးပါသည်။
ယခုသင်တန်းမှာ အခွင့်အလမ်းများရှာဖွေနိုင်မည့် သင်တန်းဖြစ်ပါသည်။ ထိုအခွင့်အလမ်းများကို သေချာသည့် လူမှုစီးပွားရေးလုပ်ငန်းအကြံဉာဏ်များအဖြစ် မြင်ယောင်ပြီး တိကျတဲ့ လူမှုအကျိုးပြု စီးပွားရေး အကြံဉာဏ်များအဖြစ်သို့ ပြောင်းလဲနိုင်အောင် သင်ကြားပေးသွားမှာ ဖြစ်ပါသည်။ သင်တန်းသူ/ သင်တန်းသားများသည် အစီအစဉ်များ ချမှတ်ခြင်းနှင့် အစီအစဉ်များ ရေရှည်တည်တံ့နိင်အောင် သင်တန်းပေးသည့် ကာလအတွင်းတွင် စွမ်းဆောင်ရည်များ၊ ဗဟုသုတများ၊ ကျွမ်းကျင်မှုများကို တီထွင်ဖန်တီး အသုံးချနိုင်မည်ဖြစ်ပါသည်။
ယခုသင်တန်းမှတဆင့် လူမှုစီးပွားပြဿနာများစွာကို သင်တန်းသားများကိုယ်တိုင်က အကြောင်းအရင်းနှင့် ဖြေရှင်းချက်နှစ်ဖက်စလုံးကို ခွဲခြမ်းစိတ်ဖြာပြီး စစ်ဆေးရမှာဖြစ်ပြီး ၎င်းတို့ကို ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ရှာဖွေခြင်း၊ စွန့်ဦးတီထွင်လုပ်ငန်းများနှင့် ပတ်သက်သည့် နည်းလမ်းများကို အသုံးပြုခြင်းတို့ကို သင်ကြားပေးသွားမှာဖြစ်ပါသည်။
ထို့အပြင် သင်တန်းတက်ရောက်သူသည် လူမှုအကျိုးစီးပွားပြဿနာများကို ဖြေရှင်းမည့် ၎င်း၏ စွန့်ဦးတီထွင်မှုအကြံဉာဏ်သည် အကျိုးအမြတ်ရနိုင်မည့်လုပ်ငန်း သို့မဟုတ် အကျိုးအမြတ်မရနိုင်သည့် လုပ်ငန်းဖြစ်သည်ကို ကောင်းကျိုး၊ဆိုးကျိုးများကို အခြေခံ၍ ခွဲခြားဆုံးဖြတ်နိုင်မည်ဖြစ်သည်။ ထို့အပြင် ဘဏ္ဍာရေးအတွက်လည်း မြန်မာနိုင်ငံတွင်သာမက ပြည်ပရှိ အခွင့်အလမ်းများကိုပါ ရှာဖွေနိုင်မည်ဖြစ်သည်။
ဤသင်တန်းတွင် သင်ကြားပေးမည့် ဆရာများကတော့ Mr. Jess Macasil Jr နှင့် Dr. Jenny Lao @ Ni Mya Si ပဲဖြစ်ပါတယ်။
Mr. Jess Macasil Jr သည် စွန့်ဦးတီထွင်မှု ပညာရပ်တွင် တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်ပြီး နိုင်ငံတကာတွင် သင်ကြားရေးဆရာအဖြစ် လုပ်ဆောင်နေပါသည်။ United Nationsတွင်လည်း နှစ် ၂၀ ကျော် အတွေ့အကြုံရှိပြီး အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၊ စွန့်ဦးတီထွင်မှုလုပ်ငန်းများ တိုးတက်ရေး နှင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းတိုးတက်ရေး၊ အသက်မွေးဝမ်းကျောင်းနှင့် လူမှုကာကွယ်မှု ကိစ္စရပ်များတွင် အတွေ့အကြုံရှိပါသည်။ စွန့်ဦးတီထွင်မှုနှင့် စီးပွားရေးစီမံခန့်ခွဲမှုနယ်ပယ်များတွင် သင်တန်းနှင့် အွန်လိုင်းသင်ကြားမှုများအတွက် သင်ကြားရေးသင်ရိုးများ ရေးဆွဲရာတွင်လည်း ကျွမ်းကျင်သူတစ်ဦးဖြစ်ပါသည်။ လက်တလောတွင် ဥရောပ၊ အာဖရိကနှင့် အာရှမှ ကျောင်းသားများကိုလည်း စွန့်ဦးတီထွင်မှုနှင့်ဆိုင်သည့် အွန်လိုင်းသင်တန်းများ ပေးအပ်လျက်ရှိပါသည်။
Dr. Jenny Lao @ Ni Mya Si သည် အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၊ စွန့်ဦးတီထွင်မှုလုပ်ငန်းနယ်ပယ်တွင် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် (MMR/7/299)ရရှိထားသည့် သင်ကြားရေး ဆရာမတစ်ဦးဖြစ်ပါသည်။ JENKO- Your Preferred Entrepreneurship Support Team ၏တည်ထောင်သူဖြစ်ပြီး အခြေခံလူတန်းစားများ၊ ကျေးလက်ဒေသ၊ အသေးစား၊ လက်လီ၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးမှုအပိုင်းများတွင် သင်ကြားပေးသူတစ်ဦးဖြစ်ပါသည်။
သင်တန်းဆိုင်ရာ အချက်အလက်များ ကတော့-
သင်တန်းပေးမည့်နေ့များ - အင်္ဂါနှင့် သောကြာ
သင်တန်းစမည့်ရက် - ဖေဖော်ဝါရီလ ၂၃ ရက်
သင်တန်းစုစုပေါင်းရက် - ၁၆ရက်
သင်တန်းအချိန် - ညနေ ၇နာရီခွဲမှ ၉နာရီခွဲ
သင်ကြားမည့်နေရာ - Zoom
တစ်ရက်လျှင်ကြာချိန် - ၂ နာရီ
သင်တန်းကြေး - ဒေါ်လာ ၄၀၀ သို့မဟုတ် ထိုပမာဏနှင့် တူညီသည့် မြန်မာကျပ်ငွေ
အောက်ဖော်ပြပါလင့်ခ်မှတဆင့် သင်တန်းလျှောက်လွှာကို ဖြည့်နိုင်ပါတယ်။
http://bit.ly/social_entrepreneurship_training
သင်တန်းနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုသည်များရှိပါက အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါတယ်။
Ms. Jenny Lao
09 265016393
[email protected]
သင်တန်းလျှောက်လွှာပိတ်ရက်မှာ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့ ဖြစ်ပါတယ်။ သင်တန်းအား English Language ဖြင့်သာ သင်ကြားသွားမည်ဖြစ်ပါတယ်။
"TODAY's PROBLEMS, TOMORROW's SOLUTIONS" - Training on Social Entrepreneurship
Social entrepreneurship is a form of entrepreneurship that exhibits characteristics of non-profits, governments, and businesses, combining private-sector focus on innovation, risk taking, and large-scale transformation with social problem solving with an entrepreneurial mindset.
Myanmar is a potential seedbed for social entrepreneurship development due to the enormity of social problems but it is found that many potential and existing entrepreneurs who are eager to contribute solutions still lack the mechanism for the process.
Due to the rising need of solving today’s social problems, it is vital to transform entrepreneurs into the “Solutions of Tomorrow”.
This training is about finding solutions, using the entrepreneurial process, to a range of social problems - both sides of which are going to be examined and identified by the trainees themselves.
In the course of the training, potential Social Entrepreneurs will be trained on how to generate many social business ideas and the most probable Social Entrepreneurial Idea for him/her will be determined and turned into a functional social business model which would then be developed into a well-designed Social Business Plan.
There would be a lot of exciting outside the classroom activities, too.
The trainees will be able to decide whether his/her enterprise concept to solve a social problem is for-profit or not-for-profit (including an analysis on the advantages and disadvantages) and explore the range of opportunities available, both within Myanmar and outside, to apply for financing.
The training will be focused in Myanmar context.
The trainer/facilitator is :
Mr. Jess Macasil Jr.
- University Professor and International Trainer on Entrepreneurship
- With more than 20 years with the United Nations
- Working on SME and Entrepreneurship Development, local economic development, livelihoods and social protection issues.
- Expert in curriculum design for training and online learning in the areas of entrepreneurship and business management.
- Currently conducting online course on Entrepreneurship to students coming from Europe , Asia and Africa.
The co-facilitator and organizer is:
Dr. Jenny Lao @ Ni Mya Si
- Global Licensed SME and Entrepreneurship Master Trainer ( MMR/7/299)
- Founder: JENKO- Your Preferred Entrepreneurship Support Team
- Trained Trainers for Grass root, Rural, Micro, Retail, Small and Medium Development
- Trained Grass root, Rural, Micro, Retail, Small and Medium Enterprises for business development
The Community Partner is:
Impact Hub-Yangon
Training Schedule
Training Days : Tuesday & Friday
Training Starting Date : 23rd February 2021
Training Total days : 16 Days
Training Time : 7:30pm to 9:30pm
Training Platform : Zoom
Duration per session : 2hours
Training Fees : 400USD or equivalent with Myanmar Kyats
The training application form can be filled below provided link.
http://bit.ly/social_entrepreneurship_training
If you wants to know more details about the training, please contact to authorize person in below.
Ms. Jenny Lao
09 265016393
[email protected]
THE TRAINING APPLICATION CLOSING DATE ON "20th February 2020". The training will be conducted in ENGLISH LANGUAGE.