Alinn Sit Youth Development - Educational Charity Centre

  • Home
  • Myanmar
  • Bago
  • Alinn Sit Youth Development - Educational Charity Centre

Alinn Sit Youth Development - Educational Charity Centre It is a Nongovernmental Organization and philanthropy foundation founded in 5th January, 2014.

Alinn Sit’s services and philanthropy activities are targeted towards orphans and vulnerable children and youth.

08/06/2025
ဆေးခန်းအဆောက်အဦးအလှူ(ကုသိုလ်ရဖို့သာ အဓိက)လွန်ခဲ့တဲ့ ၅ရက်လောက်ကအရှင်ဘုရားဦးမျိုးလွင် (ခ)ဦးမျိုးသောင်း ကွယ်လွန်ခြင်း နှစ်ပ...
11/05/2025

ဆေးခန်းအဆောက်အဦး
အလှူ
(ကုသိုလ်ရဖို့သာ အဓိက)

လွန်ခဲ့တဲ့ ၅ရက်လောက်က
အရှင်ဘုရား
ဦးမျိုးလွင် (ခ)
ဦးမျိုးသောင်း ကွယ်လွန်ခြင်း နှစ်ပတ်လည်အတွက်
ကဆုန်လပြည့်နေ့မှာ
ဆွမ်းကပ်ချင်လို့ပါဘုရားဆိုပြီး

ကုသိုလ်ပြုစရာရှိရင် ကျောင်းကို သတိရလေ့ရှိပြီးမကြာခဏ ကုသိုလ်‌ပြုနေပါသော

ဒကာလေး
မောင်သောင်းထိုက်စံ
ဖုန်းဆက်လာ‌သည်
ကြိုတင်လျှောက်ထားသော
ဆွမ်းကုသိုလ်ရှင် ရှိနေပါ၍
ဆွမ်းကပ်ခွင့် မရ ဖြစ်ခဲ့သော်လည်း

ဆွမ်းကုသိုလ်ပြုခွင့်မရရင်
အခြားကုသိုလ်လေး
ညွှန်ပေးပါဘုရားဆိုတာနဲ့
မိုးမကျခင်
အပြီးဆောက်ရမည့် ဆေးခန်းကုသိုလ်လေး
ညွှန်ပေးလိုက်တော့

မှန်ပါ
ဆေးခန်းကုသိုလ်လေး
ယူပရစေဘုရားဆိုပြီး
မောင်သောင်းထိုက်စံ
မ၀တီလှိုင်းအိ
သားလေး
မောင်ရှင်းခန့်တည်ကြည်
မိသားစုမှ

ဖခင်ကြီး ဦးမျိုးလွင်
(ခ)ဦးမျိုးသောင်းအား ရည်စူး၍
ကျပ် ၅သိန်း လှူဒါန်းပါသည်

ဘုန်းကြီးဘ၀
ကုသိုလ်ရှင် အမျိုးမျိုးနှင့်
ကြုံခဲ့ဆုံခဲ့ရပါသည်

အချို့က မိမိပြုလိုသော
ကုသိုလ်ကလွဲရင်
ကျောင်းတိုက်အတွက်
တကယ်လိုအပ် အကျိုးများ
ကုသိုလ်ရှင်အတွက်လည်း
အကျိုးများမည့်
အခြားကုသိုလ်ကို
ညွှန်ပြသော်လည်း
လက်မခံသည်ကများ၏

အချို့ကြပြန်တော့လည်း
ဒီနေ့ဆို ဒီနေ့မှ
ဒီအချိန်ဆို ဒီအချိန်မှ
ဒီနေ့ ဒီအချိန်မှ မဟုတ်ရင်
ကုသိုလ်မပြုတော့

အမှန်တော့ ကုသိုလ်ဆိုတာ
အချိန်မရွေး နေ့ရက်မရွေး
ပြုရသောအရာဖြစ်သည်
ပြုတဲ့အချိန်မှာ အကျိုးရသော အရာဖြစ်သည်

ဒါကြောင့်
ပြုလိုသောကုသိုလ်ကို
ပြုခွင့်မရခဲ့သော်လည်း

ကုသိုလ်လိုချင်တာမို့
ကုသိုလ်ရဖို့သာ အဓိကလို့
စိတ်ထားပြီး
ကုသိုလ်ကို လက်လွတ်မခံပဲ
ရတဲ့ကုသိုလ်ကိုပြုခဲ့တဲ့

ယနေ့ပြုတဲ့ကုသိုလ်ရှင်ရဲ့
ကုသိုလ်အပေါ်ထားတဲ့
စိတ်ထားလေးကို
သဘောကျ နှစ်သက်မိပါသည်

ဤကုသိုလ်ကြောင့်
မိသားစုများ

အန္တရာယ်ကင်း
ဘေးကင်းကြပါစေ
သောကကင်း၍
အပူလည်း ကင်းကြပါစေ
ကျန်းမာ၍ အသက်ရှည်ကြပါစေ

ဤကုသိုလျကို
ရည်စူးခံ ဖခင်ကြီးလည်း
ရရှိစံစားနိုင်ပါစေ

ထမင်းစားချိန်ထမင်းစားချိန်ကိုယ့်မိသားစု ကိုယ်ပြန်ကြည့်ပြီးတော့ဪ တစ်နေ့တစ်နေ့အလှူအိမ်ကြီးလိုပါပဲလားလို့တွေးနေမိတယ်
03/05/2025

ထမင်းစားချိန်

ထမင်းစားချိန်
ကိုယ့်မိသားစု
ကိုယ်ပြန်ကြည့်ပြီးတော့

တစ်နေ့တစ်နေ့
အလှူအိမ်ကြီးလိုပါပဲလားလို့
တွေးနေမိတယ်

ထမင်းတစ်နပ်စားရသူက ထမင်းတစ်နပ်ကုန်သွားသူမှာ သိန်း ၅၀ကုန်သူမှာစေတနာကြောင့်အကျိုးများနိုင်ပေမဲ့စားသူတွေမှာကမေတ္တာလေးတောင်ပ...
23/04/2025

ထမင်းတစ်နပ်

စားရသူက ထမင်းတစ်နပ်
ကုန်သွားသူမှာ သိန်း ၅၀

ကုန်သူမှာ
စေတနာကြောင့်
အကျိုးများနိုင်ပေမဲ့

စားသူတွေမှာက
မေတ္တာလေးတောင်
ပို့မသွားတာရယ်
ထမင်းလေး
တစ်နပ်တည်းရယ်ကြောင့်
အကျိုး မများလှပါဘူး
မထိရောက်နိုင်ပါဘူး

ကိုယ်ကရော
ဘယ်နှစ်ကြိမ်များ
ကျွေးနေနိုင်မှာမို့လဲ

ဒီလို ထမင်းနပ်တွေကို
စဉ်းစားကြရပါမယ်

အဆိုအမိန့်လေးတစ်ခုရှိတယ်
ကွန်ဖြူးရှပ်ပြောခဲ့တာ
ထင်ပါရဲ့

ဟင်းစားပဲပေးပါ
ကွန်ချက်ကို မပြပါနဲ့တဲ့

ဒီနေရာမှာတော့
ဒီစကားကို
ပြောင်းပြန်ပြောချင်ပါတယ်

ကွန်ချက်ကိုသာ ပြပါ
ဟင်းစား မပေးပါနဲ့လို့

ကွန်ချက်ဆိုတာ
အလုပ်
သို့မဟုတ်
ပညာပါ

တစ်သက်စာ
လုပ်စားလို့ရမည့်
ပညာပေးရင်ပေး
သို့ မဟုတ် အလုပ်ပေးတာ
ကောင်းပါလိမ့်မယ်

ပညာ တစ်ကြိမ်ပေးထားရင်
သူ့အတွက်
တစ်သက်စာ
ထမင်းစားရမယ်
ကိုယ့်အတွက်
ကုသိုလ်ဖြစ်သလို
သူ့အတွက်လည်း
အကျိုးများမယ်

အလုပ် တည်ထောင်ပေးလိုက်လို့
နေ့စဉ်အလုပ်ရသွားရင်
အနည်းဆုံး
နေ့စဉ် ၀မ်းရေးအတွက်
ရင်အေးရလိမ့်မယ်

တရားမျှတစွာ
ရှာစားခွင့် ရကြလိမ့်မယ်
သမ္မာအာဇီ၀ဖြစ်ကြလိမ့်မယ်

ဒါကြောင့်
အကုန်များပြီး
အကျိုးမများသော
မထိရောက်သော
ထမင်းနပ်‌တွေကို
စဉ်းစားကြပါစို့လား

မှတ်ချက်

ကုသိုလ်အရာ မဟုတ်
ကူညီအရာများအတွက်
ဒါနအရာ မဟုတ်
စာဂအရာ

ပျားပိတုန်းလို ရဟန်းဆိုတာပျားပိတုန်းလို ကျင့်ရမယ်လို့ဗုဒ္ဓစာပေမှာ သင်ယူခဲ့ရပါတယ်ပျားပိတုန်းတွေဟာပန်းရဲ့ ၀တ်ရည်ကိုသာစုပ်ယ...
15/04/2025

ပျားပိတုန်းလို

ရဟန်းဆိုတာ
ပျားပိတုန်းလို ကျင့်ရမယ်လို့
ဗုဒ္ဓစာပေမှာ သင်ယူခဲ့ရပါတယ်

ပျားပိတုန်းတွေဟာ
ပန်းရဲ့ ၀တ်ရည်ကိုသာ
စုပ်ယူလေ့ရှိကြပြီး
ပန်းကို မကြွေစေ
ပန်းရဲ့အလှကို မပျက်စေကြသလို

ရဟန်းဆိုတာလဲ

လူတို့ရဲ့ပစ္စည်းလေးဖြာ
ထောက်ပံ့လှူဒါန်းမှုကို
ခံယူတဲ့အခါ
လူတို့အား ကုသိုလ်ကိုသာတိုးစေပြီး
လူတို့ရဲ့သဒ္ဓါတရားကို
မပျက်စေဘဲ ခံယူရမယ်တဲ့

ဒကာကြီး
ဟိုဟာလှူပေးပါအုံး
ဒကာမကြီး
ဒါ လှူပေးပါအုံးဆိုတာတွေဟာ သတိထားစရာတွေပါ

သစ်ခေါက်ကိုလိုချင်လို့
ဆိုပြီး
သစ်ပင်ကို ဓါးနဲ့ခုတ်
ပုဆိန်နဲ့ခုတ်
အတင်းခွာယူတဲ့အခါ

သစ်ပင်ဟာ အနာတရခုတ်ထစ်ဒဏ်ရာ ဗလပွနဲ့
ကျန်ခဲ့ရသလို

ရဟန်းရဲ့ အလှူခံမှု‌
ရဟန်း၏ စေ့ဆော်မှုကြောင့်သာ လှူလိုက်ရပြီး
စိတ်ထဲက မပါတဲ့အလှူအားနာလို့
မျက်နှာ နာလို့ဆိုတဲ့
အလှူတွေဟာ

သစ်ခေါက်ကို ဓားနဲ့ခုတ်
ပုဆိန်နဲ့ ပေါက်ယူလိုက်တဲ့
သဘောပါပဲ

အပင်ချောက်သွေ့ပြီး
သစ်ခေါက်ဟာ
သူ့အလိုလို
ကွာကြလာတဲ့အခါ
သစ်ပင်မှာ
ဒဏ်ရာ အနာတရ
မကျန်ခဲ့သလို

ရဟန်းရဲ့ ပယောဂမပါ
သူ့စေတနာ သူ့သဒ္ဓါနဲ့သူ
ဖြစ်ပေါ်လာတဲ့
လူတို့ရဲ့ အလှူဒါနကတော့

သစ်ပင်ချောက်သွေ့ပြီး
သစ်ခေါက်ဟာ
သူ့အလိုလို ကွာကြလာတဲ့
သဘောပါပဲလေ

ဟိုတွေး ဒီတွေး တွေးရင်းနဲ့
ဟိုရေး ဒီရေး ပို့စ်လေးတစ်ခု
ရေးလိုက်ပါတယ်

အန္တရာယ်ကင်း
ဘေးကင်း၍
စိတ်၏ ချမ်းသာခြင်း
ကိုယ်၏ ကျန်းမာခြင်းနဲ့
ပြည့်စုံနိုင်ကြပါစေ

အမြစ်ကိုရှာဘာကြောင့်ဒီဒုက္ခပင်ကြီး ရှင်သန်နေတာလဲဆိုတာအကြောင်းကိုရှာပါရှင်သန်နေခြင်းရဲ့အကြောင်းကိုတွေ့ရင်အဲဒိအကြောင်းကို ...
11/04/2025

အမြစ်ကိုရှာ

ဘာကြောင့်
ဒီဒုက္ခပင်ကြီး
ရှင်သန်နေတာလဲဆိုတာ
အကြောင်းကိုရှာပါ

ရှင်သန်နေခြင်းရဲ့
အကြောင်းကိုတွေ့ရင်
အဲဒိအကြောင်းကို
ဖြတ်ရပါမယ်

ဖြတ်လိုက်မှသာ
မလိုချင်တဲ့
ဒီဒုက္ခပင်ကြီးက
ရှင်သန်မှုရပ်သွားမှာ

သစ်ပင်စကားနဲ့
ပြောရရင်တော့
ရေသောက်မြစ်ကို
တွေ့အောင်ရှာပါ
တွေ့လျှင် ဖြတ်ဖို့ကြိုးစားပါ
ဖြတ်ပါ

မြန်မြန်ရှာ
မြန်မြန်တွေ့
မြန်မြန်ဖြတ်နိုင်‌လေ
ကောင်းလေ
ဒုက္ခကြီးထွားမှု
မြန်မြန်ရပ်တန့်လေပါ

စွန့် စုသေရင်ထားခဲ့ရမည့်အရာတွေကို စုနေပြီးသေရင်ပါသွားမည့်အရာတွေကိုတော့စွန့်နေကြတယ်စွန့်ရမည့်အရာကို စုနေပြီးစုရမည့်အရာကို...
11/04/2025

စွန့် စု

သေရင်ထားခဲ့ရမည့်
အရာတွေကို
စုနေပြီး

သေရင်ပါသွားမည့်
အရာတွေကိုတော့
စွန့်နေကြတယ်

စွန့်ရမည့်အရာကို
စုနေပြီး
စုရမည့်အရာကို
စွန့်နေကြတယ်

အဆိုးဆုံးက

စုရမည့်သူတွေက
စွန့်နေတာကို တွေ့ရပြီး
စွန့်ရမည့်သူတွေက
စုနေတာကိုတွေ့ရတော့
အံ့ဩစိတ်လေး
ဖြစ်မိပါတယ်

လွဲနေသလားလို့ဒို့ဗုဒ္ဓကတိတ်ဆိတ်ငြိမ်သက်တာကိုသဘောကျတယ်ဒို့နိုင်ငံမှာကမနက်၄နာရီဆိုမင်္ဂလာဆောင်ကဘောက်ကြီးတွေဖွင့်ကြတယ်လွဲနေ...
09/04/2025

လွဲနေသလားလို့

ဒို့ဗုဒ္ဓက
တိတ်ဆိတ်ငြိမ်သက်တာကို
သဘောကျတယ်

ဒို့နိုင်ငံမှာက
မနက်၄နာရီဆို
မင်္ဂလာဆောင်က
ဘောက်ကြီးတွေဖွင့်ကြတယ်
လွဲနေသလားလို့

မေတ္တာနဲ့ ငြိမ်းချမ်းစွာ
နိုးခွင့်လေး ပေးကြပါလို့

ဘုရားလောင်းတို့လုံ့လမျိုးသံတူရွင်းတစ်ချောင်းနဲ့အားအကုန် မာန်အပြည့်ထိုးစွနေတဲ့ ရဟန်းတော်တစ်ပါးရဲ့ ပုံလေးကို မြင်ရတော့စာထဲ...
02/04/2025

ဘုရားလောင်းတို့လုံ့လမျိုး

သံတူရွင်းတစ်ချောင်းနဲ့
အားအကုန် မာန်အပြည့်
ထိုးစွနေတဲ့ ရဟန်းတော်တစ်ပါးရဲ့
ပုံလေးကို မြင်ရတော့
စာထဲက ဇာတ်လမ်းတစ်ပုဒ်ကို သွားသတိရမိပါတယ်

မြစ်ကမ်းနဘေး
အပင်တစ်ပင်မှာ
ရှဉ့်မိသားစုတစ်စု နေကြပါတယ်

တစ်နေ့မှာ
လေမုန်တိုင်းကြီးတိုက်ခတ်ပြီး မိသားစုလိုက်ကြီး
မြစ်ထဲကျသွားတယ်
ဖခင်ရှဉ့်ကြီးတစ်ကောင်ပဲ
ကျန်ခဲ့တယ်

ရှဉ့်ဖခင်ကြီးက
သူ့ရဲ့အမြီးနဲ့
မြစ်ထဲကရေတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး
ခပ်ထုတ်နေသတဲ့

ဒီမြင်ကွင်းကိုမြင်နေတဲ့
သိကြားမင်းက လာပြီးတော့
အသင် ရူးနေလား
သင့်ရဲ့ အမြီးလေးနဲ့
ဒီမြစ်ထဲကရေတွေကို
ကုန်သွားအောင်
ဘယ်လိုဖြစ်နိုင်မှာလဲလို့
ပြောလိုက်သတဲ့

ဒီအခါမှာ ဖခင်ရှဉ့်ကြီးက

ဖြစ်နိုင်တာ မဖြစ်နိုင်တာ
ငါ မသိဘူး
ငါ့သားသမီး ဇနီးမယားတွေ
မြစ်ထဲကျသွားတဲ့ကိစ္စကို
ငါက လက်ပိုက်ကြည့်နေရမှာလား

ငါ့အား ငါ့အစွမ်းရှိသမျှ
ကြိုးစားရမှာက
ငါတို့ဖခင်တွေရဲ့၀တ္တရားပဲလို့ ပြန်ပြောသတဲ့

တကယ်တော့
အဲဒိ ဇာတ်လမ်းထဲက
ဖခင်ရှဉ့်ကြီးဟာ
ဘုရားလောင်းပါတဲ့

ခုလဲ
သံတူရွင်းတစ်ချောင်းနဲ့
ရဟန်းတော်ရဲ့ ရင်ထဲမှာ

ဖြစ်နိုင်တာ မဖြစ်နိုင်တာ
ငါ မသိဘူး
ငါ့သူငယ်ချင်း
ငါ့သီတင်းသုံးဖော်တွေ
ပိနေတာကို
ငါ လက်ပိုက်ကြည့်မနေနိုင်ဘူး
ငါ့အား ငါ့အစွမ်းရှိသလောက်
ငါ့သူငယ်ချင်း သီတင်းသုံးဖော်တွေကို
ငါ ကယ်မယ်လို့
ပြောများပြောနေလေမလား

အလွန် လေးစားမိပါသည်ဘုရား
ခံစားရပါသည်ဘုရား

1/4/2025ယနေ့ ‌နေ့ဆွမ်း ကုသိုလ်ရှင်ကိုထွန်းထွန်းဦး မလွင်မာစိုးတော်၀င်မုန့်တိုက် မိသားစုမဟာမြိုင်ရပ်ကွက် ပဲခူးမြို့မှကိုထွ...
01/04/2025

1/4/2025
ယနေ့ ‌နေ့ဆွမ်း ကုသိုလ်ရှင်

ကိုထွန်းထွန်းဦး မလွင်မာစိုး
တော်၀င်မုန့်တိုက် မိသားစု
မဟာမြိုင်ရပ်ကွက် ပဲခူးမြို့မှ

ကိုထွန်းထွန်းဦး၏
မွေးနေ့ကုသိုလ်အဖြစ်
နေ့ဆွမ်း နေ့လယါစာ
အဟာရများနှင့် န၀ကမ္မ
လှူဒါန်းကြသည်

ဤကုသိုလ်များကြောင့်
မွေးနေ့ရှင်နှင့် မိသားစုများ

အန္တရာယ်ကင်း
ဘေးကင်းကြပါစေ
သောကကင်း၍
အပူလည်း ကင်းကြပါစေ

လုပ်ငန်းဆောင်တာ
အောင်မြင်ကြ၍
စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်းနဲ့
ပြည့်စုံနိုင်ကြပါစေ

Address

Shwegugyi Tawya Monastery, Chinsu Plywood Factory Street, Ward 8, New Oaktha
Bago

Telephone

+959773033070

Website

Alerts

Be the first to know and let us send you an email when Alinn Sit Youth Development - Educational Charity Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Alinn Sit Youth Development - Educational Charity Centre:

Share