01/08/2026
ပဲခူးတိုင်းဒေသကြီးလူငယ်စင်တာတွင် နိုင်ငံတော်ဖွံ့ဖြိုးဖို့ ဒို့လူငယ်တွေ ဦးဆောင်စို့ လူငယ်စကားဝိုင်း ကျင်းပ
လူငယ်စကားဝိုင်းတွင် နေပြည်တော်၌ သြဂုတ်လ ၁၂ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၆ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ပဲခူးတိုင်းကိုယ်စားပြု တက်ရောက်မည့် လူငယ်မောင်မယ်များက ဦးဆောင်၍ စကားဝိုင်းဆွေးနွေးခဲ့ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးဆက်သစ်လူငယ်များ ပြုစုပျိုးထောင်ရေး၊ ဒစ်ဂျစ်တယ်နည်းပညာဖွံ့ဖြိုးတိုးတက်ရေး၊ စွန့်ဦးတီထွင်မှုစွမ်းရည်မြင့်မားရေး၊ မူးယစ်ဆေး အွန်လိုင်းလောင်းကစားမှုများနှင့်လိမ်လည်မှုများ ပပျောက်ရေး၊ လူငယ်များအတွက် စိန်ခေါ်မှုများကို ဖြေရှင်းကျော်လွှားနိုင်ရေး စတဲ့အချက်များကို ဦးစားပေး၍ စကားဝိုင်းဆွေးနွေးခဲ့ရာ တက်ရောက်ချီးမြှင့်ပေးပါသော လူမှုရေးရာဝန်ကြီးနှင့်တကွ ဌာနဆိုင်ရာများ လူငယ်မောင်မယ်များကလည်း အပြန်အလှန် ဆွေးနွေးခဲ့ ကြသည့်အတွက် တန်ဖိုးရှိသော လူငယ်စကားဝိုင်း တစ်ခု အဖြစ် မှတ်တမ်းတင်မိပါသည်။
ပဲခူးတိုင်းဒေသကြီးလူငယ်စင်တာတွင် လူငယ်စကားဝိုင်းများ၊ အသိပညာပေးဟောပြောပွဲများကို လစဥ်ပြုလုပ်သွားမည်ဖြစ်၍ Moderator , Speaker များအဖြစ် ပူပေါင်းပါဝင် လိုသူများကို ဖိတ်ခေါ်ပါကြောင်းနှင့် လူငယ်ကဏ္ဍနှင့်ပတ်သက်၍ ဆွေးနွေးလိုသူများကို ရုံးချိန်အတွင်း လာရောက် ဆွေးနွေးဖလှယ်နိုင်ပါကြောင်း လေးစားစွာ ဖိတ်ကြားအပ်ပါသည်။