ZMA အောင်မြင်ရေးဒိုင်ယာရီ

  • Home
  • Myanmar
  • Bago
  • ZMA အောင်မြင်ရေးဒိုင်ယာရီ

ZMA အောင်မြင်ရေးဒိုင်ယာရီ ဇူလီယန်စီးပွါးရေးအတွက်အောင်မြင်မှ?

 #ဘဝမှာ အရေးနိမ့်နေပြီဆိုပြီး ဘယ်တော့မှလက်မလျော့ပါနဲ့သင့်အတွက်အခွင့်အရေးဆိုတာ ရှိနေပါသေးတယ်.... #(စစ်တုရင်ပွဲမှဘဝအောင်မြ...
13/01/2021

#ဘဝမှာ အရေးနိမ့်နေပြီဆိုပြီး ဘယ်တော့မှလက်မလျော့ပါနဲ့
သင့်အတွက်အခွင့်အရေးဆိုတာ ရှိနေပါသေးတယ်.... #

(စစ်တုရင်ပွဲမှဘဝအောင်မြင်ရေးအတွေး)


10/01/2021
"" ရည်မှန်းချက်အိပ်မက်ကိုရောက်ဖို့အဓိကလျှို့ဝှက်ချက် ""        အိန္ဒိယနိုင်ငံရဲ့ အလွန်ခေါင်တဲ့ တောရွာလေးတစ်ရွာမှာ၁၉၅၁ နိ...
24/11/2020

"" ရည်မှန်းချက်အိပ်မက်ကိုရောက်ဖို့အဓိကလျှို့ဝှက်ချက် ""

အိန္ဒိယနိုင်ငံရဲ့ အလွန်ခေါင်တဲ့ တောရွာလေးတစ်ရွာမှာ
၁၉၅၁ နိုဝင်ဘာ ၁၃ ရက်နေ့မှာမွေးခဲ့တဲ့ လူငယ်လေးတစ်ယောက်..
အဖေကရွာလေးရဲ့ ကျောင်းဆရာဟောင်း..
မိသားစုကဆင်းရဲပေမယ့် ရွာရဲ့အကျိုးကိုဆောင်ရွက်ပေးလေ့ရှိတယ်..
အရွယ်ရောက်တော့ သူဟာ အိန္ဒိယလေတပ်ထဲဝင်ပြီး လေယာဉ်မှူးဗိုလ်ကြီးရာထူးအထိ တာ၀န်ထမ်းဆောင်ခဲ့တယ်...

ဒါပေမယ့် အကြောင်းတစ်ခုကြောင့် 28 နှစ်အရွယ်မှာပဲလေတပ်ကနေ အနားယူခဲ့ပြီး.အိမ်ပြန်ခဲ့တယ်
အဲဒီအချိန်မှာပဲ သူ့ဘဝမှာတခါမှမရှိဖူးခဲ့တဲ့ ရည်မှန်းချက်အိပ်မက်ကြီးတစ်ခု ပေါက်ဖွါးခဲ့တယ်...

#အိန္ဒိယပြည်သူတိုင်းလေယာဉ်စီးနိုင်ရမယ်ဆိုတဲ့အိမ်မက်ပဲ
အဲဒီအချိန် (၁၉၇၉ခုနှစ်)‌လောက်က အိန္ဒိယမှာလေယာဉ်စီးနိုင်တာအထက်တန်းလွှာပဲရှိတာ..
လေယာဉ်ခကလဲစျေးကြီးတာကိုး...

ရထားစီးနိုင်တဲ့သူတိုင်းလေယာဉ်စီးနိုင်ရမယ်ဆိုတဲ့သူ့ရဲ့ ရည်မှန်းချက်ကလွယ်ကူတဲ့အရာတော့ မဖြစ်ခဲ့ဖူး...

ရည်မှန်းချက်အတွက်ပေးဆပ်ခဲ့ရတာတွေများသလို
ဖြတ်ကျော်ရတဲ့အခက်အခဲတွေလဲသိပ်များခဲ့တာပေါ့..

@သူ့ စိတ်ပွါးရေးစိတ်ကူး နဲ့ စီမံချက် (Business Ides & Business Plan)ကို
ရင်းနှီးမြှုပ်နှံသူ ၂၅ဉီးထိငြင်းပယ်ခံခဲ့ရတယ်..
@အဲဒီအချိန်က ထိပ်တန်းရောက်နေတဲ့ လေကြောင်းလိုင်းကုမ္ပဏီကြီးတွေရဲ့ အစိုးရအရာရှိတချို့ပေါင်းပြီး ခြေထိုးတာတွေကို အလူးအလိမ့်ခံခဲ့ရတယ်
@လေကြောင်းလိုင်း ပါမစ်ရှောက်တာအကြိမ်ကြိမ်ပယ်ချခံရလို့ ဝန်ကြီးချုပ် ကို မီဒီယာအယောင်ဆောင်ဝင်တွေ့ပြီး ပြည်သူအကျိုးရှိမယ့်သူ့ရဲ့ လုပ်ငန်းစီမံချက်အကြောင်းရှင်းပြခဲ့ရတဲ့အထိ စွန့်စားခဲ့ရတယ်...
@ပါမစ်ရပြီးလေယာဉ်တွေငှါး..လုပ်ငန်းစမယ်အလုပ်မှာ..
ဉပဒေအပြောင်းအလဲတစ်ချို့ကြောင့်
လုပ်ငန်းကိုလုံး၀ရပ်ဆိုင်းလိုက်ရတယ်..
ဘဏ်တိုးတွေ အကြွေးတွေနဲ့ နှစ်အနည်းငယ်ရုန်းကန်ခဲ့ရတယ်..
@နောက်နှစ်အနည်းငယ်မှာ ရှာကြံစုဆောင်းကုမ္ပဏီပြန်ထောင်ပြီးလုပ်ငန်းပြန်စရာမှာ
ပထမဆုံးလေယာဉ်စမ်းသပ်ပျံတဲ့ အချိန်မှာ စက်ချွတ်ယွင်းမှုကြောင့် ပျံသန်းမှုဖျက်ခဲ့ရပြီး ..
မီဒီယာတွေထိုးနှက်မှုနဲ့ လူထုဝေဖန်မှုတွေကြောင့် လပေါင်းများစွာပြန်စောင့်ဆိုင်းခဲ့ရတယ်...
(တခြားအခက်အခဲတွေကိုတော့ စာရှည်မှာစိုးလို့ အသေးစိတ်မဖော်ပြတော့ပါဖူး)

လုပ်ငန်းစအလုပ်ဖြစ်ခါနီးမှာ နိုင်ငံခြားလုပ်ငန်းရှင်တစ်ယောက်က
သူ့လုပ်ငန်းကိုဝယ်ယူဖို့ကမ်းလှမ်းတာတောင် ငြင်းပယ်ခဲ့ပါသေးတယ်..
(သူ့အကြွေးတွေဆပ်နိုင်တဲ့ပမာဏပေါ့)

$$ဘယ်လောက်အခက်အခဲများများ နောက်ဆုံးတော့ သူဟာ အိန္ဒိယမှာ‌ စျေးအပေါဆုံးနဲ့ နေ့စဉ်ခရီးစဉ်အများဆုံးထွက်နိုင်တဲ့လေကြောင်းလိုင်းကို တည်ထောင်နိုင်ခဲ့ပါတယ်...
သူကိုယ်တိုင်လဲအိန္ဒိယရဲ့အချမ်းသာဆုံးလဲဖြစ်...
အစိုးရရဲ့အကြံပေးအဖွဲ့ဝင်ပါဖြစ်ခဲ့ပါတယ်
သူရခဲ့တဲ့ဆုတံဆိပ်များ...
1996 - Rolex Awards for Enterprise[22]
2005 - Rajyotsava Award (Karnataka)[23]
2007 - Chevalier de la Légion d'honneur (France)[1]
Personality of the Decade Award (K.G. Foundation)[24]
Sir M Visvesvaraya Memorial Award
(Federation of Karnataka Chambers of Commerce & Industry)[24]

အဲဒီပုဂ္ဂိုလ်ကတော့ Air Deccan လေကြောင်းလိုင်းပိုင်ရှင် G. R. Gopinath(ဂျီ အာ ဂိုပီနာ)ပဲဖြစ်ပါတယ်..

(ရုပ်ရှင်ကားကြည့်ချင်ရင်တော့ Soorarai Pottru လို့ရိုက်ပြီး Chennel Myanmar Movie မှာရှာကြည့်နိုင်ပါတယ်)

ကျွန်တော်အဓိက ပြောချင်တာက သူ့ရဲ့အောင်မြင်မှုတွေ..သူ့ရဲ့ အခက်အခဲတွေမဟုတ်ဖူး..
သာမာန်အတွေးစိတ်ကူးသာရှိတဲ့ လူတစ်ဉီးဟာ ဘာကြောင့် အခက်အခဲတွေများလွန်းလှတဲ့ စိတ်ကူးအိမ်မက်ကြီးကို
ပေါက်ဖွါးစေခဲ့တာလဲ..
အခက်အခဲဘယ်လောက်များများနောက်မဆုတ်ဖြစ်အောင် တွန်းအားဖြစ်ခဲ့တဲ့အကြောင်းအရာကဘာလဲ.....

အဲဒါကတော့.....
သူလေတပ်မှာရှိခဲ့တဲ့အချိန်က အိမ်ကိုအရေးပေါ်ပြန်ရမယ်အကြောင်းကိစ္စပေါ်လာတယ်..
သူ့အဖေ အသည်းအသန်နေမကောင်းဖြစ်နေတာ...
သူချစ်ရတဲ့သားကိုနောက်ဆုံးအကြိမ်တွေချင်လို့တဲ့လေ..

လေယာဉ်နဲ့ပြန်ဖို့လက်မှတ်သွားဝယ်တာ အထူးတန်းသာကျန်တော့လို့ ရိုးရိုးတန်းလက်မှတ်ဖိုးသာရှိတဲ့သူ..
လေယာဉ်နဲ့မပြန်နိုင်ပဲ ရထားတစ်တန်.. ကားတစ်တန် နဲ့ပဲ အိမ်ပြန်ခဲ့ရတယ်..

ဒါပေမယ့်...................
သူ့အဖေရဲ့နာရေးကပြီးသွားခဲ့ပြီလေ..
အဲဒီကစလို့ ဝမ်းနည်းပူဆွေးမှုတွေနဲ့အတူ နောက်ထပ်သူ့လိုအဖြစ်မျိုး သာမာန်လူတန်းစားတွေမှာ
မဖြစ်စေရဖူးဆိုပြီး စျေးသက်သာတဲ့လေကြောင်းလိုင်းဆိုတဲ့ သူ့အိပ်မက်ပေါက်ဖွါးခဲ့တာပါ..

အဲဒါကြောင့် ကျွန်တော်မျှဝေချင်တာက အောင်မြင်ချင်တဲ့သူတိုင်း ရည်မှန်းချက်အိပ်မက်တွေရှိကြပါတယ်
အဲဒီအိပ်မက်တွေဆီသွားတဲ့ ခရီးကတော့ လွယ်ကူမှာမဟုတ်ပါဖူး...
အခက််အခဲဘယ်လောက်များများ မိမိရည်မှန်းချက်ကို မစွန့်လွှတ်ဖို့ဆိုတာ..
ပြင်းပြတဲ့စိတ်ဆန္ဒကိုတွန်းအားပေးနေတဲ့ လောင်စာနဲ့တူတဲ့ အကြောင်းပြချက်တွေရှိနေဖို့အရေးကြီးတယ်ဆိုတာပါပဲ...

ဒါကြောင့် ကိုယ့်ကိုကိုယ်တွန်းအားဖြစ်စေမယ့် လုံလောက်တဲ့အကြောင်းပြချက်တွေကိုစဉ်းစားပါ..
ချရေးထားပါ...အမြဲတမ်းစိတ်ထဲထည့်ထားပါ..

ဘာကြောင့်အောင်မြင်ဖို့လိုတာလဲ..?
#ဘာကြောင့်.....ဆိုတဲ့ အကြောင်းပြချက်တွေ သင့်မှာခိုင်မာစွဲမြဲနေရင်
သင့်ရည်မှန်းချက်အိပ်မက်တွေကို ဘယ်လိုအတားအဆီးကမှ ဖျက်ဆီးလို့မရတော့ပါဖူး...

အကျိုးရှိတယ်ဆိုရင်တော့ Like & Share လုပ်နိုင်ပါတယ်ခင်ဗျာ


မိမိကိုယ်ကိုဆုံးမခြင်း........ #ယုံကြည်မှုဆိုတာလူတစ်ယောက်ရဲ့ကိုယ်ကျင့်တရားနဲ့ပတ်သက်တဲ့အရည်အသွေးထက်ပိုပါတယ်။အောင်မြင်မှုက...
16/11/2020

မိမိကိုယ်ကိုဆုံးမခြင်း........

#ယုံကြည်မှုဆိုတာလူတစ်ယောက်ရဲ့ကိုယ်ကျင့်တရားနဲ့ပတ်သက်တဲ့အရည်အသွေးထက်ပိုပါတယ်။အောင်မြင်မှုကိုလိုချင်လို့ရှိရင်ယုံကြည်မှုတွေကိုတည်ဆောက်ဖို့လိုပါတယ်။

စီးပွားရေးလုပ်ငန်းလုပ်သူပဲဖြစ်ဖြစ်၊နိုင်ငံရေးလုပ်သူပဲဖြစ်ဖြစ်ယုံကြည်မှုကိုတည်ဆောက်ဖို့ကအလွန်ပဲအရေးကြီးပါတယ်။

ယုံကြည်မှုကိုတည်ဆောက်နိုင်မှသာလျှင်အောင်မြင်မှုကို
ရနိုင်တဲ့အပြင်ဒီအောင်မြင်မှုကိုလည်းရေရှည်ထိန်းသိမ်းနိုင်ပါလိမ့်မယ်။

ယုံကြည်ရသူကဘယ်လိုလူလဲလို့မေးရင်ကိုယ်ကျင့်တရားလည်းကောင်းရမှာဖြစ်သလိုစွမ်းဆောင်ရည်လည်းပြည့်ဝတဲ့သူဖြစ်ဖို့လိုပါတယ်။ကိုယ်ကျင့်တရားကောင်းသူကလူကောင်းပါ။ကိုယ်ကျင့်တရားကောင်းပေမယ့်လည်းစွမ်းဆောင်ရည်မရှိရင်တော့ယုံကြည်လို့မရပါ။လွယ်လွယ်ပြောမယ်ဆိုရင်တော့ ခိုးတော့မခိုးတတ်ဘူး၊ဒါပေမယ့်အလုပ်ကိုကောင်းအောင်၊ပြီးအောင်လုပ်နိုင်ပါ့မလားဆိုတဲ့အပိုင်းမှာယုံကြည်မှုတွေအားနည်းနေသူနဲ့ကျတော့လည်းအလုပ်လုပ်ရတာခက်ပါတယ်။

"မဟုတ်တာတော့ဘာမှမလုပ်ဘူး၊ဟုတ်တာလည်းဘာမှမလုပ်ဘူး"ဆိုတဲ့လူမဖြစ်ဖို့အရေးကြီးပါတယ်။

crd #ဉီးကျော်ကျော်လှိုင်

(စာကြွင်း.....အရည်အချင်းမှာ‌တော်ပေမယ့် ကိုယ်ကျင့်တရားမကောင်းလျှင်လည်း ယုံကြည်မှုပျက်ယွင်းကာ ရေရှည်အောင်မြင်မှုမျိုးမရနိုင်ပါ)

အပြုံး ( ၇ ) မျိုး 😃(၁) မတရားသဖြင့်ခံရတဲ့အခါ  #တည်တည်ငြိမ်ငြိမ် ပြုံးပါ။ ဒါဟာ သဘောထားကြီးခြင်းတစ်မျိုးပါတဲ့။(၂) နစ်နာဆုံ...
31/08/2020

အပြုံး ( ၇ ) မျိုး 😃
(၁) မတရားသဖြင့်ခံရတဲ့အခါ #တည်တည်ငြိမ်ငြိမ် ပြုံးပါ။ ဒါဟာ သဘောထားကြီးခြင်းတစ်မျိုးပါတဲ့။
(၂) နစ်နာဆုံးရှုံးမှုနဲ့ ကြုံတဲ့အခါ #ဆန္ဒရှိရှိ ပြုံးပါ။
ဒါဟာ လူတွေကို ခွင့်လွှတ်နားလည်ခြင်းတစ်မျိုးပါတဲ့ ။
(၃) ရှေ့မတိုး နောက်မဆုတ်သာတဲ့ အခက်အခဲနဲ့ကြုံတဲ့အခါ #ခပ်ယဲ့ယဲ့လေး ပြုံးပါ။
ဒါဟာ ထက်မြတ်ခြင်းတစ်မျိုးပါတဲ့။
(၄) အကူညီမဲ့တဲ့အခါ #ခပ်ပွင့်ပွင့်လေး ပြုံးပါ။
ဒါဟာ စိတ်ကိုလှုံ့ဆော်ပေးခြင်းတစ်မျိုးပါတဲ့။
(၅) ဘေးဒုက္ခကြုံတဲ့အခါ #ငြိမ်ငြိမ်သက်သက် ပြုံးပါ။
ဒါဟာ စိတ်တည်ငြိမ်ခြင်းတစ်မျိုးပါတဲ့။
(၆) အပြစ်တင်တာကိုခံရတဲ့အခါ #အေးအေးဆေးဆေးပြုံးပါ။
ဒါဟာ ကိုယ့်ကိုယ်ကို ယုံကြည်ခြင်းတစ်မျိုးပါတဲ့။
(၇) အသဲကွဲတဲ့အခါ #ခပ်ပေါ့ပေါ့လေး ပြုံးပါ။
ဒါဟာ တင်းမာမှုကင်းတဲ့ လွတ်လပ်ခြင်းတစ်မျိုးပါတဲ့။
Credit - လယ်တွင်းသားစောချစ်
Copy from

05/08/2020

Address

Myoshoung(1) Street
Bago

Website

Alerts

Be the first to know and let us send you an email when ZMA အောင်မြင်ရေးဒိုင်ယာရီ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share