Hinthada PYI GYI KHIN

Hinthada PYI GYI KHIN ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ကာကွယ်ရေးနှင့်တိုက်ဖျက်ရေးအဖွဲ့

"HIV ပိုးရှိမရှိ စစ်ချင်လို့ သွေးစစ်လိုက်တယ်... အဖြေက 'မရှိဘူး' (Negative) တဲ့။ ဒါပေမဲ့ စိတ်ချလက်ချ နေလို့ရပြီလား?တကယ်တေ...
06/05/2026

"HIV ပိုးရှိမရှိ စစ်ချင်လို့ သွေးစစ်လိုက်တယ်... အဖြေက 'မရှိဘူး' (Negative) တဲ့။ ဒါပေမဲ့ စိတ်ချလက်ချ နေလို့ရပြီလား?
တကယ်တော့ Window Period ဆိုတာကို ထည့်မတွက်မိရင် အဖြေက မှားနေနိုင်ပါသေးတယ်။😲😲😲
မင်္ဂလာပါ...ဟင်္သာတ(ပြည်ကြီးခင်)ရဲ့ safe space လေးက ကြိုဆိုပါတယ် ဒီနေ့မှာတော့ HIV စစ်ဆေးတဲ့နေရာမှာ အရေးကြီးတဲ့ Window Period (ကြားကာလ/HIV ပိုး ပုန်းနေတဲ့ကာလလေး)အကြောင်း အချက်(၅)ချက်နဲ့ တင်ဆက်ပေးချင်ပါတယ်။

၁။ Window Period ဆိုတာ ဘာလဲ? 🤔
ပိုးကူးစက်ခံရတဲ့ အချိန်ကနေ သွေးစစ်တဲ့စက်/ပစ္စည်းက အဲဒီပိုးကို စတင်ရှာဖွေတွေ့ရှိနိုင်တဲ့ အချိန်အထိ 'ကြားကာလ' ကို ခေါ်တာပါ။ လွယ်လွယ်ပြောရရင် ပိုးက ကိုယ်ထဲရောက်နေပေမယ့် စစ်ဆေးတဲ့စက်က ရှာမတွေ့သေးတဲ့ 'ပုန်းနေတဲ့ကာလ' ပေါ့။

၂။ ဘာလို့ ရှာမတွေ့တာလဲ? 🔬
သွေးစစ်တယ်ဆိုတာ ခန္ဓာကိုယ်ထဲမှာ ပိုးကို တိုက်ထုတ်ဖို့ ထွက်လာတဲ့ 'ပဋိပစ္စည်း' (Antibody) ကို ရှာတာပါ။အဲဒီ Antibody တွေ လုံလုံလောက်လောက် ထွက်လာဖို့ ခန္ဓာကိုယ်က အချိန်ယူရပါတယ်။ အဲဒီအချိန်မတိုင်ခင် စစ်မိရင် ပိုးရှိနေပါလျက်နဲ့ 'မရှိဘူး' လို့ အဖြေထွက်တတ်ပါတယ်။

၃။ ဘယ်လောက်ကြာတတ်လဲ? 📅
အသုံးပြုတဲ့ စစ်ဆေးမှုအမျိုးအစားပေါ် မူတည်ပါတယ်။
သွေးဖောက်စစ်တဲ့စက်/ပစ္စည်း (Rapid Test Kit): ပုံမှန်အားဖြင့် (၂၈) ရက် ကနေ (၉၀) ရက်အထိ ကြာတတ်ပါတယ်။
ဒါကြောင့်: မှားယွင်းတဲ့ အပြုအမူ (အကာအကွယ်မဲ့ ဆက်ဆံမိတာ) ဖြစ်ပြီးပြီးချင်း နောက်နေ့မှာ စစ်ရင် အဖြေက မှန်မှာမဟုတ်ပါဘူး။

၄။ အဲဒီအချိန်မှာ တခြားသူကို ကူးနိုင်လား? ⚠️
ဒါက အရေးကြီးဆုံးပါ။ Window Period အတွင်းမှာ သွေးစစ်ရင် အဖြေ 'မရှိ' လို့ ထွက်နေပေမယ့် သင့်ကိုယ်ထဲမှာ ပိုးရှိနေရင် တခြားသူကို ကူးစက်နိုင်စွမ်း အမြင့်ဆုံးအချိန် ဖြစ်နေတတ်ပါတယ်။

၅။ အကောင်းဆုံးက ဘာလဲ? ✅
အကယ်၍ သင်ဟာ အကာအကွယ်မဲ့ ဆက်ဆံမိတာမျိုး ရှိခဲ့ရင် -
အနည်းဆုံး ၂၈ ရက် သို့မဟုတ် (၄) ပတ်အကြာမှာ တစ်ကြိမ် စစ်ပါ။
ပိုသေချာစေဖို့ (၃) လ အကြာမှာ နောက်တစ်ကြိမ် ထပ်စစ်ပါ။

"စိုးရိမ်စိတ်နဲ့ နေရတာထက် တိကျတဲ့အချိန်မှာ တိကျတဲ့အဖြေကို ရှာတာက အကောင်းဆုံးပါ။"
ပြည်ကြီးခင် (ဟင်္သာတ) မှာဆိုရင် Window Period နဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေက သေချာရှင်းပြပေးပြီး လျှို့ဝှက်စွာ စစ်ဆေးပေးနေပါတယ်။ ဘယ်အချိန်မှာ စစ်ရမလဲ ဝေခွဲမရဖြစ်နေရင် Messenger မှာ လာမေးလိုက်ပါဦးနော်။ ✨

📍 ပြည်ကြီးခင် (ဟင်္သာတ)
အမှတ် (၁၅၃၇)၊ တက္ကသိုလ်လမ်း၊ မြဝတီရပ်၊ ဟင်္သာတမြို့။
⏰ ရုံးချိန်: တနင်္လာ မှ သောကြာ (နံနက် ၉ နာရီ မှ ညနေ ၅ နာရီအထိ)
☎️ ဖုန်းနံပတ် - 09 797040177 , 09 771212400 , 09 761154266

🛑"Safe S*x is Smart S*x: Condom ကို နည်းစနစ်တကျ ဘယ်လိုသုံးမလဲ?" 🛡️✨ကဲ...ပြည်ကြီးခင်(ဟင်္သာတ) page ရဲ့ safe space လေးကနေပ...
23/04/2026

🛑"Safe S*x is Smart S*x: Condom ကို နည်းစနစ်တကျ ဘယ်လိုသုံးမလဲ?" 🛡️✨

ကဲ...ပြည်ကြီးခင်(ဟင်္သာတ) page ရဲ့ safe space လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်....

"Condom သုံးဖို့ ဆုံးဖြတ်လိုက်တာဟာ တာဝန်ယူမှုအပြည့်ရှိတဲ့ လုပ်ရပ်တစ်ခုပါ။👌 ဒါပေမဲ့ အကာအကွယ်ပေးနိုင်စွမ်း အပြည့်အဝရဖို့ဆိုရင်တော့ မှန်ကန်အောင် သုံးတတ်ဖို့ လိုအပ်ပါတယ်။
အခုမှ စသုံးမယ့်သူတွေအတွက် မရှုပ်ထွေးအောင် အချက် (၅) ချက်နဲ့ ရှင်းပြပေးမယ်နော်....

၁။ အိတ်ခွံကို လက်နဲ့ပဲ ဖောက်ပါ 🚫🦷
သွားနဲ့ကိုက်ဖောက်တာ၊ ကတ်ကြေးနဲ့ညှပ်တာမျိုး လုံးဝမလုပ်ပါနဲ့။ Condom မှာ အပေါက်ငယ်လေးတွေ ဖြစ်သွားနိုင်လို့ပါ။ အိတ်ခွံဘေးက အစလေးတွေကို သုံးပြီး လက်ချောင်းလေးနဲ့ အသာအယာ ဖောက်ပေးပါ။

၂။ အဖျားက လေကို ညှစ်ထုတ်ပါ 🤏
Condom ရဲ့ ထိပ်ဖျားမှာ သုက်ရည်စုဖို့ နေရာလွတ်လေး ပါပါတယ်။ အဲဒီအဖျားလေးကို လက်မနဲ့ လက်ညှိုးနဲ့ ညှစ်ထားပြီးမှ စွပ်ပါ။ အထဲမှာ လေခိုနေရင် ဆက်ဆံနေတုန်း ပေါက်ထွက်သွားနိုင်လို့ပါ။

၃။ ဘက်မမှားပါစေနဲ့ 🔄
Condom လိပ်ထားတဲ့ဘက်က အပြင်မှာ ရှိရပါမယ်။ အသာအယာ လိပ်ချလိုက်လို့ ရတဲ့ဘက်က အမှန်ပါ။ (မှားစွပ်မိရင် အဲဒီ Condom ကို ပြန်မသုံးဘဲ အသစ်တစ်ခု ပြောင်းသုံးပါ)။

၄။ လုံးဝ အောက်ခြေအထိ လိပ်ချပါ 👇
လိင်တံ တောင့်တင်းနေချိန်မှာ စွပ်ရမှာဖြစ်ပြီး အောက်ခြေအထိ ရောက်အောင် လိပ်ချပေးပါ။ ဆက်ဆံနေတုန်းမှာလည်း ချောဆီလိုအပ်ရင် ရေဓာတ်အခြေခံတဲ့ (Water-based) ချောဆီကိုပဲ သုံးပါ။ (ဆီ၊ Vaseline သို့မဟုတ် Lotion တွေက Condom ကို ပေါက်ပြဲစေနိုင်လို့ပါ)။

၅။ ဆက်ဆံပြီးတာနဲ့ ချက်ချင်းပြန်ချွတ်ပါ 🧼
ပြီးသွားတာနဲ့ လိင်တံမပျော့သွားခင် Condom ကို အောက်ခြေကနေ ကိုင်ပြီး အသာအယာ ဆွဲချွတ်ပါ။ ပြီးရင် တသျှူး သို့မဟုတ် စက္ကူနဲ့သေချာပတ်ပြီး အမှိုက်ပုံးထဲ စွန့်ပစ်ပါ။

မှတ်ထားဖို့က -
✅ Condom တစ်ခုကို တစ်ကြိမ်ပဲ သုံးပါ။
✅ အိတ်ခွံပေါ်က သက်တမ်းကုန်ဆုံးရက် (Expiry Date) ကို အမြဲစစ်ပါ။
✅ Condom အသုံးပြုဖို့ လိုအပ်လာရင်လဲ ကျနော်တို့ ပြည်ကြီးခင်(ဟင်္သာတ)ရုံးမှာ အခမဲ့ လာရောက်ယူဆောင်လို့ရပါတယ်။
ကျန်းမာပျော်ရွှင်တဲ့ လူမှုဘဝအတွက် အကာအကွယ်ကို စနစ်တကျ အသုံးပြုကြစို့။ ❤️

📍 ပြည်ကြီးခင် (ဟင်္သာတ)
အမှတ် (၁၅၃၇)၊ တက္ကသိုလ်လမ်း၊ မြဝတီရပ်၊ ဟင်္သာတမြို့။
⏰ ရုံးချိန်: တနင်္လာ မှ သောကြာ (နံနက် ၉ နာရီ မှ ညနေ ၅ နာရီအထိ)
☎️ ဖုန်းနံပတ် - 09 797040177 , 09 771212400 , 09 761154266

အသေးစိတ် သိလိုတာရှိရင် Messenger ကနေဖြစ်စေ၊ ရုံးကို ကိုယ်တိုင်လာပြီးဖြစ်စေ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ပါတယ်ဗျာ။
*x "

မင်္ဂလာပါ... ပြည်ကြီးခင် (ဟင်္သာတ) ရဲ့ safe space လေးမှ ကြိုဆိုပါတယ်! ✨📌ဒီနေ့မှာတော့ HIV ပိုး ရှိမရှိလဲ စစ်ချင်တယ် တခါမှ...
21/04/2026

မင်္ဂလာပါ... ပြည်ကြီးခင် (ဟင်္သာတ) ရဲ့ safe space လေးမှ ကြိုဆိုပါတယ်! ✨

📌ဒီနေ့မှာတော့ HIV ပိုး ရှိမရှိလဲ စစ်ချင်တယ် တခါမှလည်း မစစ်ဖူးဘူး စစ်လဲ မစစ်ရဲဘူးဆိုပြီး ဖြစ်နေတဲ့သူတွေအတွက် သိကိုသိထားရမဲ့ အချက်(၃)ချက်ကို အထင်မှားတတ်တဲ့အချက်လေး တွေနဲ့ တကွ ရှင်းပြပေးပါမယ်....

👉 (၁) ငါက ကျန်းမာ နေတာဘဲ သွေးစစ်စရာမလိုပါဘူး..
✅ HIV ပိုးဟာ ခန္ဓာကိုယ်ထဲမှာ နှစ်အကြာကြီး လက္ခဏာမပြဘဲ ရှိနေနိုင်ပါတယ်။ကျန်းမာ နေတာဟာ ပိုးမရှိဘူးလို့ အာမမခံနိုင်ပါဘူး။

👉(၂) သွေးစစ်လိုက်လို့ ပိုးတွေ့ရင် ငါ့ဘဝတော့ သွားပြီ...
✅ အခုခေတ်မှာ HIV ပိုးဟာ ဆေးမှန်မှန် သောက်ရုံနဲ့ သာမာန်လူလို သွားနိုင် စားနိုင် အလုပ်လုပ်နိုင် အိမ်ထောင်ပြုနိုင်တဲ့ အခြေအနေမှာ ရှိနေပါပြီ။‌ စောစောသိလေ ပိုကောင်းလေပါ။

👉(၃) သွေးစစ်ရင် လူတွေ သိကုန်မှာ ရှက်စရာကြီး...
✅ ပြည်ကြီးခင်ရုံးမှာ HIVပိုးစစ် ဆေးတာဟာ Coding စနစ်ကိုအသုံးပြုပြီး လုံးဝ လျို့ဝှက်(Confidential)ဖြစ်ပါတယ်။သင့်ရဲ့ကိုယ်‌‌ ရေးကိုယ်တာ အချက်အလက်ကို အလေးထားဆုံးဖြစ်ပြီး မပေါက်ကြားနိုင်အောင်လဲ အာမခံနိုင်ပြီး တာဝန်ယူ စစ်ဆေးပေးနေပါတယ်။

ကဲ အဲ့တော့ တခုခုကို သံသယဖြစ် နေလို့ စိတ်ပူနေရတာက လူကို တကယ်ပင်ပန်း စေပါတယ် ကိုယ့်ကိုကိုယ် ရှိ နေမလား မရှိဘူးလား ခန့်မှန်းနေမဲ့အစား တိကျတဲ့အဖြေတခုနဲ့ ဘဝကို ယုံယုံကြည်ကြည်နဲ့ လျှောက်လှမ်းဖို့ ပြည်ကြီးခင်(ဟင်္သာတ)မှာ HIV ပိုး ရှိမရှိ လာရောက် ဆွေးနွေးစစ်ဆေးလိုက်ပါ။

📍 ပြည်ကြီးခင် (ဟင်္သာတ)
အမှတ် (၁၅၃၇)၊ တက္ကသိုလ်လမ်း၊ မြဝတီရပ်၊ ဟင်္သာတမြို့။
⏰ ရုံးချိန်: တနင်္လာ မှ သောကြာ (နံနက် ၉ နာရီ မှ ညနေ ၅ နာရီအထိ)
ဆက်သွယ်ရန် ဖုန်းနံပတ် - 09 797040177 , 09 771212400 , 09 761154266
Page Messenger မှတဆင့်လည်း ဆက်သွယ်နိုင်ပါတယ်

မင်္ဂလာပါ... ပြည်ကြီးခင် (ဟသ်ာတ) ရဲ့ safe space လေးမှ ကြိုဆိုပါတယ်! ✨"HIV/AIDS အကြောင်း ပြောကြမယ်ဆိုရင် လူအများစုက ကြောက...
26/03/2026

မင်္ဂလာပါ... ပြည်ကြီးခင် (ဟသ်ာတ) ရဲ့ safe space လေးမှ ကြိုဆိုပါတယ်! ✨

"HIV/AIDS အကြောင်း ပြောကြမယ်ဆိုရင် လူအများစုက ကြောက်စရာကြီးလို့ ထင်ကြတယ် ဒါမှမဟုတ် ရှက်စရာလို့ ယူဆပြီး ရှောင်ဖယ်တတ်ကြတယ်မလား? 🤐
တကယ်တော့ ဒါဟာ တို့လူငယ်တွေရဲ့ ကျန်းမာရေးနဲ့ ဘဝရှေ့ရေးအတွက် ပွင့်ပွင့်လင်းလင်း သိထားသင့်တဲ့ အကြောင်းအရာတစ်ခုပါ။ အချက်အလက်အမှန်ကို သိထားမှသာ ကိုယ့်ကိုယ်ကိုယ်ရော၊ ကိုယ်ချစ်ရတဲ့သူတွေကိုပါ ကာကွယ်နိုင်မှာဖြစ်သလို အမုန်းတရားနဲ့ ခွဲခြားဆက်ဆံမှုတွေကင်းတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်နိုင်မှာပါ။

ဒီ Page လေးရဲ့ ရည်ရွယ်ချက်ကတော့...
✅ HIV/AIDS နဲ့ ပတ်သက်တဲ့ ဆေးပညာဗဟုသုတတွေကို လူငယ်ချင်း နားလည်ရလွယ်တဲ့ ပုံစံနဲ့ ဝေမျှပေးဖို့။
✅ မှားယွင်းနေတဲ့ အယူအဆဟောင်းတွေကို နည်းလမ်းမှန် အချက်အလက်မှန်နဲ့ ပြင်ဆင်ပေးဖို့။
✅ ကာကွယ်‌ရေးပစ္စည်း (Condom)အသုံးပြုပုံ ကာကွယ်ရေးနည်းလမ်းသစ်တွေ (PrEP, PEP စတာတွေ) ကို လူတိုင်းသိအောင် ဖြန့်ဝေပေးဖို့။
✅ ခွဲခြားဆက်ဆံခြင်းမရှိဘဲ အားလုံးနဲ့အတူ ရပ်တည်ပေးဖို့ပဲ ဖြစ်ပါတယ်။

တို့တွေ ဒီနေရာလေးမှာ သူငယ်ချင်းလို၊ မောင်နှမလို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြမယ်။ သိချင်တာရှိရင်လည်း Page Messenger Chat Box မှာ အချိန်မရွေး (Privacy အပြည့်နဲ့) မေးမြန်းထားနိုင်ပါတယ်။ 💌
ကိုယ်တိုင်လာရောက် ဆွေးနွေးချင်ရင်တာ့ လိပ်စာနဲ့ ရုံးဖွင့်ချိန်ကို ပုံထဲမှာ ဖော်ပြထားတဲ့အတိုင်း လာရောက်ဆွေးနွေးလို့ရပါတယ်။

အသိပညာက အင်အားပါ။ တို့အားလုံး ကျန်းမာပျော်ရွှင်တဲ့ လူငယ်ဘဝကို အတူတူ ဖြတ်သန်းကြရအောင်။ ✨

🙏💧🌿 နှစ်သစ်ဆုမွန်ကောင်း🌿💧🙏          မကြာမီကာလမှာ ရောက်ရှိတော့မယ့် နှစ်ဟောင်းကုန်ပျောက် နှစ်သစ်ရောက်သည့် မြန်မာသက္ကရာဇ် ၁...
10/04/2025

🙏💧🌿 နှစ်သစ်ဆုမွန်ကောင်း🌿💧🙏

မကြာမီကာလမှာ ရောက်ရှိတော့မယ့် နှစ်ဟောင်းကုန်ပျောက် နှစ်သစ်ရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်မှ ၁၃၈၇ ခုနှစ်သို့ ကူးပြောင်းသည့် မြန်မာ့ရိုးရာနှစ်သစ်ကူးအချိန်အခါ သမယမှာ မြန်မာပြည်သူ ပြည်သား ရဟန်းရှင်လူ ပြည်သူအပေါင်း ဘေးဘယာဝေးကွာ၍ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကာ နေရက်တိုင်းမှာ အမှောင်ကင်း၍ အလင်းဆောင်ကာ အနာရောဂါဘေး သဘာဝ ဘေးများလည်းကင်းဝေး၍ စီးပွားလာဘ်လာဘများလည်း ဒီရေအလားတိုးပွားကြပါစေကြောင်း ဟင်္သာတ ပြည်ကြီးခင် (ခင့်မိတ်ဆွေ ဆေးခန်း) မိသားစုမှ ဆုမွန်ကောင်း ပို့သအပ်ပါတယ်ရှင် 🙏🙏🙏

📌ပြည်ကြီးခင်(ဟင်္သာတ)- အမှတ်(၁၅၃၇) တက္ကသိုလ်လမ်း မြဝတီရပ် ဟင်္သာတမြို့
ခင့်မိတ်ဆွေ (ခုခံကျ/ကာလသားရောဂါကု ဆေးခန်း) ☎️၀၉-၄၂၂၄၅၀၅၀၅,၀၉-၇၆၁၁၅၄၂၆၆,၀၉-၈၈၃၇၄၅၈၂၄

ကျွန်တော်တို့ Hinthada KPSC မှာ အောက်ပါ လစ်လပ်နေရာအတွက်ခေါ်ယူလျက်ရှိပါတယ်...📢📢📢 စိတ်ပါဝင်စားသူများ လာရောက်လျှောက်ထားဖို့...
07/03/2025

ကျွန်တော်တို့ Hinthada KPSC မှာ အောက်ပါ လစ်လပ်နေရာအတွက်ခေါ်ယူလျက်ရှိပါတယ်...📢📢📢 စိတ်ပါဝင်စားသူများ လာရောက်လျှောက်ထားဖို့ ဖိတ်ခေါ်ပါတယ်နော်🤗🤗

ကျွန်တော်တို့ Hinthada KPSC မှာ အောက်ပါ လစ်လပ်နေရာများအတွက်ခေါ်ယူလျက်ရှိပါတယ်...📢📢📢 စိတ်ပါဝင်စားသူများ 7.1.2025 ရက်နေ့နေ...
19/12/2024

ကျွန်တော်တို့ Hinthada KPSC မှာ အောက်ပါ လစ်လပ်နေရာများအတွက်ခေါ်ယူလျက်ရှိပါတယ်...📢📢📢 စိတ်ပါဝင်စားသူများ 7.1.2025 ရက်နေ့နောက်ဆုံးထားပြီး လာရောက်လျှောက်ထားဖို့ ဖိတ်ခေါ်ပါတယ်နော်🤗🤗
1. Outreach Worker Prevention (MSM)...ကျား.(2)ဦး
2. Outreach Worker Prevention (FSW)......မ(2) ဦး
3. Counselor.....(3)ဦး
4. Lab Assistant....(1)ဦး

Address

No. 1567, University Road, Myawaddy Qua, Hinthada Township
Ayeyarwaddy Division

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959771246671

Website

Alerts

Be the first to know and let us send you an email when Hinthada PYI GYI KHIN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share