Burmese ARMY Fundraising Team

Burmese ARMY Fundraising Team Let's show the power of BTS×ARMY!

17/04/2025

ဝမ်းသာမျက်ရည်ကျမိတယ် 🫂🥺

🌹
16/04/2025

🌹

🥀
15/04/2025

🥀

14/04/2025

စစ်တပ်အနေနဲ့ ပဇီကြီးအပါအဝင် နိုင်ငံတဝှမ်းမှာ ကလေးတွေပါ မချန် ပစ်ခတ်တဲ့အကြောင်း အယ်ဂျာဇီးရားနဲ့ အင်တာဗျူးမှာ ဇော်မင်းထွန်းက အတိအလင်း ဝန်ခံသွားပါတယ်။ နောင်တရတဲ့သဘောဝန်ခံတာမဟုတ်ဘဲ မိုက်ကြေးခွဲတဲ့ပုံစံနဲ့ ပြောသွားတာ ဖြစ်ပါတယ်။ (English Below)သတင်းသမားမေးတာက PDF တွေကို တိုက်ခိုက်တာလို့ ဘယ်လိုပဲဆိုဆို ကလေးတွေပါ အစိတ်စိတ်အမွှာမွှာဖြစ်ပြီး သေဆုံးကုန်တာကို ခင်ဗျား လက်ခံနိုင်သလားလို့ မေးတာပါ။ ဇော်မင်းထွန်းကတော့ မိုက်ကြေးခွဲတဲ့ မျက်နှာပေးနဲ့ " အဲ့ဒီတော့ " ဆိုတဲ့ စကားအစချီပြီး ပြန်ဖြေတာပါ။သူဖြေတာ အပြည့်အစုံကတော့➖ ကလေးတွေအများကြီး (သေကုန်တဲ့အထဲ) ပါတယ်ဆိုတာက သူတို့က သောင်းကျန်းသူအဖွဲ့အစည်းတွေနဲ့ ဆက်စပ်နေတဲ့ အုပ်စုတွေထဲ ပတ်သက်နေလို့ပါ။ အဲတော့ ဟုတ်တယ် ကျနော်တို့ တိုက်ခိုက်ခဲ့တယ်။➖ တိုက်ခိုက်မှုဆိုမှတော့ ဘေးထွက်ဆိုးကျိုးရှိမှာပဲလေ။ ဒါက စစ်ရဲ့သဘောပဲ။ ငြင်းဆန်လို့ မရပါဘူး။➖ ရှင်းပါတယ်။ အကြမ်းဖက်မှုတွေနဲ့ အကြမ်းဖက်သမားတွေကို မထောက်ခံရင် တိုက်ခိုက်ခံရစရာ အကြောင်းမရှိပါဘူး။သတင်းထောက်ကတော့ နိုင်ငံတကာမျက်နှာစာမှာဖြင့် စစ်ကောင်စီကိုပဲ ပြစ်တင်ရှုတ်ချနေတာပဲ၊ တရားတွေတောင် ဆွဲနေတယ်လို့ ပြန်ချေပသွားပါတယ်။ ကမ္ဘာပတ်လာတဲ့ သတင်းထောက်တောင် အံ့ဩတကြီးဖြစ်သွားပြီး စက်ဆုပ်သွားတာ အထင်းသားပါပဲ။ပြည်သူတွေအဖို့ကတော့ စစ်ကောင်စီ ဘယ်လောက်အထိ ရက်စက်ယုတ်မာတယ်ဆိုတာကို သိပြီးသားဖြစ်ပါတယ်။ အခုလို နိုင်ငံတကာမှာ တရားစွဲတာတွေ ရှိနေချိန်မှာ ဇော်မင်းထွန်းရဲ့ အတည်ပြုဝန်ခံချက်က သက်သေအကြီးကြီး ဖြစ်သွားမှာ ဖြစ်ပါတယ်။In an interview with Al Jazeera, Zaw Min Tun, the spokesperson for the military junta, explicitly acknowledged the military's attacks across the nation, including the incident in Pazigyi, which resulted in the deaths of civilians, including children. This admission was delivered not with remorse, but rather in a defiant manner.The journalist inquired whether, irrespective of the assertion that the operations targeted People's Defence Force (PDF) elements, it was acceptable that children were among those killed and horrifically maimed. Zaw Min Tun responded defiantly, reportedly commencing his reply with the phrase, "Therefore..."His complete response included the following points:"Regarding the presence of numerous children [among the deceased], it is because they were associated with groups connected to insurgent organizations. Therefore, yes, we conducted the attacks.""In any military operation, collateral damage is inevitable. That is the nature of war. This cannot be denied.""It is straightforward: if individuals do not support terrorism and terrorists, there is no reason for them to be targeted."The journalist countered that, on the international stage, it is the military that faces condemnation and is even subject to legal proceedings. It was apparent that the international journalist was visibly astonished and repulsed by the spokesperson's remarks.For the people of Myanmar, the extent of the military's brutality is already well understood. At a time when international legal actions are being pursued against the military, Zaw Min Tun's explicit confirmation serves as significant evidence.

14/04/2025

2007 ရဲ့ အမဲရောင်မှတ်တမ်းများ
သမိုင်းကို မြေလှန်ကြည့်လဲ ဘယ်စစ်အာဏာရှင်မှ ကောင်းခဲ့တာမရှိဘူး အကုန် အမျိုးယုတ်တွေ …

အစထဲက ကျောင်းက ခိုးတက်နေရပါတယ်ဆို ဘဘကြီးကောင်းမှုနဲ့ ထပ်ဖြေရဦးမယ် ☹️
12/04/2025

အစထဲက ကျောင်းက ခိုးတက်နေရပါတယ်ဆို ဘဘကြီးကောင်းမှုနဲ့ ထပ်ဖြေရဦးမယ် ☹️

စစ်ကိုင်းငလျင်လှုပ်ခတ်စဉ် မန္တလေးတက္ကသိုလ် မီးလောင်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာ ၄ သိန်း ခန့် မီးလောင်သွား၍ မန္တလေး၊ စစ်ကိုင်း၊ကချင်နှင့်နေပြည်တော်တို့တွင် စာမေးပွဲ ပြန်ဖြေခိုင်းမည်

ရန်ကုန်၊ ဧပြီ ၁၂

စစ်ကိုင်းငလျင်လှုပ်ခတ်စဉ် မန္တလေးတက္ကသိုလ် မီးလောင်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာ ၄ သိန်း ခန့် မီးလောင်ပျက်စီး၍ မန္တလေး၊ စစ်ကိုင်း၊ကချင်နှင့်နေပြည်တော်တို့တွင် စာမေးပွဲ ပြန်ကျင်းပရန် အကြမ်းဖက် မင်းအောင်လှိုင်က ညွှန်ကြားထားကြောင်း ပညာရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။

မတ် ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ စစ်ကိုင်းငလျင်ကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အပြင် နောက်ဆက်တွဲအဖြစ် မီးလောင်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါ မီးလောင်မှုကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်သို့ ရောက်ရှိလျက်ရှိသည့် ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများဖြစ်သည့် မန္တလေး တိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ ၄၆၉၄၄ ဦး၏ အဖြေလွှာအုပ်ရေ ၂၈၀၉၄၀ အုပ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ ၇၃၁၁ ဦး၏ အဖြေလွှာအုပ်ရေ ၄၃၈၂၇ အုပ်၊ ကချင် ပြည်နယ်မှ ဖြေဆိုသူဦးရေ ၈၆၉၉ ဦး၏ အဖြေလွှာအုပ်ရေ ၅၂၁၈၉ အုပ် စုစုပေါင်း အဖြေလွှာ ၄ သိန်းဝန်းကျင် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည်။

ထိုကဲ့သို့ အဖြေလွှာများ မီးလောင်ဆုံးရှုံးခဲ့သည့်အတွက် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် နေပြည် တော်ကောင်စီနယ်မြေအတွင်းမှ ဖြေဆိုခဲ့သည့် ကျောင်းသားကျောင်းသူများ၏ အဖြေလွှာများ မီးလောင် ပျက်စီးသွားခဲ့သည့်အတွက် စာမေးပွဲ ပြန်လည် ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်နိုင်ရန် မင်းအောင်လှိုင်က မတ်လ ၂၉ ရက်နေ့ မန္တလေး ခရီးစဉ်အတွင်း ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။

မန္တလေးတွင် လာမည့် မေလ ၁ ရက်နေ့ ကျောင်းသားကျောင်းသူများကို အနီးကပ် ၂ ပတ် ကျောင်းတက်ခိုင်းပြီး စာမေးပွဲ ပြန် လည် ဖြေခိုင်းရန် ကျောင်းသားမိဘများကို သက်ဆိုင်ရာ ကျောင်းများက ပြန်လည် ခေါ်ယူညှိနှိုင်း အသိပေးခဲ့ကြောင်း သိရှိရသည်။

"မန္တလေးမှာ ၁၂ တန်းကျောင်းသားကျောင်းသူတွေ စာမေးပွဲ ပြန်ဖြေရမယ်လို့ မန္တလေး အထက ၅ က ခေါ်ပြောပါတယ်။ မေလ ၁ ရက်နေ့ကစပြီး ၂ ပတ် ကျောင်းတက်ရမယ်။ ပြီးရင် စာမေးပွဲ ပြန်ဖြေရမယ်။ အဓိကက အဖြေလွှာတွေ မီးလောင်တဲ့အထဲ ပါသွားလို့တဲ့။ ကလေးတွေက ငလျင်ဒဏ်သင့်ရတဲ့အထဲ စာမေးပွဲ ပြန်ဖြေရမယ်ဆိုတော့ မိဘရော ကျောင်းသားကျောင်းသူရော အကုန်စိတ်ဆင်းရဲနေရတယ်" ဟု မန္တလေး အမှတ် ၅ အခြေခံပညာ အထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်းဖြေဆိုထားသော ကျောင်းသားတစ်ဦး၏ မိဘက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ကိုယ့်ကျင့်စာရိတ္တလဲ ပြောစရာမလိုဘူး ခေါင်းဆောင်ကောင်းပီသတယ် ဒီလိုလူက ပြောရင် ပြောတဲ့အတိုင်း ဖြစ်အောင်လုပ်နိုင်စွမ်းရှိတယ...
10/04/2025

ကိုယ့်ကျင့်စာရိတ္တလဲ ပြောစရာမလိုဘူး ခေါင်းဆောင်ကောင်းပီသတယ် ဒီလိုလူက ပြောရင် ပြောတဲ့အတိုင်း ဖြစ်အောင်လုပ်နိုင်စွမ်းရှိတယ် ဗိုလ်ချုပ်ဆီကနေလဲ အတုယူစရာတွေချည်းပါပဲ…🫡🌹

တပ်မ ၇၇ ဆိုရင်ကို အရိုးစွဲတဲ့အထိ မှတ်မိနေခဲ့တာပေါ့ ဘာပဲဖြစ်"ဒါဟာ နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှူမှတ်တိုင်တွေထဲက တစ်ခုပဲ...
10/04/2025

တပ်မ ၇၇ ဆိုရင်ကို အရိုးစွဲတဲ့အထိ မှတ်မိနေခဲ့တာပေါ့ ဘာပဲဖြစ်"ဒါဟာ နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှူမှတ်တိုင်တွေထဲက တစ်ခုပဲ 🫡🌹

စောစောစီးစီး ဒါမျိုးတွေမရှယ်ချင်ပေမယ့်လည်း…😢
10/04/2025

စောစောစီးစီး ဒါမျိုးတွေမရှယ်ချင်ပေမယ့်လည်း…😢

Address

Choa Chu Kang

Alerts

Be the first to know and let us send you an email when Burmese ARMY Fundraising Team posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Burmese ARMY Fundraising Team:

Share