Associations of United Nationalities In Japan

Associations  of United Nationalities In Japan Freedom and Equally for human rights and go for federals democracy union in myanmar

ကိုမွန်းအောင်ပွဲရှိတယ်… (日本語版下にございます)Melody of Freedom Page မှာလက်မှတ် လာဝယ်သူ တယောက်ကပြောတယ် လူတွေအများကြီးမသိကြဖူး လူတ...
08/05/2026

ကိုမွန်းအောင်ပွဲရှိတယ်… (日本語版下にございます)

Melody of Freedom Page မှာလက်မှတ် လာဝယ်သူ တယောက်ကပြောတယ်
လူတွေအများကြီးမသိကြဖူး လူတွေသိအောင်လုပ်ပါတဲ့
ဒီလို အဆိုတော်ကြီး ဂျပန်လာတုန်းနားမထောင်လိုက်ကြရင် ခွန်အားမယူနိုင်လိုက်ကြရင် နှမြောစရာကြီးတဲ့

ကိုမွန်းအောင်ဆိုတာဘယ်သူလဲ “အရေးကြီးပြီ “သီချင်းရဲ့မူလအဆိုတော်
၈၈၈၈ အရေးတော်ပုံမှသည် ယခုနွေဦးတော်လှန်ရေးအထိ အရွယ်အလိုက် ဒေါင်ဒေါင်မြည်ခဲ့တဲ့ပြည်သူ့ဘက်တော်သားအဆိုတော်ကြီး၊
အရေးကြီးပြီ ငြိမ်းချမ်းရေးတိုက်ပွဲ သွေးမုန်တိုင်းလို တော်လှန်ရေး သီချင်းတွေသာမက
သူဆိုခဲ့တဲ့ သီချင်းတွေကအများကြီး စောစောစီးစီးတိုင်းပြည်ထဲက ထွက်သွားခဲ့ရလို့ လူကိုမသိ မူရင်းအဆိုတော်မှန်းမသိရင်တောင်
ရိုးရိုးလေး
ဝတ်မှုန်
သဇင်ကြွေတဲ့ဆောင်း
ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေ
၈/၈၂ အင်းလျား
….. အစရှိသဖြင့် ပြန်ဆိုသူတွေများလို့နားယဉ်နေကြမယ့်သီချင်းတွေပါ

📍 2026-5-24(Tokyo)
2026-5-31(Nagoya)
2026-6-7 (Okinawa)
၃ပွဲရှိပါမယ်

📍လက်မှတ်ဝယ်ယူနိုင်တဲ့ အဖွဲ့အစည်းများ

လက်မှတ်ဝယ်ယူတာ မြန်ဆန်ချောမွေ့စေဖို့အတွက် Page များကို ဆက်သွယ်တဲ့အခါ
- အမည်
- Email Address
- လက်မှတ် အမျိုးအစား
- လက်မှတ် အစောင်ရေ
လေး ပြောပေးပါနော် 🤗

コー・ムンアウンの公演があります。
Melody of Freedomのページでチケットを購入した方の一人がこう言っていました。
「まだ多くの人が知らないから、もっと広く知らせてほしい。
こんな偉大な歌手が日本に来ているのに聴かずに終わったら、力をもらえないなんてもったいない」と。
コー・ムンアウンとは誰か?
「アレイェーチー(အရေးကြီးပြီ)」のオリジナル歌手です。
1988年の民主化運動(8888)から現在の春の革命に至るまで、時代ごとに人々と共に歩み続けてきた、民衆側に立つ偉大な歌手です。
「アレイェーチー」「平和の闘い」「血の嵐のような革命」などの革命歌だけでなく、彼が歌ってきた曲は数多くあります。
彼は早い時期に国外へ出たため、本人を知らなくても、オリジナル歌手だと知らなくても、
・「ヨーヨー(ရိုးရိုးလေး)」
・「ワットムン(ဝတ်မှုန်)」
・「タジンが散る冬(သဇင်ကြွေတဲ့ဆောင်း)」
・「母よ、借りを返させて(ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေ)」
・「8/82 インヤー」
など、多くの人がカバーで聴き慣れている曲ばかりです。
【公演日程】
・2026年5月24日(東京)
・2026年5月31日(名古屋)
・2026年6月7日(沖縄)
→ 全3公演予定
【チケット購入方法】
各団体のページに連絡する際は、以下をお知らせください:
・氏名
・メールアドレス
・チケットの種類
・枚数
【東京公演 詳細】
・日付:2026年5月24日(日)
・時間:15:00〜19:00(開場 13:00)
・会場:国立オリンピック記念青少年総合センター
・住所:東京都渋谷区代々木神園町3-3

1-Melody of Freedom
https://www.facebook.com/share/1EozaV7bLw/?mibextid=wwXIfr

2-日本からのつなぐ手
https://www.facebook.com/share/1CgaPKrwBs/?mibextid=wwXIfr

3-AUN
https://www.facebook.com/share/1DhfSgvf4K/?mibextid=wwXIfr

4-Connect
https://www.facebook.com/profile.php?id=100075923978022

5-GenY for Revolution - Japan
https://www.facebook.com/GenYForRevolutionJapan

6-KONNECT
https://www.facebook.com/konnect121

7-Mon Youth For Federal Democracy

https://www.facebook.com/share/g/16rahQJkJV/?mibextid=wwXIfr

8-MYSA
https://www.facebook.com/mysajapan

9-People’s Hope Spring Revolution
https://www.facebook.com/peopleshopespringrevolution

10-Revolution Tokyo Myanmar (R.T.M)
https://www.facebook.com/share/18peKrG8T1/?mibextid=wwXIfr

11-Try Together At Japan ( TTAJ )
https://www.facebook.com/trytogetheratjapan

12-WART
https://forms.gle/kbohgbheuVXvMgw36

13-We For All
https://www.facebook.com/WeForAll.2012

14-Yaw Funding Japan
https://www.facebook.com/share/18JGsWH1vS/?mibextid=wwXIfr

15-နွေဦးစာချုပ်
https://www.facebook.com/japan.bonds

16-အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးကော်မတီ
ဂျပန်ဌာနခွဲ
https://www.facebook.com/share/1AqrtiGd8B/?mibextid=wwXIfr

📍Date: May 24, 2026 (Sun)
📍Time: 15:00-19:00 (Gates Open 13:00)
📍Venue: National Olympics Memorial Youth Center
📍Address: 3-3 Yoyogikamizonocho, Shibuya, Tokyo

https://maps.app.goo.gl/vzeeYCq4mQZ1Zes68?g_st=ic


#သံစဉ်တွေနဲ့အတူ
#မွန်းအောင်

Mun Awng "Melody of Freedom" Music Concert  လက်မှတ်များ စတင်ဝယ်ယူနိုင်ပါပြီ ✨လက်မှတ်အမျိုးအစားကတော့ ၄ မျိုးရှိပါတယ်- ဝတ်...
06/05/2026

Mun Awng "Melody of Freedom" Music Concert လက်မှတ်များ စတင်ဝယ်ယူနိုင်ပါပြီ ✨

လက်မှတ်အမျိုးအစားကတော့ ၄ မျိုးရှိပါတယ်
- ဝတ်မှုန် ¥15,000
- မိုးလုံးမှိုင်း ¥10,000
- ရင်ခတ်အလွမ်း ¥7,000
- ရိုးရိုးလေး ¥5,000
လက်မှတ်နံမည်ကြားရုံနဲ့ သီချင်းလေးညည်းချင်လာပါပြီနော် ♬

📍လက်မှတ်ဝယ်ယူနိုင်တဲ့ အဖွဲ့အစည်းများ

လက်မှတ်ဝယ်ယူတာ မြန်ဆန်ချောမွေ့စေဖို့အတွက် Page များကို ဆက်သွယ်တဲ့အခါ
- အမည်
- Email Address
- လက်မှတ် အမျိုးအစား
- လက်မှတ် အစောင်ရေ
လေး ပြောပေးပါနော် 🤗

1-Melody of Freedom
https://www.facebook.com/share/1EozaV7bLw/?mibextid=wwXIfr

2-日本からのつなぐ手
https://www.facebook.com/share/1CgaPKrwBs/?mibextid=wwXIfr

3-AUN
https://www.facebook.com/share/1DhfSgvf4K/?mibextid=wwXIfr

4-Connect
https://www.facebook.com/profile.php?id=100075923978022

5-GenY for Revolution - Japan
https://www.facebook.com/GenYForRevolutionJapan

6-KONNECT
https://www.facebook.com/konnect121

7-Mon Youth For Federal Democracy

https://www.facebook.com/share/g/16rahQJkJV/?mibextid=wwXIfr

8-MYSA
https://www.facebook.com/mysajapan

9-People’s Hope Spring Revolution
https://www.facebook.com/peopleshopespringrevolution

10-Revolution Tokyo Myanmar (R.T.M)
https://www.facebook.com/share/18peKrG8T1/?mibextid=wwXIfr

11-Try Together At Japan ( TTAJ )
https://www.facebook.com/trytogetheratjapan

12-WART
https://forms.gle/kbohgbheuVXvMgw36

13-We For All
https://www.facebook.com/WeForAll.2012

14-Yaw Funding Japan
https://www.facebook.com/share/18JGsWH1vS/?mibextid=wwXIfr

15-နွေဦးစာချုပ်
https://www.facebook.com/japan.bonds

16-အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးကော်မတီ
ဂျပန်ဌာနခွဲ
https://www.facebook.com/share/1AqrtiGd8B/?mibextid=wwXIfr

📍Date: May 24, 2026 (Sun)
📍Time: 15:00-19:00 (Gates Open 13:00)
📍Venue: National Olympics Memorial Youth Center
📍Address: 3-3 Yoyogikamizonocho, Shibuya, Tokyo

https://maps.app.goo.gl/vzeeYCq4mQZ1Zes68?g_st=ic


#သံစဉ်တွေနဲ့အတူ
#မွန်းအောင်

ဂျပန်အစိုးရအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)ကို အသိအမှတ်ပြုပြီး ထောက်ခံအားပေးဖို့...
16/04/2026

ဂျပန်အစိုးရအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)ကို အသိအမှတ်ပြုပြီး ထောက်ခံအားပေးဖို့နှင့် အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲရလဒ်နှင့် ဟန်ပြအစိုးရကို လုံးဝလက်မခံဖို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့မှာ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ခံအား ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ အချက်၅ချက်ပါ အောက်ပါတောင်းဆိုစာအား ပေးအပ်ကာ အပြန်အလှန်ဆွေးနွေးခဲ့ပါတယ်။

(၁) ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)ကို အသိအမှတ်ပြု ချိတ်ဆက်ကာ ပူးပေါင်းဆောင်ရွက်ပေးပါရန်

(၂) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်ပေးဖို့ စစ်တပ်ကို ဖိအားပေးပေးပါရန်

(၃) ကျားမ မရွေး ကလေးသူငယ်ပါမကျန် ဗုံးကြဲ ၊ ရွာလုံးကျွတ်မီးရှို့သတ်ဖြတ်အကြမ်းဖက်ခြင်းကို ထပ်ခါထပ်ခါပြုလုပ်နေတဲ့ အကြမ်းဖက်စစ်တပ် ၊ စစ်တပ်ရဲ့ဒေါက်တိုင်များ၊ ဦးပိုင်ကုမဏီနှင့် စစ်တပ်ဆက်စပ်ကုမဏီလုပ်ငန်းများကို စီးပွါးရေးအရ ပိတ်ဆို့အရေးယူပေးပါရန်

(၄) ၃.၇သန်းကျော်အထိ တိုးပွါးများပြားလာနေတဲ့ စစ်ဘေးရှောင်များကို ကူညီပေးပါရန်

(၅) အမှန်တရားနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်းနေတဲ့ မြန်မာပြည်သူတွေကို ကူညီပေးပါရန် တောင်းဆိုခဲ့ပါတယ်။

ဒီအပြင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေနှင့် အဆက်အသွယ်မရသည့်အပေါ် အလွန်စိုးရိမ်ပူပန်နေလို့ ဂျပန်အစိုးရအနေနဲ့ ကူညီပေးဖို့ ၊ SCEF ကိုအပြည့်အဝ ထောက်ခံ အားပေးကူညီဖို့ ၊ ဆာဆာဂါဝါ မြန်မာပြည်သွားပြီး မအလ သမ္မတကျမ်းကျိန်ပွဲတက်ရောက်တာနှင့် မြန်မာ့အရေးနဲ့ တိုင်းရင်းသားတွေကြားမှာ ဝင်ရောက်နှောက်ယှက်မှာ စိုးရိမ်ကြောင်းနှင့် ဂျပန်အစိုးရအနေနဲ့ ဆာဆာဂါဝါ လမ်းကြောင်းကိုမသုံးဖို့ ၊ သူမှတဆင့် မြန်မာ့အရေးမှာ မပါဝင်ဖို့ တောင်းဆိုခဲ့ပါတယ်။

#ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီကို_ဝန်းရံစို့

ဂျပန်အစိုးရမှ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)အား အသိအမှတ်ပြု၍ ပူးပေါင်းဆောင်ရွက်ပေးရန် တ...
15/04/2026

ဂျပန်အစိုးရမှ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)အား အသိအမှတ်ပြု၍ ပူးပေါင်းဆောင်ရွက်ပေးရန် တောင်းဆိုသည့် လှုပ်ရှားမှုကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့ (ဧပြီလ ၁၆ရက်နေ့)တွင် ပြုလုပ်သွားပါမည်။

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ သဘောထားတောင်းဆိုစာကိုလည်း ဂျပန်အစိုးရထံ ပေးအပ်တောင်းဆိုသွားပါမည်။

နိုင်ငံရေးအရ အလွန်အရေးကြီးသည့် ကာလတွင် ဖွဲ့စည်းခဲ့သည့် (SCEF) ကို ထောက်ခံကြိုဆိုခြင်းနဲ့အတူ အတုအယောင် ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် အရပ်သားအသွင်ပြောင်း အကြမ်းဖက်စစ်အုပ်စုအား အသိအမှတ်မပြုကြောင်းပြသသည့် ဆန္ဒထုတ်ဖော်ပွဲမှာ အင်တိုက်အားတိုက် လာရောက်ပူးပေါင်းပေးဖို့ ဖိတ်ခေါ်အပ်ပါသည်။

နေ့ရက် ။ ။ 16.4.2026 (Thursday)
အချိန် ။ ။ 15:00 ~ 16:30
နေရာ ။ ။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့
ဘူတာ ။ ။ Katsumigaseki ဘူတာ(Tokyo)
လိပ်စာ ။ ။ 2-2-1 Kasumigaseki, Chiyoda-ku, Tokyo

#ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီကို_ဝန်းရံစို့

မင်္ဂလာပါခင်ဗျာ…၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ (၂၅)ရက်နေ့တွင် ညီညွတ်သော တိုင်းရင်းသားများအဖွဲ့အစည်း (AUN-Japan)မှ ကြီးမှူး ကျင်း...
21/02/2026

မင်္ဂလာပါခင်ဗျာ…

၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ (၂၅)ရက်နေ့တွင် ညီညွတ်သော တိုင်းရင်းသားများအဖွဲ့အစည်း (AUN-Japan)မှ ကြီးမှူး ကျင်းပခဲ့သော “တော်လှန်အင်အား ဖက်ဒရယ်ဖလား” ဘောလုံးပြိုင်ပွဲမှ ရရှိလာသော ရန်ပုံငွေများကို ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ ပလောင်၊ ပအိုဝ်းဒေသများသို့ ညီတူညီမျှခွဲဝေပြီး မြေပြင်သို့ အကုန်ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း တင်ပြအပ်ပါတယ်။

ဂျပန်ရောက် ဘောလုံးဝါသနာရှင်ညီအကိုများနှင့် အဘက်ဘက်မှ ကူညီပါဝင်အားဖြည့်ပေးခဲ့သော လူပုဂ္ဂိုလ် တစ်ဦးချင်းဆီကို လေးစားဂုဏ်ယူ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

အရေးတော်ပုံအောင်ရမည်…!!!

(၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့ ကျင်းပပြုလုပ်၂၀၂၆ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ (၂၀)ရက်နေ့တွင် ကျရောက်သော (၇၈)နှစ်မြောက် ချင်းအမျ...
20/02/2026

(၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့ ကျင်းပပြုလုပ်

၂၀၂၆ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ (၂၀)ရက်နေ့တွင် ကျရောက်သော (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း(AUN-Japan)မှ ဥက္ကဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက် ဂုဏ်ပြုခဲ့ကြကာ ဥက္ကဌ ကိုသံလွင်ဦးမှ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက်ဒီမိုကရေစီသမိုင်းတွင် ချင်းတိုင်းရင်းသားတို့သည် တိုင်းပြည်နှင့် လူမျိုးအတွက် ရှေ့ဆုံးမှ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ယနေ့နွေဦးတော်လှန်ရေးကာလတွင်လည်း အခြားသော တော်လှန်ရေး အင်အားစုများနှင့်အတူ လက်တွဲကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါတယ်။ ချင်းတိုင်းရင်းသားတို့သည် ချင်းဒေသအတွက် တူမီးတော်လှန်ရေးမှ အစပြု၍ အောင်ပွဲများစွာကို ဆောင်ကြဉ်းပေးခဲ့ပြီး လွတ်မြောက်နယ်မြေများစွာကို ပိုင်ဆိုင်ထားကာ မကြာမီအချိန်မှာလည်း ချင်းဒေသတစ်ခုလုံး စစ်အာဏာရှင်စနစ်ကင်းစင်သည့် နယ်မြေအဖြစ်သို့ ရောက်ရှိနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်မိပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ တိုက်ပွဲအတွင်း မိမိတို့အသက်ကိုပဓာနမထားပဲ စစ်အာဏာရှင်ကို တွန်းလှန်ရင်း ကျဆုံးသွားခဲ့ကြရသော ချင်းအမျိုးသား အာဇာနည်ခေါင်းဆောင်များကိုလည်း ဤနေရာမှနေ၍ ဂုဏ်ပြုဦးညွတ် အလေးပြုပါတယ်။

ချင်းတိုင်းရင်းသားတို့၏ အမျိုးသားအမှတ်တံဆိပ် အောက်ချင်းငှက်၏ အဓိပ္ပာယ်ဖြစ်သော လူမျိုးနှင့် မျိုးနွယ်စုကို ကာကွယ်စောင့်ရှောက်သော၊ မေတ္တာတရားကြီးမားပြီး သစ္စာရှိသော၊ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်သော စသည့် စိတ်ဓာတ်များကိုကိုင်စွဲပြီး အမျိုးသားခေါင်းဆောင်ကြီးများ၏ မပြီးပြတ်သေးသော တော်လှန်ရေးတာဝန်များကို မိမိတို့မှ လက်ဆင့်ကမ်းတာဝန်ယူရင်း လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု ထွန်းကားသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ဆီသို့ မျှော်ရည်ရင်း စစ်အာဏာရှင်စနစ် ကျရှုံးသည်အထိ စည်းလုံးညီညွတ်စွာဖြင့် ရှေ့ဆက်ချီတက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်၂၀၂၆ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ ၈ရက်ညီညွတ်သော တိုင်းရင်းသားများ...
08/02/2026

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်

၂၀၂၆ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ ၈ရက်

ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့အစည်း (AUN-Japan)မှ ကြီးမှူးပြီး (၇၉)ကြိမ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ၂၀၂၆ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ ၈ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ထိုအခမ်းအနားတွင် တိုင်းရင်းသားအဖွဲ့အစည်း အသီးသီးမှ နာယကကြီးများများ တက်ရောက်ဂုဏ်ပြုခဲ့ကြပြီး ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့အစည်း AUN ဥက္ကဌ ကိုသံလွင်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ကာ အထူးဧည့်သည်တော်များအဖြစ် အမျိုးသား ညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်တော်ကြီး ဦးစောဘလှသိန်းနှင့် ယခင်အောက်လွှတ်တော်အမတ် နှင့် မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးသော လွှတ်တော် အမတ်များသမဂ္ဂဥက္ကဌ Mr. NAKAGAWA MASAHARUတို့တက်ရောက်ကာ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များက ဆွေးနွေးဟောပြောခဲ့ကြပါတယ်။

ထို့နောက် တိုင်းရင်းသား အကအလှများဖြင့် ဧည့်ပရိတ်သတ်များအား ဖျော်ဖြေ တင်ဆက်ခဲ့ကြပြီး ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့အစည်း (AUN-Japan)၏ ဒုတိယဥက္ကဌ ကိုဇော်သန်းနိုင်မှ ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြပါတယ်။

📸 ကိုမျိုးမျိုး (Suzuki San)

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား      ဓါတ်ပုံများ။နေ့ရက်။    ။ ၂၀၂၆ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ (၈)ရက်အချိန်။    ။ နေ့လည်၂...
08/02/2026

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား
ဓါတ်ပုံများ။

နေ့ရက်။ ။ ၂၀၂၆ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ (၈)ရက်

အချိန်။ ။ နေ့လည်၂:၀၀မှ ညနေ၆နာရီအထိ

နေရာ။ ။ Minamiotsuka Hall 南大塚ホール
〒170-0005 Tokyo, Toshima City, Minamiotsuka, 2 Chome−36−1 都営南大塚二丁目アパート

“(၇၉)နှစ်မြောက် ရှမ်းအမျိုးသားနေ့အား ကြိုဆိုဂုဏ်ပြုပါတယ်”ယနေ့သည် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားပေါင်းစုံတို့၏ တန်းတ...
07/02/2026

“(၇၉)နှစ်မြောက် ရှမ်းအမျိုးသားနေ့အား ကြိုဆိုဂုဏ်ပြုပါတယ်”

ယနေ့သည် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားပေါင်းစုံတို့၏ တန်းတူညီမျှမှု၊ မိမိတို့ကံကြမ္မာကို ဖန်တီးပြဌာန်းနိုင်ခွင့်တို့အတွက် စည်းလုံးညီညွတ်စွာဖြင့် သမိုင်းဝင်သော ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ကြသည့် (၇၉)နှစ်မြောက် ရှမ်းအမျိုးသားနေ့တစ်နည်းအားဖြင့် ရှမ်းပြည်နယ်နေ့ ဖြစ်ပါသည်။

၁၉၄၇ခုနှစ်၊ သမိုင်းဝင်ပင်လုံညီလာခံအတွင်း ပင်လုံမြို့၌ ရှမ်းစော်ဘွားများနှင့် ပြည်သူ့ကိုယ်စားလှယ်များ စုပေါင်း၍ ရှမ်းပြည်ကောင်စီကို ဖွဲ့စည်းကာ ရှမ်းအမျိုးသားနေ့၊ အမျိုးသားသီချင်းနှင့် အလံတော်တို့ကို အတည်ပြုသတ်မှတ်နိုင်ခဲ့ခြင်းသည် ရှမ်းပြည်သူတို့၏ အမျိုးသားရေးလက္ခဏာကို ကမ္ဘာသိအောင် ပြသနိုင်ခဲ့သည့် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပါသည်။

ဤနေ့ထူးနေ့မြတ်တွင် ရှမ်းပြည်အတွင်း နေထိုင်ကြသော တိုင်းရင်းသား ညီအကိုမောင်နှမများ၊ တော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထုတစ်ရပ်လုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ (AUN-Japan)မှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။

第79回 ミャンマー連邦記念日式典のご案内在日ビルマ少数民族協議会(AUN-Japan)の主催により、日本における第79回ミャンマー連邦記念日式典を、下記のとおり盛大に開催いたします。つきましては、在日ミャンマー国民の皆さま、各民族団体の皆...
04/02/2026

第79回 ミャンマー連邦記念日式典のご案内

在日ビルマ少数民族協議会(AUN-Japan)の主催により、
日本における第79回ミャンマー連邦記念日式典を、下記のとおり盛大に開催いたします。

つきましては、在日ミャンマー国民の皆さま、各民族団体の皆さま、
ならびに春の革命に積極的に取り組んでおられる日本の各団体の皆さまに、
本式典へぜひご参加・ご協力をいただけますようお願い申し上げます。

      記

日 時:2026年2月8日(日)
時 間:14:00 ~ 18:00
     ※13:30より会場へご入場いただけます。

会 場:南大塚ホール
住 所:〒170-0005
     東京都豊島区南大塚2丁目36−1

皆さまのご来場を、心よりお待ちしております。

在日ビルマ少数民族協議会(AUN-Japan)

住所

Toshima, Tokyo

ウェブサイト

アラート

Associations of United Nationalities In Japanがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する

カテゴリー