Samurai Nway Oo Kyaw

Samurai Nway Oo Kyaw Samurai Nway Oo Kyaw, コミュニティセンター, Tokyoの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

ဂျပန်နိုင်ငံတွင် နေထိုင်နေသော မြန်မာနိုင်ငံသားများအတွက်အခက်အခဲများ၊လိမ်လည်မူများနှင့်ဗီဇာဆိုင်ရာသတင်းအချက်အလက်များကိုမျှဝေရန်နှင့်လိုအပ်ပါကအကူအညီပေးရန် ရည်ရွယ်၍ ဖန်တီးထားသော page ဖြစ်ပါသည်။

2026-03-19 ရက်နေ့ တိုကျို လဝကတွင် နံနက် ၀၈:၀၀မှ စ၍ ယခုအချိန်ထိ လူပေါင်း (၅၀)ဦးခန့်အားကူညီဆောင်ရွက်ပေးလျက် ရှိနေပါသည်။“အခ...
19/03/2026

2026-03-19 ရက်နေ့ တိုကျို လဝကတွင် နံနက် ၀၈:၀၀မှ စ၍ ယခုအချိန်ထိ လူပေါင်း (၅၀)ဦးခန့်အား
ကူညီဆောင်ရွက်ပေးလျက် ရှိနေပါသည်။

“အခြေအမြစ်မရှိရေးသူများ”
သတိထား ဆင်ခြင်ရေးသားနိုင်ကြပါစေ။

10/03/2026
📢 ဂျပန်ရောက် မြန်မာများ သတိထားပါမကြာသေးခင်က ဂျပန်ရောက် မြန်မာများထံမှ အကူညီတောင်းခံမှုများအရလိမ်လည်ခံရတဲ့ ဖြစ်ရပ်များ မျ...
08/03/2026

📢 ဂျပန်ရောက် မြန်မာများ သတိထားပါ
မကြာသေးခင်က ဂျပန်ရောက် မြန်မာများထံမှ အကူညီတောင်းခံမှုများအရ
လိမ်လည်ခံရတဲ့ ဖြစ်ရပ်များ များလာနေပါတယ်။
အထူးသဖြင့် အသစ်ရောက်လာသူများ သတိထားဖို့ ဒီစာကို မျှဝေပေးလိုက်ပါတယ်။

(၁) အိမ်ငှားအမည်နဲ့ လိမ်လည်မှု
ဂျပန်မှာ အနေကြာနေတဲ့ လူတချို့က
“အိမ်ပြန်အပ်တော့မယ်အိမ်ကို ယူထားပြီး
👉 စပေါ်ငွေ တောင်း
👉 အိမ်လခ ၁၅သောင်း / ၁၆သောင်း တောင်း
ပြီးတော့ ပိုက်ဆံယူပြီး လိမ်ကြပါတယ်။
တချို့ကတော့ ငွေလဲဖို့နေရာမသိတော့
“ဒေါ်လာလဲပေးမယ်”
“ငွေသိမ်းထားပေးမယ်”
ဆိုပြီး ပိုက်ဆံယူပြီး ပြန်မပေးတာမျိုးပါ ဖြစ်နေပါတယ်။
ဆိုးတာက
မိသားစုဆွေမျိုးကြားမှာတောင် လိမ်လည်မှုတွေ ဖြစ်နေပါတယ်။

(၂) “သူငယ်ချင်းရဲ့ သူငယ်ချင်းပါ”
ဆိုပြီး မိတ်ဆက်ပေးလို့ပါဆိုပြီး
ဂျပန်မလာခင်ထဲကရော ခုရောက်တဲ့အချိန်ထိပါ နေ့တွက်ခဆိုပြီး
👉 တနေ့ ၃သောင်းပေးရမယ်
👉 လေးလေးဆီလိုက်ပို့ပေးမယ်
ဆိုပြီး မတ်တပ်ရပ်ပေးခ ဆိုတဲ့ အကြောင်းပြချက်နဲ့
ငွေတောင်းတဲ့ ဖြစ်ရပ်တွေ ရှိနေပါတယ်။

(၃) Facebook ပေါ်က လူကို ယုံပြီး ငွေလွှဲခြင်း
ငွေလွှဲလုပ်ငန်းလုပ်သူတယောက်ဆီကို
လူတယောက်က ဖုန်းဆက်လာပြီး
👉 “Online ပေါ်က သိတဲ့သူက ငွေလွှဲလက်ခံမယ်”
👉 “သောင်း၃၀ လောက်လိုပါတယ်”
ဆိုပြီး သူငယ်ချင်း ၂ ယောက် စုပြီး
💴 သောင်း၆၀ လွှဲပေးလိုက်ပါတယ်
ဒါပေမယ့်
❌ လိပ်စာ မသိ
❌ ဖုန်းနံပါတ် မသိ
❌ လူကိုလည်း မတွေ့ဖူး
Facebook ပေါ်မှာပဲ သိတဲ့သူ ဖြစ်ပါတယ်။

⚠️ အရေးကြီးတဲ့ သတိပေးချက်
ဂျပန်ရောက် မြန်မာများအနေနဲ့
✔ အိမ်ငှားရာမှာ contract မရှိဘဲ မယုံပါနဲ့
✔ မသိတဲ့သူကို ပိုက်ဆံ မလွှဲပါနဲ့
✔ Facebook ပေါ်က လူကို အလွယ်တကူ မယုံပါနဲ့
🙏 ဒီ post ကို share လုပ်ပေးပါ
ဂျပန်ရောက် မြန်မာအသစ်တွေ မလိမ်ခံရအောင် ကာကွယ်နိုင်ပါတယ်။

💬 Comment မှာ ပြောပေးပါနော်
သင်ရော ဂျပန်မှာ
အဲ့လို လိမ်လည်မှု ကြုံဖူးလား?

住所

Tokyo
100-0001

ウェブサイト

アラート

Samurai Nway Oo Kyawがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する