Revolution Tokyo Myanmar - R.T.M

Revolution Tokyo Myanmar - R.T.M Official Revolution Tokyo Myanmar Page

🎂 လူထုခေါင်းဆောင် အမေဒေါ်အောင်ဆန်းစုကြည်၏  (၈၁) နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်ပွဲ🎂 မတရားမှုတွေရှေ့မှာ ဒူးမထောက်ဘဲ ပြည်သူနဲ...
06/06/2026

🎂 လူထုခေါင်းဆောင် အမေဒေါ်အောင်ဆန်းစုကြည်၏ (၈၁) နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်ပွဲ🎂

မတရားမှုတွေရှေ့မှာ ဒူးမထောက်ဘဲ ပြည်သူနဲ့အတူ ရပ်တည်နေတဲ့ ပြည်သူ့အမေ...
ယခုအချိန်ထိတိုင်အောင်လည်း အမေဘယ်မှာလည်း ဆိုတဲ့ အထောက်အထားကို ပြည်သူတွေအနေနဲ့ မရရှိကြသေးပါဘူး🌹✨

ယခုလို မိမိကိုယ်ကျိုးထက် ပြည်သူတွေရဲ့ကောင်းကျိုးကိုသာ ရွေးချယ်ခဲ့တဲ့ အမေစုရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အား ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ တော်လှန်ရေးအတွက် ရန်ပုံငွေ ဆက်လက်ပံ့ပိုးနိုင်ရန်အတွက်လည်းကောင်း ကျင်းပပြုလုပ်မည့် "အမေဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့ပွဲ" Online လက်မှတ်များကို ယနေ့မှစတင်၍ ဝယ်ယူအားပေးနိုင်ပါပြီ။

🪙 ၈၁ နှစ်ပြည့် မွေးနေ့ပွဲ ဝင်ခွင့်လက်မှတ် - 1500¥
🎟️ ကံစမ်းမဲအစီအစဉ် - ကြိုတင်လက်မှတ်ဝယ်ယူသူများအတွက် အထူးကံစမ်းမဲများ ပါဝင်ပါမည်။

🍜 စတုဒိသာ - မိမိကြိုက်နှစ်သက်ရာ စတုဒိသာ (၂) မျိုးအထိ သုံးဆောင်နိုင်ခွင့် ပါဝင်ပါသည်။

📍 ပွဲကျင်းပမည့် အချိန်နှင့် နေရာ
📅 နေ့ရက် - 2026/07/12 (Sunday)
⏰ အချိန် - 14:00~19:00
🏢 နေရာ - Global Ring ( Ikebukuro West Exit )

အမေစုရဲ့ (၈၁) နှစ်ပြည့် မွေးနေ့မှသည် ကျန်းကျန်းမာမာနှင့် မတရားအကျဉ်းချခံနေရသော အချုပ်အနှောင်မှ အမြန်ဆုံး ပြန်လည်လွတ်မြောက်စေရန် ဆုမွန်ကောင်းတောင်းရင်း ဂျပန်ရောက်မြန်မာမိသားစုများအားလုံး အတူတကွ ဆင်နွှဲကြရန် နွေးထွေးစွာ ဖိတ်ကြားအပ်ပါသည်။ 🤝❤️

🌹 လက်မှတ်ဝယ်ယူနိုင်သော အဖွဲ့အစည်းများကို comment တွင်ကြည့်ရှုနိုင်ပါသည် ။

ဇွန်လ ၁၉ရက်နေ့တွင် ၈၁ နှစ်ပြည့်မည့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် အမေစုအပါ...
02/06/2026

ဇွန်လ ၁၉ရက်နေ့တွင် ၈၁ နှစ်ပြည့်မည့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် အမေစုအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ဖို့ ဆုတောင်းပွဲနှင့် Proof Of Life လှုပ်ရှားမှုကို ပြုလုပ်သွားပါမည် ။

ရက်စွဲ ။ ။ ဇွန်လ ၁၉ရက် (သောကြာနေ့)
အချိန် ။ ။ ညနေ ၆နာရီမှ ညနေ ၈နာရီ အထိ။
နေရာ ။ ။ Shinjukuဘူတာ South Exit ရှေ့ ။

ဇွန်လ ၁၉ရက်နေ့တွင် ၈၁ နှစ်ပြည့်မည့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် အမေစုအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ဖို့ ဆုတောင်းပွဲနှင့် Proof Of Life လှုပ်ရှားမှုကို ပြုလုပ်သွားပါမည် ။

မတရားဖမ်းဆီး အကျဉ်းချခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား၂ သောင်းကျော် ကို မတရားအကျဉ်းချထားခြင်းသည် မြန်မာပြည်သူများကို ထောင်အကျယ်မှာ ချုပ်နှောင်ထားခြင်း ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိတ်သုဉ်းစေခြင်းဟု ကျွန်ုပ်တို့ မှတ်ယူပါသည်။

ထို့ကြောင့် အမေစု သက်ရှိထင်ရှားရှိကြောင်းနှင့် ချက်ချင်းလွှတ်ပေးဖို့ အကြမ်းဖက်စစ်တပ်ကို နိုင်ငံတကာမှ ထိရောက်စွာ ဖိအားပေး တောင်းဆိုလာအောင် ကျွန်တော်တို့ အင်ပြည့်အားပြည့် ၊ ကျယ်ကျယ်လောင်လောင် အသံထွက် တောင်းဆိုကြရအောင် !

ရက်စွဲ ။ ။ ဇွန်လ ၁၉ရက် (သောကြာနေ့)
အချိန် ။ ။ ညနေ ၆နာရီမှ ညနေ ၈နာရီ အထိ။
နေရာ ။ ။ Shinjukuဘူတာ South Exit ရှေ့ ။

" Save The Date "🗓️ 2026/07/12 (Sunday)⏰  14:00~19:00 🪧 Global Ring ( Ikebukuro West Exit )
27/05/2026

" Save The Date "

🗓️ 2026/07/12 (Sunday)
⏰ 14:00~19:00
🪧 Global Ring ( Ikebukuro West Exit )

မတရားသဖြင့် ဖမ်းဆီး အကျဉ်းကျခံနေရတဲ့ လူထု ခေါင်းဆောင်
အမေဒေါ်အောင်ဆန်းစုကြည် ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ကို တိုကျို မှာ ကျင်းပမည့် ရက်နဲ့အချိန်လေး ကြော်ငြာပေးရင်း Save The Date လေး လုပ်ထားကြမယ်နော် ။

နွေနေပူ ကိုရှောင်နိုင်ဖို့ ပွဲချိန်လေးလည်း ပြောင်းပေးထားပါတယ်။

🌹အစဉ်အလာမပျက် ပွဲလက်မှတ်နဲ့ အတူ စတုဒိသာ ၂ ပွဲသုံးဆောင်နိုင်မှာဖြစ်ပြီး အမေစုရဲ့ မွေးနေ့ အမှတ်တရ အစီစဉ်သစ်တွေနှင့်အတူ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အစီအစဉ် တွေလည်း တွေ့ထိနိုင်စေမည့် အပြင် ကလေးလေးတွေအတွက် ကစားစရာ Kids’ corner လည်းရှိပါမယ်နော် ။

ပွဲလက်မှတ်နဲ့ အစီအစဉ် အသေးစိတ်ကို ထပ်မံကြော်ငြာပေးသွားပါမယ် ။

🗓️ 2026/07/12 (Sunday)
⏰ 14:00~19:00
🪧 Global Ring ( Ikebukuro West Exit )


#မွေးနေ့စတုဒိသာပွဲ

23/05/2026

🎶ဂီတသံစဉ်တေးသွားနဲ့စာသားတွေဟာ
နှလုံးသားနဲ့ရည်စူး သီကျူးဖန်တီးမှသာ
နားထောင်သူရင်ထဲ တိုက်ရိုက်ရောက်နိုင်တာ။
အပေါ်ယံအပျော်ကြံ လိမ်ညာလို့လှည့်ဖြား
ရေးစပ်သီဆိုသူရဲ့ တေးသွားနဲ့စာသား
ဘယ်ရင်ထဲမရောက် အစပျောက်ရိုးအမှန်ပဲ။

အဲ့ဒီလို လိမ်ညာလှည်းဖြားလုပ်ယူလို့မရတဲ့ စစ်မှန်တန်ဖိုးကြီးအနုပညာကို လက်စွဲကိုင်ခိုင်မာသောစိတ်ထားနဲ့ ပြည်သူတိုင်းရင်ထဲ တရားသောတော်လှန်စိတ်ကို အရောက်ထည့်ပေးနိုင်ခဲ့တဲ့ ၈၈ကျောင်းသားကိုမွန်းအောင်ဟာနိုင်ငံတော်တော်များများကိုလှည့်လည်ပြီးချိန် ခုဆိုဂျပန်ကိုရောက်ရှိလို့ လာပြီပဲဖြစ်ပါတယ်။

2026.5.24 မနက်ဖြန်မှာဆိုရင်တော့ တိုကျိုမှာပွဲဦးထွက် ဖြစ်တဲ့ 𝙼𝚞𝚗 𝙰𝚠𝚗𝚐 ( 𝙼𝚎𝚕𝚘𝚍𝚢 𝚘𝚏 𝙵𝚛𝚎𝚎𝚍𝚘𝚖 ) 𝙼𝚞𝚜𝚒𝚌 𝙲𝚘𝚗𝚌𝚎𝚛𝚝 ကို ကျင်းပကြတော့မှာပဲဖြစ်ပါတယ်။

သီချင်းတွေသံပြိုင်ဆိုရင်း အတိတ်က၈၈မှာကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့အတွေ့အကြုံတွေကို သင်ခန်းစာတွေဖလှယ်ယူပြီး တဖန်ရှေ့ဆက်သွားနိုင်ဖို့ တော်လှန်ပြည်သူအချင်းချင်းခွန်အားယူမျှဝေနိုင်ရန် ပွဲလေးကိုလာရောက်ပေးကြပါလို့ ဖိတ်ခေါ်လိုက်ပါတယ်။


#သံစဉ်တွေနဲ့တို့အတူ

"နွေဦးသင်္ကြန်"(တိုကျို၊ဂျပန်)မှ ပွဲအတွင်းနှစ်ရက်တာ အလှူခံရရှိငွေအား  လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အကူအညီများပေးအပ်န...
11/05/2026

"နွေဦးသင်္ကြန်"(တိုကျို၊ဂျပန်)မှ ပွဲအတွင်းနှစ်ရက်တာ အလှူခံရရှိငွေအား လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အကူအညီများပေးအပ်နိုင်ရန် ပေးပို့လှူဒါန်းခြင်း

"နွေဦးသင်္ကြန်"(တိုကျို၊ဂျပန်)မှ ပွဲအတွင်းနှစ်ရက်တာ အလှူခံရရှိငွေအား လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အကူအညီများပေးအပ်နိုင်ရန် ပေးပို့လှူဒါန်းခြင်း

၂၀၂၆ ခုနှစ် ဧပြီလ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ပြီးစီးခဲ့သည့် "နွေဦးသင်္ကြန်"(တိုကျို၊ဂျပန်)မှ ပွဲအတွင်းနှစ်ရက်တာ အလှူခံရရှိငွေ ၁,၉၆၄,၉၇၂ ယန်း တိတိအား အကြမ်းဖက် စစ်ကောင်စီ​၏ မတရားအာဏာသိမ်းမှုကြောင့် ဘေးဒုက္ခ ခံစားနေရသော ပြည်သူများအတွက် ကဏ္ဍပေါင်းစုံမှ ပိုမိုလိုအပ်လာသည့် လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရန် အတွက် အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန မှတဆင့် ပေးပို့လှူဒါန်းပြီးစီးကြောင်း အသိပေးကြေညာအပ်ပါသည် ။

နှစ်ရက်တာပွဲအတွင်း အလှူခံပါဝင်ကူညီပေးခဲ့ကြသည့် စေတနာ့ဝန်ထမ်းများ၊ ဂျပန်လူမျိုး မိတ်ဆွေများ၊ ပွဲလာပရိတ်သတ်များနှင့် ပွဲဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ကူညီဝန်းရံပေးခဲ့ကြသည့် ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း စေတနာထက်သန်စွာဖြင့် လှူဒါန်းမှု မှတ်တမ်းလွှာအား ဂုဏ်ယူစွာဖြင့် မှတ်တမ်းတင်ဖော်ပြအပ်ပါသည် ။

လေးစားစွာဖြင့်
"နွေဦးသင်္ကြန်"ကျင်းပရေးကော်မတီ

#ထောက်ပို့တော်လှန်နွေဦးသင်္ကြန်

10/05/2026
Black Tee (လက်တို) ¥4500ခွပ်ဒေါင်းရင်ထိုး    ¥2200  (ဂျပန်ပြည်တွင်းပို့ခအပါစျေးနှုန်းပါ) ကျောင်းသားလူငယ်များကိုအားဖြည့်က...
09/05/2026

Black Tee (လက်တို) ¥4500
ခွပ်ဒေါင်းရင်ထိုး ¥2200
(ဂျပန်ပြည်တွင်းပို့ခအပါစျေးနှုန်းပါ)

ကျောင်းသားလူငယ်များကို
အားဖြည့်ကူညီကြဖို့ ဖိတ်ခေါ်ပါရစေ🤝🫡

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် နှစ် (၉၀) ပြည့် အထိမ်းအမှတ် ထုတ်ပြန်‌ကြေညာချက်
08/05/2026

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် နှစ် (၉၀) ပြည့် အထိမ်းအမှတ် ထုတ်ပြန်‌ကြေညာချက်

" MUN AUNG "Melody of Freedom music concert လက်မှတ်လေးတွေ ဝယ်ယူနိုင်ပါပြီ။
06/05/2026

" MUN AUNG "
Melody of Freedom music concert

လက်မှတ်လေးတွေ ဝယ်ယူနိုင်ပါပြီ။

Mun Awng "Melody of Freedom" Music Concert လက်မှတ်များ စတင်ဝယ်ယူနိုင်ပါပြီ ✨

လက်မှတ်အမျိုးအစားကတော့ ၄ မျိုးရှိပါတယ်
- ဝတ်မှုန် ¥15,000
- မိုးလုံးမှိုင်း ¥10,000
- ရင်ခတ်အလွမ်း ¥7,000
- ရိုးရိုးလေး ¥5,000
လက်မှတ်နံမည်ကြားရုံနဲ့ သီချင်းလေးညည်းချင်လာပါပြီနော် ♬

📍လက်မှတ်ဝယ်ယူနိုင်တဲ့ အဖွဲ့အစည်းများ

လက်မှတ်ဝယ်ယူတာ မြန်ဆန်ချောမွေ့စေဖို့အတွက် Page များကို ဆက်သွယ်တဲ့အခါ
- အမည်
- Email Address
- လက်မှတ် အမျိုးအစား
- လက်မှတ် အစောင်ရေ
လေး ပြောပေးပါနော် 🤗

1-Melody of Freedom
https://www.facebook.com/share/1EozaV7bLw/?mibextid=wwXIfr

2-日本からのつなぐ手
https://www.facebook.com/share/1CgaPKrwBs/?mibextid=wwXIfr

3-AUN
https://www.facebook.com/share/1DhfSgvf4K/?mibextid=wwXIfr

4-Connect
https://www.facebook.com/profile.php?id=100075923978022

5-GenY for Revolution - Japan
https://www.facebook.com/GenYForRevolutionJapan

6-KONNECT
https://www.facebook.com/konnect121

7-Mon Youth For Federal Democracy

https://www.facebook.com/share/g/16rahQJkJV/?mibextid=wwXIfr

8-MYSA
https://www.facebook.com/mysajapan

9-People’s Hope Spring Revolution
https://www.facebook.com/peopleshopespringrevolution

10-Revolution Tokyo Myanmar (R.T.M)
https://www.facebook.com/share/18peKrG8T1/?mibextid=wwXIfr

11-Try Together At Japan ( TTAJ )
https://www.facebook.com/trytogetheratjapan

12-WART
https://forms.gle/kbohgbheuVXvMgw36

13-We For All
https://www.facebook.com/WeForAll.2012

14-Yaw Funding Japan
https://www.facebook.com/share/18JGsWH1vS/?mibextid=wwXIfr

15-နွေဦးစာချုပ်
https://www.facebook.com/japan.bonds

16-အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးကော်မတီ
ဂျပန်ဌာနခွဲ
https://www.facebook.com/share/1AqrtiGd8B/?mibextid=wwXIfr

📍Date: May 24, 2026 (Sun)
📍Time: 15:00-19:00 (Gates Open 13:00)
📍Venue: National Olympics Memorial Youth Center
📍Address: 3-3 Yoyogikamizonocho, Shibuya, Tokyo

https://maps.app.goo.gl/vzeeYCq4mQZ1Zes68?g_st=ic


#သံစဉ်တွေနဲ့အတူ
#မွန်းအောင်

住所

Tokyo

ウェブサイト

アラート

Revolution Tokyo Myanmar - R.T.Mがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

その団体に問い合わせをする

Revolution Tokyo Myanmar - R.T.Mにメッセージを送信:

共有する

カテゴリー