03/08/2026
What is Rotary Yoneyama Scholarship?
ဒီတခါကတော့ ဝန်းရခဲ့တဲ့ Rotary Yoneyama Memorial Scholarship (Overseas candidates) နဲ့ပတ်သတ်ပြီးပြောပြပေးသွားပါမယ်။
Rotary Yoneyama ဆိုတာက Japanese non-profit organization တခုဖြစ်ပြီး ဂျပန်နိုင်ငံမှာ ပညာသင်ကြားချင်တဲ့ နိုင်ငံခြားသား ကျောင်းသားကျောင်းသူတွေကို ငွေကြေးပိုင်းထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
မြန်မာမှာ ဒီ scholarship ကိုရခဲ့ဖူးတဲ့သူသိပ်မရှိတာကြောင့် လူသိပ်မသိကြပါဘူး။
ဝန်းလျှောက်တုန်းကဆို home page မှာတင်ထားတဲ့ information ကိုဘဲအတိအကျလိုက်နာပြီး တဆင့်ချင်းလုပ်ဆောင်ခဲ့ပါတယ်။
ဒီအဖွဲ့အစည်းကို ဂျပန်ရဲ့ လုပ်ငန်းတည်ထောင်သူ company ပိုင်ရှင် သူဌေးကြီးတွေနဲ့ ဖွဲ့စည်းထားပါတယ်။
ဂျပန်ရဲ့ အကြီးဆုံး private scholarship programs ဖြစ်ပြီးတလကို
Undergraduate-100,000¥
Master’s student - 140,000¥
Doctoral student- 140,000¥
ဆီ ထောက်ပံ့ကြေး ပေးပါတယ်။
ဂျပန်ကိုမိမိနိုင်ငံကနေ အသွားလေယာဉ်ခထောက်ပံ့ပါတယ်။ပထမဆုံးရက်နေမဲ့ဟိုတယ်ခနဲ့ ဗီဇာကြေးလည်းထောက်ပံ့ပါတယ်။ (စုစုပေါင်း 250,000¥အတွင်း)
စကောလာရဲ့ထူးခြားတဲ့အချက်က တလတခါ စားပွဲရှိပြီး အဲ့စားပွဲနေ့မှာ တလစာထောက်ပံ့ကြေးကို ငွေသားနဲ့ပေးတာပါ။ စကောလာကျောင်းသားတယောက်မှာ counsellor တယောက်ရှိပါတယ်။ စာသင်နှစ်အတွင်း လူမှုရေး၊ကျန်းမာရေး အကုန်တိုင်ပင်လို့ရအောင်လို့ပါ။ တခါတခါခရီးတွေလည်းလိုက်ပို့တာမို့ တခြားမြို့ကစကောလာနိုင်ငံခြားသူ/သား သူငယ်ချင်းအသစ်တွေအများကြီးရခဲ့ပါတယ်။
နှစ်စဉ် ရွေးခံရမဲ့လူအရေအတွက်ကမတူပါဘူး။ ဝန်းတုန်းက အာဆီယံနိုင်ငံတွေထဲက အယောက်၃၀ဘဲရွေးပါတယ်။
အသေးစိတ်ကို ဒီ link မှာဖတ်ကြည့်ကြပါနော်။
https://www.rotary-yoneyama.or.jp/english/overseas
နှစ်စဉ် အောက်တိုဘာလက Application Period ဖြစ်တာမို့ ၂၀၂၆အတွက်လျှောက်ဖို့စဉ်းစားနေတဲ့သူတွေ အခုကတည်းကပြင်ဆင်ထားကြပါ။