10/08/2026
(၇၆)ကြိမ်မြောက် ကရင်အာဇာနည်နေ့နှင့်(၅၁)ကြိမ်မြောက် ကချင်အာဇာနည်နေ့ အထိမ်းအမှတ်ကို COJမှဥက္ကဌနဲ့အလုပ်အမှုဆောင်အချို့ ဂုဏ်ပြုတက်ရောက်ခဲ့ပါသည်။
(၇၆)ကြိမ်မြောက် ကရင်အာဇာနည်နေ့နှင့် (၅၁)ကြိမ်မြောက် ကချင်အာဇာနည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုစကား
ကရင်အမျိုးသားအရေးအတွက် အသက်၊ သွေး၊ ချွေးပေးဆပ်ခဲ့ကြသော အာဇာနည်သူရဲကောင်းများနှင့် ကချင်အမျိုးသားအရေးအတွက် ကိုယ်ကျိုးစွန့် ပေးဆပ်ခဲ့ကြသော အာဇာနည်သူရဲကောင်းများအား လေးစားဂုဏ်ပြု အောက်မေ့သတိရပါသည်။
အာဇာနည်သူရဲကောင်းများ၏ စိတ်ဓာတ်နှင့် ပေးဆပ်မှုများကို အစဉ်အမြဲ အမှတ်ရလျက် ငြိမ်းချမ်းရေး၊ တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့အတွက် ဆက်လက်ကြိုးပမ်းသွားကြပါစို့။
အာဇာနည်သူရဲကောင်းများအား အစဉ်လေးစားဂုဏ်ပြုအပ်ပါသည်။ 🙏