Chin Community of Japan

Chin Community of Japan Chin Community of Japan (CCJ) is an community-based organization of Chin Ethics from Myanmar, living in Japan.

Chin Community Of Japan 2024-2025General Meeting March22,2026 6:30 Pm-8:20 pmJapanTokyo Chin Church (TCC)
22/03/2026

Chin Community Of Japan
2024-2025
General Meeting

March22,2026
6:30 Pm-8:20 pm
Japan
Tokyo Chin Church (TCC)

(၇၈) နှစ်မြောက်ချင်းအမျိုးသားနေ့ အခမ်းအနားအတွက် ဂျပန်နိုင်ငံ တိုကျိုမြို့ကို ရောက်ရှိနေတဲ့ Salai Thawng Bawi ဟာ ချစ်တဲ့ ...
23/02/2026

(၇၈) နှစ်မြောက်ချင်းအမျိုးသားနေ့ အခမ်းအနားအတွက် ဂျပန်နိုင်ငံ တိုကျိုမြို့ကို ရောက်ရှိနေတဲ့ Salai Thawng Bawi ဟာ ချစ်တဲ့ ပရိတ်သတ်များနဲ့အတူ Music Concert တစ်ခုကို ကျင်းပခဲ့ပါတယ်။​

Music concert ကို ပရိတ်သတ်များရဲ့ သီချင်းတောင်းဆိုမှုများ၊ ပရိတ်သတ်များနဲ့ အတူတူသီဆိုဖျော်ဖြေမှုများဖြင့် ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး ကျင်းပပြုလုပ်ခဲ့ပါတယ်။​

Thawng Bawi Music Concert ကို အချိန်ပေးပြီး လာရောက်ကြည့်ရှုအားပေးကြတဲ့ တစ်ဦးချင်းစီတိုင်း ကျေးဇူးတင်ပါတယ်။

23/02/2026
See you soon in Thawng Bawi Music Concert 🎶အဆိုတော် Thawng Bawi ရဲ့ တစ်ကိုယ်တော် Music Concert  တိုကျိုမှာ ရောက်လာပါပြီခ...
22/02/2026

See you soon in Thawng Bawi Music Concert 🎶

အဆိုတော် Thawng Bawi ရဲ့ တစ်ကိုယ်တော် Music Concert တိုကျိုမှာ ရောက်လာပါပြီ

ချင်းအမျိုးသားနေ့မှာ ခဏတွေ့ရရုံနဲ့ မဝဘူးဆိုတဲ့သူတွေရော၊ တော်လှန်ရေး အမျိုးသားရေးနဲ့ သက်ဆိုင်တဲ့သီချင်းတွေကို လေးလေးနက်နက် နားဆင်လိုသူတွေနဲ့ Country, Rock music ချစ်သူတွေအတွက် Salai Thawng Bawi ရဲ့တစ်ကိုယ်တော် Music Concert ကို လာရောက် နားဆင်ကြဖို့ ဖိတ်ခေါ်ပါတယ်။​

Salai Thawng Bawi ဟာ ချင်းလူမျိုး Guitarist, Pianist, Singer, Songwriter တစ်ဦးလည်းဖြစ်တဲ့အပြင် Guys from Chin ရဲ့ အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။​

ဝင်ကြေး - 1,000¥

ဝင်ကြေးလက်မှတ်များကို ခန်းမအဝင်တွင် arrival ဝယ်ယူရရှိနိုင်ပါတယ်။

⚫︎နေ့ ရက် - ၂၂ ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၂၆ ခုနှစ် (တနင်္ဂနွေနေ့)
⚫︎အချိန် - ညနေ ၆ နာရီ မှ ည ၉:၀၀ နာရီ အထိ
⚫︎နေရာ - Ushigome Tansu Kumin Hall
⚫︎လိပ်စာ - 15 Tansumachi, Shinjuku City, Tokyo 162-0833
▼မြေပုံ▼https://share.google/biZmNQLa9K0rylrXo

(၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဂုဏ်ယူဝမ်းမြောက်စွာ ကျင်းပဂျပန်နိုင်ငံနိုင်ငံရောက်ချင...
21/02/2026

(၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဂုဏ်ယူဝမ်းမြောက်စွာ ကျင်းပ

ဂျပန်နိုင်ငံနိုင်ငံရောက်ချင်းလူမျိုးအားလုံး၏ စုပေါင်းအင်အားဖြင့် (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဂျပန်နိုင်ငံ တိုကျိုမြို့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။​

ချင်းအမျိုးသားနေ့ဆိုသည်မှာ ချင်းလူမျိုးများ၏ သူ့ကျွန်မခံလို သည့်စိတ်ဓာတ်၊နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ်နှင့် လူထုဆန္ဒအရ ဒီမိုကရေစီ စနစ်ဖြင့် အုပ်ချုပ်သည့် စနစ်ကို အကောင်အထည်ဖော်ရန် ချင်းလူမျိုးတို့ကိုယ်တိုင် ဆုံးဖြတ်ခဲ့သည့် အချိန်မှ စ၍ပေါက်ဖွားလာခဲ့သည့် ချင်းလူမျိုးအားလုံး တန်ဖိုးထားရာ နေ့ထူးနေ့မြတ်လည်း ဖြစ်ပါသည်။​

(၇၈) နှစ်မြောက်ချင်းအမျိုးသားနေ့ အခမ်းအနားကို ချင်းရိုးရာအကများ၊ ချင်းရိုးရာဝတ်စုံဖက်ရှင်ရှိုးတင်ဆက်မှုများ၊ နှင့် တေးသီချင်းများအပြင် အထူးဧည့်သည်အနေဖြင့် ဖိတ်ခေါ်ထားသည့် ချင်းလူမျိုး အနုပညာရှင် (Pianist, Singer and Songwriter) တစ်ဦးလည်းဖြစ်သည့်အပြင် Guys from Chin ရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်သည့် Salai Thawng Bawi ၏ ဖျော်ဖြေတင်ဆက်မှုများဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။​

(၇၈) နှစ်မြောက်ချင်းအမျိုးသားနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ငွေကြေးအားဖြင့် ပံ့ပိုးကူညီခဲ့ကြသော လုပ်ငန်းရှင်များ၊ တစ်ဦးချင်းအလှူရှင်များနှင့် ဥာဏအား လုပ်အားဖြင့် ပါဝင်ပံ့ပိုးခဲ့ကြသော အတတ်ပညာရှင် အသိပညာရှင်အားလုံးကို ကျေးဇူးတင်ကြောင်း မှတ်တမ်းတင် အပ်ပါသည်။​

ထို့အပြင် အခမ်းအနားသို့ အချိန်ပေးတက်ရောက်ခဲ့ကြသည့် တိုင်ရင်းသား အဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်များ၊​ လုပ်ဖော်ကိုင်ဖက်များနှင့်သွေးချင်းညီအစ်ကိုမောင်နှမများအားလုံးကို လည်း ချင်းလူမျိုးများ အားလုံးကိုယ်စား ကျေးဇူးတင်ရှိကြောင်း ဖော်ပြလိုပါသည်။​

(၇၈) နှစ်မြောက်ချင်းအမျိုးသားနေ့မှသည် ချင်းတစ်မျိုးသားလုံး လိုလားတောင့်တသည့် လွတ်လပ်ပြီး တရားမျှတသည့်၊​ မိမိတို့ ကံကြမ္မာ ကိုယ်တိုင် ပုံဖော်ထုဆစ်နိုင်သည့် ရည်မှန်းချက်ပန်းတိုင်ရောက်ရှိသည်အထိ ချင်းလူမျိုးများအားလုံး ညီညွတ်စွာ ရှေ့သို့ ချီတက်ကြပါစို့။

19/02/2026

2026.2.20 ရက်တွင်ကျရောက်မည့် (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့ကို ကြိုဆိုဂုဏ်ပြုပါသည်။
အားလုံးကိုလည်း လာရောက်ပါဝင်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျ။
ချင်းပွဲတော် သီချင်းကို ကူးယူဖော်ပြခွင့်ပေးတဲ့ တေးဆို
Maw Shay ကိုလည်း အထူးကျေးဇူးတင်ပါတယ်။
ဒါကတော့ မူရင်းတေးဆိုရဲ့ Link ပါ👇👇👇

https://www.facebook.com/share/1aFW2KeFSJ/?mibextid=wwXIfr

🎶Thawng Bawi Music Concert 🎶အဆိုတော် Thawng Bawi ရဲ့ တစ်ကိုယ်တော် Music Concert  တိုကျိုမှာ ရောက်လာပါပြီချင်းအမျိုးသားနေ...
18/02/2026

🎶Thawng Bawi Music Concert 🎶

အဆိုတော် Thawng Bawi ရဲ့ တစ်ကိုယ်တော် Music Concert တိုကျိုမှာ ရောက်လာပါပြီ

ချင်းအမျိုးသားနေ့မှာ ခဏတွေ့ရရုံနဲ့ မဝဘူးဆိုတဲ့သူတွေရော၊ တော်လှန်ရေး အမျိုးသားရေးနဲ့ သက်ဆိုင်တဲ့သီချင်းတွေကို လေးလေးနက်နက် နားဆင်လိုသူတွေနဲ့ Country, Rock music ချစ်သူတွေအတွက် Salai Thawng Bawi ရဲ့တစ်ကိုယ်တော် Music Concert ကို လာရောက် နားဆင်ကြဖို့ ဖိတ်ခေါ်ပါတယ်။​

Salai Thawng Bawi ဟာ ချင်းလူမျိုး Guitarist, Pianist, Singer, Songwriter တစ်ဦးလည်းဖြစ်တဲ့အပြင် Guys from Chin ရဲ့ အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။​

ဝင်ကြေး - 1,000¥

ဝင်ကြေးလက်မှတ်များကို ချင်းအမျိုးသားနေ့နဲ့ Music Concert ကျင်းပတဲ့နေ့မှာလည်း arrival ဝယ်ယူရရှိနိုင်ပါတယ်။

⚫︎နေ့ ရက် - ၂၂ ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၂၆ ခုနှစ် (တနင်္ဂနွေနေ့)
⚫︎အချိန် - ညနေ ၆ နာရီ မှ ည ၉:၀၀ နာရီ အထိ
⚫︎နေရာ - Ushigome Tansu Kumin Hall
⚫︎လိပ်စာ - 15 Tansumachi, Shinjuku City, Tokyo 162-0833
▼မြေပုံ▼https://share.google/biZmNQLa9K0rylrXo

P. Thawng Bawi ဂျပန်မြေကို အောင်မြင်ချောမွေ့စွာခြေချပါပြီ။ အားလုံးနဲ့အတူ (၇၈) ကြိမ်မြောက် ချင်းအမျိုးသားနေ့မှာ ဆုံဖို့ စ...
17/02/2026

P. Thawng Bawi ဂျပန်မြေကို အောင်မြင်ချောမွေ့စွာခြေချပါပြီ။ အားလုံးနဲ့အတူ (၇၈) ကြိမ်မြောက် ချင်းအမျိုးသားနေ့မှာ ဆုံဖို့ စောင့်နေပါမယ်။

⚫︎နေ့ ရက် - ၂၀ ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၂၆ ခုနှစ် (သောကြာနေ့)
⚫︎အချိန် - နေ့လည် ၁၂:၀၀ မှ ည ၅:၀၀ နာရီ အထိ
⚫︎နေရာ - Shinagawa Municipal Ebara Cultural Center (品川区立荏原文化センター)
⚫︎လိပ်စာ - 〒142-0053 Tokyo, Shinagawa City, Nakanobu, 1 Chome−9−15 荏原文化センタ
▼မြေပုံ▼
https://share.google/bEGo1DvS1d9883gUA

17/02/2026

78th Chin National Day
(၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့
⚫︎နေ့ ရက် - ၂၀ ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၂၆ ခုနှစ် (သောကြာနေ့)
⚫︎အချိန် - နေ့လည် ၁၂:၀၀ မှ ည ၅:၀၀ နာရီ အထိ
⚫︎နေရာ - Shinagawa Municipal Ebara Cultural Center (品川区立荏原文化センター)
⚫︎လိပ်စာ - 〒142-0053 Tokyo, Shinagawa City, Nakanobu, 1 Chome−9−15 荏原文化センタ
▼မြေပုံ▼
https://share.google/bEGo1DvS1d9883gUA

(၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် ဖူဆယ်ဖလားပြိုင်ပွဲ အောင်မြင်စွာကျင်းပပြီးစီး(၇၈) နှစ်မြောက် ချင်းအမျိုးသား...
09/02/2026

(၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် ဖူဆယ်ဖလားပြိုင်ပွဲ အောင်မြင်စွာကျင်းပပြီးစီး

(၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် ဖူဆယ်ဖလားပြိုင်ပွဲ ကို ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် မြန်မာအသင်း (၃၁) သင်း နှင့် နိုင်ငံခြားအသင်း (၁၀) သင်း ပါဝင်မှုဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။​
ချင်းအမျိုးသားနေ့ ဖူဆယ်ဖလား ကျင်းပပြုလုပ်ခဲ့တဲ့ သမိုင်းတစ်လျှောက်မှာ နိုင်ငံခြားအသင်း အများဆုံး ပါဝင်လာတဲ့ နှစ်လည်း ဖြစ်ပါတယ်။​ ပါဝင်ခဲ့တဲ့ နိုင်ငံခြားအသင်းများမှာ Japan, Vietnam, Indonesia နဲ့ Nepal အသင်းတို့ပဲဖြစ်ပါတယ်။​
(၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ် ဖူဆယ်ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အသင်းနဲ့ ဆုရရှိခဲ့တဲ့ အသင်းများတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။​

Winner - Sakra FC 🇲🇲
1st runner up - Nippa Futsal FC 🇻🇳
2nd runner up - J Connect FC 🇻🇳

Best player - La Pyae (sakra FC)🇲🇲
Best striker - Ryom Man (Nippa Futsal FC)🇻🇳
Best defender- Nyein Thu (sakra )🇲🇲
Top scorer- number 88-J connect FC 🇻🇳
Best goal keeper-Nippa Goalkeeper 🇻🇳

၈ ရက်နေ့ မနက်စောစောမှာ နှင်းသည်းထန်စွာ ကျဆင်းခဲ့ပေမဲ့ စနစ်တကျ ဦးဆောင်သူများ၊​ volunteers များနဲ့ စာရင်းသွင်းထားတဲ့ အသင်းများရဲ့ မပျက်မကွက် ပါဝင်မှုများကြောင့် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် လုပ်အားပေးတဲ့ volunteers များနဲ့ ပါဝင်ခဲ့ကြတဲ့ အသင်းများအားလုံးကို ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်လိုပါတယ်။


The 78th Chin National Day Commemorative Futsal Cup was successfully held on 8 February, with the participation of 31 Myanmar teams and 10 international teams.
This year marked a historic milestone for the Chin National Day Futsal Cup, as it recorded the highest number of foreign teams ever to take part in the tournament. The participating international teams are from Japan, Vietnam, Indonesia, and Nepal.
The following are winning teams of the 78th Chin National Day Commemorative Futsal Tournament.

Winner - Sakra FC 🇲🇲
1st runner up - Nippa Futsal FC🇻🇳
2nd runner up - J Connect FC 🇻🇳

Best player - La Pyae (sakra FC)🇲🇲
Best striker - Ryom Man (Nippa Futsal FC)🇻🇳
Best defender- Nyein Thu (sakra )🇲🇲
Top scorer- number 88-J connect FC 🇻🇳
Best goal keeper-Nippa Goalkeeper 🇻🇳

Although there was heavy snowfall early in the morning of 8th February, the tournament was successfully carried out, thanks to the strong leadership, the dedication of volunteers, and the full commitment of all registered teams. We would like to officially express our sincere gratitude to all the volunteers and participating teams for their invaluable support and cooperation.

08/02/2026

78th Chin National Day
Futsal cup 🏆 ❄️
Semifinal
J connect Fc vs nippa Fc
2026/2/8

住所

Shinjuku-ku, Tokyo

電話番号

+817074610774

ウェブサイト

アラート

Chin Community of Japanがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する

カテゴリー