Myanmar Youth and Student Association, Japan - MYSA

Myanmar Youth and Student Association, Japan - MYSA http://www.mysa-japan.com/about-mysa/ ASEAN JOB FAIR
2. ASEAN Academic Forum
3. ASEAN Culture Festival
4.

About MYSA
MYSAကို 2011မှာ စတင်ဖွဲ့စည်းခဲ့ပါသည်။ မြန်မာနိုင်ငံမှ ကျောင်းသားများ ကျောင်းပြီး အလုပ်လုပ်နေသော လူငယ်များဖြင့် ဖွဲ့စည်းထားပါသည်။ ကော်မတီအဖွဲ့ဝင်များ စည်းရုံးကာ အဖွဲ့၏လှုပ်ရှားမှုများကို အဓိကခေါင်းဆောင် လုပ်ကိုင်ကြပါသည်။
စတင်ဖွဲ့စည်းဖြစ်တဲ့ အကြောင်းကတော့ ဂျပန်နိုင်ငံရောက် အရှေ့တောင်အာရှ ကျောင်းသားလူငယ်များအဖွဲ့(AYNJ, Asean Youth Network Japan) မှ ကျောင်းသားခေါင်းဆောင်အချို့နှင့် 2011ခုနှ

စ်တွင် တွေ့ဆုံမိပြီး ထိုအချိန်တွင် ဂျပန်နိုင်ငံရောက် မြန်မာကျောင်းသားလူငယ်များက အာဆီယံဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်ခြင်းမရှိကြောင်း အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဂျပန်ရောက်ကျောင်းသားလူငယ်များမှာ ကျောင်သားအဖွဲ့အစည်းများဖွဲ့ပြီး အတူတူစုပေါင်းပြီး အာဆီယံဆိုင်ရာ လှုပ်ရှားမှုများ ပြုလုပ်ကြောင်း မြန်မာကျောင်းသားလူငယ်အဖွဲ့ရှိပါက အတူတူပူးပေါင်းပါဝင် လုပ်ဆောင်စေလိုကြောင်း သိရှိခဲ့ရပါသည်။ တိုကျိူသွားဘက်ဆိုင်ရာဆေးတက္ကသိုလ်ကျောင်းသာဖြစ်သူ ကိုဇေယျာလင်းသည် မိမိတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများ၊ တိုကျိုတက္ကသိုလ်တွင်ပညာသင်နေသော ကျောင်းသားလူငယ်များ၊ ကျောင်းပြီးအလုပ်လုပ်ကိုင်နေသော လူငယ်များ ၁၀ဦးကျော်ဖြင့် ပထမဦးဆုံးသော ဂျပန်ရောက် မြန်မာ ကျောင်းသားလူငယ်များအဖွဲ့ (Myanmar Youth and Student Association, Japan) MYSAကိုဖွဲ့စည်းခဲ့ပါသည်။
MYSA၏ရည်ရွယ်ချက်များကတော့ အောက်ပါအတိုင်းဖြစ်ပါသည်။
1. ဂျပန်နိုင်ငံသားများ အပါအဝင် အခြားသောနိုင်ငံသားများနှင့် မြန်မာကျောင်းသားလူငယ်များ ချစ်ခင်ရင်းနှီးစွာ မိတ်ဆွေဖွဲ့နိုင်ရေး To encourage friendship among Myanmar people and with other countries
2. ပညာရေးနှင့် အလုပ်အကိုင်ဆိုင်ရာ သတင်းအချက်အလက်များကို မျှဝေခြင်း To share information such as job, education, etc.,
3. နိုင်ငံတကာပွဲတော်များတွင် မြန်မာနိုင့်ငံကိုယ်စားပြုပါဝင်ဆင်နွှဲခြင်း To participate in international events and Festivals on behalf of the Myanmar
4. လူမှုဖူလှုံရေးကိစ္စများတွင် အခမဲ့လုပ်အားပေးခြင်း အလှူငွေများကောက်ခံခြင်း လှူဒါန်းခြင်း To contribute in social aids such as volunteering and donating activities
ဂျပန်နိုင်ငံတွင် မြန်မာနိုင်ငံသား ဦးရေသည် လူဝင်မှုကြီးကြပ်ရေးမှ ကိန်းဂဏန်းများအရ တစ်သောင်းခန့်ရှိပြီး ကျောင်းသားဦးရေ ၁၅၀၀ ခန့်နှင့် ကျောင်းပြီးအလုပ်လုပ်နေသူ လူငယ်ဦးရေ ၁၀၀၀နီးပါးရှိသည်ဟုသိရပါသည်။ MYSAအဖွဲ့ဝင်များတိုးပွားစေရန် နီးစပ်ရာ သူငယ်ချင်းများမှတဆင့် စည်းရုံးရေးဆင်းခြင်း MYSA Facebook Group, Page, Website မှတဆင့် MYSA၏လှုပ်ရှားဆောင်ရွက်မှုများကို သိစေခြင်းများပြုလုပ်ဆောင်ရွက်ပါသည်။
MYSA၏တစ်နှစ်တာ လုပ်ဆောင်မှုများကို နှစ်ပိုုင်းခွဲခြားနိုင်ပါသည်။ ပထမတစ်ပိုင်းမှာ အာဆီယံ နိုင်ငံကျောင်းသားလူငယ်များနှင့်ပူးပေါင်းဆောင်ရွက်သော အောက်ပါ လှုပ်ရှားမှုများတွင် ပါဝင်ဦးဆောင်ခြင်းဖြစ်ပါသည်။
Activities with ASEAN Community
1. ASEAN Sport Festival
MYSAသည်AYNJ တွင် မြန်မာကျောင်းသားလူငယ်ကိုယ်စားပြု အဖွဲ့အဖြစ် ပါဝင်ပါသည်။ နှစ်လတစ်ကြိမ်ကျင်းပသည့် AYNJ EXCO Meeting ကို MYSAကိုယ်စားလှယ်များက တက်ရောက်ပြီး အခြားအဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးတိုင်ပင် လှုပ်ရှားကြပါသည်။
1. ASEAN JOB FAIR
ASEANကျောင်းသားလူငယ်များအဖွဲ့(AYNJ)မှ ဦးဆောင်စီစဉ်ပြီး ဂျပန်ရောက် ကျောင်းသားများအတွက် အလုပ်အကိုင်ရှာဖွေရေးပွဲဖြစ်ပါသည်။ အဓိကအားဖြင့် ဂျပန်အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီ တစ်ခုဖြင့် ပူးပေါင်းပြီး စီစဉ်ပါသည်။ ပွဲကို နွေဦးရာသီတွင် ကျင်းပလေ့ရှိပြီး တက္ကသိုလ်ပြီးခါနီး တက္ကသိုလ်ပြီး အာဆီယံနိုင်ငံများမှ ကျောင်းသား ကျောင်းသူများ တက်ရောက် အလုပ်ရှာကြပါသည်။ အာဆီယံနိုင်ငံများမှ ဘွဲ့ရတော့မည့် ကျောင်းသား ကျောင်းသူများကို အလုပ်ခန့်လိုသော ကုမ္ပဏီများက လာရောက် ဆွေးနွေး မိတ်ဆက် အင်တာဗျူးခြင်းများ ပြုလုပ်ပါသည်။ နှစ်စဉ် အာဆီယံနိုင်ငံများမှ ကျောင်းသား ကျောင်းသူ ဦးရေ ၆၀၀ ကျော် ပါဝင်ဆင်နွှဲကြပါသည်။ အလုပ်အကိုင်များလည်းရကြပါသည်။ မြန်မာကျောင်းသား ကျောင်းသူများလည်း ၆၀ဦးခန့် ပါဝင်ဆင်နွှဲလေ့ရှိပါသည်။
ယခုပွဲတွင် MYSA ကော်မတီအဖွဲ့မှ ကျောင်းသားရေးရာကိစ္စကို တာဝန်ယူသော ကျောင်သားကျောင်းသူ ခေါင်းဆောင် အနည်းဆုံးတစ်ဦးမှ AYNJ၏ ပွဲဖြစ်မြောက်ရေးကော်မရှင်တွင် နှစ်စဉ် ပါဝင်ဦးဆောင်ရပါသည်။ အခြားသောအာဆီယံကျောင်းသားအဖွဲ့များမှလည်း ပါဝင်ကြပါသည်။ Job Fair eventမတိုင်ခင်တွင်လည်း ကြိုတင်ကျင်းပလေ့ရှိသည့် CVရေးနည်း အင်တာဗျူးဖြေနည်း အစရှိသော Seminarများ ကုမ္ပဏီများနှင့်ဆွေးနွေးပွဲများကိုလည်း ကျောင်းသား ကျောင်းသူများအတွက် ယခု ကော်မရှင်မှ အလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီဖြင့်ပူးပေါင်း ဆောင်ရွက်ရပါသည်။
သက်ဆိုင်ရာ အာဆီယံကျောင်းသားလူငယ်အဖွဲ့များက မိမိတို့နိုင်ငံမှ ဂျပန်တက္ကသိုလ်များတွင် ပညာသင်နေသော အလုပ်ရှာဖွေနေသော ကျောင်းသားကျောင်းသူများ ပွဲကို တက်ရောက်ကြစေရန် နိုးဆော်ခြင်း၊ အသိပေးကြေငြာခြင်းများ ပြုလုပ်ကြရပါသည်။
ယခုပွဲသည် ကုမ္ပဏီများဖြင့်ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည့်အတွက် အလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီမှ AYNJကို ချီးမြင့်ငွေပေးအပ်ပါသည်။ ထိုချီးမြင့်ငွေ၏ ၅၀%ကို AYNJမှယူပြီး ကျန်၁၀%ကို ပွဲဖြစ်မြောက်ရေးကော်မရှင်အဖွဲ့ဝင်များကို ပေးပြီး ကျန်၄၀%ကို သက်ဆိုင်ရာအာဆီယံကျောင်းသားလူငယ်အဖွဲများကို ပြန်လည် ခွဲဝေပေးပါသည်။ AYNJ၏နှစ်စဉ်အသုံးစရိတ်အတွက် ဝင်ငွေသည် ယခုပွဲမှ ရရှိပြီး ကျန်သော ကျောင်းသားအဖွဲ့အစည်းများလည်း အတူတူပင်ဖြစ်မည်။
2. ASEAN Academic Forum
AYNJ က ဦးဆောင်စီစဉ်ပြီး အာဆီယံနိုင်ငံများမှ ဂျပန်တက္ကသိုလ်များတွင် ပညာသင်ယူနေသော ကျောင်းသားလူငယ်များအတွက် နှစ်စဉ်ကျင်းပပါသည်။ နွေရာသီ သို့မဟုတ် ဆောင်းဦးရာသီတွင် ကျင်းပလေ့ရှိပါသည်။
အာဆီယံနိုင်ငံအသီးသီးမှ ကျောင်းသားလူငယ်များက ဆွေးနွေးပွဲများတက်ရောက် ဟောပြောခြင်း ပိုစတာများ တင်ပြခြင်းများကို ပြုလုပ်ကြပါသည်။ MYSA မှလည်း ကျောင်းသား ကျောင်းသူ အနည်းဆုံး ၂ ဦးမှ ၃,၄ဦးကို ရွေးခြယ် အကူအညီတောင်း ပါဝင်စေပါသည်။
3. ASEAN Culture Festival
AYNJ က ဦးဆောင်စီစဉ်ပြီး အာဆီယံနိုင်ငံများမှ ဂျပန်တက္ကသိုလ်များတွင် ပညာသင်ယူနေသော ကျောင်းသားလူငယ်များမှ မိမိနိုင်ငံ၏ ရိုးရာယဉ်ကျေးမှု အက၊ဝတ်စုံဖက်ရှင်၊ အစားအစာ စသည်တို့ကို မိတ်ဆက်သည့်ပွဲ အဖြစ် နှစ်စဉ်ကျင်းပပါသည်။ ဆောင်းဦးရာသီတွင် ကျင်းပလေ့ရှိပါသည်။
ယခုပွဲတွင် MYSA ကော်မတီအဖွဲ့မှ Event Management ရေးရာကိစ္စကို တာဝန်ယူသော ကျောင်သားလူငယ် ခေါင်းဆောင် အနည်းဆုံးတစ်ဦးမှ AYNJ၏ ပွဲဖြစ်မြောက်ရေးကော်မရှင်တွင် နှစ်စဉ် ပါဝင်ဦးဆောင်ရပါသည်။ အခြားသောအာဆီယံကျောင်းသားအဖွဲ့များမှလည်း ပါဝင်ကြပါသည်။ လုပ်ငန်းကိစ္စခွဲဝေမှုများပြားသော ပွဲဖြစ်သောကြောင့် အခြားသော MYSA အဖွဲ့ဝင်များကလည်း ပါဝင်ကူညီပေးရပါသည်။ နှစ်စဉ် တာဝန်ယူရသော အစီအစဉ်မတူညီကြပါ။ အကြမ်းဖျဉ်းအားဖြင့် အောက်ပါ လုပ်ငန်းကိစ္စများဖြစ်သည်။
(၁) ခန်းမငှားရမ်း ညှိနိုင်းခြင်း
(၂) ပွဲဖြစ်မြောက်ရေး ကြေငြာခြင်း Promotion(Web, Facebook etc)
(၃) ပွဲဖြစ်မြောက်ရေး စီမံခန့်ခွဲခြင်း
(၄) ရိုးရာ အက အဝတ်အစာများ ပြင်ဆင်ခြင်း၊ ကပြဖျော်ဖြေခြင်း
(၅) အစားအစာများ ပြင်ဆင်ခြင်း၊ ရောင်းချခြင်း
(၆) ပွဲဝင်သူကောက်ခံခြင်း
(၇) သီချင်းအသံ စီမံခြင်း
(၈) ပွဲကြေငြာသူ
(၉) ကံစမ်းမဲ
(၁၀) မိမိ နိုင်ငံ boothပြင်ဆင်ခြင်း
ယခုပွဲတွင် အဖွဲ့လိုက်ကပြဖျော်ဖြေခြင်းများပါဝင်သောကြောင့် MYSA Committee အဖွဲ့ဝင်များသာမက အခြားသော ကျောင်းသားလူငယ်များကို volunteer အနေဖြင့် ခေါ်ယူ အကူအညီတောင်းရပါသည်။ ယခုပွဲသည် နိုင်ငံအသီးသီးမှ ရိုးရာများကို သိရှိနိုင်သော အလွန်ပျော်ရွှင်စရာကောင်းသော ပွဲတစ်ခုဖြစ်ပါသည်။
4. ASEAN Sport Festival
AYNJ က ဦးဆောင်စီစဉ်ပြီး အာဆီယံနိုင်ငံများမှ ဂျပန်တက္ကသိုလ်များတွင် ပညာသင်ယူနေသော ကျောင်းသားလူငယ်များက ပါဝင်ဆင်နွှဲပြီး နှစ်စဉ်ကျင်းပပါသည်။ ဆောင်းဦးရာသီ သို့မဟုတ် ဆောင်းရာသီတွင် ကျင်းပလေ့ရှိပါသည်။
ယခုပွဲတွင် MYSA ကော်မတီအဖွဲ့မှ Sport Management ရေးရာကိစ္စကို တာဝန်ယူသော ကျောင်သားလူငယ် ခေါင်းဆောင် အနည်းဆုံးတစ်ဦးမှ AYNJ၏ ပွဲဖြစ်မြောက်ရေးကော်မရှင်တွင် နှစ်စဉ် ပါဝင်ဦးဆောင်ရပါသည်။ အခြားသောအာဆီယံကျောင်းသားအဖွဲ့များမှလည်း ပါဝင်ကြပါသည်။ လုပ်ငန်းကိစ္စခွဲဝေမှုများပြားသော ပွဲဖြစ်သောကြောင့် အခြားသော MYSA အဖွဲ့ဝင်များကလည်း ပါဝင်ကူညီပေးရပါသည်။ နှစ်စဉ် တာဝန်ယူရသော အစီအစဉ်မတူညီကြပါ။ အကြမ်းဖျဉ်းအားဖြင့် အောက်ပါ လုပ်ငန်းကိစ္စများဖြစ်သည်။
(၁) ကျင်းပရန် ခန်းမများရှာဖွေငှားခြင်း
(၂) ပွဲစည်းမျဉ်းများ ထုတ်ပြန်ခြင်း
(၃) ပွဲတစ်ခုခြင်းကို ဦးဆောင် စီမံခြင်း
(၄) ဆုတံဆိပ်များ ဝယ်ယူခြင်း ပြင်ဆင်ခြင်း
(၅) ပါဝင်ပြိုင်ဆိုင်မည့်သူ ၊ အသင်းများ လက်ခံခြင်း
(၆) အားကစားပြိုင်ရန်ပြင်ဆင်ခြင်း
===================
MYSA ၏လှုပ်ရှားမှု ဒုတိယတစ်ပိုင်းကတော့ မြန်မာနိုင်ငံဆိုင်ရာ လှုပ်ရှားမှုများဖြစ်သည်။
Activities for Myanmar
1. Myanmar festival (Myanmar Embassy, Japan)
2. မြန်မာ ရိုးရာယဉ်ကျေးမှု မိတ်ဆက်ပွဲများ
3. မြန်မာ ကျောင်းသားလူငယ်များအကျိုးရှိစေမည့် eventများ စီမံဆောင်ရွက်ခြင်း
4. Volunteer အခမဲ့ လုပ်အားပေး လှုပ်ရှားမှုများ
5. အကူအညီလိုသူများအတွက် အလှူငွေကောက်ခံလှူဒါန်းခြင်းများ
MYSA ၏ လှုပ်ရှားမှုများကို လစဉ် ကော်မတီအဖွဲ့ဝင်များ စုစည်းကာ Meeting လုပ်ပြီး တိုင်ပင်ဆွေးနွေးကြပါသည်။
1. Myanmar festival ( Myanmar Embassy, Japan)
MYSA က နှစ်စဉ် ဆောင်းဦးရာသီ နိုဝင်ဘာလတွင်ကျင်းပသော မြန်မာပွဲတော်တွင် မြန်မာနိုင်ငံဆိုင်ရာ သံရုံး၏ အကူအညီတောင်းခံမှုအရ နှစ်စဉ် ပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ယခုပွဲတွင် MYSA ကော်မတီအဖွဲ့မှ Event Management ရေးရာကိစ္စကို တာဝန်ယူသော ကျောင်သားလူငယ် ခေါင်းဆောင် အနည်းဆုံးတစ်ဦးမှ ပွဲဖြစ်မြောက်ရေးကော်မရှင်တွင် နှစ်စဉ် ပါဝင်ဦးဆောင်ရပါသည်။ အခြားသော မြန်မာအဖွဲ့များမှလည်း ပါဝင်ကြပါသည်။ လုပ်ငန်းကိစ္စခွဲဝေမှုများပြားသော ပွဲဖြစ်သောကြောင့် အခြား seeသော MYSA အဖွဲ့ဝင်များကလည်း ပါဝင်ကူညီပေးရပါသည်။ အကြမ်းဖျဉ်းအားဖြင့် အောက်ပါ လုပ်ငန်းကိစ္စများဖြစ်သည်။
(၁) မြန်မာအက ကပြဖျော်ဖြေနိုင်သော မြန်မာ ကျောင်းသား လူငယ်volunteer စုဆောင်းခြင်း
(၂) ပွဲမတိုင်ခင် ၃ လလောက်မှစက အပတ်စဉ် အကလေ့ကျင့်ပေးခြင်း
(၃) ပွဲနေ့တွင် နေ့တစ်ဝက် အကအစီအစဉ်ကို တာဝန်ယူပေးခြင်း
(၄) MYSA Volunteer များကို စီမံခန့်ခွဲခြင်း
MYSA Publicity Team

住所

Shibuya-ku, Tokyo

ウェブサイト

アラート

Myanmar Youth and Student Association, Japan - MYSAがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

その団体に問い合わせをする

Myanmar Youth and Student Association, Japan - MYSAにメッセージを送信:

共有する

カテゴリー