Thingaha

Thingaha We are based in Tokyo, Japan, extending its impact into Myanmar by partnering with local leaders and educational teams

Thingaha ရဲ့ GED batch 1-5 ပြီးထားတဲ့ Alumni students များလည်း ခုထိစာမေးပွဲမဖြေရသေးရင် လျောက်ဖို့အတွက် တိုက်တွန်းပါတယ်👏ရ...
18/06/2026

Thingaha ရဲ့ GED batch 1-5 ပြီးထားတဲ့ Alumni students များလည်း ခုထိစာမေးပွဲမဖြေရသေးရင် လျောက်ဖို့အတွက် တိုက်တွန်းပါတယ်👏

ရှေ့ဆက်မဲ့အစီအစဉ်အချို့မှာလည်း Thingahaအနေနဲ့ အားဖြည့်ကူညီပေးဖို့ ကြိုးစားသွားပါမယ်🤍

‼️June 10 ‼️Thingaha Pageမှလည်း ထပ်မံကြော်ငြာပေးသွားပါမယ်ရှင်
08/06/2026

‼️June 10 ‼️
Thingaha Pageမှလည်း ထပ်မံကြော်ငြာပေးသွားပါမယ်ရှင်

GED Programme ရဲ့ 6th Batch မှာ လျှောက်ထားသူ၂၀၀ နဲ့ လျှောက်လွှာ ပိတ်လိုက်ပြီး.. လူ ၁၇၀ ကို အင်တာဗျူးဖို့ ဖိတ်ခေါ်ပေးခဲ့ပါတယ်။​

လျှောက်ထားသူ တစ်ဦးကို နာရီ၀က်ပေးပြီး အင်တာဗျူးတာမို့ Interviewer (၁၄) ဦးဟာ.. စနေ / တနင်္ဂနွေ -- ၂ ရက်လုံးကို အချိန်ပေး ပြီး အင်တာဗျူးပေးခဲ့ရပါတယ်။​
လာရောက်ဖြေဆိုသူ (၁၀၁) ဦး ရှိခဲ့တာမို့ စိတ်ပင်ပန်းရသော.. weekend ပါပဲ။​

အင်တာဗျူးအတွက် ကူညီပေးခဲ့ကြတဲ့ သင်္ဂဟ Thingaha အဖွဲ့သားများ.. ဆရာ/မ များ volunteer များ အားလုံးကို အထူးကျေးဇူးတင်ပါတယ်။​

---------------------
အရင်နှစ်တွေတုန်းကတော့ ရေးဖြေနဲ့ ဖြတ်ချတာမို့ အင်တာဗျူးရတာ ဒီလောက် မများပါဘူး။​

ဒီနှစ်မှာတော့ AI တွေ ခေတ်စားလာချိန်မှာ
၁) ရေးဖြေကို မယုံကြည်ရတာက တကြောင်း ..

၂) စနစ်ကောင်းတစ်ခု ရှိရင် လူမတူရင်တောင် ရလဒ်တူနိုင်မလားလို့ တွေးမိတာက တကြောင်း နဲ့..

စနစ်တစ်ခုကို တည်ဆောက်ပေးဖြစ်ပါတယ်။ မှတ်ချက်တွေရယ် ရလဒ်တွေ ရယ်ကို ပြန်စမ်းစစ်လို့ ရသရွေ့တော့ အင်တာဗျူး သူတွေဟာ အတွေ့ အကြုံ အနေအထားတွေ မတူကြပေမဲ့ (ချွင်းချက် တစ်ခု နှစ်ခုက လွဲရင်) ပေးမှတ်တွေ တအား ကွဲပြားနေတာမျိုး မရှိပါဘူး။

ဒီ အင်တာဗျူးကနေ ရွေးချယ်လိုက်သူတွေ တကယ်လာတတ်ကြမှာလား.. အဆုံးထိ သွားမှာလားဆိုတာနဲ့ အတူ

ကျမ တည်ဆောက်ဖြစ်တဲ့ စနစ် တစ်ခု တကယ် အလုပ်လုပ်မလားဆိုတာကို ရင်တမမနဲ့ (၆) လ တာ စောင့်ကြည့်ရပါအုန်းမယ်။

အင်တာဗျူး လာရောက်ဖြေဆိုကြသူ လူငယ်တွေကို ကျေးဇူးတင်ပါတယ်။ အချက်အလက်တွေကို နိုင်သရွေ့ စစ်ဆေးပြီး (၅၂) ဦးကို သင်တန်း တက်ဖို့ ရွေးချယ်ထားပါတယ်။

သင်တန်းတက်ဖို့ ရွေးချယ်ခံရသူတွေကို ဇွန်လ (၁၀)​ရက်နေ့မှာ အီးမေးလ်ပို့ ပေးသွားမှာ ဖြစ်ပြီး (၁၃) ရက်နေ့မှာတော့ CLASS orientation လုပ်ပေးသွားပါမယ်။

အီးမေးလ် မရခဲ့ဘူးဆိုရင်တော့ ရွေးချယ်ခံရဖို့ ကံမပါလာသေးဘူးလို့ သဘောထားပြီး တခြားသင်တန်းတွေ အတွက် ကြိုးစားကြည့်စေချင်ပါတယ်။ 7th Batch ကို နောက်နှစ် Jan မှာ ထပ်ခေါ်ပေးသွားမှာ ဖြစ်ပါတယ်။

01/06/2026

မင်္ဂလာပါ မောင်လေး ညီမလေးတို့ရေ

GED 6th Batch Admissionအတွက် ရွေးချယ်ခံရသူများကို schedule emailပို့လိုက်ပါပြီ။

ဒါလေးတွေတော့သတိထားပေးကြပါ👇

👎မိမိတို့ရဲ့ interviewဖြေရမဲ့ရက် ၊ အချိန် မှားဝင်မိရင်
👎အချိန်မှီရောက်မလာခဲ့ရင်
အလိုအလျောက် disqualified listထဲဝင်သွားမှာဖြစ်လို့ email သေချာဖတ်ပါ ။

🤍ကြောက်စရာမလိုဘဲ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း interview လာဖြေလို့ရပါတယ်။

Thingahaရဲ့ Volunteer အကိုအမတွေကလည်း နွေးနွေးထွေးထွေး ကြိုဆိုနေကြမှာပါ။

See you all on 6th / 7th June.

Thingaha Teamကတော့ interview ဖို့ Readyဖြစ်နေပါပြီ☺️လျောက်ထားတဲ့ ညီမငယ်ညီငယ်များ Emailစစ်လို့ရပါပြီ
27/05/2026

Thingaha Teamကတော့ interview ဖို့ Readyဖြစ်နေပါပြီ☺️
လျောက်ထားတဲ့ ညီမငယ်ညီငယ်များ Emailစစ်လို့ရပါပြီ

GED ပြင်ဆင်မှု သင်တန်းအတွက် လျှောက်ထားသူ လူဦးရေက ၂၀၀ နီးပါး ရှိသွားပြီဖြစ်တဲ့အတွက် Form ကို နည်းနည်းစောပြီး ပိတ်လိုက်ပါတယ်။​

နောက်တဆင့်ကတော့ လျှောက်ထားသူ တွေကို စီစစ်ပြီးနောက် ကျမတို့ သတ်မှတ်ထားတဲ့ စံနဲ့ ကိုက်ညီသူတွေကို အင်တာဗျူး ဖြေဆိုဖို့ ဖိတ်ခေါ်သွားမှာ ဖြစ်ပါတယ်။

❓အင်တာဗျူးရ / မရ ဘယ်လို သိမလဲ။
💌 အီးမေးလ်ပို့ ပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ သင်တန်းလျှောက်ထားစဥ်က အသုံးပြုခဲ့တဲ့ မေးလ်ကို စစ်ဖို့ လိုပါတယ်။ မေလ ၃၁ ရက်နေ ဇွန်လ ၂ ရက်နေ့အတွင်း မေးလ်ပို့ပေးမှာ ဖြစ်တဲ့ အတွက် ဇွန်လ ၃ ရက်နေ့ ကျော်သွားတဲ့အထိ အီးမေးလ် မရဘူးဆိုရင် အင်တာဗျူးအတွက် အရွေးမခံရလို့ပါ။

❓ဘယ်နေ့ ဘယ်အချိန်မှာ အင်တာဗျူးဖြေရမှာလဲ။
🗓 အင်တာဗျူးကို ဇွန်လ ၆ ရက် နဲ့ ၇ ရက်နေ့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။​ အချိန် အတိအကျနဲ့ အင်တာဗျူး လာရောက်ဖြေဆိုရမဲ့ Meet Link ကို အီးမေးလ်ကနေ ပို့ပေးပါမယ်။ အင်တာဗျူး ဖြေဆိုစဥ် ကင်မရာ ဖွင့်ထားရပါမယ်။

❓အင်တာဗျူးမှာ ဘာမေးမှာလဲ။
👩 ကျောင်းစာ အနည်းငယ်နဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ မေးခွန်းအချို့ကို မေးပါမယ်။ မြန်မာ ဘာသာ စကားနဲ့ သာ မေးမှာ ဖြစ်ပါတယ်။

❓အင်တာဗျူးအတွက် ဘာပြင်ဆင်ရမလဲ။
👩 ထူးထူးခြားခြား အများကြီး ပြင်ဆင်စရာ မလိုသလို ကြောက်စရာလည်း မလိုပါဘူး။​လျှောက်လွှာဖြည့်စဥ်က ပါထားတဲ့ video တွေကို ကြည့်ထားမယ်..ကြိုးစား ရိုးသားမယ်ဆိုရင် မေးခွန်းတွေကို ဖြေနိုင်မှာပါ။ တချို့ မေးခွန်းတွေကို မဖြေနိုင်ရင်လည်း စိတ်မပူဘဲနဲ့ ဆက်ဖြေဖို့ လိုပါတယ်။

❓အင်တာဗျူးဖြေဆိုရမဲ့ အချိန်နဲ့ နေ့ရက်မှာ မအားလို့ တခြားနေ့ လာဖြေလို့ ရမလား။​
🥸 မရပါဘူး။​ လာဖြေရမဲ့ အချိန်နဲ့ နေ့ရက်မှာ ရောက်မလာရင် စိတ်မကောင်းစွာနဲ့ ချန်ထားခဲ့ရပါမယ်။

❓ တခြားမှာ တက်ခွင့်ရထားပြီးသားပါ။ ဒါပေမဲ့ အတွေ့အကြုံရအောင် အင်တာဗျူး လာဖြေမယ် ။​ အပျော်ပေ့ါ။

🥹 လျှောက်ထားသူ ၂၀၀ နီးပါးမှာ ..လူငယ် ၁၆၀ ကျော်ကို ရွေးချယ်ပြီး အင်တာဗျူးပေးဖို့ ကျမတို့ လူ ၁၀ ဦးနီးပါး အလုပ်ပျက် အကိုင်ပျက် အချိန်ပေးရပါတယ်။ အခမဲ့ သင်ကြားပေးနေတဲ့ သင်တန်းအတွက် လူငယ် ၅၀ နီးပါးက သူတို့ရဲ့ ချွေးနည်းစာထဲက ဖဲ့ပြီး ကူညီနေကြတယ်။ ဆရာ/မ တွေ.. က အချိန်တွေ ငွေတွေ အကုန်ခံပြီး ပညာရေး ဒါန ဖန်တီး ပေးနေကြတယ်။ -- ဒါလေးကို နားလည်မယ်ဆိုရင် ကိုယ် ဘာလုပ်သင့်လဲ ဆိုတာကို နားလည် မယ် ထင်ပါတယ်။

❓ ကျမ/ကျတော်မှာ .. ဒီအခက်အခဲ.. (ဒီအခက်အခဲ)တွေ ရှိတယ်။ ဘာလို့ အင်တာဗျူးဖို့ အခေါ်မခံရတာလဲ။​ ဘာလို့ အရွေးမခံရတာလဲ။

👩စိတ်မကောင်းပါဘူး။ ဒါပေမဲ့ လျှောက်လွှာဖြည့်စဥ်မှာ မေးထားတဲ့ မေးခွန်းတွေကို ရိုးရိုးသားသား အမှန်အတိုင်း ဖြေဖို့ဆိုရင် အချိန်ပေးရပါတယ်။ ကျမတို့က အဲ့ဒီ commitment ကို လိုချင်တာပါ။ မေးခွန်းတွေရဲ့ အဖြေတွေကို ကြည့်ပြီး ကျမတို့အနေနဲ့ ပထမအဆင့် ရွေးချယ်ထားတာ ဖြစ်ပါတယ်။

အားလုံးပဲ ကံကောင်းကြပါစေ.. သင်ကြားရေး အုပ်ချုပ်ရေး အဖွဲ့သားများ အားလုံးကတော့ အင်တာဗျူးဖို့ အဆင်သင့်ဖြစ်နေကြပြီမို့..

ဇွန်လ -- ၆/၇ ရက်နေ့မှာ တွေ့ဆုံပါမယ်။

Thingaha

GED ပြင်ဆင်မှု သင်တန်းအတွက် လျှောက်ထားသူ လူဦးရေက ၂၀၀ နီးပါး ရှိသွားပြီဖြစ်တဲ့အတွက် Form ကို နည်းနည်းစောပြီး ပိတ်လိုက်ပါ...

May 30အထိ အချိန်ပေးထားတယ်ဆိုပေမဲ့ လူ၁၀၀ပြည့်ရင် Registeration ပိတ်မှာမို့ နီးစပ်ရာ ညီမငယ် ညီငယ်များကို လက်ဆင့်ကမ်း ပေးလိ...
20/05/2026

May 30အထိ အချိန်ပေးထားတယ်ဆိုပေမဲ့ လူ၁၀၀ပြည့်ရင် Registeration ပိတ်မှာမို့ နီးစပ်ရာ ညီမငယ် ညီငယ်များကို လက်ဆင့်ကမ်း ပေးလို့ရပါသေးတယ်။

ဒီနှစ် GED သင်တန်း အတွက် လျှောက်ထားမှုမှာ နေရာ ဒေသအစုံက တွေ့ရတော့ အားတက်မိတယ်။

ပညာရေး တပိုင်းတစနဲ့ ရပ်ပြီး ဘာလုပ်ရမယ်မှန်း မသိဘဲ​ စဥ်းစားနေသူတွေကို GED လမ်းကြောင်းကို စဥ်းစားကြည့်စေချင်တယ်။

ငါကGED ပြီးသွားလဲ နိုင်ငံခြား မသွားနိုင်လောက်ပါဘူး။ ဘာမှ မဖြစ်နိုင်လောက်ဘူးဆိုတဲ့ အတွေးနဲ့ ကြိုပြီး Give up မလုပ်စေချင်ပါဘူး။

ဒီသင်တန်းပြီးသွားတဲ့အခါ.. တကယ်လဲ​အားထုတ်မှု ရှိတာကို မြင်ရတယ် ဆိုရင်.. စာမေးပွဲကြေးတွေကိုပါ ထောက်ပံ့ပေးဖို့ စဥ်းစားထားတာ ရှိပါတယ်။

GED ကို တကယ် ထူးထူးချွန်ချွန်အောင်မြင်သွားတယ်ဆိုရင်.. ဒီအမှတ်နဲ့ နိုင်ငံခြား စကော်လာ ရသွားသူ ကလေးတွေလည်း အများကြီးပါပဲ။

ဒါကြောင့်မို့.. ဟိုး အနာဂတ် အ၀ေးကြီးကို ကြိုတွေးပြီး ကြိုတင် Give up လုပ်မဲ့ အစားလူငယ်တွေကို ကြိုးစား ကြည့်စေချင်ပါတယ်။

တခါတရံမှာ တချို့ တံခါးတွေကို ဖွင့်ဖို့ ကိုယ့်ဘက်က အားထုတ်မှု တစ်ခုပဲ​ လိုတာပါ။

စိတ်၀င်စားသူများက အောက်က ပုံထဲက QR code ကို ဖတ်ပြီးပဲ ဖြစ်ဖြစ်.. အောက်ကလင့်မှာ ပဲ​ဖြစ်ဖြစ် လျှောက်ထားနိုင်ပါတယ်။​

Registration က လူ ၁၀၀ ပြည့်ရင် ပိတ်မှာမို့.. လျှောက်ဖို့ တွေးထားတယ်ဆိုရင် အချိန်မဆွဲဘဲ လျှောက်ထားစေချင်ပါတယ်။

https://forms.gle/HwGR18cHH5M23evi6

19/05/2026

အားလုံးပဲ မင်္ဂလာပါ

ဒီနေ့တော့ ကျွန်မတို့ Thingaha နဲ့ ပတ်သက်တဲ့ လူသိနည်းသေးတဲ့ အကြောင်းအရာလေးတစ်ခုကို ပြောပြပေးပါမယ်။

လူတော်တော်များများက ကျွန်မတို့ page ကို social media ကနေတစ်ဆင့် သိကြပေမဲ့ ကျွန်မတို့ Thingaha Volunteer ကိုကိုမမများရဲ့ အားထုတ်မှု့အနေနဲ့ Thingaha ဟာ website / LinkedIn တို့မှာလည်း အမြဲ updated news လေးတွေ တင်ပေးဖြစ်ပါတယ်။

အခုတစ်ခေါက်မှာတော့ GED scholarship သင်တန်းရဲ့ နောက်ဆုံးbatch တွေဖြစ်တဲ့ Batch 4&5 ရဲ့ ငွေစာရင်းရှင်းတမ်း၊ ကျောင်းသားကျောင်းသူလက်ခံမှု ၊ ရွေးချယ်မှု ၊သင်တန်းပြီးဆုံးတဲ့ထိတက်ရောက်ခဲ့တဲ့ ကျောင်းသားကျောင်းသူဦးရေ ၊ drop out ဖြစ်သွားတဲ့ ကျောင်းသားကျောင်းသူဦးရေ ၊ ဘာကြောင့် drop out ဖြစ်ရတယ်ဆိုတဲ့ အကြောင်းအရင်းတွေကအစ ပြည့်ပြည့်စုံစုံ updateလုပ်ပေးထားပါတယ်။

အောက်ပါ linkတွေကနေ Thingaha Webiste ကို တစ်ဆင့်ဝင်ကြည့်လို့ရပါတယ်ရှင့်

Thingaha Main Website
https://www.thingaha.org

GED scholarship latest news
https://www.thingaha.org/activity_2025_2026

Thingaha LinkedIn Page
https://www.linkedin.com/company/thingaha/

住所

Shibuya-ku, Tokyo

ウェブサイト

アラート

Thingahaがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

その団体に問い合わせをする

Thingahaにメッセージを送信:

ショートカット

共有する

カテゴリー