Kansai Myanmar Force

Kansai Myanmar Force Non-profit group for Myanmar Spring Revolution

ဟလို 🥰ကျမ တို့ ညီအကို မောင်နှမသားချင်းများ ဂုဏ်သိက္ခာရှိရှိ အိမ်ပြန်နိုင်ဖို့ တဖက်တလမ်းမှ အုတ်တချပ် သဲတပွင့် အနေနဲ့ ပြုလ...
20/08/2026

ဟလို 🥰

ကျမ တို့ ညီအကို မောင်နှမသားချင်းများ ဂုဏ်သိက္ခာရှိရှိ အိမ်ပြန်နိုင်ဖို့ တဖက်တလမ်းမှ အုတ်တချပ် သဲတပွင့် အနေနဲ့ ပြုလုပ်ကျင်းပမည် ဖြစ်တဲ့ နွေဦးအတွက် ဆောင်းဦး ကဖေးလေးမှာ ဆုံစည်းကြရအောင် ပါ လို့ ထပ်မံပြီး လေးစားစွာဖိတ်ခေါ် ပါရစေ နော်🙇
ခန်းဆိုင်မှ ညီအကို မောင်နှမ များ အားလုံး နွေဦးအတွက် ခွန်အားဖြစ် တေးသီချင်းများ နဲ့ မြန်မာပြည် ကဖေးအလွမ်းပြေ တေးသီချင်းများ ကို အတူတကွ သံပြိုင် သီဆို ကြရင်း Kansai Myanmar Force မောင်နှမ များရဲ့ မြန်မာ့ရိုးရာ ၊ Shan Food Fair မောင်နှမ များရဲ့ ရှမ်းတိုင်းရင်းသား ရိုးရာ စတဲ့ အရသာရှိသော အစားအသောက်များ သုံးဆောင် ရမှာ ဖြစ်ပါတယ်🥰

⭐️အစားအသောက်များ အတွက်
Main Dish တမျိုး ၊ Side Dish တမျိုး Desert နှင့် Drink ပါဝင်သော Set Menu ကို ယန်းငွေ ၂၀၀၀ ဖြင့် စားသုံးနိုင်ရန် စီစဉ်ထားပါတယ် ရှင် 🥰

⏩ထပ်ပြီး ဂျပန်အလှူရှင် တဦးမှ
ကဖေး မှာ လာရောက် စားသုံးသူများကို အသင့်စား ဂျပန် カレーထုတ်များ လက်ဆောင် ပေးဦးမှာ ဖြစ်ပါတယ် 🤩🤩🤩
တလရအတွက်လည်း အထောက်အကူဖြစ် လက်ဆောင်လည်း ရ လက်မှတ်ဝယ်လို့လုံးဝ အရှံုးမရှိတဲ့ ကဖေး လေးပါ 😇

လက်မှတ်များလည်း စတင်ရောင်းချနေပြီ ဖြစ်လို့ page messenger မှ လည်းကောင်း ၊ အရောင်း ကိုယ်စားလှယ်များထံ လည်းကောင်း အမြန်သာ Hi လိုက်ပါတော့လားရှင် 😍
ယုံယုံ ကြည်ကြည်နဲ့ ကမ်းလှမ်းလာတဲ့ တွဲလက်များ ကို အမြဲ ကျေးဇူးတင် လေးစားလျက်❤️
Kansai Myanmar Force မောင်နှမများ

Autumn CAFE for Spring Revolution Kansai Myanmar Force とShan Food Fair コラボチャリティーイベント!❤️ミンガラバー☺️このたび、長年にわたりミャンマー支援を続けてきた日...
26/07/2026

Autumn CAFE for Spring Revolution
Kansai Myanmar Force とShan Food Fair
コラボチャリティーイベント!❤️

ミンガラバー☺️

このたび、長年にわたりミャンマー支援を続けてきた日本ビルマ救援センター(Burmese Relief Center Japan:BRCJ)のご協力のもと、Kansai Myanmar Force とShan Food Fair コラボチャリティーイベントを開催いたします、☺️

【日時】
2026年9月13 日(日)11:00~16:00

【会場】
いくのパーク
(大阪市生野区桃谷5丁目5-37)

JR大阪環状線「桃谷」駅または「鶴橋」駅より徒歩約20分

[内容]
Kansai Myanmar Forceによるミャンマーの伝統料理や、Shan Food Fairによるシャン民族の郷土料理など、さまざまなお料理をご用意しております。

また、会場ではミャンマーを応援する歌をみんなで歌いながら、温かいひとときを一緒に過ごしましょう。

🍽️ セットメニュー 2,000円
・メインディッシュ 1品
・サイドディッシュ 1品
・デザート
・ドリンク

お食事を楽しみながら、ミャンマーへの想いをつなぐ時間をご一緒しませんか。

🎫 チケット販売中!
ご購入・お問い合わせは、ページのメッセンジャーまたは販売スタッフまでお気軽にご連絡ください。

どなたでもお気軽にお越しください。
皆さまのご参加とご支援を心よりお待ちしております。

မင်္ဂလာပါရှင်☺️ကျမ တို့ရဲ့ နွေဦးအတွက် ဆောင်းဦးကဖေး လေး ရဲ့ မီနူးများ အား ကြည့်ရှု့နိုင်ပြီ ဖြစ်ပါတယ်ရှင် 🥰ကျမ တို့ ညီအကိ...
22/07/2026

မင်္ဂလာပါရှင်☺️

ကျမ တို့ရဲ့ နွေဦးအတွက် ဆောင်းဦးကဖေး လေး ရဲ့ မီနူးများ အား ကြည့်ရှု့နိုင်ပြီ ဖြစ်ပါတယ်ရှင် 🥰
ကျမ တို့ ညီအကို မောင်နှမသားချင်းများ ဂုဏ်သိက္ခာရှိရှိ အိမ်ပြန်နိုင်ဖို့ တဖက်တလမ်းမှ အုတ်တချပ် သဲတပွင့် အနေနဲ့ ပြုလုပ်ကျင်းပမည် ဖြစ်တဲ့ နွေဦးအတွက် ဆောင်းဦး ကဖေးလေးမှာ ဆုံစည်းကြရအောင် ပါ လို့ လေးစားစွာဖိတ်ခေါ် ပါရစေ နော်🙇
ခန်းဆိုင်မှ ညီအကို မောင်နှမ များ အားလုံး နွေဦးအတွက် ခွန်အားဖြစ် တေးသီချင်းများ နဲ့ မြန်မာပြည် ကဖေးအလွမ်းပြေ တေးသီချင်းများ ကို အတူတကွ သံပြိုင် သီဆို ကြရင်း Kansai Myanmar Force မောင်နှမ များရဲ့ မြန်မာ့ရိုးရာ ၊ Shan Food Fair မောင်နှမ များရဲ့ ရှမ်းတိုင်းရင်းသား ရိုးရာ စတဲ့ အရသာရှိသော အစားအသောက်များ သုံးဆောင် ရမှာ ဖြစ်ပါတယ်🥰

⭐️အစားအသောက်များ အတွက်
Main Dish တမျိုး ၊ Side Dish တမျိုး Desert နှင့် Drink ပါဝင်သော Set Menu ကို ယန်းငွေ ၂၀၀၀ ဖြင့် စားသုံးနိုင်ရန် စီစဉ်ထားပါတယ် ရှင် 🥰

လက်မှတ်များလည်း စတင်ရောင်းချနေပြီ ဖြစ်လို့ page messenger မှ လည်းကောင်း ၊ အရောင်း ကိုယ်စားလှယ်များထံ လည်းကောင်း အမြန်သာ Hi လိုက်ပါတော့လားရှင် 😍
ယုံယုံ ကြည်ကြည်နဲ့ ကမ်းလှမ်းလာတဲ့ တွဲလက်များ ကို အမြဲ ကျေးဇူးတင် လေးစားလျက်❤️
Kansai Myanmar Force မောင်နှမများ

မင်္ဂလာပါရှင်ဇွန်လ ၂၁ ရက်နေ့တွင် ပြုလုပ် ကျင်းပ ပြီးစီးခဲ့သော အမေစု ၈၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် စျေးရောင်းပွဲ လေးမှ...
14/07/2026

မင်္ဂလာပါရှင်
ဇွန်လ ၂၁ ရက်နေ့တွင် ပြုလုပ် ကျင်းပ ပြီးစီးခဲ့သော အမေစု ၈၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် စျေးရောင်းပွဲ လေးမှ ရရှိသော ရန်ပုံငွေ များအား တပြားတချပ်မျှ မကျန် ၊ မချန်ထားဘဲ ကာကွယ်ရေး ပညာရေး စားဝတ်နေရေး ကဏ္ဍ အသီးသီး သို့ လှုဒါန်းပြီးစီးကြောင်း တင်ပြအပ်ပါတယ်☺️🙇
စက်တင်ဘာ ၁၃ ရက်နေ့တွင် ပြုလုပ်မည့် နွေဦး အတွက် KMF & Shan Food Fair တို့ရဲ့ ဆောင်းဦး ကဖေး အစီအစဉ်လေးကိုလည်း ပါဝင်ပေးကြမဲ့ မောင်နှမ တွေကို စောင့်မျှော်နေပါတယ်ရှင် ☺️
ကျေးဇူးတင်ပါတယ် 🩷

“အချိန်တန်လို့ ယုံကြည်သူ မယုံကြည်သူအားလုံးထံမှောက်နွေဦးဟာသစ္စာမပျက် ရောက်ရှိလာတော့မင်းဘယ်မှာလဲ ရှာမိတယ်မင်းပါနေတုန်းပဲ”“...
13/07/2026

“အချိန်တန်လို့
ယုံကြည်သူ မယုံကြည်သူအားလုံးထံမှောက်
နွေဦးဟာ
သစ္စာမပျက် ရောက်ရှိလာတော့
မင်းဘယ်မှာလဲ ရှာမိတယ်
မင်းပါနေတုန်းပဲ”
“တန်းဆင်းဇုန်ကရုန်းထွက်ပွဲမှာ
အင်္ကျီချွတ်အမှန်တရားအသင်းက
မင်းပါနေတုန်းပဲ
ဇရာအောင်လံစိုက် ငှက်သိုက်ကေကြီးနဲ့
မင်း ကန်နေတုန်းပဲ”
“လက်ခုပ်သံတွေ ဆဲရေးသံတွေကြား
အသားမာတက်ဖဝါးတွေနဲ့
အောင်စိတ်အောင်လံ မင်းရပ်ခံနေတုန်းပဲ”
“ဒီလိုအချိန်မှာ
ဖဝါးတွေ
နှလုံးသားတွေမှာအသားမာတက်နေတဲ့ကြားက
ချွေးစက်သွေးစက်မျက်ရည်များကိုမေးကြည့်ပါ
ဒီနွေဦးမှာ ပန်းပွင့်တဲ့ရိုးတံတွေ၊
နေလောင်ခံအစာချက်တဲ့သစ်ရွက်တွေ၊
မြေသားနက်နက်ရေရှာထွက်တဲ့အမြစ်တွေကို
"ဘာဖြစ်ချင်လဲ "မေးရင်တော့
"လူ့ဂုဏ်သိက္ခာပြည့်စွာကိုယ့်အိမ်ကိုယ် ပြန်နေချင်တာပဲရှိပါတယ် "လို့ တခဲနက်ဖြေလိမ့်မယ်”

#မင်းကိုနိုင်
၁၃/၃/၂၀၂၄

“ လူ့သိက္ခာ အပြည့်အဝ နဲ့ အိမ်ပြန်နိုင်ဖို့ “ ကျမ တို့ Kansai Myanmar Force မောင်နှမ တစု နှင့်အတူ အိုဆာကာ ရဲ့ နာမည်ကြီး ရှမ်းအစားအစာ Shan Food Fair မှ ရှမ်းမောင်နှမ များ အတူ ပူးပေါင်း ကျင်းပ မည့် Special Collaboration Charity Event ဖြစ်သော နွေဦး အတွက် KMF & Shan Food Fair ရဲ့ ဆောင်းဦးကဖေး လေး ဖွင့်လှစ် ရောင်းချ သွားဖို့ စီစဉ်ထားပါတယ် ☺️

ခန်းဆိုင်တခွင်မှ ညီအကို မောင်နှမ များ အားလုံး ကျမတို့နဲ့အတူ သိက္ခာရှိရှိအိမ်ပြန်နိုင်ဖို့ ကျမ တို့ရဲ့ နွေဦးအတွက် ရည်ရွယ်တဲ့ ဆောင်းဦး ကဖေးလေးကို ပါဝင် ပေးကြပါဦးလို့ တိုက်တွန်း လိုက်ပါရစေရှင် 🙇

🛑ကျင်းပမည့် ရက်။
၂၀၂၆ စက်တင်ဘာ ၁၃ ရက် ( တနင်္ဂနွေ )
🛑ကျင်းပမည့် အချိန် ။ ၁၁:၀၀- ၁၆:၀၀
🛑ကျင်းပမည့် နေရာ ။ いくのパーク
〒544-0034 大阪府大阪市生野区桃谷5丁目5−37
JR桃谷駅သို့မဟုတ် 鶴橋駅မှ မိနစ် ၂၀ ခန့်
https://maps.app.goo.gl/rdFR7eYuReAE2nLG8?g_st=ic

မင်္ဂလာပါ ☺️ဇွန်လ ၂၁ ရက်နေ့ တွင် ကျမ တို့ Kansai Myanmar Force မှ မောင်နှမများ အတူလက်တွဲ ပြုလုပ် ကျင်းပခဲ့တဲ့ အမေစု ၈၁ န...
28/06/2026

မင်္ဂလာပါ ☺️

ဇွန်လ ၂၁ ရက်နေ့ တွင် ကျမ တို့ Kansai Myanmar Force မှ မောင်နှမများ အတူလက်တွဲ ပြုလုပ် ကျင်းပခဲ့တဲ့ အမေစု ၈၁ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် စျေးရောင်းပွဲ လေးရဲ့ စာရင်းရှင်းတမ်း လေး ထုတ်ပြန် ကြေငြာပါရစေ ရှင် ☺️
အမေစု ရဲ့ မွေးနေ့ အထိမ်းအမှတ်စျေးရောင်း ပွဲ လေး ဖြစ်မြောက်ရေးအတွက်

၁/ 日本ビルマ救援センターBRCJ မှ မေတ္တာဖြင့် အခမဲ့ ဆိုင်ခန်းငှါးရမ်းနိုင်ရန် ကူညီပေးခြင်းဖြင့် လည်းကောင်း

၂/ ကချင်ရိုးရာ ငါးမျှစ်ချဉ် ခေါက်ဆွဲ ပွဲ ၄၀ စာ ကို မင်းသား ကိုစွမ်း မှ လည်းကောင်း

၃/ အုန်းနို့ ခေါက်ဆွဲ ပွဲ ၄၀ စာ ကို ညီမလေး နုနု မှ လည်းကောင်း

၄/ ကရင်ရိုးရာမုန့်ဟင်းခါး ပွဲ ၄၀ စာ ကို ကိုဖိုးကျော်နှင့် ကရင်အမျိူးသမီးလေး ဖိုးမူ တို့မှ လည်းကောင်း

၅/ ဖာလူဒါ ပွဲ ၅၀ စာကို မအိ နှင့် ကိုလင်း တို့မှ လည်းကောင်း

၆/ ကြာဇံချက် ပွဲ ၆၀ စာ ကို ကိုစိုးကြီး နှင့် ညီမလေး မြတ်နိုး တို့မှ လည်းကောင်း

၇/ တို့ဟူး သုပ် ပွဲ ၃၀ စာ ကို မောင်လေး ကိုခန့် မှ လည်းကောင်း

၈/ ဆမူစာ ပွဲ ၅၀ စာ နှင့်
ပဲရွက်သုပ် ပွဲ ၂၀ စာ ပဲပြားသုပ် ပွဲ ၂၀ စာ
ခရမ်းချဉ်သီးသုပ် ၂၄ ပွဲစာ တို့အား မရှောယု မှ လည်းကောင်း
အမေစု ကျန်းမာပါစေ
အမေစု နဲ့တကွ မတရားဖိနှိပ် ဖမ်းဆီးခံထားရသူများ အမြန်ဆုံး လွတ်မြောက်ပါစေ ဆိုတဲ့ ဆုတောင်းမေတ္တာစေတနာ များဖြင့် အသီးသီး လှူဒါန်း ဒါန ပြုကြပါသည် ။🩷🙇
※ ဖေါ်ပြပါ ပွဲအရေအတွက် များမှာ ရောင်းချရန် ပြင်ဆင်လာကြသော ပွဲအရေအတွက် များဖြစ်ပါသည်။

22/06/2026

မေမေ နေကောင်းလား မေမေ

ထိုက်ချိ လေး အတွက် သမီးတို့ သားတို့ စိတ်မကောင်းဖြစ်ရပါတယ် 🥺
တိုင်းသူ ပြည်သားတွေတောင် စိတ်မကောင်း ဖြစ်ရရင် မေမေ ပို စိတ်မကောင်း ဖြစ်မှာပဲ လို့ တွေးမိရင်
ပိုစိတ်မကောင်း ဖြစ်ရပါတယ်🥺

မေမေ နေကောင်းလား မေမေ 🥺

မင်္ဂလာပါရှင်☺️ယနေ့ ဇွန် ၂၁ ရက်နေ့တွင် ကျင်းပ ခဲ့တဲ့ ကျွန်မ တို့ရဲ့ အမေစု မွေးနေ့ အထိမ်းအမှတ်စျေးရောင်းပွဲလေးဟာ ငွေအားလူ...
21/06/2026

မင်္ဂလာပါရှင်☺️
ယနေ့ ဇွန် ၂၁ ရက်နေ့တွင် ကျင်းပ ခဲ့တဲ့ ကျွန်မ တို့ရဲ့ အမေစု မွေးနေ့ အထိမ်းအမှတ်စျေးရောင်းပွဲလေးဟာ ငွေအားလူအားစေတနာမေတ္တာအားနဲ့ အတူတကွ အားဖြည့်ပါဝင်သူများ အားလုံး ရဲ့ ပူးပေါင်း ဆောင်ရွက်မှု့များကြောင့် အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ပါတယ် ပွဲဖြစ်မြောက်ရေးအတွက် အစားအသောက် အလှူရှင်များ ဘော်လန်ဒီယာလုပ်အား အလှူရှင်များ နဲ့ ကြိုတင် လက်မှတ်များ ဝယ်ယူပေးခြင်းဖြင့် အားဖြည့်ပါဝင်ပေးကြတဲ့ အမေစုကို ချစ်ခင်လေးစားသူ တစ်ဦးတစ်ယောက်ချင်းစီကို လေးစားစွာ ကျေးဇူးတင်ပါတယ်ရှင်🙇‍♀️
ပွဲ ငွေရှင်းတမ်း မြန်မာပြည်တွင်းသို့ အလှူငွေ လှူဒါန်းမှု့များကိုလည်း အမြန်ဆုံး ပြုလုပ်သွားမှာ ဖြစ်ပါတယ်ရှင်🙇
အမေစု ကျန်းမာပါစေ 🩷
အမေစု အမြန်ဆုံး လွတ်မြောက်ပါစေ 🩷

Kansai Myanmar Force မောင်နှမ တွေ အဆင့်သင့် ဖြစ်နေပါပြီ နော် 😍
21/06/2026

Kansai Myanmar Force မောင်နှမ တွေ အဆင့်သင့် ဖြစ်နေပါပြီ နော် 😍

住所

Osaka, Osaka

ウェブサイト

アラート

Kansai Myanmar Forceがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

その団体に問い合わせをする

Kansai Myanmar Forceにメッセージを送信:

ショートカット

共有する

カテゴリー