05/03/2026
Rakuten sim အသစ်လျှောက်မဲ့သူတွေသတိထားရမှာလေးပါ
• Mar 2nd 2026 (9:00) ကနေစပြီး Rakuten ကနေထုတ်လိုက်တဲ့ Rule အသစ်လေးအကြောင်းပြောပြင်လို့ပါ
• အရင်sim အသစ်လျှောက်ရင်
လျှောက်ထားပြီးစာချုပ်ဖျက်တာတို့
bill ဆောင်နောက်ကျပြီး လပေါင်းများစွာ အကြွေးကျန်နေတာမရှိဘူးဆိုရင်
Point တွေ ဖြေးဖြေးချင်းဝင်ပါတယ်ရှင့်
• အခုကစပြီးအသစ်ထုတ်လိုက်တာက
Rakuten sim အသစ်လျှောက်တဲ့သူတိုင်း
လျှောက်ထားတဲ့ Rakuten Mobile SIM Card ကို သုံးပြီး
• Rakuten Link App နဲ့ 10 seconds ဖုန်းခေါ်ဆိုမှု ၁ ကြိမ်လုပ်ပေးရပါမယ်ရှင့်။
• 10 seconds ဖုန်းခေါ်ဆိုမှု မလုပ်ခဲ့ပါက Point တွေ မရတော့ပါဘူးတဲ့ရှင့်
• Rakuten Mobile SIM Card ကို အခုမှ စသုံးမယ့်သူများအတွက်
ပထမဦးစွာ Rakuten Link သုံးလို့ရ/မရ ကို အရင်စစ်ဆေးပေးပါရှင့်။
(သို့မဟုတ်) Rakuten Link သုံးလို့ရတဲ့ Handset ကို အသိမိတ်ဆွေများထံမှ ယာယီငှားပြီး
• 10 seconds ဖုန်းခေါ်ဆိုမှုကို လုပ်ပေးရပါမယ်ရှင့်။
ဒီသတ်မှတ်ချက်က Rakuten Mobile Inc မှ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက် ဖြစ်တာကြောင့်
• Rakuten Link နဲ့ 10 seconds ဖုန်းခေါ်ဖို့ မမေ့ကြပါနော်ရှင့်။
မင်မင်တို့က ထုတ်ပြန်ထားတာ မဟုတ်ပါဘူးရှင့်။
簡単なQRコードメーカー。 2 回のクリックで QR コードを作成: 👉 リンクをアップロード、👉 QR を生成、👍 ダウンロード!