01/07/2026
CCJ နှင့် CYO ဖျက်သိမ်းခြင်းနှင့် Chin Organization of Japan (COJ) ဖွဲ့စည်းတည်ထောင်ခြင်းဆိုင်ရာ အသိပေးကြေညာချက်
၁ ရက်၊ ဇူလိုင်လ၊ ၂၀၂၆
ဂျပန်နိုင်ငံရှိ ချင်းလူမျိုးများ၏ နိုင်ငံရေး၊ အမျိုးသားရေး၊ လူသားချင်း စာနာထောက်ထားရေး၊ ယဉ်ကျေးမှုထိန်းသိမ်းမြှင့်တင်ရေး၊ လူမှုအကျိုးဆောင်ရွက်ရေးလုပ်ငန်းများ နှင့် အနာဂတ်တိုးတက်မြှင့်တင်ရေးတို့ကို ပိုမိုထိရောက်စွာ
အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်၍ Chin Community of Japan (CCJ) နှင့် Chin Youth Organization of Japan (CYO) တို့ကို ဖျက်သိမ်းပြီး Chin Organization of Japan (COJ) ကို အသစ်ဖွဲ့စည်းတည်ထောင်လိုက်ကြောင်း မိတ်ဖက်အဖွဲ့အစည်းများ၊ အဖွဲ့အစည်းအသီးသီးနှင့် သက်ဆိုင်သူများအား လေးစားစွာ အသိပေးအပ်ပါသည်။
Chin Organization of Japan (COJ) သည် ယခင် CCJ နှင့် CYO တို့၏ ရည်ရွယ်ချက်ကောင်းများနှင့် လုပ်ငန်းတာဝန်များကို ဆက်လက်အကောင်အထည်ဖော်ပြီး ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ထို့ကြောင့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှစတင်၍ ဂျပန်နိုင်ငံရှိ ချင်းလူမျိုးများနှင့် သက်ဆိုင်သည့် နိုင်ငံရေး၊ အမျိုးသားရေး၊ လူမှုရေး၊ လူသားချင်းစာနာထောက်ထားရေး၊ ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများ၊ အစီအစဉ်များ၊ တရားဝင်စာထုတ်ပြန်ချက်များနှင့် ဆက်သွယ်ဆောင်ရွက်မှုများအားလုံးကို Chin Organization of Japan (COJ) အမည်ဖြင့် တရားဝင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ မိတ်ဖက်အဖွဲ့အစည်းများ၊ အဖွဲ့အစည်းအသီးသီးနှင့် သက်ဆိုင်သူများအနေဖြင့် Chin Organization of Japan (COJ) ကိုသာ တရားဝင်ကိုယ်စားပြုအဖွဲ့အစည်းအဖြစ် သတ်မှတ်၍ ဆက်သွယ်ပူးပေါင်းဆောင်ရွက်ပေးကြပါရန် လေးစားစွာ အသိပေးကြေညာအပ်ပါသည်။
လေးစားစွာဖြင့်
Chin Organization of Japan (COJ) အလုပ်အမှုဆောင်အဖွဲ့