26/08/2026
Food & Water Donation @ IDPs Camp
မနေခြည်ခင်ဦး၏မွေးနေ့အလှူအဖြစ်ရေ၁ကန်စာရေအလှူနှင့် အာဟာရတစ်နပ်စာပါဝင်အားဖြည့်လှူဒါန်းပေးသွားပါတယ်ရှင်။
နေ့လည်စာအာဟာရအလှူအဖြစ်ကလေးတွေအကြိုက်တွေ့စေမယ့် အာဟာရအလှူ တော့ ၀က်သားဟင်း၊ကုလားပဲ ဘူးသီး ကြာဇံ ဟင်းရည်၊ငါးပိချက်နှင့်အချိုရည် တို့ဖြင့်ဖွယ်ဖွယ်ရာရာစီစဉ်ပေးဖြစ်ခဲ့ပါတယ်ရှင်။
အားရပါးရစားနေကြတဲ့မြင်ကွင်းလေးက ကြည်နူးစရာလေးဖြစ်ခဲ့ရပါတယ်ရှင်။
ထို့အပြင် ရေရှားပါဒေသဖြစ်ပြီး သောက်ရေချိုးရေအတွက် အခက်အခဲဖြစ်နေချိန် အလှူရှင်မှ ရေအလှူလေး လှူဒါန်းပေးခဲ့တာမို့ စစ်ရှောင်ပြည်သူများ အလွန်ပဲ ပျော်ရွှင်ခဲ့ကြပါတယ်ရှင်။
ဒီလို အမှန်တကယ်လိုအပ်နေတဲ့နေရာလေးမှာ ပါဝင်အားဖြည့်လှူဒါန်းပေးပါသော ရေအလှူနှင့်အာဟာရအလှူရှင်မိသားစုအားအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်🙇♀️🙇♀️🙇♀️