2026/08/27
ဝါဆိုသင်္ကန်းကပ်ပွဲ အောင်မြင်စွာပြီးဆုံး
======================
ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ဓမ္မအလင်းကျောင်းတိုက် ဒုတိယအကြိမ် ဝါဆိုသင်္ကန်းကပ်ပွဲ အောင်မြင်စွာပြီးဆုံး။
ဂျပန်နိုင်ငံ၊ ဓမ္မအလင်းကျောင်းတိုက်၌ ဒုတိယအကြိမ် စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲကို ၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၁၆) ရက်၊ တနင်္ဂနွေနေ့တွင် 〒653-0042 兵庫県神戸市長田区双葉町7丁目1-18 ၌ အောင်မြင်စွာ ကျင်းပခဲ့ကြပါသည်။
ထိုသို့ အောင်မြင်စွာ ကျင်းပနိုင်အောင် အဖက်ဖက်က ဝိုင်းဝန်းကူညီပေးကြသူများ၊ ကြွရောက်ချီးမြင့်ပေးကြသော ပုဂ္ဂိုလ်များ၊ မလာရောက်နိုင်သော်လည်း တတ်နိုင်သည့်ဘက်မှ လှူဒါန်းထောက်ပံ့ပေးကြသူများအားလုံးကို ဓမ္မအလင်း အဖွဲ့သားများမှ ကျေးဇူးတင်ပါသည်။
ဓမ္မအလင်းကျောင်းတိုက်လိပ်စာ = 神戸市長田区長田天神町一丁目9-5, Kobe-shi, Hyogo, Japan, 653-0882 ( Google Map တွင် “ဓမ္မအလင်း ကျောင်းတိုက်” ဟုရိုက်ရှာနိုင်ပါသည်။)
ဝါဆိုသင်္ကန်းလှူရကျိုး (၇)မျိုး
ဖြစ်လေရာဘဝတိုင်းမှာ...
(၁) မိမိခန္ဓာကိုယ်ကို ဆင်မြန်းရန် အဝတ်အထည်အတွက် စိုးရိမ်သောကများမဖြစ်စေရခြင်း။
(၂) အသားအရေတို့သည် ရွှေရောင်လို ဝင်းဝါတောက်ပနေရခြင်း။
(၃) မိမိခန္ဓာကိုယ်မှ နှစ်လိုဖွယ် အရောင်ထွက်ပေါ်ခြင်း။
(၄) အသားအရည်တို့သည် နုညံ့ချောမွေ့နေခြင်း။
(၅) မှဲ့ခြောက် တင်းတိတ် ဝတ်ခြံ စသောအညစ်အကြေးတို့မရှိခြင်း။
(၆) ခေတ်ကာလအလျောက်ပေါ်ပေါက်လာသည့် အဝတ်အထည်တို့ကို တောင်းတလိုက်ရုံဖြင့်အလွယ်တကူရရှိ၍ ဝတ်ဆင်နိုင်ရခြင်း။
(၇) ဧဟိဘိက္ခု ခေါ်လိုက်ရုံဖြင့် ရဟန်းအသွင်ရရှိခြင်း ဟူသော... ကောင်းကျိုး(၇)မျိးကို ဝါဆိုသင်္ကန်းအလှူရှင်များ ရရှိနိုင်၏။