Palaw Supporting Group-Japan

ウェブサイト その団体に問い合わせる

Palaw Supporting Group-Japan Palaw Supporting Group-Japan、非営利団体、埼玉、Kawaguchi-shiの連絡先、地図と道順、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。
(2)

皆さんお待たせ致しました。သင်္ကြန်အတွက်စျေးရောင်းရရှိငွေများအားလုံးကို သက်ဆိုင်ရာအသီးသီးသို့ ပေးပို့ပြီးပါပြီခင်ဗျရှင်းတမ်းကိုလဲ တခါတ...
2026/04/24

皆さんお待たせ致しました。
သင်္ကြန်အတွက်စျေးရောင်းရရှိငွေများအားလုံးကို သက်ဆိုင်ရာအသီးသီးသို့ ပေးပို့ပြီးပါပြီခင်ဗျ
ရှင်းတမ်းကိုလဲ တခါတည်းတင်ပေးထားပါတယ်
နောက်ထပ်ပြုလုပ်မယ့် တော်လှန်ရေးအထောက်အကူပြုလုပ်ငန်းစဉ်တွေမှာလဲ ပါဝင်ကူညီပေးသွားကြဖို့ ထပ်ဆင့်မေတ္တာရပ်ခံချင်ပါတယ်
ကျွန်တော်တို့အားလုံး မမေ့မလျော့နဲ့အဆုံးတဲ့ထိတိုက်ကြရအောင်ပါခင်ဗျား💪💪

(Shadow Squad)ဒရုန်းတပ်ဖွဲ့အတွက်-၁၅၀၀၀၀ယန်း
တပ်မဟာ(၄)အထူးတပ်ဖွဲ့(KNLA Special Forces)အတွက်-၁၈၀၃၀၀ယန်း
ပေါင်း 330,300အတိပါခင်ဗျား

၂၀၂၆ခုနှစ်နွေဦးသင်္ကြန်စျေးရောင်းပွဲအတွက် အလှူငွေစာရင်းရှင်းတမ်းပါမျှော်မှန်းထားသလောက်ပမာဏမရခဲ့ပေမယ့် အားလုံးအကောင်းဆုံး...
2026/04/13

၂၀၂၆ခုနှစ်နွေဦးသင်္ကြန်စျေးရောင်းပွဲအတွက်
အလှူငွေစာရင်းရှင်းတမ်းပါ
မျှော်မှန်းထားသလောက်ပမာဏမရခဲ့ပေမယ့် အားလုံးအကောင်းဆုံးကြိုးစားခဲ့ကြပါတယ်
လိုအပ်တဲ့နေရာကပါဝင်ကြဖို့ အမြဲအဆင်သင့်ဖြစ်နေသောအဖွဲ့သားများ
(မီးအပူနေအပူအံတုလို့ မငြီးမငြူဘဲကူကြတယ်
လူအားရောငွေအားရောစိုက်ကြတယ်)

အဖက်ဖက်ကကူညီပံ့ပိုးဝန်းရံကြသူများ
အလှူငွေထည့်ဝင်ပေးသော မိတ်ဆွေများ
ကတ်ကြေးကိုက်အတွက်နှစ်စဉ်လှူပေးနေကျ ပြည့်စုံပဲပြုတ်
ဖာလူဒါအတွက်နှစ်စဉ်ကိုယ်တိုင်ပြုလုပ်ပြင်ဆင်ပေးသော ညီမလေး(ဒီနှစ်လဲအခွက်လေးရာလောက်ရောင်းရပါတယ်)
တကူးတကလာရောက်အားပေးကြသော သူငယ်ချင်းမိတ်ဆွေများ
ပုလောနယ်သူနယ်သားများ
လာရောက်ဝယ်ယူအားပေးကြသူတစ်ယောက်ချင်းစီကို အထူးကျေးဇူးတင်ရှိကြောင်းပြောချင်ပါတယ်ခင်ဗျား🙏🙏🙏
အဆင်မပြေမှုများရှိခဲ့ပါရင်လဲ ခွင့်လွတ်ပေးဖို့တောင်းပန်ပါတယ်
ရရှိသောအမြတ်ငွေ@များကို တပြားတချပ်မကျန်
ပုလောဒေသ တော်လှန်ရေးအဖွဲ့များနဲ့ စစ်ဘေးရှောင်များသို့အမြန်ဆုံးပို့ဆောင်သွားပါမယ်
အလှူငွေစာရင်းရှင်းတမ်းကိုလဲ ဆက်လက်တင်ပြပေးသွားပါမယ်ခင်ဗျ

ကြိုတင်ပြင်ဆင်နေကြပါပြီဒီနှစ်တော့ဆိုင်ခန်းလဲကျယ် ရာသီဥတုကလဲသာယာတော့ စိတ်ချမ်းချမ်းသာသာနဲ့အားပေးလို့ရမှာပါအများကြီးပြင်ဆင...
2026/04/12

ကြိုတင်ပြင်ဆင်နေကြပါပြီ
ဒီနှစ်တော့ဆိုင်ခန်းလဲကျယ် ရာသီဥတုကလဲသာယာတော့ စိတ်ချမ်းချမ်းသာသာနဲ့အားပေးလို့ရမှာပါ
အများကြီးပြင်ဆင်ထားလို့ လာရောက်သုံးဆောင်ကြပါဦးလို့🤗🤗🤗

ဒီနှစ်တော်လှန်သင်္ကြန်အတွက်PSGJရဲ့menuပါနှစ်တိုင်းမပါမဖြစ်နာမည်ကျော်ကတ်ကြေးကိုက်နဲ့ တခြားသော ပုလောဒေသအစားအစာတွေဖြစ်တဲ့ မ...
2026/03/29

ဒီနှစ်တော်လှန်သင်္ကြန်အတွက်PSGJရဲ့menuပါ
နှစ်တိုင်းမပါမဖြစ်နာမည်ကျော်ကတ်ကြေးကိုက်နဲ့ တခြားသော ပုလောဒေသအစားအစာတွေဖြစ်တဲ့ မုန့်တီလှော်ရှာလကာ အချိုပွဲအတွက် သာခွေယိုင် ဖာလူဒါတို့ကို ရောင်းချသွားပါမယ်
တပွဲစားပြီးနောက်တပွဲပါပါဆယ်ဆွဲပြီးမှပြန်ကြပါလို့ (စားကောင်းလို့ဆိုပြီး နောက်ထပ်တခါတန်းစီစောင့်ရမှာစိုးလို့ပါ😅)
နှစ်စဉ်မပျက်မကွက်အားပေးကြတဲ့ချစ်မိတ်ဆွေများနဲ့ မိတ်သစ်များအတွက်
ဒီနှစ်လဲအများကြီးပြင်ဆင်ပြီး စောင့်ကြိုနေမှာမို့ ဆက်ဆက်လာကြဖို့ဖိတ်ခေါ်ပါတယ်
Preorder လက်ခံပါတယ်လာမယ့်အချိန်နဲ့ပွဲရေ နာမည်ဖုန်းနံပါတ်တော့အတိအကျပြောပေးကြပါနော်🤗🤗🤗
#နွေဦးသင်္ကြန်
#တိုကျို

💟Love Gathering in Tokyo💟 💕 တော်လှန် Band တစ်ခုဖြစ်တဲ့ xyZ21 Band ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေနဲ့အတူ အထူးဧည့်သည်တော်များအနေန...
2026/03/25

💟Love Gathering in Tokyo💟

💕 တော်လှန် Band တစ်ခုဖြစ်တဲ့ xyZ21 Band ရဲ့
ဖျော်ဖြေတင်ဆက်မှုတွေနဲ့အတူ အထူးဧည့်သည်တော်များအနေနဲ့ .....

ကောင်းကောင်း (Melody World) နဲ့ Revolutionary Power! John Derek တို့ရဲ့
ပေါင်းစပ်မှုကြီးကို တိုကျိုမှာ အတူတူ ဝုန်းကြမယ်!🔥🎸

Melody World 2008 မှာ တစ်နိုင်ငံလုံးကို ချိုမြတဲ့ အသံပါဝါနဲ့ သိမ်းပိုက်ခဲ့ပြီး
ကရင်တိုင်းရင်းသားတစ်ဦးရဲ့ ပီပြင်တဲ့အသံ၊ ပြတ်သားတဲ့ တော်လှန်ရေးစိတ်ဓာတ်တွေနဲ့အတူ အသံပါဝါအလန်းစားတွေနဲ့ ပရိတ်သတ်တွေကို ဖမ်းစားနိုင်မယ့် King of the Melody! Kaung Kaung !

တော်လှန်ရေးကာလ တလျှောက်မှာ အရေးပါတဲ့ Music Creator၊
လူငယ်ထုကြားမှာ ရေပန်းစားခဲ့တဲ့ "တို့အရေး" သီချင်းရဲ့ Chorus အသံရှင် ဖြစ်ပြီး
ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်နဲ့အတူ ခိုင်မာတဲ့ အနုပညာအရည်အချင်းကို ပိုင်ဆိုင်ထားတဲ့
John Derek တို့နဲ့ ဆုံကြမယ့်ပွဲလေး တစ်ခုရှိပါတယ် ။

ကဲ ပရိသတ်ကြီးရေ တိုကျိုမှာ အပီအပြင် ခွန်အားယူဖို့ အဆင်သင့်ပဲလား?💪🎸

✨Save the Date✨
🗓️ နေ့ရက် : 2026 April 26(Sunday)
🏛️ နေရာ: Tokyo [Nerima Culture Center] Nerima Station ( 1 min walk )
⏰ Gate Open : 12:00 ( Door Open : 12:30 )
🥁 Show Time : 13:00 ~ 15:30

( Melody World 2008 ရဲ့ King of the Melody ) ကောင်းကောင်းနဲ့
အနုပညာအင်အားတွေနဲ့ တက်သစ်စကြယ်ပွင့် John Derek တို့ရဲ့
ဖျော်ဖြေမှုကို အားပါးတရ ကြည့်ရှု့ ဖို့ ပိတ်ရက်လေးတွေ ယူထားဖို့မမေ့ကြနဲ့နော်🥰💖



အားလုံးပဲ့မင်္ဂလာညချမ်းပါဒီနှစ်မှာလဲ တော်လှန်နွေဦးသင်္ကြန်မှာကျွန်တော်တို့PSGJမှလဲ အစဉ်အလာမပျက်ပါဝင်ရောင်းချသွားမှာဖြစ်တ...
2026/03/14

အားလုံးပဲ့မင်္ဂလာညချမ်းပါ
ဒီနှစ်မှာလဲ တော်လှန်နွေဦးသင်္ကြန်မှာကျွန်တော်တို့PSGJမှလဲ အစဉ်အလာမပျက်ပါဝင်ရောင်းချသွားမှာဖြစ်တဲ့အကြောင်း
သတင်းကောင်းလေးပါးချင်ပါတယ်ခင်ဗျ
တော်လှန်သင်္ကြန်စတင်ချိန်၂၀၂၂ကနေခုချိန်ထိ တစ်နှစ်မပျက်ဘဲပါဝင်လာနိုင်ခဲ့တာကလဲ ဝိုင်းဝန်းပံ့ပိုးအားထုတ်ကြသူများရဲ့ သွေးမအေးတဲ့တော်လှန်စိတ်ကြောင့်ပါပဲ့
ဒီ့အတွက်ကျေးဇူးတင်ဂုဏ်ယူကြောင်းပြောချင်ပါတယ်
ခုချိန်ထိအစဉ်တစိုက်ပါဝင်ခဲ့ကြတဲ့ အဖွဲ့သူအဖွဲ့သားတစ်ယောက်ချင်းစီအပြင် နှစ်စဉ်ကူညီဝန်းရံပေးကြတဲ့ သူငယ်ချင်းမိတ်ဆွေများ
ဝယ်ယူအားပေးကြတဲ့ တော်လှန်ညီအကိုမောင်နှမများရဲ့အားကိုယူပြီး ဒီနှစ်လဲ ပွဲရေအများကြီးပြင်ဆင်ပြီး ရရှိလာတဲ့အမြတ်ငွေတွေကို သက်ဆိုင်ရာမြေပြင်ဆီသို့ အမြန်ဆုံးထောက်ပို့နိုင်ဖို့အားခဲထားကြပါတယ်
ဒါကြောင့်မိတ်ဟောင်းမိတ်သစ်အားလုံးကို
ဒီနှစ်လဲ တခဲနက်အားပေးဝန်းရံကြဖို့ဖိတ်ခေါ်ပါတယ်
ပွဲဝင်ခွင့်လက်မှတ်များလဲ ကြိုတင်အားပေးနိုင်ပါတယ်ခင်ဗျ
ရောင်းချသွားမယ့်menuများကိုလဲ ပွဲချိန်နီးရင်ထပ်မံကြေငြာပေးသွားပါမယ်

住所

Saitama Kawaguchi-shi
埼玉

アラート

Palaw Supporting Group-Japanが新しいニュースやキャンペーンを投稿したら、いち早くメールでお知らせします。メールアドレスが他の目的に使われることはなく、いつでも配信を停止できます。

その団体に問い合わせる

Palaw Supporting Group-Japanにメッセージを送信:

ショートカット

共有する

カテゴリー