Hiroshima Myanmar Community

Hiroshima Myanmar Community Charity Organization for Myanmar from Hiroshima,Japan.

HIROSHIMA MYANMAR COMMUNITY မှ ဦးစီးကျင်းပသော ၇၉နှစ်မြောက် အာဇာနည်နေ့ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲမှာ ရရှိငွေများအားလုံး(၄၃၆၈...
15/08/2026

HIROSHIMA MYANMAR COMMUNITY မှ ဦးစီးကျင်းပသော ၇၉နှစ်မြောက် အာဇာနည်နေ့ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲမှာ ရရှိငွေများအားလုံး(၄၃၆၈၄၇¥)လှူဒါန်းကူညီပြီးပါကြောင်း certificate သို့ အလှူငွေလွှဲမှတ်တမ်းနှင့်တကွ တင်ပြခြင်း။

၁။၁၃၇၀၀၀ယန်း (၃၅၆၂၀၀၀ကျပ်)အား KNDF-UAV တပ်ရင်းအား တော်လှန်ရေးအတွက်အထောက်အကူဖြစ်စေရန် ကူညီထောက်ပို့ခဲ့ပြီးဖြစ်ပါသည်။certificate ရပြီး။။

၂။၁၀၀၀၀၀ယန်း(၂၆၀၀၀၀၀ကျပ်)အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖြစ်ထွန်းပေါ်ပေါက်လာရေးရည်ရွယ်ကာ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့သို့ ကူညီထောက်ပို့ခဲ့ပါသည်။certificate ရပြီး။။

၃။၁၀၀၀၀၀ယန်း(၂၆၃၀၀၀၀ကျပ်)အား နွေဦးတော်လှန်ရေးကာလအတွင်း တိုက်ပွဲဝင်နေသော 96 SOLDIERS-PDF(အညာတပ်ခွဲ)သို့ ထောက်ပို့ကူညီခဲ့ပါသည်။certificate ရပြီး

၄။၁၀၀၀၀၀ယန်း(၂၆၀၀၀၀၀ကျပ်)ပခုက္ကူခရိုင် ဧရာဒေါင်းတပ်ဖွဲ့အား စစ်ဘေးမီးဘေးသင့်ပြည်သူများအား ကူညီရန်အတွက် လှူဒါန်းကူညီခဲ့ပါသည်။
***လတ်တလော နယ်မြေစစ်ရေးအခြေအနေအရ အင်တာနက်လိုင်းဖုန်းလိုင်း အခက်အခဲကြောင့် certificate ရရှိရန် ကြန့်ကြာလျက်ရှိပြီး ရရှိခဲ့ပါက ပြန်လည်တင်ပြပေးပါမည်။

ယခုလို တော်လှန်ရေးနှင့်စစ်ဘေးဒုက္ခသည်ကူညီနိုင်ရန် အဖက်ဖက်က ပါဝင်ခဲ့ကြသော တစ်ဦးတစ်ယောက်ချင်းစီအား HMCမှ အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားအပ်ပါသည်။

အရေးတော်ပုံအောင်ရမည်။💪💪💪

HIROSHIMA MYANMAR COMMUNITY (HMC)

NUGသာ ပြည်သူ့အစိုးရ ပြည်သူ့အားကိုးရာပါ။NUG JPမှ ဆက်သွယ်လာမှုဖြင့် KUMAMOTO မှ ငလျင်ကြောင့် ခုမမိုတိုရောက် မြန်မာတချို့ သ...
03/08/2026

NUGသာ ပြည်သူ့အစိုးရ ပြည်သူ့အားကိုးရာပါ။
NUG JPမှ ဆက်သွယ်လာမှုဖြင့် KUMAMOTO မှ ငလျင်ကြောင့် ခုမမိုတိုရောက် မြန်မာတချို့ သောက်ရေအခက်အခဲဖြစ်နေမှုကို သိရှိရပြီး NUG JP ညွှန်ကြားမှုနှင့်အတူ HIROSHIMA MYANMAR COMMUNITY မှ ကျွန်တော်အကြည်ကိုယ်တိုင် နေ့ချင်းအားချင်း ရေသန့်များ သွားရောက်ပို့ဆောင်ပေးခဲ့ပါတယ်။
NUG (JAPAN)ပြည်သူ့အစိုးရကို ထောက်ပံ့နိုင်ခဲ့လို့ ဝမ်းသာရသလို။
ကိုယ့်မြန်မာအချင်းချင်း ကူညီပေးနိုင်ခဲ့လို့ ကြည်နူးရပါတယ်။

အကြည်(HMCကိုယ်စားလှယ်)
JP

30/07/2026

HIROSHIMA MYANMAR COMMUNITY မှ ဦးစီးကျင်းပသော ၇၉နှစ်မြောက် အာဇာနည်နေ့ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲမှာ ရရှိငွေထဲမှ ၁၃၇၀၀၀ယန်း (၃၅၆၂၀၀၀ကျပ်)အား KNDF-UAV တပ်ရင်းအား တော်လှန်ရေးအတွက်အထောက်အကူဖြစ်စေရန် ကူညီထောက်ပို့ခဲ့ပြီးဖြစ်ပါသည်။
ကျန်ရှိသော ရန်ပုံငွေများအား တစ်ယန်းမကျန်အကုန်ထောက်ပို့ပြီးဖြစ်သော်လည်း certificate ရရှိခဲ့ပါက ထပ်မံတင်ပြအသိပေးပါမည်။

HIROSHIMA MYANMAR COMMUNITY (HMC)

HIROSHIMA MYANMAR COMMUNITY မှဦးစီးကျင်းပသော ၇၉နှစ်မြောက်အာဇာနည်နေ့ ငြိမ်းချမ်းရေးဖိတ်ခေါ်FUTSALဘောလုံးပြိုင်ပွဲ ရန်ပုံင...
18/07/2026

HIROSHIMA MYANMAR COMMUNITY မှဦးစီးကျင်းပသော ၇၉နှစ်မြောက်အာဇာနည်နေ့ ငြိမ်းချမ်းရေးဖိတ်ခေါ်FUTSALဘောလုံးပြိုင်ပွဲ ရန်ပုံငွေ စာရင်းရှင်းတမ်း

ဝင်ငွေ၊ ထွက်ငွေ စာရင်းဇယား
--------------------------------------------
၁။ အသင်းများမှရရှိငွေ (15*30000) = 450,000 ¥
၂။ အစားအသောက်ရောင်းရငွေ = 163,800 ¥
၃။ ဆုတံဆိပ်နှင့်ဖလားဝယ်ခြင်း = -50,000 ¥
၄။ ဂုဏ်ပြုလွှာနှင့်ဘောလ် PAPER PRINT = -12,000 ¥
၅။ ဒိုင်လူကြီးငှားခ = -15,000 ¥
၆။ ရေဘူး SPORT DRINK = -7,000 ¥
၇။ ကွင်းငှားရမ်းခ = -35,000 ¥
၈။ အစားအသောက်စာရင်း = -55,653 ¥
၉။ ပစ္စည်း delivery ခ = -2,300 ¥
--------------------------------------------
စုစုပေါင်း ရရှိငွေ : 613,800 ¥
စုစုပေါင်း သုံးစွဲငွေ : 176,953 ¥
လက်ကျန်ငွေ : 436,847 ¥
--------------------------------------------
ရရှိခဲ့သော ရန်ပုံငွေများအား ၁ယန်းမကျန် တော်လှန်ရေးနှင့်စစ်ဘေးဒုက္ခသည်များအတွက် ထောက်ပို့လှူဒါန်းသွားပါမည်။
ယခုကဲ့သို့ တော်လှန်ရေးအတွက်ရန်ပုံငွေများစွာ ရရှိအောင် ပါဝင်ပေးခဲ့ပါသော ရပ်နီးနယ်ဝေးမှ ဘောလုံးအသင်းတစ်သင်းတိုင်းစီအား အထူးပင်ကျေးဇူးတင်အပ်ပါသည်။နောက်လာမည့်ပြိုင်ပွဲများကိုလဲ ပါဝင်ပေးကြပါရန် နှင့် ဒီထက်ပိုကောင်းသော ဘောလုံးပြိုင်ပွဲဖြစ်စေရန် စီစဉ်နိုင်အောင်ကြိုးစားသွားပါမည်။

HIROSHIMA MYANMAR COMMUNITY

📢 Hiroshima Myanmar Thingyan 2026 ရံပုံငွေ လှူဒါန်းမှုမှတ်တမ်း 🇲🇲🤝အားလုံးပဲ မင်္ဂလာပါ 🌸💦 Hiroshima Myanmar Thingyan 2026...
07/07/2026

📢 Hiroshima Myanmar Thingyan 2026 ရံပုံငွေ လှူဒါန်းမှုမှတ်တမ်း 🇲🇲🤝

အားလုံးပဲ မင်္ဂလာပါ 🌸

💦 Hiroshima Myanmar Thingyan 2026 မှ ရရှိခဲ့သော အမြတ်ငွေထဲမှ တစ်စိတ်တစ်ပိုင်းဖြစ်သည့် စုစုပေါင်း ယန်း ၁,၇၀၀,၀၀၀ (ယန်းသောင်း ၁၇၀) ကို အောက်ပါအတိုင်း ထောက်ပို့လှူဒါန်းပေးခဲ့ပါသည်။

🔹 အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာန — 💴 ယန်း ၄၀၀,၀၀၀ (ယန်းသောင်း ၄၀)

🔹 အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန — 💴 ယန်း ၁,၃၀၀,၀၀၀ (ယန်းသောင်း ၁၃၀)

အဆိုပါအလှူငွေများကို NUG မှ တာဝန်ရှိသူများမှတစ်ဆင့် ထောက်ပို့လှူဒါန်းပေးခဲ့ပါသည်။ 🙏

🤍 အခုလို တော်လှန်ရေးအတွက် အဓိပ္ပာယ်ရှိတဲ့ ထောက်ပို့လှူဒါန်းမှုကို ပြုလုပ်နိုင်ခဲ့ခြင်းဟာ Hiroshima Myanmar Thingyan 2026 ပွဲတော်ကို လာရောက်အားပေးပြီး ပါဝင်ဆင်နွှဲပေးခဲ့ကြတဲ့ ဧည့်သည်တော်များ၊ အလှူရှင်များ၊ Volunteer များ၊ ဖျော်ဖြေရေးအဖွဲ့များနဲ့ ပါဝင်ကူညီပေးခဲ့ကြသူ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ပူးပေါင်းပါဝင်မှုကြောင့် ဖြစ်ပါတယ်။

Hiroshima Myanmar Community (HMC) အနေဖြင့် အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း လေးစားစွာ ပြောကြားအပ်ပါသည်။ 🙏💛


Hiroshima Myanmar Community (HMC)

📢 HMC Food Booth အသိပေးကြေညာခြင်း79th Myanmar Martyrs’ Day Commemorative Futsal Tournament တွင် စစ်ဘေးရှောင်ပြည်သူများအတ...
07/07/2026

📢 HMC Food Booth အသိပေးကြေညာခြင်း
79th Myanmar Martyrs’ Day Commemorative Futsal Tournament တွင် စစ်ဘေးရှောင်ပြည်သူများအတွက် ရန်ပုံငွေရှာဖွေရေး အစီအစဉ်အဖြစ် HMC မှ ညီမချောလေးများမှ မြန်မာအစားအစာများ ရောင်းချသွားမည်ဖြစ်ပါသည်။
🍽️ Menu (တစ်ပွဲ ¥1,000)
• 🍱 လက်ဖက်ထမင်း + ကြက်ကြော်
• 🍜 ကြက်သားခေါက်ဆွဲကြော်
• 🍜 ကြက်သားကြာဇံကြော်
⚽ ဘောလုံးအသင်းများအတွက် အထူးအစီအစဉ်
ပွဲမတိုင်မီ ကြိုတင်အော်ဒါ မှာယူနိုင်ပါသည်။
🎁 15 ပွဲ ကြိုတင်မှာယူပါက 1 ပွဲ လက်ဆောင် ပေးသွားမည်ဖြစ်ပါသည်။
📩 ကြိုတင်မှာယူလိုပါက အောက်ပါတာဝန်ရှိသူများထံ ဆက်သွယ်မှာယူနိုင်ပါသည်။
Date: July 12, 2026
🙏 ရောင်းချရရှိသော အကျိုးအမြတ်များကို စစ်ဘေးရှောင်ပြည်သူများအတွက် ရန်ပုံငွေအဖြစ် လှူဒါန်းသွားမည်ဖြစ်ပါသည်။ အားလုံး၏ ပါဝင်အားပေးမှုကို အထူးကျေးဇူးတင်ရှိပါသည်။ 🇲🇲
တာဝန်ခံ
အကြည်
https://www.facebook.com/share/1DvZQQY83A/
တာဝန်ခံ
ထက်ကိုကိုလင်း
https://www.facebook.com/share/18stFD2FNW/
တာဝန်ခံ
အောင်ကိုသက်
https://www.facebook.com/share/1BNczPCpqz/
တာဝန်ခံ
ခွန်နေမျိုး
https://www.facebook.com/share/18Uf5JhyGR/

Hiroshima Myanmar Thingyan 2026 က ရရှိခဲ့တဲ့ အမြတ်‌ငွေထဲက တစ်စိတ်တစ်ပိုင်းကို ရှေ့သို့လှမ်း ကမ်ပိန်းသို့ ထောက်ပို့လှူဒါန...
24/06/2026

Hiroshima Myanmar Thingyan 2026 က ရရှိခဲ့တဲ့ အမြတ်‌ငွေထဲက တစ်စိတ်တစ်ပိုင်းကို ရှေ့သို့လှမ်း ကမ်ပိန်းသို့ ထောက်ပို့လှူဒါန်းပေးခဲ့ပါသည်။

Hiroshima Myanmar Thingyan 2026 က ရရှိခဲ့တဲ့ အမြတ်‌ငွေထဲက တစ်စိတ်တစ်ပိုင်းကို မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့သို့ ထောက...
21/06/2026

Hiroshima Myanmar Thingyan 2026 က ရရှိခဲ့တဲ့ အမြတ်‌ငွေထဲက တစ်စိတ်တစ်ပိုင်းကို မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့သို့ ထောက်ပို့လှူဒါန်းပေးခဲ့ပါသည်။

ထောက်ပို့ခြင်းဖြင့် အကြမ်းဖက်စစ်တပ်အား တိုက်ခိုက်နိုင်ရန် လက်တွဲ တိုက်ပွဲ၀င်ပေးသည့် " HIROSHIMA MYANMAR COMMUNITY (HMC) 2026 တော်လှန် သင်္ကြန် " အား ကျွန်ုပ်တို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဦးထိပ်ပန်ဆင်အပ်ပါသည်။

#မကွေးတိုင်းပကဖ
#ကာကွယ်ရေး၀န်ကြီးဌာန
#အမျိုးသားညီညွတ်ရေးအစိုးရ

Hiroshima Myanmar Thingyan 2026 က ရရှိခဲ့တဲ့ အမြတ်‌ငွေထဲက တစ်စိတ်တစ်ပိုင်းကို ရွှေဘိုခရိုင်တပ်ရင်းအမှတ်-၁၇ ၏ ‌‌မိုးရာသီ ...
20/06/2026

Hiroshima Myanmar Thingyan 2026 က ရရှိခဲ့တဲ့ အမြတ်‌ငွေထဲက တစ်စိတ်တစ်ပိုင်းကို ရွှေဘိုခရိုင်တပ်ရင်းအမှတ်-၁၇ ၏ ‌‌မိုးရာသီ ရိက္ခာ ကမ်ပိန်း သို့ ထောက်ပို့လှူဒါန်းပေးခဲ့ပါသည်။

ရွှေဘိုခရိုင်အမှတ် ( ၁၇ ) တပ်ရင်းအတွက်
" မိုးရာသီရိက္ခာ " ကမ်ပိန်းတွင်
JPY - 200000 ( မြန်မာငွေ ကျပ်သိန်း - ၅၀ ခန့် )
ပါဝင်ကူညီထောက်ပို့ပေးပါသော
Hiroshima Myanmar Community (HMC) အား
ကျေးဇူးအထူးတင်ရှိအပ်ပါသည် ။

မိုးရာသီကာလအတွင်း
အခက်အခဲများစွာကြုံတွေ့နေရသော
ကျနော်တို့ရဲဘော်များအတွက် ယခုကူညီမှုမှာ
အချိန်မှီ ရိက္ခာနှင့် လိုအပ်သောပစ္စည်းများ
ဖြည့်ဆည်းနိုင်ရန် အင်မတန်မှ အကျိုးရှိသည့်
အထောက်အပံ့ကောင်းတရပ်ဖြစ်စေပါသည် ။

ယခုလို ထိထိရောက်ရောက်နှင့် အချိန်ကိုက်
ကူညီထောက်ပံ့ပေးကြပါသော
Hiroshima Myanmar Community (HMC)
နှင့်တကွ
မိဘပြည်သူများအားလုံးကိုလည်း
ကျနော်တို့ရွှေဘိုခရိုင်တပ်ရင်းအမှတ် ( ၁၇ )မှ
ကျေးဇူးအထူးတင်ရှိအပ်ပါသည် ။

#ရွှေဘိုတပ်ရင်း၁၇
#မိုးရာသီရိက္ခာသိန်းကိုးရာ
#တော်လှန်ကောမစ်


Hiroshima Myanmar Thingyan 2026 က ရရှိခဲ့တဲ့ အမြတ်‌ငွေထဲက တစ်စိတ်တစ်ပိုင်းကို အညာတောအိမ်မှတဆင့် စစ်ဘေးရှောင်ပြည်သူများထံ...
20/06/2026

Hiroshima Myanmar Thingyan 2026 က ရရှိခဲ့တဲ့ အမြတ်‌ငွေထဲက တစ်စိတ်တစ်ပိုင်းကို အညာတောအိမ်မှတဆင့် စစ်ဘေးရှောင်ပြည်သူများထံသို့ ထောက်ပို့လှူဒါန်းပေးခဲ့ပါသည်။

住所

Hiroshima, Hiroshima

ウェブサイト

アラート

Hiroshima Myanmar Communityがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

その団体に問い合わせをする

Hiroshima Myanmar Communityにメッセージを送信:

ショートカット

共有する

カテゴリー