Hokkaido Myanmar Catholic Community

Hokkaido Myanmar Catholic Community "Let us rejoice in the Lord's Words."

06/08/2026

2027 WYD 🥰🥰

Aug 1-2/2026 (Sat,Sun)     အောင်မြင်စွာ ပြီးဆုံးသွားခြင်း  Hokkaido ကက်သလစ်လူငယ်တွေရဲ့ Day Trip နဲ့ Retreat ၂ ရက်တာ Prog...
03/08/2026

Aug 1-2/2026 (Sat,Sun)


အောင်မြင်စွာ ပြီးဆုံးသွားခြင်း

Hokkaido ကက်သလစ်လူငယ်တွေရဲ့ Day Trip နဲ့ Retreat ၂ ရက်တာ Program လေးဆိုရင်ဖြင့် အောင်အောင်မြင်မြင် ပြီးမြောက်သွားခဲ့ပါသည်။

ရှေးဦးစွာ၊ ဤအစီအစဉ်ကို အောင်မြင်စွာ ပြီးမြောက်နိုင်ရန် လမ်းပြ၍ ကာကွယ်စောင့်ရှောက်ပေးတော်မူသော အဖဘုရားသခင်အား စိတ်နှလုံးအကြွင်းမဲ့ ကျေးဇူးတင်ရှိပါသည်။

🙏အဝေးကနေ အမြဲလာရောက်ကြည့်ရူလမ်းညွန်ပေးသော Fr. Lazum Nawsan Vincent အား အထူးပင် ကျေးဇူးတင်ရှိပါသည်။
ကိုယ်တော့်၏လမ်းညွန်သွန်သင်မူအောက်မှာ ကျွန်တော်တို့ အတွက် စိတ်၊ခန္ဓာ ခွန်အားများစွာ ရရှိခဲ့ပါသည်။

感謝の気持ち 🙇🙇
いつも温かく支えてくださっている札幌教会の神父様、シスター、そして管理者の西さんをはじめ、皆様に心より感謝申し上げます。
 北海道で生活しているミャンマー青年たちに対し、いつも温かい応援とサポートをしてくださっていることに、心より深く感謝しております。
また、「親の日」のお祝いにご参加くださった千葉神父様、Tshiboku シスター、西さんに、心より御礼申し上げます。
 これからもどうぞよろしくお願いいたします。🙇 

🙇 🙇အစီအစဉ်ဖြစ်မြောက်ရေးအတွက် ကြိုးစားဝန်းရံပေးကြတဲ့ အမူဆောင်များ၊ အသွားအလာအဆင်ပြေစေရန် စေတနာထားပြီး ကူညီပေးကြသည့် ကားဆရာများ၊ ပင်ပန်းနေပေမယ့် ၂ရက်တာ programme ကို ကြိုးစားပါဝင်ပေးကြသည့် လူငယ်တစ်ဦးစီတိုင်းကို ကျေးဇူးအထူးတင်ပါသည်။

🙇🙇လိုအပ်ချက်များအပေါ် နားလည်ပေးကြသည့် လူငယ်တစ်ဦးစီတိုင်းကိုလည်း အမြဲတမ်း ကျေးဇူးတင်နေပါမယ်။

💪၂ ရက်တာ Programကနေ စိတ်အပန်းဖြေရာ၊ပျော်ရွှင်လွတ်လပ်မူ၊ ကိုယ့်ကို ပြန်လည်သုံးသပ်ပြီး ပိုမိုကောင်းမွန်တဲ့ နေ့သစ်များစွာကို ကျော်ဖြတ်နိုင်မယ်လို့ မျော်လင့်မိပါတယ်။

Day 2 Program တွင် အင်ဒိုနီးရှား (၁)ဦးအပါပါဝင်စုစု‌ပေါင်း (၄၆)ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။

"Together We are Stronger"!




✝️ အားလုံး မင်္ဂလာပါ ✨こんにちは🤗🤗 良い一日を、みんなで楽しみましょう!      ၂၀၂၆ ခုနှစ်အတွက် ပထမဦးဆုံး ပြန်လည်ဆုံတွေ့နိုင်မည့် Hokkaido Cathol...
29/07/2026

✝️ အားလုံး မင်္ဂလာပါ ✨
こんにちは🤗🤗
 良い一日を、みんなで楽しみましょう!

၂၀၂၆ ခုနှစ်အတွက် ပထမဦးဆုံး ပြန်လည်ဆုံတွေ့နိုင်မည့် Hokkaido Catholic Youth Gathering သို့ ဟိုကိုင်းဒိုးတွင် ရှိသော ကက်သလစ်လူငယ်များအားလုံးကို နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်။

နိုင်ငံရပ်ခြားတွင် ကြုံတွေ့ရသော စိတ်ဖိစီးမှုများ၊ ပင်ပန်းနွမ်းနယ်မှုများကို ခဏတာ ဘေးဖယ်ထားပြီး တစ်နေ့တာ ရင်ထဲက အကြောင်းအရာများကို လွတ်လပ်စွာ အပြန်အလှန် ဝေမျှရင်း အတူ ပျော်ရွှင်စွာ ဖြတ်သန်းကြမယ်။
🙏🙏Parents Day ကို ဂုဏ်ပြုတဲ့အစီအစဉ်ကိုလည်း ပြုလုပ်သွားပါမည်။
စိတ်နှလုံးနှင့် ခန္ဓာကိုယ်ကို ဘုရားသခင်ထံ အပ်နှံပြီး ဘဝအတွက် တန်ဖိုးရှိသော နေ့တစ်နေ့ကို အတူတကွ ဖန်တီးကြပါစို့။

🌿 Day 1 – Gathering Trip
Otaru ဘက်ရှိ သဘာဝတောတောင်များ၊ လှပသော ပင်လယ်ရှုခင်းများနှင့် လတ်ဆတ်သော လေညင်းအငွေ့အသက်များကို အတူခံစားရင်း ပျော်ရွှင်ဖွယ်နေ့တစ်နေ့ကို အတူဖြတ်သန်းကြမယ်။

✝️ Day 2 – Spiritual Gathering
ကျွန်ုပ်တို့၏ ဝိညာဉ်ရေးလမ်းညွှန် Fr. Nawsan Vincent မှ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဝိညာဉ်ရေးဆိုင်ရာ သွန်သင်ပို့ချမှုများကို ဝေမျှပေးသွားမည်ဖြစ်ပါသည်။

စိတ်နှလုံး ပိုမိုငြိမ်းချမ်းလာစေရန်၊ ယုံကြည်ခြင်း ပိုမိုခိုင်မာလာစေရန်နှင့် အနာဂတ်ဘဝကို ပိုမိုကောင်းမွန်စွာ တည်ဆောက်နိုင်ရန် ဘုရားသခင်ထံ မိမိတို့ကိုယ်ကို အပ်နှံကြပါစို့။

📅 နေ့ရက်
August 2, 2026 (Sunday)
🕘 အချိန်
မနက် ၁၀:၀၀ နာရီ
📍 နေရာ
6 Chome Kita 1 Johigashi, Chuo Ward, Sapporo, Hokkaido 060-0031
Catholic Cathedral Church

"မိဘများ၏ မေတ္တာကို အမြဲအမှတ်ရကြပါစို့။
ချစ်ခြင်းမေတ္တာဖြင့် အချင်းချင်း ချစ်ခင်ရင်းနှီးစွာ လက်တွဲလျှောက်လှမ်းကြပါစို့။" ✝️💖🙏



In Loving Memory ofAndrew (Lasi) Seng Sut AungFuneral Mass & Ceremony22 May 2026အဖအိမ်တော်သို့ အောင်မြင်စွာ ပို့ဆောင်နို...
23/05/2026

In Loving Memory of
Andrew (Lasi) Seng Sut Aung
Funeral Mass & Ceremony
22 May 2026

အဖအိမ်တော်သို့ အောင်မြင်စွာ ပို့ဆောင်နိုင်ခြင်း

“အိုး အဖဘုရားသခင် သူ၏ဝိညာဉ်ကို ငြိမ်းချမ်းသော အဖ အိမ်တော်သို့ ခေါ်ဆောင်သွားတော်မူပါ”
ပထမဦးစွာ အဝေးကနေ မအားမလပ်သည့်ကြားက မစ္ဆားတရားကို ကျင်းပပြုလုပ်ပေးသည့် Fr.Nawsan Vincent နှင့် ပါဝင်အားဖြည့်ပေးပါသော MCCJP ဥက္ကဋ္ဌ ဆရာ Sinwa Naw တို့အား အထူးပင် ကျေးဇူးတင်ရှိပါသည်။

အမြဲတမ်း ကူညီပေးတဲ့ Sapporo Catholic Cathedral မှ Nishi San ကိုလည်း ကျေးဇူးအများကြီးတင်ပါသည်။ いつも温かくお手伝いいただき、心より感謝申し上げます。
ミャンマーのカトリック信者一同、深く感謝しております。
本当にありがとうございます。

အစီအစဉ်ကို အောင်မြင်စွာ ဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ဝန်းရံကူညီပေးသည့် ပုဂ္ဂိုလ်များ၊ အလှူငွေထည့်ဝင်လှူဒါန်းပေးပါ‌သော ဘာသာတူ/ခြား ညီအစ်ကို မောင်နှမ တစ်ဦးချင်းစီကိုလည်း မိသားစုဝင်ကိုယ်စား ကျေးဇူးအထူးတင်ရှိပါသည်။

ဘုန်းကြီးအကြိုအပို့ခရီးအတွက် ဆီဖိုးမယူပဲ အစအဆုံးအဆင်ပြေချော့မွေ့အောင် ကူညီဆောင်ရွက်ပေးသည့် Saw Aung Thike မိသားစုကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါသည်။ 

နောက်ဆုံးအနေဖြင့် ကျေးဇူးတင်ထိုက်သူအားလုံး ကျေးဇူးတင်ရှိပါသည်။

May his soul rest in peace.
May God’s abundant blessings be upon you all.
# Hokkaido Myanmar Catholic Community

ဝမ်းနည်းစွာ အသိပေးကြေညာခြင်း  Hokkaido, Sapporo တွင် အလုပ်လုပ်ကိုင်နေသော Andrew Lasi Seng Sut Aung သည် မမျှော်လင့်ဘဲ ၂၀၂...
20/05/2026

ဝမ်းနည်းစွာ အသိပေးကြေညာခြင်း

Hokkaido, Sapporo တွင် အလုပ်လုပ်ကိုင်နေသော Andrew Lasi Seng Sut Aung သည် မမျှော်လင့်ဘဲ ၂၀၂၆ ခုနှစ် မေလ ၁၇ ရက်နေ့ နံနက် ၅ နာရီတွင် ဘုရားသခင်၏ အိမ်တော်သို့ ပြန်လည်ခေါ်ယူခြင်းခံခဲ့ရပါသည်။
ကျန်ရစ်သူ မိသားစုဝင်များနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲရပါကြောင်း အသိပေးအပ်ပါသည်။
ကျန်ရှိနေသော ရုပ်ကလာပ်တော်အား ခရစ်ယာန်ဘာသာ၏ ထုံးတမ်းအစဉ်အလာအတိုင်း နောက်ဆုံးနှုတ်ဆက် ဂါရဝပြု အစီအစဉ်များ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေးမှ မိတ်ဆွေသူငယ်ချင်းများ၊ ညီအစ်ကိုမောင်နှမများအား တက်ရောက်၍ ဆုတောင်းမေတ္တာပို့သပေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

📅 နေ့ရက် — ၂၀၂၆ ခုနှစ် မေလ ၂၂ ရက် (သောကြာနေ့)
⛪ မစ္ဆားတရား — နံနက် ၁၁:၃၀ နာရီ
⚰️ သုဿန်သို့ ပို့ဆောင်ခြင်း — မွန်းလွဲ ၁:၀၀ နာရီ
📍 နေရာ
12 Chome-2-1 Minami 30 Jonishi, Chuo Ward, Sapporo, Hokkaido 064-0930
“Dianes Funeral Hall, 3rd Floor”

🚃 Sapporo Station မှ
Bus 54 / 55 စီး၍ “Minami Keisatsusho Mae” တွင်ဆင်းပြီး လမ်းလျှောက် ၄ မိနစ်ခန့်

“လူသည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ ပြန်ရလိမ့်မည်။ သို့ရာတွင် ဘုရားသခင်၌ အနားယူသော ဝိညာဉ်သည် ငြိမ်းချမ်းခြင်း ရရှိလိမ့်မည်။”🕊️🕊️🕊️

🙏🙏🙏

09/04/2026

🥰🥰🥰

ပြာခံပွဲတော်နေ့ ( Ash Wednesday) ငါတို့လူသားအားလုံးသည် မြေမုန့်မှ လာ၍ တစ်နေ့ကျရင် မြေမုန့်အဖြစ်သို့ ပြန်သွားရမည်မှာ အမှန...
18/02/2026

ပြာခံပွဲတော်နေ့ ( Ash Wednesday)

ငါတို့လူသားအားလုံးသည် မြေမုန့်မှ လာ၍ တစ်နေ့ကျရင် မြေမုန့်အဖြစ်သို့ ပြန်သွားရမည်မှာ အမှန်ပင်ဖြစ်၏။

ဒီကာလမှာ စိတ် ခန္ဓာကိုယ် ချိုးခြံခြင်း၊ ကိုယ့်ထက် ဒုက္ခရောက်သူတွေကို စာနာကူညီရိုင်းပင်းခြင်းသည် ဤလောက၌ အမွန်မြတ်ဆုံးသော အလုပ်ဖြစ်ပါ၏ 🙏🙏🙏

Today is ASH WEDNESDAY. This day marks the beginning of the Season of Lent, a season of penance, reflection, and fasting that prepares us for Christ's Resurrection on Easter Sunday. The ashes symbolize penance and contrition. They also serve as a reminder that God is gracious and merciful to those who call on Him with repentant hearts.




12/02/2026

💒💒ဂျပန်နိုင်ငံရောက် မြန်မာကက်သလစ်ဘာသာဝင်သူတော်စင်များသို့ ဖိတ်ကြားခြင်း⛪⛪

https://g.co/kgs/bFJpVwY



ဘုရားဝတ်ပြုခြင်းအတွက် လိုအပ်သည့် အဆောင်ပစ္စည်းများ ဝယ်ယူအားပေးနိုင်ပါပြီနော 🙏🙏 Credit  # MCCJP
20/01/2026

ဘုရားဝတ်ပြုခြင်းအတွက် လိုအပ်သည့် အဆောင်ပစ္စည်းများ ဝယ်ယူအားပေးနိုင်ပါပြီနော 🙏🙏
Credit # MCCJP

住所

Hokkaido
Higashi-ku, Hokkaido
6CHOMEKITA1JOHIGASHI,CHUOWARD,SAPPORO,HOKKAIDO060-0031

ウェブサイト

アラート

Hokkaido Myanmar Catholic Communityがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する