Hakodate Myanmar

Hakodate Myanmar 函館ရောက်မြန်မာများပျော်ရွှင်စွာစုံစည်းနိုင်ရန်ဖွင့်ထားခြင်းဖြစ်ပါသည်

ဂျပန်တွေလည်း တစ်ဖတ် တစ်လမ်းကနေ တက်နိုင်သလောက် ပါဝင်ပေးလို့ကျေးဇုးပါ😍
25/07/2026

ဂျပန်တွေလည်း တစ်ဖတ် တစ်လမ်းကနေ တက်နိုင်သလောက် ပါဝင်ပေးလို့ကျေးဇုးပါ😍

🎉🇲🇲 HAKODATE MYANMAR THINGYAN FESTIVAL 🇲🇲🎉🍽️ FOOD MENU🥗 နာနတ်သီးသုပ်🥬 လက်ဖက်သုပ်🍜 နန်းကြီးသုပ်🍲 မုန့်ဟင်းခါး🍢 ဝက်သားဒုတ်...
23/07/2026

🎉🇲🇲 HAKODATE MYANMAR THINGYAN FESTIVAL 🇲🇲🎉

🍽️ FOOD MENU

🥗 နာနတ်သီးသုပ်
🥬 လက်ဖက်သုပ်
🍜 နန်းကြီးသုပ်
🍲 မုန့်ဟင်းခါး
🍢 ဝက်သားဒုတ်ထိုး
🍡 မုန့်လုံးရေပေါ်
🥗 ထိုင်းစတိုင် ပဲကြာဇံသုပ်
🍗 ကြက်ကြော်
🍝 ခေါက်ဆွဲကြော်
🦀 ဂဏန်းကြော်
🥔 အာလူးကြော်
🌭 ソーセージ
🥤 အအေးမျိုးစုံ
🥥 ရွှေရင်အေး
🌶️ ကြက်ခြေတောက်မာလာ
🍛チンキンカレー
🫓အာလူးပလာတာ

ငါးခြောက်
ဆက်သားခြောက်
ငါးခြောက်အိမ်ချက်လက်ရာ
ငါးခြောက်ကြော်စပ်

အခြား အစားစာပေါင်းများစွာ
━━━━━━━━━━━━━━

📍 နေရာ
Daimon (Hakodate) Green Plaza
はこだてグリーンプラザ Bブロック

🗓️ နေ့ရက်
2026.07.26 (SUN)

🕚 အချိန်
9:00 AM – 5:00 PM

🎫 ပွဲဝင်ကြေး
1,500 円

💦 အရသာရှိတဲ့ မြန်မာအစားအစာများနဲ့အတူ Hakodate Myanmar Thingyan Festival မှာ ဆုံကြမယ်နော်! 🇲🇲

📢 အားလုံးရဲ့ ပူးပေါင်းပါဝင်မှုက ပွဲရဲ့အလှပါ။ 🇲🇲💙🇯🇵ဒီနှစ် Hakodate Myanmar Thingyan Festival ကို NHK, Hokkaido သတင်းဌာန န...
22/07/2026

📢 အားလုံးရဲ့ ပူးပေါင်းပါဝင်မှုက ပွဲရဲ့အလှပါ။ 🇲🇲💙🇯🇵

ဒီနှစ် Hakodate Myanmar Thingyan Festival ကို NHK, Hokkaido သတင်းဌာန နှင့် Hakodate သတင်းမီဒီယာများ လာရောက်သတင်းယူ ရိုက်ကူးကြမှာဖြစ်ပါတယ်။

ဒါဟာ မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှု၊ စည်းလုံးမှုနဲ့ ချစ်ခင်ရင်းနှီးမှုကို ဂျပန်လူမျိုးများအပါအဝင် ကမ္ဘာကို ပြသနိုင်မယ့် အခွင့်အရေးကောင်းတစ်ခုပါ။

💦 ရေကစားရာမှာ…

* ရေပက်မယ့်သူက ဂျပန်လူမျိုး (သို့) မရင်းနှီးသေးတဲ့သူ ဖြစ်ပါက “ရေပက်လို့ရမလား?” လို့ ခွင့်တောင်းပြီးမှ ရေပက်ပေးကြပါ။
* မပက်ချင်တဲ့သူကို အတင်းအကြပ် မပက်ကြပါနဲ့။
* အပြုံးတွေ မျှဝေပြီး အမှတ်တရကောင်းတွေ ဖန်တီးကြရအောင်။

🍺 အရက်နှင့် ဘီယာရောင်းချမည်ဖြစ်သော်လည်း…

* ပျော်ရွှင်ဖို့ သောက်ပါ။
* အန္တရာယ်ဖြစ်အောင် မသောက်ပါနဲ့။
* ကိုယ့်ကိုယ်ကို လေးစားသလို အခြားသူတွေကိုလည်း လေးစားပေးကြပါ။
* အရက်မူးပြီး ဆူပူခြင်း၊ ရန်ဖြစ်ခြင်း၊ အနှောင့်အယှက်ပေးခြင်းများကို ရှောင်ကြဉ်ပေးပါ။

🌸 သင်္ကြန်ရဲ့ အလှဆိုတာ ရေစိုတာထက် အပြုံးတွေ ပိုများနေတာပါ။
🌸 မြန်မာတွေရဲ့ ဂုဏ်သိက္ခာကို ကိုယ်စားပြုပြီး စည်းကမ်းရှိရှိ၊ ယဉ်ကျေးသိမ်မွေ့စွာ အတူတကွ ပျော်ရွှင်ကြရအောင်။

“ပျော်ရွှင်မှုတွေကို မျှဝေပါ…
အမှတ်တရကောင်းတွေကိုသာ
အိမ်ပြန်ယူသွားကြပါစို့။” ❤️

♦️Hokkaido Hakodate♦️2026-7-26  တနင်္ဂနွေနေ့♦️函館ミャンマー ♦️ဂျပန် - မြန်မာ ချစ်ကြည်ရေးသင်္ကြန်♦️ဒေါင်းညီကို အငြိမ့် ကပြ ဖျော...
22/07/2026

♦️Hokkaido Hakodate
♦️2026-7-26 တနင်္ဂနွေနေ့
♦️函館ミャンマー
♦️ဂျပန် - မြန်မာ ချစ်ကြည်ရေးသင်္ကြန်
♦️ဒေါင်းညီကို အငြိမ့် ကပြ ဖျော်ဖြေပါမည်


🎉💦 သင်္ကြန်ရောက်ဖို့ (၃) ရက်ပဲ ကျန်ပါတော့တယ်! 💦🎉🎊 မြန်မာတို့ရဲ့ အပျော်ရွှင်ဆုံးနေ့ကို ဂျပန်၊ Hakodate မှာ အတူတူဆင်နွှဲကြ...
22/07/2026

🎉💦 သင်္ကြန်ရောက်ဖို့ (၃) ရက်ပဲ ကျန်ပါတော့တယ်! 💦🎉

🎊 မြန်မာတို့ရဲ့ အပျော်ရွှင်ဆုံးနေ့ကို ဂျပန်၊ Hakodate မှာ အတူတူဆင်နွှဲကြရအောင်!

🌸 ရေပက်ကစားမယ်
🍜 အရသာရှိတဲ့ မြန်မာအစားအစာတွေ စားမယ်
🎶 သီချင်း၊ အကတွေနဲ့ ပျော်ပွဲရွှင်ပွဲကို အတူဖန်တီးမယ်
📸 မြန်မာနိုင်ငံကို ကူညီမယ်

✨ ဒီနှစ်ရဲ့ နောက်ဆုံးကျင်းပမယ့် မြန်မာသင်္ကြန်ပွဲကို လက်လွတ်မခံပါနဲ့!

📅 Date: 2026.07.26 (Sunday)
📍 Place: Daimon (Hakodate) Green Plaza B Block

👨‍👩‍👧‍👦 မိသားစု၊ သူငယ်ချင်း၊ ချစ်ရသူတွေအားလုံးကို ခေါ်လာပြီး အတူတူပျော်ကြရအောင်။

နောက်ထပ် (၃) ရက်ပဲ ကျန်ပါပြီ…
💙 Hakodate Myanmar Thingyan Festival မှာ တွေ့ကြမယ်နော်! 🇲🇲🇯🇵

ပွဲမှရသမျှပိုက်ဆံအားလုံး မြန်မာနိုင်ငံမှာ အမှန်တကယ်လိုအပ်နေတဲ့နေရာအားလုံးကိုကူညီသွားမည်
#foryouシ

🎤 သီချင်းဆိုမယ့်သူများ💃 အကဖျော်ဖြေမယ့်သူများစာရင်းလက်ခံခြင်းကို ပိတ်လိုက်ပါပြီ။ 🙏ပါဝင်လျှောက်ထားပေးကြတဲ့ အားလုံးကို အထူး...
02/07/2026

🎤 သီချင်းဆိုမယ့်သူများ
💃 အကဖျော်ဖြေမယ့်သူများ

စာရင်းလက်ခံခြင်းကို ပိတ်လိုက်ပါပြီ။ 🙏
ပါဝင်လျှောက်ထားပေးကြတဲ့ အားလုံးကို အထူးကျေးဇူးတင်ပါတယ်။ ❤️

📢 သင်္ကြန်ပွဲနဲ့ပတ်သက်ပြီး သိချင်တာ၊ မေးချင်တာ၊ လမ်းကြောင်း၊ အချိန်၊ အစီအစဉ်… ဘာပဲဖြစ်ဖြစ် Chat Box ကနေ အချိန်မရွေး လာမေးလို့ရပါတယ်။

🍺 ဘီယာချစ်သူများအတွက် အထူးဖိတ်ခေါ်ပါတယ်! 🍺🍺 ビール好きの皆さんへ!🍺မမေ့နိုင်တဲ့ ပျော်ရွှင်ဖွယ်နေ့တစ်နေ့ကို လာရောက်ဆင်နွှဲလိုက်ပါ။🌼 ...
04/06/2026

🍺 ဘီယာချစ်သူများအတွက် အထူးဖိတ်ခေါ်ပါတယ်! 🍺

🍺 ビール好きの皆さんへ!🍺

မမေ့နိုင်တဲ့ ပျော်ရွှင်ဖွယ်နေ့တစ်နေ့ကို လာရောက်ဆင်နွှဲလိုက်ပါ။

🌼 HAKODATE MYANMAR FRIENDSHIP THINGYAN 2026 🌼

忘れられない楽しい一日を一緒に過ごしましょう!

အေးမြတဲ့ ဘီယာများ အသင့်စောင့်နေပါတယ်!

冷たいビールをご用意してお待ちしています!

🍺 Draft Beer (Asahi Super Dry)
🍺 Corona Extra
🍺 Chang Beer
🍺 Budweiser
🍺 333 Export Beer
🍺 Bia Ba Ba

💦 ရေကစားပွဲ
🎶 တိုက်ရိုက်ဂီတဖျော်ဖြေပွဲ
🍜 အရသာရှိသော အစားအစာများ
🤝 မြန်မာ × ဂျပန် ချစ်ကြည်ရေး

💦 水かけ祭り
🎶 ライブミュージック
🍜 美味しい料理
🤝 ミャンマー × 日本 友好交流

သူငယ်ချင်းများနဲ့အတူ လာရောက်ပျော်ရွှင်ပြီး ဘီယာကောင်းကောင်း သောက်ရင်း အမှတ်တရကောင်းများ ဖန်တီးလိုက်ပါ!

お友達と一緒に、美味しいビールを楽しみながら素敵な思い出を作りましょう!

📍 函館市Daimon (Hakodate) Green Plaza はこだてグリーンプラザBブロック
📅 July 26, 2026
🕘 မနက် ၉:၀၀ မှ ညနေ ၅:၀၀ အထိ
🕘 9:00~17:00

“Good Friends, Good Beer, Great Memories!”






04/06/2026

🚨🚨 Breaking News 🚨🚨

ဆာပိုရိုသင်္ကြန်မှာ ကဲလို့မဝသေးတဲ့သူများ…
ရည်းစားမရသေးတဲ့သူများ…
Crush နဲ့ Photo မရိုက်လိုက်ရတဲ့သူများ…

စိတ်မပူကြပါနဲ့‼️

ဂျပန်ရဲ့ နောက်ဆုံး သင်္ကြန်ပွဲကြီး
🎉 Hakodate Myanmar ချစ်ကြည်ရေးသင်္ကြန်
က သင့်ကို စောင့်ကြိုနေပါတယ်!

👀 ကောင်လေးရှာနေသူများ…
👀 ကောင်မလေးရှာနေသူများ…

“ဖူးစာက Sapporo မှာ မတွေ့ခဲ့ရင်
Hakodate မှာ တွေ့မယ်” ဆိုတဲ့ စိတ်ဓာတ်နဲ့သာ လာခဲ့ပါ 😜

🏝️ သတိ 💙
ရေစိုမှာဖြစ်လို့ အဝတ်အစားအပို ယူလာခဲ့ပါ။
ဖုန်းရေစိုမှာကြောက်တဲ့သူတွေကတော့ Ziplock အိတ်ပါ ယူလာခဲ့နော် 🤣

#foryoupageシ

住所

Hakodate-shi, Hokkaido

ウェブサイト

アラート

Hakodate Myanmarがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する

カテゴリー