18/05/2025
မြန်မာ့ရိုးရာအမွေအနှစ်များဖြစ်ကြသော သဘင်ပညာ၊တေးဂီတ အနုပညာယဉ်ကျေးမှု့၊ဘာသာ၊သာသနာ၊ပန်းဆယ်မျိုးဆိုင်ရာအနုပညာ စသည်တို့သည် ယနေ့မျက်မှောက်ခေတ်တွင် တဖြည်းဖြည်းတိမ်ကောစပြုလာသည်မှာ လက်ခံရဖွယ်ရှိပါသည်။သို့တိုင်ငြား ယနေ့မျက်မှောက်ခေတ်ထိ ရွှေမြန်မာတို့၏ နက်ရှိုင်းသောစိတ်နှလုံးသားထဲတွင် မမေ့မပျောက် မတိမ်ကောနိုင်သော ရိုးရာယဉ်ကျေးမှု့ထဲမှ့ တခုကိုပြောရပါဆိုလျှင် “မြန်မာ့သနပ်ခါး”လိမ်းကျံခြင်း ရိုးရာယဉ်ကျေးမှု့အမွေနှစ်ဖြစ်ပါသည်။
အဘယ်ကြောင့်ဆိုသော်ငြား မြန်မာ့ယဉ်ကျေးမှု့တွင်သာမက တိုင်းရင်းဆေး၊ဆယ်နှလရာသီပွဲတော်များတွင်ပါ မြန်မာ့သနပ်ခါးသည် အရေးပါသောကဏ္ဍရပ်မှ့ပါဝင်ခဲ့ပါသည်။ “မြန်မာ့သနပ်ခါး”ကို ပထမမြန်မာနိုင်ငံတော်ပုဂံခေတ် အေဒီ၅ရာစုတွင် ရွှေမြန်မာလူမျိူးများ စတင်အသုံးပြုခဲ့ခြင်းအား ပုဂံမြို့ရှေးဟောင်းစေတီပုထိုးများတွင်ရှိသော နံရံဆေးရေးပန်ချီများတွင်တွေ့ရှိနိုင်သည်။ထို့နောက် အင်းဝခေတ် ၁၅ရာစုနှစ်တွင် ရဟန်းစာဆို ရှင်မဟာရဋ္ဌဿရ၏ ကဗျာများတွင် ဆက်လက်တွေ့ရှိနိုင်သည်။
သနပ်ခါးပင်များအား သီရိလင်္ကာနိုင်ငံ၊အိန္ဒိယနိုင်ငံ၊ပါကစ္စတန်နိုင်ငံနှင့် မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသတွင် ကောင်းစွာတွေ့နိုင်သည်။
“အညာဒေသ၏ ရွှေပင်”ဟု တင်စားထိုက်သကဲ့သို့ မြန်မာ့သနပ်ခါးပင်သည် အပူပိုင်းဒေသများဖြစ်ကြသော မန္တလေးတိုင်း၊စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းတို့တွင် စီးပွါဖြစ်စိုက်ပျိုးကြခြင်းသာမက တနိုင်တပိုင်အိမ်ခြံအတွင်းစိုက်ပျိုးခြင်းများကိုပါမျက်ဝါးထင်ထင်မြင်တွေ့ရနိုင်သည်။
မြန်မာ့သနပ်ခါးများထဲတွင် ရှင်မတောင်သနပ်ခါးသည် ယင်း၏သင်းပျံ့လှသော မွှေးရနံဂုဏ်ဖြင့် ရွှေမြန်မာလူမျိုးများကြားတွင်နာမည်ကောင်းရှိပါသည်။ထို့အတူ ရွှေဘိုဒေသတွင် ထွက်ရှိသော ရွှေဘိုသနပ်ခါးတုံး၏ ဝါဝါဝင်းဝင်း ရွှေအဆင်းရှိသော ဂုဏ်ဖြင့် ရွှေမြန်မာအမျိုးသမီးများကြားတွင်နာမည်ကျော်ကြားလှပါသည်။
“မြန်မာ့သနပ်ခါး”ယဉ်ကျေးမှု့အား ဒြပ်မဲ့ယဉ်ကျေးမှု့ဟုထင်မြင်ယူဆကြလေ့ရှိသည်။မည်သို့မည်ပုံပင်ဆိုစေကာမှု ခေတ်အဆက်ဆက် သမိုင်းအဆက်ဆက်မှ့နေ၍ ယနေတိုင်အောင် မယိမ်းမယိုင် ခိုင်မြဲတည်ရှိခဲ့သောမြန်မာ့သနပ်ခါးသည် မြန်မာတို့၏ အဖိုးမဖြတ်နိုင်သော ယဉ်ကျေးမှု့ ချစ်စရာဓလေ့တခုဖြစ်ပါသည်။
ထို့သို့သောအချင်းအရာများအား စိတ်နှလုံးသွင်း၍ ကျွန်တော်တို့GYAအဖွဲ့မှ့ ယနေ့ ကျင်းပခဲ့သောအလှူခံပွဲတွင် မြန်မာ့သနပ်ခါးအား ခရီးသွားပွဲလာဧည့်သည့်များအား “သနပ်ခါလိမ်းကျံပေးခြင်း”အားဆောင်ရွက်ခွင့်ရရှိခဲ့ကြောင်းဂုဏ်ယူဝံကြွားစွာ ဖော်ပြအပ်ပါသည်ခဗျာ။..။