12/05/2026
Fukuokaမြို့မှာဆန္ဒပြပွဲတွေဘာလို့လုပ်နေလဲဆိုတဲ့အဖြေက 👉လူသား မဆန်တဲ့ဒီလိုရက် စက်စွာဖိနှိပ်ခံရတဲ့အပြစ်မဲ့ပြည်သူတွေအတွက် ကျွန်တော်တို့အသံတွေနဲ့သက်သေပြ တောင်းဆိုဖို့ လိုအပ်လို့ဘဲ!!!
ခင်ဗျားတို့တွေအတွက်တော့ ဒီလိုဖြစ်ရပ်တွေကမထူးဆန်းဘူးမလား!!! ပြောကြစမ်းပါ။ ကျွန်တော်တို့တွေပြည်ပမှာသိပ်အားနေကြလို့လုပ်နေကြတယ်လို့ ထပ်ပြောလိုက်စမ်းပါ။
အမှန်တရားအတွက်မနေနိုင်လို့လုပ်နေကြတဲ့ကျွန်တော်တို့တွေကို မဟုတ်မမှန်တဲ့သတင်းဖြန့်ပြီးလူတွေထဲကလူတွေကိုလိုက်ပြောနေရင်တောင် အမှန်တရားကိုမသိကျေးကျွန်ပြုနေတဲ့လူတွေကဘဲယုံကြည်လိမ့်မယ်!!!
ကမ္ဘာကြီးရဲ့နံရံတွေကတော့မကြားဘူးမထင်နဲ့! တရားမျှတမှုအတွက် ဧကန်အမှန်တနေ့မုချပြန်ပေးဆပ်ရလိမ့်မယ်!!!
ဘယ်သူတွေမကောင်းပြောပြောကျွန်တော်တို့ကတော့လုပ်စရာရှိတာဆက်လုပ်သွားမှာမို့ (၅)လပိုင်း(၂၄)ရက် Fukuoka Shinkin Bank Head Office (Tenjin)အရှေ့မှာ နေ့လည်၁၁:၃၀ကနေ ၂:၀၀အထိ အမေစုလွတ်မြောက်ဖို့နှင့် စကစရဲ့အရပ်သားပြညါသူတွေအပေါ်မတရားသဖြင့်ဖိနှိပ်ရက် စက်မှုတွေကိုတောင်းဆိုသွားမှာဖြစ်ပါတယ်။
ဒါကြောင့်မတရားမှုတွေအတွက် ရပ်တည်ပေးမည့်မည်သူမဆိုလာရောက်ဝန်းရံအားဖြည့်ဖို့အတွက်ဖိတ်ခေါ်ပါသည်။