11/10/2026
🧡၂၀၂၆ 𝐌𝐂𝐂𝐉𝐏 အားကစားပွဲနှင့် 𝐌𝐂𝐂𝐉𝐏 ဖလားပြိုင်ပွဲ
📖"သင်တို့၏ကိုယ်ခန္ဓာသည် ဘုရားသခင်ထံမှ သင်တို့ရရှိထားသည့် သန့်ရှင်းသောဝိညာဉ်တော်၏ ဗိမာန်တော်ဖြစ်ဖြစ်၏။" (ကောရိန္သုဩဝါဒစာပထမစောင် ၆း ၁၉)
✅ 𝐌𝐂𝐂𝐉𝐏 ဘာသာသူများ၏ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန်နှင့် ချစ်ခင်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုအားကောင်းလာစေရန် ရည်ရွယ်လျက် ပထမအကြိမ် ၂၀၂၆ အားကစားပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။
✅ ပါဝင်ကူညီခဲ့သော ဘာသာသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။ ပြိုင်ပွဲကို ပြင်ဆင်သည့် ကာလမှစတင်ပြီး ပြိုင်ပွဲနေ့အထိ စလယ်ဆုံး ဦးဆောင်ကြီးကြပ်ပေးသွားခဲ့သည့် ဦးမိုးထက်ယံ Solomon Moe Htetကို အထူးကျေးဇူးတင်ရှိပါသည်။ ပွဲနေ့အတွင်းမှာ မှတ်တမ်းဓာတ်ပုံရိုက်ပေးခဲ့သည့် ဦးပီတာ ယိန်းချန်းPeter Ying Chang၊ နှစ်သင်းစာအတွက် အသင်းဂျာစီလှူဒါန်းပေးခဲ့သည့် မောင်𝙋𝙚𝙩𝙚𝙧 𝙆𝙝𝙪𝙥 Peter Khup၊ ချန်ပီယံအသင်းများကို ကောင်းမြတ် စားသောက်ဆိုင်၌ Discount စနစ်ဖြင့် ဆုချခဲ့သည့် မောင် 𝘼𝙣𝙙𝙧𝙚𝙬 𝙆𝙚𝙣𝙣𝙚𝙩𝙝 Andrew Kenneth၊ ဒိုင်လူကြီးအဖြစ်ကူညီပေးခဲ့တဲ့ မောင်လောရင့် Law Renceတို့ကိုလည်း အထူးကျေးဇူးတင်ပါသည်။
✅ ပွဲစဥ်အတွင်း တက်တက်ကြွကြွ အားကစားစိတ်ဓာတ်အပြည့်နဲ့ ပါဝင်ခဲ့သော သာသနာအသီးအသီးမှ ကစားသမားများအားလုံးကိုကျေးဇူးတင်ပါသည်။ ပြိုင်ပွဲကို တကူးတကအချိန်ပေးကာ လာရောက်ပံ့ပိုးအားပေးခဲ့သည့် စစ္စတာဒွဲရာနှင့် ဘာသာသူပရိတ်သတ်များကိုလည်း ကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါသည်။ အားကစားပွဲဖြစ်မြောက်အောင် ပံ့ပိုးအကူအညီပေးခဲ့သည့် 𝐌𝐂𝐂𝐉𝐏 အလုပ်အမှုဆောင်အဖွဲ့များကိုလည်းအထူးကျေးဇူးတင်ရှိကြောင်းနှင့် လာမည့်နှစ် အားကစားနေ့အစီအစဥ်တွင် ပိုမိုကောင်းမွန်သည့် အစီအစဥ်များဆက်လက်လုပ်ဆောင်သွားမည်ဟု ယုံကြည်ပါသည်။
✅၂၀၂၆ 𝐌𝐂𝐂𝐉𝐏 ဖလားပြိုင်ပွဲတွင် ယှဥ်ပြိုင်ပါဝင်ခဲ့သောအသင်းများ
🔆ကျား
✅ မန္တလေးဂိုဏ်းချုပ်သာသနာ (မြစ်ကြီးနား၊ ဗန်းမော်၊ မန္တလေး၊ ကလေး၊ ဟာခါး၊ မင်းတပ်၊ လာရှိုး)
✅ ရန်ကုန်ဂိုဏ်းချုပ်သာသနာ (ရန်ကုန်၊ ဘားအံ၊ မော်လမြိုင်၊ ပုသိမ်၊ ပြည်)
✅ တောင်ကြီးဂိုဏ်းချုပ်သာသာနာ (လွိုင်ကော်၊တောင်ကြီး၊ ဖယ်ခုံ၊ ကျိုင်းတုံ၊ တောင်ငူ)
✅ ဖခင်အသင်း (Hero Fathers)
🔆မ
✅ မန္တလေးဂိုဏ်းချုပ်သာသနာ (မြစ်ကြီးနား၊ ဗန်းမော်၊ မန္တလေး၊ ကလေး၊ ဟာခါး၊ မင်းတပ်၊ လာရှိုး)
✅ ရန်ကုန်ဂိုဏ်းချုပ်သာသနာ (ရန်ကုန်၊ ဘားအံ၊ မော်လမြိုင်၊ ပုသိမ်၊ ပြည်)
✅ တောင်ကြီးဂိုဏ်းချုပ်သာသာနာ (လွိုင်ကော်၊တောင်ကြီး၊ ဖယ်ခုံ၊ ကျိုင်းတုံ၊ တောင်ငူ)
🏆၂၀၂၆ MCCJP ဖလားကို အနိုင်ရရှိသွားသော ချန်ပီယံအသင်းများ
🥇ကျား - တောင်ကြီးဂိုဏ်းချုပ်သာသနာ
🥇မ - မန္တလေးဂိုဏ်းချုပ်သာသနာ
🎗️ ချန်ပီယံအသင်းများကို ဂုဏ်ပြုရင်း လာမည့်နှစ်အတွက် ချန်ပီယံလောင်းများကို စောင့်မျှော်နေပါသည်။
🍀 MCCJP ဘာသာသူများ ခန္ဓာ၊ စိတ်ကျန်းမာသန်စွမ်းစွာဖြင့် ဘုရားဘုန်းဂုဏ်တော်ကို အစဥ်ထင်ရှားတော်မူပါစေ။