Regional Youth Alliance

Regional Youth Alliance 1. To create a humane, equal, multicutul and just society for all the generation in the region and beyond.
2.

To promote humanity by building asean / regional coalition among youths
3. To empower youths and assist them to achieve their goals.

ငလျင်ဒဏ်ခံရသူများအတွက် စိတ်ဆန်းစစ်ချက် သုတေသနလေး။ ဖြေပေးဖို့ share လိုက်ပါတယ်။ https://www.formr-uni-siegen.de/myanmar-v...
10/12/2025

ငလျင်ဒဏ်ခံရသူများအတွက် စိတ်ဆန်းစစ်ချက် သုတေသနလေး။ ဖြေပေးဖို့ share လိုက်ပါတယ်။

https://www.formr-uni-siegen.de/myanmar-validationstudy/?fbclid=IwZnRzaAOm4cdleHRuA2FlbQIxMQBzcnRjBmFwcF9pZAo2NjI4NTY4Mzc5AAEesRCfvErLWgNRoj5MdbAtp8v_eHT2oad2rwaMkCOiG3cR0gr9rUUqbkvWKXs_aem_X_UzVwfdFh7d9nVa4VAhFw

formr survey framework. chain simple surveys into long runs, use the power of R to generate pretty feedback and complex designs

14/08/2025
14/08/2025

The danger of Assumptions

14/08/2025

The CEO Skill Gap Nobody Talks About

Leadership is about your people.

Here are 10 essential skills every great leader should master:

1. Trust Teams
2. Win Together
3. Thoughtful Decisions
4. Welcome Ideas
5. Speak Clearly
6. Give Feedback
7. Lead Forward
8. Stay Steady
9. Lead With Care
10. Grow People

Dive into the infographic for deeper insights and tips on becoming the leader everyone wants to follow!

Post Credit: Eric Partaker

---------------------------------
If you found this helpful, please 𝐋𝐢𝐤𝐞/𝐑𝐞𝐩𝐨𝐬𝐭 to support our effort. 🙏
And folIow 𝐆𝐫𝐨𝐰𝐭𝐡 𝐈𝐧𝐟𝐨𝐠𝐫𝐚𝐩𝐡𝐢𝐜𝐬 for more

14/08/2025

🍓 International Youth Day 🍓

🔆 နိုင်ငံတကာရဲ့ စစ်တမ်းတွေအရ မြန်မာပြည် လူဉီးရေရဲ့ ၂၈ရာခိုင်နှုန်းဟာ အသက်၂၄နှစ်အောက် လူငယ်လူရွယ်တွေဖြစ်ပြီး အသက်၃၀အောက် လူငယ်တွေဟာ နိုင်ငံ့လူဉီးရေရဲ့ ၅၅ရာခိုင်နှုန်းအထိ ရှိပါတယ်။....🌻

🔆 ဒီစစ်တမ်းကိုကြည့်ခြင်းအားဖြင့် မြန်မာပြည်ရဲ့ လူ့ဦးရေတဝက်ကျော်ဟာ လူငယ်တွေဖြစ်ကြပြီး မြန်မာပြည်ရဲ့ ဒေသတွင်းလိုအပ်ချက်တွေနဲ့ တိုးတက်မှုတို့အတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ....✨

🔆 ၂၀၀၀ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တဲ့ International Youth Dayက ကမ္ဘာအရပ်ရပ်မှာရှိတဲ့ လူငယ်တွေရဲ့ ပညာရေး အလုပ်အကိုင်နဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲများကို ရှုမြင်လာစေဖို့ရာ ရည်ရွယ်ပါတယ်။.....🌷

🔆 လူငယ်တွေရဲ့ ပညာရေး အလုပ်အကိုင် အခွင့်အလမ်းတွေတိုးတက်လာစေဖို့ရာ Campaign တွေနဲ့ Eventတွေ ကျင်းပကာ အနာဂတ်အတွက် ထူးချွန်တဲ့ လူငယ်ခေါင်းဆောင်တွေ ဖြစ်ပေါ်လာစေရန် အကူအညီတွေပေးခဲ့ပါတယ်။....☘

🔆 ၂၀၂၅ ခုနှစ်အတွက် '' Local Youth Actions for the SDGs and Beyond'' ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ဒေသတွင်း လိုအပ်ချက်တွေနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေမှာ လူငယ်တွေပါဝင်လာဖို့ဟာ မြန်မာပြည်လိုမျိုး ဒေသတွင်းအခက်အခဲတွေရင်ဆိုင်နေရတဲ့ နိုင်ငံတွေမှာ ပိုမိုပြီးလိုအပ်ပါတယ်။....💯

🌸 ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုတွေအတွက် တဖက်တလမ်းကနေ ပါဝင်ပြီး အကူအညီပေးနေကြတဲ့ ဒေသတွင်း လူငယ်များအပြင် မိမိရပ်ရွာတိုးတက်ဖို့ တက်နိုင်တဲ့ဘက်က ဝိုင်းဝန်းကြဖို့ တိုက်တွန်းရင်း ကျွန်တော်တို့ Youth Society For Education မှ ကမ္ဘာတဝန်းလုံးမှ လူငယ်များအား ယနေ့ကျရောက်တဲ့ International Youth Dayမှာ အထူးဂုဏ်ပြုလိုက်ရပါတယ်ဗျ။....❤




14/08/2025

'' ပညာလို အိုသည်မရှိ ''

🔆 ဒီစကားပုံလေးကိုကြားလိုက်ရရုံဖြင့် ပညာရပ်တရပ်ကို အချိန်အတိုင်းအတာမရှိ မိမိလိုချင်သလောက် သင်ယူနိုင်မယ်ဆိုတာကို တွေ့မြင်နိုင်ပါတယ်။✨✨

🍀 ဒါပင်မယ့် သင်က ပညာရေးမှာ ကိုယ့်ကိုကိုယ်ရင်းနှီးမြုပ်နှံဖို့ အသက်အရွယ်ကြီးမြင့်နေပြီလို့ ထင်နေပြီလား။🥀🥀

🍀 ခုဏက ပြောသွားတဲ့စကားလုံးလိုမျိုး ပညာရေးမှာ သင့်ကိုယ်သင်မြုပ်နှံဖို့က အသက်အရွယ်အပိုင်းအခြားမရှိပင်မယ့် နောက်မကျဖို့တော့လိုပါမယ်။ 💯💯

🍀 ပညာရေးဆိုတာက လူတယောက်စီတိုင်းမှာ လိုအပ်တဲ့ အခြေခံလူ့အခွင့်အရေးတခုဖြစ်ပါတယ်။ ၅နှစ်အရွယ် ကလေးတယောက်ဟာ ကျောင်းစာသင်ကြားနိုင်ဖို့ အခွင့်အရေးရှိသလို အသက်၆၀အရွယ် လူတယောက်ကလည်း စာလေ့လာဖို့အခွင့်အရေးရှိပါတယ်။🌞🌞

🍀 ပညာရေးဆိုတာက မိမိဘဝကို ပြောင်းလဲပေးနိုင်တဲ့ အင်အားကြီးလက်နက်တစ်ခုလိုမျိုး မိမိရဲ့အနာဂတ် ပတ်ဝန်းကျင်နဲ့ မိမိဘဝတိုးတက်ရေးအတွက် များစွာအကျိုးပြုပါတယ်။🌷🌷

🔆 အနာဂတ်အတွက်မြုပ်နှံခြင်း

⏺ အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်နဲ့အခွင့်အလမ်းတွေ ရရှိအောင်ပံ့ပိုးပေးတာက ပညာရေးမှာမြုပ်နှံခြင်းဖြစ်ပါတယ်။ ငယ်စဉ်က မိဘတွေ မိမိတို့ကို ကျောင်းထားပေးခြင်းဟာလည်း မိမိတို့အနာဂတ်ကောင်းမွန်ဖို့အတွက် ရင်းနှီးမြုပ်နှံမှုဖြစ်သလို ပညာရေးကတဆင့် မိမိတို့ရဲ့ဘဝကို ပုံဖော်ပေးပါတယ်။.....🏰🏰

🔆 အနာဂတ်ကို ဖန်တီးခြင်း

⏺ ကောင်းမွန်တဲ့ပညာရေးမှာ ရင်းနှီးမြုပ်နှံခြင်းက မိမိတို့ရဲ့ ကောင်းမွန်တဲ့အနာဂတ်ကို ဖန်တီးပေးပါတယ်။ အလုပ်အကိုင်နဲ့အခွင့်အလမ်းကောင်းတွေရရှိဖို့က ပညာရေးဟာ ခိုင်မာတဲ့အုတ်မြစ်သဖွယ် အရေးပါပါတယ်။.....🌱🌱

🔆 ပေါင်းသင်းဆက်ဆံရေးနဲ့ မိတ်ဆွေ

⏺ ပညာရေးဟာ တနည်းအားဖြင့် အသိပညာနဲ့ စိတ်ပိုင်းဆိုင်ရာကို မြင့်တင်ပေးပါတယ်။ မိတ်ဆွေနဲ့ လူအများကြား ပေါင်းသင်ဆက်ဆံမှုနဲ့ စကားပြောဆိုမှုတို့ကို တိုးတက်စေပြီး ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကောင်းတခုကို ဖန်တီးပေးပါတယ်။.....🌻🌻

🔆 တိုးတက်သော အနာဂတ်ဆီသို့

⏺ ဖွဲ့ဖြိုးဆဲနိုင်ငံတွေနဲ့ ဒေသတွင်းမတည်ငြိမ်မှုတွေရှိနေတဲ့ နိုင်ငံတွေဟာ ပညာရေးကို ပိုမိုလိုအပ်ပါတယ်။ ဒေသတွင်းအခက်အခဲတွေနဲ့ ပြဿနာတွေကုိ ဖြေရှင်းနိုင်ဖို့ရာ ဦးဆောင်နိုင်စွမ်းရှိတဲ့ ပညာတတ်လူငယ်တွေဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။.....💞💞

🔆 ဆင်းရဲမှု ပပျောက်ရေး

⏺ ပညာရေးအခွင့်အလမ်းတွေဟာ မိမိရဲ့ဘဝသာမက မိမိပတ်ဝန်းကျင်က လူတွေရဲ့ဘဝကိုပါ ပြောင်းလဲပေးနိုင်ပါတယ်။ ပညာရေးလိုအပ်ချက်တွေကို ဖြည့်ဆည်းခြင်းအားဖြင့် ကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းများကို ရရှိစေပြီး တည်ငြိမ်တဲ့ ဝင်ငွေတခုကို ဖန်တီးပေးပါတယ်။.....🌸🌸

🍀 ပညာရေးမှာမြုပ်နှံခြင်းဟာ သီးနှံစိုက်ပျိုးရသလိုမျိုး အချိန်ယူပေးဆပ်ပြီးမှ ကောင်းမွန်တဲ့အကျိုးရလဒ်တွေကို ပိုင်ဆိုင်စေမှာပါ။✨✨

🍀 ပညာရေးဟာ လူတိုင်းအတွက် အခြေခံလိုအပ်ချက်ဖြစ်ပြီး လူအချို့ဟာ ငွေရေးကြေးရေးနဲ့ တခြားသော ပြဿနာတွေကြောင့် ပညာရေးအခွင့်အလမ်းတွေကို နေ့စဥ်နဲ့အမျှ ဆုံးရှုံးနေကြပါတယ်။🥀🥀

🍀 ဒီပြဿနာတွေကိုလည်း ပညာရေးမှာ မိမိတို့ကိုယ်တိုင်က ရင်းနှီးမြုပ်နှံခြင်းဖြင့် မိမိဘဝကို တိုးတက်စေရုံသာမက ထိုသူတွေရဲ့ အခက်အခဲတွေကိုလည်း ဖြေရှင်းနိုင်ရန် ကူညီပေးနိုင်မှာပါ။✴✴




14/08/2025

International Left-Handers Days

(အပြည်ပြည်ဆိုင်ရာဘယ်သန်များနေ့)

Augest 13 ရက်နေ့မှာကျရောက်လာမဲ့ အပြည်ပြည်ဆိုင်ရာဘယ်သန်များနေ့ကို မြန်မာနိုင်ငံတွင်ရှိသော လူကြီး လူငယ်တွေအနေဖြင့် သိပ်ပြီးမရင်းနှီးကြသော်လည်း နိုင်ငံတကာမှာတော့ ဒီလိုနေ့မှာ ပျော်ပွဲရွှင်ပွဲတွေ အထိမ်းအမှတ်ပွဲတွေ ကျင်းပကြရင်း ဘယ်သန်သမားတွေ တစ်နည်းအားဖြင့် ဘယ်လက်အသုံးပြုသူတွေကိုဂုဏ်ပြုလေ့ရှိကြပါတယ်။

ဆိုတော့ကာ အဘယ်ကြောင့် ယခုလိုနေ့ဖြစ်လာရတာလဲ။

သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် အပြည်ပြည်ဆိုင်ရာဘယ်သန်များနေ့ကို ၁၉၉၂ခုနှစ်မှာ united kingdomအခြေပြု ဘယ်သန်များအဖွဲ့အစည်းကနေစတင်ပြီးကျင်းပခဲ့ခြင်းဖြစ်ပါတယ်။
ထိုခေတ်က အသုံးအဆောင်ပစ္စည်းနဲ့ စက်ပစ္စည်းတွေအပါအဝင် အားကစားကိရိယာတွေမှာလဲ ညာသန်များ တစ်နည်းအားဖြင့် ညာလက်အသုံးပြုသူများအတွက်သာ ပြုလုပ်ခဲ့ကြတာဖြစ်သည့်အတွက်ကြောင့် ကမ္ဘာ့လူဦးရေရဲ့ ၁၀-၂၀% လောက်သာရှိသော ဘယ်သန်များအတွက်လဲ သင့်လျော်သော အသုံးအဆောင်ပစ္စည်းတွေကို ပိုမိုထုတ်လုပ်ပေးကြရန် ရည်ရွယ်ခဲ့ကြရင်းကနေ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါတယ်။ ဤမျှသာမက အပြည်ပြည်ဆိုင်ရာဘယ်သန်များနေ့ဟာ ပျော်ပွဲရွှင်ပွဲအခမ်းအနားတစ်ခုဖြစ်ရုံတင်မဟုတ်ဘဲ လူတစ်ဦးချင်းစီရဲ့ ထူးခြားမှု၊ကွဲပြားခြားနားမှုတို့ကိုလေးစားပေးရန်အတွက်ပါရည်ရွယ်ပြီးကျင်းပခဲ့ခြင်းဖြစ်ပါတယ်။

ထိုမျှသာမက ဘယ်သန်သမားတွေဟာ critical thinkingပိုကောင်းကြပြီး အားကစားဘက်တွင်လဲ အခြားသော ညာသန်သမားများထက်ပိုပြီး သင်ယူနိုင်စွမ်းပိုမြင့်တာကိုတွေ့ရမှာပါ။

▪️နာမည်ကြီး ဘယ်သန်သမား အနုပညာရှင်တွေ အားကစားသမားတွေထဲမှာဆိုရင်လဲ Mona Lisaပန်းချီကိုဆွဲသားခဲ့တဲ့ Leonardo da Vinci လိုမျိုး နာမည်ကြီးပန်းချီဆရာတွေ ထို့အပြင် Rafael Nadal လိုမျိုး Tennisချန်ပီယံတွေအပြင် Microsoftတည်ထောင်သူ Bill Gatesတို့လိုလူတွေလဲ ပါဝင်ကြပါတယ်။

ထို့အပြင် ဘယ်သန်သမားလေးတွေဟာ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးကို ပိုမိုပြီး creativeဖြစ်လာအောင် ပံ့ပိုးပေးနေသောသူများဖြစ်သောကြောင့် ယခုလိုနေ့မျိုးမှာ သူတို့လေးတွေကို ဂုဏ်ပြုပေးသင့်ကြောင်းလဲထပ်ပေါင်းရေးသားလိုက်ရပါတယ်။




14/08/2025
14/08/2025

📚Learning ဆိုတာ စာအုပ်ထဲက စာတွေနဲ့ပဲလို့ တွေးနေရင်တော့ မဟုတ်သေးဘူးနော်

🔊ကိုယ့်ရဲ့ ဝါသနာပါရာကို စူးစမ်းလေ့လာပြီး ဖြည်းဖြည်းချင်း တိုးတက်ပြောင်းလဲလာအောင် လုပ်တာကလည်း Learning ပါပဲ

💢ကိုယ့်ရဲ့ Passion အလိုက် ဆက်ပြီး စူးစမ်းလေ့လာချင်နေတာက Learning ပါ
Science လည်းဖြစ်ချင်ဖြစ်မယ်၊ လူတွေကို ကူညီပေးတာလည်း ဖြစ်ချင်ဖြစ်မယ်၊ ဖန်တီးမှုတွေလည်း ဖြစ်ချင်ဖြစ်မယ်၊ ပြဿနာတွေ ဖြေရှင်းတာလည်း ဖြစ်ချင်ဖြစ်မယ်

💫ကိုယ်တကယ် သဘောကျတာ၊ ဝါသနာပါတာ ဘာလဲဆိုတာ သိသွားပြီးရင် ကိုယ့်ရဲ့ Passion က ကိုယ့်ရဲ့ ရည်ရွယ်ချက်ဆီကို အရောက်လှမ်းဖို့ စွမ်းအားတစ်ခုဆိုတာ မမေ့လိုက်ပါနဲ့နော်

🌟Perfect Moment ကို စောင့်စားမနေဘဲ
ဒီနေ့ပဲ စတင်လိုက်တော့နော်

✨ Discover what you love. Learn with heart. Live with purpose.




14/08/2025

International Youth Day ကိုတော့ ကုလသမဂ္ဂက ဩဂုတ်လ ၁၂ ရက်အဖြစ် သတ်မှတ်ထားခဲ့ပြီး ကမ္ဘာတစ်ဝန်းလုံးရှိ လူငယ်များရဲ့ အရေးပါသော အခန်းကဏ္ဍများ နှင့် ယခုခေတ် သူတို့ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ဖော်ပြတဲ့နေ့ ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့သည် ဂုဏ်ပြုပွဲ သက်သက်မဟုတ်ပဲ လူငယ်များရဲ့ ပညာရေး၊ ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာမှ တာဝန်ရှိသူများ၊ အဖွဲ့အစည်းများနှင့် လူငယ်များကိုယ်တိုင် ပူးပေါင်းဆောင်ရွက်ရန် ဖြစ်ပါတယ်။ International Youth Day ကိုကျင်းပခြင်းဖြင့် အနာဂတ်အတွက် လူငယ်များကို စွမ်းရည်မြှင့်တင်ပေးခြင်း၊ လူငယ်တွေရဲ့ အသံများကို နားထောင်ပေးခြင်းနှင့် အမြင်များကို အလေးထားခြင်းဖြင့် လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ ရပ်ဝန်းကို တည်ဆောက်လာနိုင်မှာဖြစ်ပါတယ်။

ပညာရေးဆိုတာ လူငယ်တစ်ယောက်အတွက် အခြေခံအုတ်မြစ်ဖြစ်ပြီး ပညာရေးမှတစ်ဆင့်
နိုင်ငံရေး၊ စီးပွားရေး စတဲ့အရာများကိုနားလည်လာစေမှာ ဖြစ်သလို လူငယ်များအတွက် ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိဖို့ ပညာရေးက အရေးပါတဲ့ အခန်းကဏ္ဍ
ဖြစ်ပြီး ပညာရေးနဲ့ တည်ဆောက်ထားတဲ့ လူငယ်တစ်ယောက်ရဲ့ ပုံရိပ်ဟာ ဘယ်တော့မှ မှေးမှိန်သွားမှာ မဟုတ်ပါဘူး။

“Youth for Peace, Sustainability, and Justice” ဆိုတဲ့အတိုင်း ငြိမ်းချမ်းမှု၊ တည်တံ့တည်မြဲမှုနှင့် တရားမျှတမှုရှိသော လူမှုအသိုင်းအဝိုင်းတည်ဆောက်ရာတွင် လူငယ်များရဲ့ အခန်းကဏ္ဍက တကယ်အရေးပါပါတယ်။

အပြည်ပြည်ဆိုင်ရာ လူငယ်နေ့ကို ကျင်းပခြင်းသည် လူငယ်များ၏ အသံကို ထုတ်ဖော်ပေးနိုင်ပြီး အချင်းချင်းမျှဝေခြင်း၊ လေ့လာသင်ယူခြင်းနှင့် အပြန်အလှန်အကူအညီပေးမှုတို့ကို ထင်ဟပ်စေတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။

လူငယ်များသည် အနာဂတ်ရဲ့ အုတ်မြစ်တင်မကဘဲ ယနေ့ခေတ်ကို ပြန်လည်တည်ဆောက်နေသည့် အဓိက အင်အားဖြစ်ကြပါတယ်။

လူငယ်တွေအနေနဲ့
▪️သင်ယူမှုတွေကို မရပ်တန့်လိုက်ပါနဲ့။
▪️နည်းပညာခေတ်ရဲ့ Digital Skills, AI, Renewable Energy စတာတွေကို သင်ယူလေ့လာပါ။
▪️သင်ယူထားသော အရာများကိုလည်း Sharing လုပ်ပေးပါ။

လူငယ်တွေရဲ့ ပညာရေးနဲ့ လူငယ်တွေရဲ့ အနာဂတ်ကို ဦးဆောင်ပါလို့ နွေဦးတက္ကသိုလ်က တိုက်တွန်းလိုက်ပါတယ်။



Address

Hong Kong

Alerts

Be the first to know and let us send you an email when Regional Youth Alliance posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Regional Youth Alliance:

Share