Burmese Family in Switzerland ဆွစ်ရောက် မြန်မာမိသားစုများ

  • Startseite
  • Schweiz
  • Liebefeld
  • Burmese Family in Switzerland ဆွစ်ရောက် မြန်မာမိသားစုများ

Burmese Family  in Switzerland ဆွစ်ရောက် မြန်မာမိသားစုများ ဆွစ်ဇလန်ရောက် ဘာသာစုံ တိုင်းရင်းသား မြန်မာပြည်နိုင်ငံသား များလွယ်ကူစွာ စုရုံး ဆက်သွယ်နိုင်ရန် ဆုံမှတ်

လူမှု့ရေးစာမျက်နှာလေးပါ
ဆွစ်ဇလန်နေ မြန်မာနိုင်ငံသားများ နှင့် ၎င်းတို့၏ မိသားစုဝင်များ ၏ ကုသိုလ်ရေ လူမှု့ရေး ပျော်ပွဲရွှင်ပွဲများအတွက်ပါ

12/05/2026
"သူမကို လွှတ်ပေးရမယ်။သူမကို ခေါင်းဆောင်တဦးအဖြစ်နဲ့ထား ဆွေးနွေးပွဲတွေ လုပ်ဆောင်ရမယ်။"-(ဖိလစ်ပိုင်သမ္မတမားကိုစ် ဖြေကြားချ...
10/05/2026

"သူမကို လွှတ်ပေးရမယ်။သူမကို ခေါင်းဆောင်တဦးအဖြစ်နဲ့ထား ဆွေးနွေးပွဲတွေ လုပ်ဆောင်ရမယ်။"

-(ဖိလစ်ပိုင်သမ္မတမားကိုစ် ဖြေကြားချက်အာဘော်)

***
ကျွန်တော်တို့ ဘက်မလိုက်ဘဲ မြင်ကြည့်ရအောင်။ဖြစ်သင့်တဲ့ လမ်းကြောင်း လို့ မြင်ပါတယ်။

#ခေါင်းဆောင်အမြန်လွတ်မြောက်ပါစေ

လူထု သတင်းစာတိုက်

06/05/2026
'အတွင်းက လာတဲ့သတင်း' ဆိုပြီးသူတို့ ဖန်တီးထားတဲ့ လူနဲ့...သူတို့စီစဉ်ထားတဲ့အကြောင်းအရာတွေကိုပြည်တွင်း၊ပြည်ပမီဒီယာတွေကတဆင့်...
02/05/2026

'အတွင်းက လာတဲ့သတင်း' ဆိုပြီး
သူတို့ ဖန်တီးထားတဲ့ လူနဲ့...
သူတို့စီစဉ်ထားတဲ့အကြောင်းအရာတွေကို
ပြည်တွင်း၊ပြည်ပမီဒီယာတွေကတဆင့်
ကြားခံဆက်သွယ်ဖြန့်ဝေပြီး
စနစ်တကျသတင်းစကားပြန့်နှံ့စေတဲ့ နည်းပရိယာယ်ကိုလည်း
သတိထားဆင်ခြင်နိုင်ဖို့ အရေးကြီးပါတယ်။

ခုချိန်ထိ ခိုင်လုံသောသက်သေ တစုံတရာမျှ
လက်ခံရရှိထားခြင်း မရှိသေးကြောင်းကိုသာ
အသိပေးချင်ပါတယ်။

👉ရှေ့နေ ... ဆိုတဲ့ ကိစ္စမှာလည်း
သူတို့ဘက်ကသိစေချင်တဲ့သတင်းတစ်ခုထုတ်လွှင့်ပြရုံထက် မပိုသေးပါဘူး။

မည်သို့ပင်ဆိုစေ ကျွန်မတို့တက်ညီလက်ညီကြိုးစားလာခဲ့တဲ့အတိုင်း
Proof of Life ကို အရှိန်အဟုန်မပြတ်ဆက်တွန်းကြဖို့လိုပါတယ်။

ကမ္ဘာကအာရုံစိုက်နေချိန်မှာ
လေပေါ်က အကြောင်းအရာပြောင်းလဲမှုတွေနဲ့
အမေ့သတင်းတွေကို အချိန်ဆွဲခုတုံးလုပ် ဗန်းပြထားပြီး
ကမ္ဘာ့ဇာတ်ခုံ အရာဝင်မှုခြေလှမ်းတွေကို
တဆင့်တက်ဖို့ က်ြိုးစားခြင်းသက်သက်သာဖြစ်နေမှာ
စိုးပါတယ်။

အဓိကက အမေဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းကို
ခိုင်မာသောသက်သေအားဖြင့် သိခွင့်ရနိုင်ဖို့လိုအပ်ပါတယ်။

စစ်အာဏာသမားတွေအနေနဲ့ အခုအချိန်မှာ ဆောင်ရွက်သင့်တာက...
* မမြင်ရတဲ့သတင်းစကားတွေ၊အစီအမံတွေနဲ့မဟုတ်ပဲ ..
👉နိုင်ငံတကာမှ ယုံကြည်ရသော၊ဂုဏ်သိက္ခာရှိသောကိုယ်စားလှယ်ပုဂ္ဂိုလ်တစ်ဦးဦးနှင့် အမေ့ကို
လူကိုယ်တိုင်‌ပေးတွေ့ စေတာမျိုး၊
👉အမေနှင့်တွေ့ဖို့ အဆက်မပြတ် တောင်းဆိုလျက်ရှိ‌သောသားငယ်ကိုထိန်လင်းနှင့်
(အနည်းဆုံးတော့) Zoom live အနေနဲ့ဖြစ်ဖြစ်
တွေ့ဆုံစေတာမျိုး လုပ်ပေးသင့်တာပါပဲ။

ဒီအချိန်မှာ အမေ့ရဲ့ အသက်ရှင်သန်မှုနဲ့ကျန်းမာရေးအခြေအနေက အလွန်အရေးကြီးနေတာမို့
အားလုံးကလည်း တတ်နိုင်သမျှဝိုင်းဝန်းတောင်းဆိုပေးကြပါ။

#နုယဉ်


နေပြည်တော်တွင် နေအိမ်အချုပ် ပြောင်းရွှေ့ထားသော ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေအဖွဲ့ တွေ့ဆုံရန် စီစဉ်ရန်ကုန်၊ မေ ၁ နေပြည်...
01/05/2026

နေပြည်တော်တွင် နေအိမ်အချုပ် ပြောင်းရွှေ့ထားသော ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေအဖွဲ့ တွေ့ဆုံရန် စီစဉ်

ရန်ကုန်၊ မေ ၁

နေပြည်တော်တွင် နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ထားသော ဒေါ်အောင်ဆန်းစုကြည်ကို သူမ၏ ရှေ့နေအဖွဲ့သည် ယခုသီတင်းပတ်ကုန်တွင် တွေ့ဆုံရန် စီစဉ်နေကြောင်း ရှေ့နေအဖွဲ့၏ ကိုယ်စားလှယ်တစ်ဦးက ယနေ့ ပြောကြား သည်ဟု ရိုက်တာသတင်းတစ်ရပ်အရ သိရှိရသည်။

ရှေ့နေအဖွဲ့က အသက် ၈၀ အရွယ်ရှိ ဒေါ်အောင်ဆန်းစုကြည်နှင့် လာမည့် တနင်္ဂနွေနေ့တွင် တွေ့ဆုံရန် စီစဉ်ထားပြီး၊ သူမအတွက် လိုအပ်သည့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ရန်နှင့် သူမ၏ ရပ်တည်ချက်များကို ဆွေးနွေးရန် ရည်ရွယ်ထားသည်ဟု ရိုင်္ကတာသတင်းက ဆိုသည်။

ယခုတွေ့ဆုံမှုမှာ ပုံမှန် အကျဉ်းထောင်ဝင်စာတွေ့ခြင်းမျိုး မဟုတ်တော့ဘဲ ရှေ့နေအဖွဲ့က သွားရောက်၍ ကိစ္စရပ်များကို အသေးစိတ် ဆွေးနွေးနိုင်မည့် တွေ့ဆုံမှုမျိုး ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဧပြီလ ၃၀ ရက်နေ့ ကြာသပတေးနေ့ညပိုင်းတွင် နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတွင် သူမသည် နေပြည်တော်၌ပင် ရှိနေသေးကြောင်း ရှေ့နေအဖွဲ့ဝင်တစ်ဦးက အတည်ပြုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်စစ်တပ်က အဂတိလိုက်စားမှု၊ ရွေး ကောက်ပွဲ မသမာမှုနှင့် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှု အစရှိသည့် စွပ်စွဲချက်များဖြင့် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားခြင်းဖြစ်သည်။

ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်တွင် ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လျှော့ပေါ့ပေးခဲ့ပြီးနောက်၊ ကြာသပတေးနေ့တွင် နေအိမ်အချုပ် မပြောင်းရွှေ့မီ နောက်ထပ် ခြောက်ပုံတစ်ပုံကို ထပ်မံလျှော့ပေါ့ပေးခဲ့သည်။

စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ယူနီဖောင်းဝတ် ဝန်ထမ်းနှစ်ဦးနှင့်အတူ သစ်သားခုံတန်းတစ်ခုပေါ်တွင် ထိုင်နေသည့် ဓာတ်ပုံကို ထုတ်လွှင့်ခဲ့ရာ အဆိုပါ ဓာတ်ပုံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်း သူမ၏ ပထမဆုံးသော လူထုရှေ့မှောက်ရောက်ရှိလာသည့် စစ်တပ်က ထုတ်ပြန်သော ပုံရိပ်ဖြစ်သည်။

အကြမ်းဖက် မင်းအောင်လှိုင်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ် ပေးရန် အာဆီယံ အပါအဝင် နိုင်ငံတကာ၏ ဖိအားများကို ရင်ဆိုင်နေရသည်။

အသက်ရှိမရှိပဲ သက်သေပြခိုင်းတာ ဘာတွေ ကြောက်ချီးပန်နေတာလည်း ဆောက်ပု
01/05/2026

အသက်ရှိမရှိပဲ သက်သေပြခိုင်းတာ ဘာတွေ ကြောက်ချီးပန်နေတာလည်း ဆောက်ပု

👇👇👇

Adresse

Liebefeld
3097

Benachrichtigungen

Lassen Sie sich von uns eine E-Mail senden und seien Sie der erste der Neuigkeiten und Aktionen von Burmese Family in Switzerland ဆွစ်ရောက် မြန်မာမိသားစုများ erfährt. Ihre E-Mail-Adresse wird nicht für andere Zwecke verwendet und Sie können sich jederzeit abmelden.

Teilen