သိင်္ဂါရ ဖောင်ဒေးရှင်း

သိင်္ဂါရ ဖောင်ဒေးရှင်း Charitable Foundation of DIMO

English speaking တိုးတက်စေပြီး စကားတွေလည်းပြောရမယ့် Conversation Club💬ကျွန်တော်တို့ရဲ့ Conversation Club လေး ပြန်လာပါပြီ...
08/23/2025

English speaking တိုးတက်စေပြီး စကားတွေလည်းပြောရမယ့် Conversation Club💬

ကျွန်တော်တို့ရဲ့ Conversation Club လေး ပြန်လာပါပြီ။ ဒီတစ်ပတ်မှာတော့ စိတ်ကူးတည့်ရာ စကားတွေပြောရင်း ကိုယ်ရဲ့ comfort zone ကနေ ရုန်းထွက်လိုက်ကြရအောင်…

Conversation Club ကို လာတက်ရောက်ရင် ဘာအကျိုးကျေးဇူးတွေရနိုင်မလဲ?🤔

သေချာပေါက် ကိုယ့်ရဲ့ skill တွေကို မြှင့်တင်နိုင်မှာဖြစ်သလို အသစ် အသစ်သော စကားလုံးတွေနဲ့ မတူညီတဲ့လူတိုင်းရဲ့ accent ကိုနားထောင်ရတာကြောင့် listening ကိုပါ လေ့ကျင့်ပြီးသားဖြစ်စေမှာပါ။ ဒါ့အပြင် စကားတွေအများကြီးပြောရလို့ ကိုယ့်ရဲ့ communication skill လည်း တစ်ခါတည်း တိုးတက်စေမှာဖြစ်ပါတယ်။

ဒါဆိုရင်တော့ ဘာတွေစဉ်းစားနေအုံးမှာလဲ။ အမြန်သာ လာလိုက်တော့နော်🏃

Conversation Club ရဲ့ update တွေနဲ့ အပတ်စဉ် zoom link တွေကို အောက်ပါ Telegram channel မှာပဲ တင်ပေးတာဖြစ်တဲ့အတွက် join ထားပေးဖို့ လိုအပ်ပါတယ်နော်👇🏻👇🏻

https://t.me/+SYqwnjj8V5NhODE9

ကိုယ့်ရဲ့ English Speaking လေ့ကျင့်ဖို့ အခွင့်အရေးတစ်ခုဖြစ်တာကြောင့် လက်လွှတ်မခံဖို့ ပြောချင်ပါတယ်။ ဒါဆို တနင်္ဂနွေနေ့ ည ၈ နာရီခွဲမှာ တွေ့ကြပါမယ်နော်🫶🏻

🗓️ Date - 24.8.2025 (Every Sunday)
⏰ Time - 8:30 PM to 9:30 PM
💻 Platform - Zoom




English Speaking လေ့ကျင့်ရင်း ပေါ့ပေါ့ပါးပါး စကားပြောကြမယ်🗨️ဒီတစ်ပတ်ရဲ့ Conversation Club လေးကတော့ စကားတွေပဲပြောကြမယ့် ည...
08/02/2025

English Speaking လေ့ကျင့်ရင်း ပေါ့ပေါ့ပါးပါး စကားပြောကြမယ်🗨️

ဒီတစ်ပတ်ရဲ့ Conversation Club လေးကတော့ စကားတွေပဲပြောကြမယ့် ညလေးပဲဖြစ်ပါတယ်။

ကျွန်တော်တို့ Conversation Club လေးမှာဆိုရင် English Speaking ကိုလေ့ကျင့်ချင်တယ်။ ဒါပေမဲ့ စကားပြောရမှာလဲ ကြောက်တယ်ဆိုတဲ့သူတွေအတွက် Host တွေကနေ အေးစက်နေတဲ့ လေထုကိုဖြိုခွဲဖို့ Ice breaking session လေးနဲ့အရင်စတင်မှာဖြစ်ပါတယ်။ ပြီးမှ တစ်ဆင့်စီ ပြောသွားကြမှာမို့ ဘာမှတွေဝေမနေဘဲ စိတ်ချလက်ချသာ လာပြီး လေပေါလိုက်တော့နော်😉

လာ Join လို့ရော ဘာတွေအကျိုးရှိသွားမှာလဲ🤷🏻‍♀️
🪄နေ့စဉ်ဘဝမှာ ပုံမှန်အသုံးပြုနေတဲ့ စကားလုံးတွေ၊ စကားပြောတွေကို ပိုပြီး သိရှိလာစေမယ်။ အခြားသူတွေရဲ့ စကားတွေကိုလည်း နားထောင်ရမှာမို့ မတူညီတဲ့ accent တွေကို ကြားရတာကြောင့် Listening ပါ တစ်ပါတည်း တိုးတက်စေနိုင်တာဖြစ်ပါတယ်။ ဒါ့အပြင် Host မမတွေကလည်း သေချာ Presentation တွေနဲ့ ရှင်းပြပေးအုံးမှာမို့ ဒီလို အခွင့်အရေးမှာ အမြန် လာသင့်နေပါပြီနော်🤭

🗓️Day - Every Sunday
⏰ Time - 8pm to 9pm
💻 Platform - Zoom
📩 Join Channel for Zoom Info & Updates
https://t.me/+SYqwnjj8V5NhODE9

အပတ်စဉ် တင်ပေးမယ့် info တွေကို မလွတ်သွားရအောင် page လေးကိုလည်း like and follow လုပ်ပေးထားပါအုံးနော်👀




What’s your favourite movie?🎬✨Conversation Club ရဲ့ second week ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်မှာတော့ Favourite ...
07/25/2025

What’s your favourite movie?🎬

✨Conversation Club ရဲ့ second week ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်မှာတော့ Favourite Movie လေးတွေ အကြောင်းပြောကြမယ်လေ !

🥀ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်းဟာ အကြောင်းအမျိုးမျိုးကြောင့် ပင်ပန်းနွမ်းနယ်တတ်ကြပါတယ်။ ဒီလိုပဲ အဲ့ဒီပင်ပန်းမှုကို ဖြေဖျောက်တဲ့ နည်းလမ်းဟာ တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး။ အချို့က သီချင်းနားထောင်ကြတယ်၊ အချို့က shopping ထွက်ကြတယ်၊ ဒီလိုမတူညီကြတဲ့နည်းလမ်းတွေနဲ့ လူတွေထဲမှာ ရုပ်ရှင်ကြည့်ရင်း စိတ်အပန်းဖြေကြတဲ့ လူတွေလည်းရှိမယ်ထင်ပါတယ်။

🎞️ဒီတစ်ပတ်ရဲ့ topic လေးကတော့ ရုပ်ရှင်ကြည့်ရတာကြိုက်တဲ့ filmophile လေးတွေအတွက် အကိုက်ဆုံးဖြစ်မယ်ထင်ပါတယ်။ ဒါတင်ပဲလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ လူတိုင်းမှာ အနည်းဆုံးတော့ သဘောကျရတဲ့ ရုပ်ရှင်တစ်ကားစီရှိကြမယ်ထင်ပါတယ်။
ဒါကြောင့် လူတိုင်းပါဝင်လို့ရနိုင်မယ့် topic လေးဖြစ်တဲ့ “Favourite Movie🎬” ဆိုတာလေးကို ပြင်ဆင်ထားပါတယ်။ ဒါဆို ဘာတွေပြောကြမှာလဲ🤷🏻‍♀️

✨ထုံးစံအတိုင်း Introduction လေးနဲ့ အစပြုပြီး အချင်းချင်း ရင်းနှီးသွားစေမယ့် Ice breaking session လေးအနေနဲ့ ဂိမ်းလေးတွေဆော့ကြပါမယ်။ ပြီးရင်တော့ Presenter မမတို့က ပြင်ဆင်ပေးထားတဲ့ presentation လေးကို တင်ဆက်သွားမှာဖြစ်ပါတယ်။
ဆက်လက်ပြီးတော့ ဒီ Conversation Club လေးရဲ့ highlight ဖြစ်တဲ့ Speaking session နဲ့အတူ စကားတွေ အများကြီးပြောကြမှာပဲဖြစ်ပါတယ်။

✨Conversation Club လေးကို လာ join မယ်ဆိုရင် Vocabulary တွေအများကြီး သိရှိနိုင်မှာဖြစ်ပြီး ကိုယ့်ရဲ့ အကြိုက်ဆုံးရုပ်ရှင်ကို မျှဝေနိုင်မယ့်အပြင် အခြားသူများရဲ့ စိတ်ကူးအတွေးတွေကိုပါ သိရှိနိုင်မှာဖြစ်တာကြောင့် Listening skill ကိုပါ တစ်ခါတည်း တိုးတက်စေမှာဖြစ်ပါတယ်။

✨ကျွန်တော်တို့နဲ့အတူ Conversation Club လေးမှာ ပါဝင်ချင်တယ်ဆိုရင်တော့ info တွေကို အမြဲမပြတ် update လုပ်ပေးနေတဲ့ Channel ကို join ထားလိုက်ပါနော်

🗓️Day - July 27, 2025 (Every Sunday)
⏰ Time - 8 PM to 9 PM
💻 Platform - Zoom
📩 Join Channel for Zoom Info & Updates
https://t.me/+SYqwnjj8V5NhODE9

အပတ်စဉ် တင်ပေးမယ့် info တွေကို မလွတ်သွားရအောင် page လေးကိုလည်း like and follow
လုပ်ပေးထားပါအုံးနော်👀




မနေ့က တင်ထားတဲ့ post လေးတွေ တွေ့ပြီးကြပြီလားဟင်? မတွေ့လည်းကိစ္စမရှိပါဘူး ဒီမှာ အသေးစိတ်ပြောပြပေးသွားပါမယ်နော်✌🏻အရင်ဦးဆုံ...
07/18/2025

မနေ့က တင်ထားတဲ့ post လေးတွေ တွေ့ပြီးကြပြီလားဟင်? မတွေ့လည်းကိစ္စမရှိပါဘူး ဒီမှာ အသေးစိတ်ပြောပြပေးသွားပါမယ်နော်✌🏻

အရင်ဦးဆုံး ကျွန်တော်တို့ သိင်္ဂါရကနေ စီစဉ်ထားတဲ့ English Conversation Club လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီ Club လေးကို အပတ်စဉ် တနင်္ဂနွေနေ့ ညတိုင်းမှာ ပြုလုပ်သွားမှာဖြစ်ပြီး အမြဲတမ်း မတူညီတဲ့ topic အသစ်အဆန်းတွေကို ပြောကြမှာပဲဖြစ်ပါတယ်။

ဒါဆို First Week ရဲ့ topic လေးနဲ့ တူတူလုပ်ကြမယ့် Activities တွေကို ပြောပြပါမယ်နော်။

First Week ကိုတော့ ပေါ့ပေါ့ပါးပါးဖြစ်အောင် ကိုယ့်ရဲ့ နေ့စဉ်ပြုလုပ်နေကြ Daily Routine ဆိုတဲ့ topic လေးနဲ့အတူ စတင်လိုက်ကြရအောင်✨ ဒါဆို ဘာတွေပြော ဘာတွေလုပ်ကြမှာလဲ?

ပထမပိုင်းမှာတော့ အချင်းချင်းရင်းနှီးသွားအောင် မိတ်ဆက်ကြမယ်။ ပြီးရင်တော့ Ice Breaker အနေနဲ့ Host မမလှလှက ဂိမ်းလေးတွေဆော့ခိုင်းမှာဖြစ်ပါတယ်။ ပြီးရင်တော့ အစပျိုးတဲ့အနေနဲ့ Host မမလှလှကနေ ပြင်ဆင်လာတဲ့ Presentation လေးကို အရင်လုပ်ပေးအုံးမှာနော်။ နောက်ဆုံးမှာတော့ အဓိက activity ဖြစ်တဲ့ Speaking ကိုတော့ ‌Speaking session 1 နဲ့ Speaking session 2 ဆိုပြီး နှစ်ခါခွဲပြောသွားမှာဖြစ်ပါတယ်။

ဒီ topic ရဲ့ အဓိကရည်ရွယ်ချက်ကတော့ အချင်းချင်းရဲ့ daily routine တွေကိုပြောရင်း ပိုသိလာစေမယ်၊ နေ့စဉ်သုံး စကားလုံးအသစ်တွေကို သိရှိလာမယ်၊ ရင်းနှီးပြီးသား topic ဖြစ်တာမို့ English စကားပြောရာမှာ confidence ပိုရှိလာစေမယ့်အပြင် မတူညီတဲ့ speaking style တွေကို နားထောင်ရတာကြောင့် listening skill ပါ တစ်ခါတည်း တိုးတက်လာစေမှာဖြစ်ပါတယ်။

ဒီလို ပျော်စရာကောင်းပြီး benefit တွေလည်း အများကြီးရမှာဖြစ်တာကြောင့် အမြန်ဆုံး လာ join ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ဪ ခဏ… ဘယ်အချိန်လဲမပြောပြရသေးဘူးပဲ🤭

📍Day - Every Sunday
⏰ Time - 8pm to 9pm
📌 Platform - Zoom
📩 Join Channel for Zoom Info & Updates
https://t.me/+SYqwnjj8V5NhODE9

အပတ်စဉ် တင်ပေးမယ့် info တွေကို မလွတ်သွားရအောင် page လေးကိုလည်း like and follow
လုပ်ပေးထားပါအုံးနော်👀





Big suprise is coming!!!ကျွန်တော်တို့ သိင်္ဂါရကနေ ဒီတစ်ခေါက် ပြင်ဆင်ပေးထားတာလေးကတော့ ကိုယ့်ရဲ့ English speaking ကို prac...
07/17/2025

Big suprise is coming!!!

ကျွန်တော်တို့ သိင်္ဂါရကနေ ဒီတစ်ခေါက် ပြင်ဆင်ပေးထားတာလေးကတော့ ကိုယ့်ရဲ့ English speaking ကို practice လုပ်နိုင်မယ့် English Conversation Club လေးပဲဖြစ်ပါတယ်။ အပတ်စဉ် တနင်္ဂနွေနေ့ ညတိုင်းမှာ မတူညီတဲ့ အကြောင်းအရာတွေကို Presenter မမချောချောလေးတွေနဲ့ အာလူးဖုတ်ရင်း ကိုယ့် English level ကို တိုးတက်စေနိုင်မယ့် 3 plus 1 အစီအစဉ်လေးမို့ တစ်ချက်ခုတ် သုံးချက်တောင်ပြတ်နိုင်မယ့် မဟာအခွင့်အရေးကြီးပါနော်🤯

ဒါဆို အစီအစဉ်ရဲ့ အသေးစိတ်အကြောင်းအရာကိုတော့ နောက်ရက်မှာ တင်ပေးသွားမှာဖြစ်တာမို့ စောင့်ကြည့်နေပေးပါအုံးနော်😉





Long time no see guys!!! သင်္ဂါရ ရဲ့ Knowledge Sharing အပိုင်းလေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ အားလုံးကို အကြာကြီးနေမှ ပ...
07/15/2025

Long time no see guys!!! သင်္ဂါရ ရဲ့ Knowledge Sharing အပိုင်းလေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။

အားလုံးကို အကြာကြီးနေမှ ပြန်နှုတ်ဆက်ဖြစ်တာပါ။ Audience လေးတွေကို ပစ်ထားမိသလိုဖြစ်သွားတာဆိုတော့ ပြန်ချော့ရမှာပေါ့နော်😁 ဒီတစ်ခေါက် post လေးကတော့ English learner လေးတွေ သဘောကျစေမှာပါ။ အိုကေ စိတ်ဝင်စားတယ်ဆိုရင်တော့ နောက်စာပိုဒ်ကို switch…

ဒီနေ့မှာတော့ နိုင်ငံတကာသုံးဘာသာစကားတစ်ခုဖြစ်တဲ့ English ကို ကိုယ်တိုင် self-study လုပ်မယ့်လူတွေအတွက် အခြေခံကနေ စနစ်တကျနဲ့ လေ့လာလို့ရမယ့်နည်းလမ်းလေးကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

English ဟာဆိုရင် လူတိုင်းနီးပါး အသုံးပြုနေပြီး မဖြစ်မနေတတ်ထားသင့်တဲ့ skill တွေထဲတောင် ပါနေပါသေးတယ်။ ဒါကြောင့် ဒီ post လေးမှာ English ရဲ့ Reading, Writing, Listening and Speaking ဆိုတဲ့ skill 4 ခုကို တစ်ခုချင်းစီ focus လုပ်ပြီး တိုးတက်လာစေဖို့ tips and tricks ကို လေ့လာ၊ လေ့ကျင့်လို့ရမယ့် resource တွေနဲ့တကွ ပြောပြပေးသွားပါမယ်နော်။ တစ်ပုံချင်းစီရဲ့ အောက်မှာ ဖတ်ရှုနိုင်ပါတယ်။

❗ဘယ် skill ကို တိုးတက်ဖို့ဖြစ်စေ အရေးကြီးဆုံးကတော့ ကိုယ့်ရဲ့ လက်ရှိ level ကို သိထားဖို့လိုပါတယ်။ ဒါမှ အမှန်တကယ် တိုးတက်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် level test စစ်လို့ရမယ့် အကောင်းဆုံး website လေး 2 ခုကို ထည့်ပေးလိုက်ပါတယ်နော် 😉

EF English level test
https://www.efset.org/

British Council English level test
https://learnenglish.britishcouncil.org/english-levels/online-english-level-test

နောက်လည်း ဒီလို အကျိုးရှိတဲ့ knowledge sharing တွေတင်ပေးသွားအုံးမှာမို့ page လေးကို like and follow လုပ်ပေးထားကြပါအုံးနော်

DIMO page link ⬇️
https://www.facebook.com/Dufferin.Inc?mibextid=ZbWKwL

DVN telegram channel ⬇️
https://t.me/dimovisionarynetwork





အလုပ်သမားနေ့ (May Day) — သိင်္ဂါရ ဖောင်ဒေးရှင်း မှ ဂုဏ်ပြုအပ်ပါသည်။ 🎉မေလ ၁ ရက်နေ့မှာ ကျင်းပကြတဲ့ အလုပ်သမားနေ့ဟာ အလုပ်သမာ...
05/01/2025

အလုပ်သမားနေ့ (May Day) — သိင်္ဂါရ ဖောင်ဒေးရှင်း မှ ဂုဏ်ပြုအပ်ပါသည်။ 🎉

မေလ ၁ ရက်နေ့မှာ ကျင်းပကြတဲ့ အလုပ်သမားနေ့ဟာ အလုပ်သမားတွေရဲ့ အခွင့်အရေးများ၊ အလုပ်ချုပ်မှုချိုးဖောက်မှုများ voicing-out လုပ်သည့် နေ့ဖြစ်ပါတယ်။

ဒီနေ့ဟာ တစ်ကမ္ဘာလုံးက အလုပ်သမားတွေကို ဂုဏ်ပြုတဲ့ နေ့ဖြစ်သလို၊ အလုပ်လုပ်ရင်း သက်တမ်းတစ်လျှောက်တလွှား ကြိုးပမ်းအားထုတ်နေသူတွေကို လေးစားအပ်သောနေ့လည်း ဖြစ်ပါတယ်။

Happy Labour Day from Singgara Foundation!
ကျွန်ုပ်တို့အဖွဲ့အစည်းအနေနဲ့ လူ့ဘောင်ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြိုးပမ်းနေတဲ့ အားလုံးကို ဂုဏ်ပြုအပ်ပါတယ်။


DIMO မှ ငလျင်ဘေးအတွက် ပြန်လည်တည်ဆောက်ရေး လှူဒါန်းမှုအစီအစဉ်တွေကို တတိယအကြိမ်မြောက် ဆက်လက်ပြုလုပ်သွားမှာဖြစ်ပါတယ် ❤️‍🩹ဒီ ...
04/30/2025

DIMO မှ ငလျင်ဘေးအတွက် ပြန်လည်တည်ဆောက်ရေး လှူဒါန်းမှုအစီအစဉ်တွေကို တတိယအကြိမ်မြောက် ဆက်လက်ပြုလုပ်သွားမှာဖြစ်ပါတယ် ❤️‍🩹

ဒီ “ငလျင်ဘေးအလှူ - DIMO နဲ့အတူလက်တွဲကူ”

တတိယမြောက် Campaign လေးမှာကတော့ Founder - Dr. Min Thant Zaw Min ကနေ 4,000,000 Ks ( သိန်း ၄၀ ကျပ် ) မ, တည်ပေးထားပြီးတော့ စုပေါင်းရရှိလာတဲ့ အလှူငွေတွေကို ငလျင်ဘေးသင့် အဓိကဒေသတွေဖြစ်တဲ့ စစ်ကိုင်း၊ မန္တလေး စတဲ့ဒေသတွေက စိတ်ချရတဲ့ နယ်မြေခံအသင်း အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး DIMO team , volunteer တွေနဲ့ ကိုယ်တိုင်သွားရောက် လှူဒါန်းသွားမှာဖြစ်ပါတယ် ။

ငလျင်ဘေးသင့်ဒေသတွေမှာ အရေးပါတဲ့ တိုက်တာအိုးအိမ်၊ ကျောင်းကန်ဇရပ်များ ပြန်လည်တည်ဆောက်ရေးနဲ့ ငလျင်‌ဘေးရှောင်နေရသူများအတွက် ယာယီဆေးပေးခန်းများ ထောက်ပံ့ပေးရေး စသည်တို့ မှာ DIMO နဲ့အတူ ပါဝင်ချင်တယ်ဆိုရင်တော့ -

💳Kpay No. 09899649093
မှတစ်ဆင့် ပါဝင်လှူဒါန်းနိုင်ပါတယ်။

ပါဝင်လှူဒါန်းထားသူများကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာ (Certificate) ကို Email မှတစ်ဆင့် ရက်အနည်းငယ်အတွင်း ပေးပိုပေးမှာဖြစ်ပါတယ်ခင်ဗျာ။ ဒီအတွက် Google form⬇️
လေးဖြည့်ပေးဖို တောင်းဆိုချင်ပါတယ်။

https://docs.google.com/forms/d/e/1FAIpQLSfQEaLFJe0_jfMuceYxe8A0vEqnGd0aOmOi8GZqSOrKqHN98w/viewform?usp=header



နှစ်ဟောင်းမှ နှစ်သစ်ကို ကူးပြောင်းတဲ့ အခါသမယ၊ မင်္ဂလာရှိသော နှစ်ဆန်းတစ်ရက်နေ့မှာ အားလုံးပဲ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး...
04/17/2025

နှစ်ဟောင်းမှ နှစ်သစ်ကို ကူးပြောင်းတဲ့ အခါသမယ၊ မင်္ဂလာရှိသော နှစ်ဆန်းတစ်ရက်နေ့မှာ အားလုံးပဲ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ပျော်ရွှင်ချမ်းမြေ့စေဖို့ DIMO မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်🙏🏻



Repost from DIMO 📣 External On-ground Volunteers Needed (Mandalay) ‼️မနက်ဖြန်ကစပြီး ခေါ်တဲ့အချိန်၊ မန္တလေးကနေ အဆင်ပြေပြီ...
04/08/2025

Repost from DIMO

📣 External On-ground Volunteers Needed (Mandalay) ‼️

မနက်ဖြန်ကစပြီး ခေါ်တဲ့အချိန်၊ မန္တလေးကနေ အဆင်ပြေပြီး အချိန်မရွေးလိုက်ပါနိုင်မယ့် volunteers တွေကို contact ကြိုတင်‌ကောက်ယူနေပါတယ်ရှင့်။ ပါ၀င်နိုင်သူများ DIMO Page Messenger မှာ လာပြောပေးပါနော်။

📍ကျွန်မတို့ DIMO အဖွဲ့နဲ့အတူ လိုက်ပါရမှာဖြစ်ပြီး လူအင်အား၊ ကားအင်အားအခြေအနေအရ လိုအပ်ခဲ့လျှင်ဆက်သွယ်မှာဖြစ်ပါတယ်။

📍လိုအပ်တဲ့ အသင်းအဖွဲ့တွေနဲ့လည်း စကားပြောပြီးပါပြီ။ နယ်မြေခံအသင်းတွေကနေတစ်ဆင့် လိုအပ်ချက်စာရင်း၊ အိမ်ထောင်စုအရေအတွက်၊ အလှူရှင်အရောက်ပေါက်နည်းတဲ့နေရာ စသဖြင့် စာရင်းဇယားတွေနဲ့ သိရှိရတာကြောင့်မလို့ ဆက်လက်သွားမယ့်နေရာတွေကိုလည်း အဲ့ဒီအချက်အလက်တွေအပေါ် မူတည်ပြီး သွား‌ရောက်မှာဖြစ်ပါတယ်။

“ငလျင်ဘေးအလှူ – DIMO နှင့်အတူ လက်တွဲကူ🤝🏻” campaign အတွက်လည်း အလှူငွေ လက်ခံနေဆဲဖြစ်ပြီး
KPay No. – 09899649093 မှတစ်ဆင့်လွှဲလို့ရပါတယ်။ လှူဒါန်းထားတဲ့ Receipt ကို Form ဖြည့်ပြီးရင် Certificate ပေးပို့ပေးမှာဖြစ်ပါတယ်ရှင့်။

📌 Form နှင့် အသေးစိတ်အချက်အလက်ကို အောက်က Telegram Channel မှာ တင်ပေးထားပါတယ်👇
🔗 https://t.me/DufferinDisasterAid

မေးချင်တာတွေရှိရင်လည်း Page Messenger မှာ လာရောက်မေးမြန်းနိုင်ပါတယ်နော်။



"DIMO နှင့် အတူ တွဲလက်ကူ"❗28ရက်နေ့က ဖြစ်ပွားခဲ့သော မြေငလျင်ကြောင့် အဓိကထိခိုက်ခဲ့ရသော မန္တလေးနှင့် စစ်ကိုင်း တို့အား အရေ...
03/30/2025

"DIMO နှင့် အတူ တွဲလက်ကူ"

❗28ရက်နေ့က ဖြစ်ပွားခဲ့သော မြေငလျင်ကြောင့် အဓိကထိခိုက်ခဲ့ရသော မန္တလေးနှင့် စစ်ကိုင်း တို့အား အရေးပေါ်ကူညီပေးနိုင်ရေးအတွက် DIMO မှ ဦးဆောင်ပြီး လှူဒါန်းမှုများ ပြုလုပ်သွားမှာဖြစ်ပါတယ်။

📍ဒါကြောင့် ပါဝင်လှူဒါန်းလိုသူများအနေဖြင့် လှူဒါန်းနိုင်မည့် QR Code နှင့် အလှူငွေ အသုံးပြုမှုများနဲ့ အထောက်အပံ့များကို အောက်ပါ Channel မှာ တင်ပြသွားမှာဖြစ်တာကြောင့် join ပေးထားဖို့ မေတ္တာရပ်ခံချင်ပါတယ်ဗျ။⬇️

🖇 https://t.me/DufferinDisasterAid

✏️အလှူငွေလွှဲပါက Note မှာ နာမည်လေးနဲ့တကွ (donation) လို့ထည့်ရေးကာ လွှဲပေးဖို့ ပြောပါရစေခင်ဗျာ။

📍ဒါ့အပြင် ပါဝင်လှူဒါန်းသူအားလုံးကို certificate ပြန်လည်ထုတ်ပေးသွားမှာဖြစ်ဝာာကြောင့် Telegram channel ထဲတွင် ပေးထားသော google form လေးဖြည့်ပြီး လှူဒါန်းထားတဲ့ screenshot ကိုလည်း form ထဲမှာ တစ်ခါတည်းဖြည့်ပေးဖို့ ပြောချင်ပါတယ်။

🤝🏻 Help Provide Food, Water, and Essentials – Donate via QR

🙏 သင့်ရဲ့ပံ့ပိုးမှုသည် အရေးပေါ် လိုအပ်သော အရာများကို ရောက်ရှိစေပါမည်ခင်ဗျာ။

သိရှိလိုသည်များရှိပါက page chat box မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်‌ဗျ🙇🏻‍♀️



သိင်္ဂါရဖောင်ဒေးရှင်းဟာဆိုရင် တစ်ဖန်ပြန်လည်ပြီး လုပ်ငန်းဆောင်တာတွေကို လုပ်ကိုင်လျက်ရှိနေပြီပဲဖြစ်ပါတယ်….📝ပညာရေးဆိုတာဟာ လ...
03/26/2025

သိင်္ဂါရဖောင်ဒေးရှင်းဟာဆိုရင် တစ်ဖန်ပြန်လည်ပြီး လုပ်ငန်းဆောင်တာတွေကို လုပ်ကိုင်လျက်ရှိနေပြီပဲဖြစ်ပါတယ်….

📝ပညာရေးဆိုတာဟာ လူတိုင်းအတွက် ဘဝအထောက်အကူတစ်ခုအနေနဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍမှာပါဝင်ပါတယ်။ သို့သော် ဒီလိုအရေးကြီးတဲ့ ပညာရေးကို လူတိုင်းသင်ကြားခွင့်မရကြပါဘူး။ ဒီမျိုးအဖြစ်အပျက်တွေကို အတတ်နိုင်ဆုံး လျှော့ချနိုင်ဖို့ သိင်္ဂါရဖောင်ဒေးရှင်းက ကြိုးစား အကောင်အထည်ဖော်နေပါတယ်ရှင့်💁🏻‍♀️

📌လူတိုင်းအတွက် အခမဲ့ပညာရေးဖော်ဆောင်ပေးနေသော DIMO လုပ်ငန်းစုရဲ့ သိင်္ဂါရဖောင်ဒေးရှင်း


Address

215 Wright Crescent
Niagara-on-the-Lake, ON
L0S1J0

Alerts

Be the first to know and let us send you an email when သိင်္ဂါရ ဖောင်ဒေးရှင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to သိင်္ဂါရ ဖောင်ဒေးရှင်း:

Share