08/04/2025
မဟုတ်ဘူး။ အမေတို့ရွာသားပါ။
အသက်(၅)နှစ် အရွယ် ကောင်လေးတစ်ယောက် သူ့အမျိုးဟုထင်ရတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးရဲ့လက်ကို ပွေ့ပိုက်ပြီး မုန့်ဝယ်ဖို့ ဆိုင်ကိုရောက်လာတယ်။ ဆိုင်မှာအဆင်သင့်ထိုင်နေတဲ့ လူကြီးတစ်ဦးက ကောင်လေးကို လှမ်းပြီး
သားနှင့်အတူပါလာသူကဘယ်သူလဲ။
ကောင်လေး ။ ။ သားရဲ့အမျိုးပါ၊ဦးလေးပါ။
မကြာသေးမီက ရောက်လာတာ
ပါ။
လူကြီး ။ ။ဒါဆို သားတို့ရွာသားပေါ့။
ကောင်လေး ။ ။ သားတို့ရွာသားမဟုတ်ပါ။အမေ
တို့ ရွာသားပါ။
လူကြီး ။ ။အမေတို့ရွာသားဆိုရင် သားတို့
ရွာသားမဟုတ်ဘူးလား။
ကောင်လေး ။ ။ (ခေါင်းခါပြီး) မဟုတ်ဘူး။
အမေတို့ရွာသားပါ။ သားကဒီ
မှာမွေးတာပါ။(ဒုက္ခသည်စခန်း
ညွှန်းပြီး)
တစ်ဆိုင်လုံး ။ ။ !!!!!