တိုင်ပင်ရာ - The Reliable Mentor

တိုင်ပင်ရာ - The Reliable Mentor တိုင်ပင်ရာ

Congratulations 🎊🎈🎉🍾 Ko Thihaတိုင်ပင်ရာ group ရဲ့ admin တစ်ယောက်လည်းဖြစ်၊ စိတ်သဘောထားကောင်းပြီးအမြဲလူတိုင်းအပေါ်ကူညီတတ်တ...
13/10/2025

Congratulations 🎊🎈🎉🍾 Ko Thiha
တိုင်ပင်ရာ group ရဲ့ admin တစ်ယောက်လည်းဖြစ်၊ စိတ်သဘောထားကောင်းပြီးအမြဲလူတိုင်းအပေါ်ကူညီတတ်တဲ့ ကိုကြီး HR ဒီ့ထက်မက HR professional life မှာ အောင်မြင်ပါစေ 👏

မနေ့က ဂရုတစ်ခုမှာတင်ထားတဲ့ ညီမလေးတစ်ယောက်ရဲ့ဆိုးဆိုးရွားရွား အနိုင်ကျင့်ခံရတဲ့ 𝐜𝐚𝐬𝐞 တစ်ခုကို ဖတ်ပြီး စိတ်မကောင်းခြင်းမျာ...
08/10/2025

မနေ့က ဂရုတစ်ခုမှာတင်ထားတဲ့ ညီမလေးတစ်ယောက်ရဲ့ဆိုးဆိုးရွားရွား အနိုင်ကျင့်ခံရတဲ့ 𝐜𝐚𝐬𝐞 တစ်ခုကို ဖတ်ပြီး စိတ်မကောင်းခြင်းများစွာဖြစ် ရတယ်၊ တခြားသော 𝐉𝐮𝐧𝐢𝐨𝐫𝐬 တွေရဲ့အခက်အခဲတွေလည်း ဂရုတွေထဲမှာ မကြာခဏ တွေ့ရတဲ့အတွက် 𝐒𝐮𝐞 တို့ရဲ့ ရပ်နားထားတာလည်းကြာပြီဖြစ်တဲ့ *တိုင်ပင်ရာ-𝐀 𝐆𝐚𝐭𝐡𝐞𝐫𝐢𝐧𝐠 𝐨𝐟 𝐎𝐩𝐞𝐧 𝐇𝐞𝐚𝐫𝐭𝐬* လေးကို ပြန်လည် စတင်ပြီး ပြုလုပ်ပေးပါမယ်၊ ၇ လတိတိ အပတ်စဉ် သောကြာနေ့တိုင်း ပြုလုပ်ခဲ့တဲ့ ဒီ 𝐆𝐚𝐭𝐡𝐞𝐫𝐢𝐧𝐠 လေးရဲ့ ရည်ရွယ်ချက်ကတော့ 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 မှာ အခက်အခဲကြုံတွေ့နေရတဲ့ ညီအကိုမောင်နှမတွေ၊ 𝐬𝐜𝐚𝐦 ထိခံရတဲ့ မိတ်ဆွေတွေ၊ 𝐜𝐚𝐫𝐞𝐞𝐫 ပိုင်းနဲ့ ပက်သက်တဲ့ 𝐜𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞𝐬 တွေ၊ တစ်ပါးသူကိုရင်ဖွင့်လို့မရတဲ့ 𝐞𝐦𝐨𝐭𝐢𝐨𝐧𝐚𝐥 𝐜𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞𝐬 တွေ၊ စတဲ့ အခက် အခဲတွေကို ဒီ တိုင်ပင်ရာ 𝐆𝐚𝐭𝐡𝐞𝐫𝐢𝐧𝐠 လေးမှာ တစ်ဦးတစ် ယောက်ချင်းစီကို စိတ်ခွန်အားပေး ဆွေးနွေးတဲ့ အစီအစဉ် လေးဖြစ်ပါတယ်။ 𝐆𝐚𝐭𝐡𝐞𝐫𝐢𝐧𝐠 𝐄𝐯𝐞𝐧𝐭 မှာ ရင်ဖွင့်လို့မရတဲ့ အခိုက်အတန့်, 𝐜𝐡𝐚𝐭 𝐛𝐨𝐱 မှာ ရင်ဖွင့်ဆွေးနွေးပေးတဲ့အကြောင်းအရာတွေကိုလည်း 𝐜𝐨𝐧𝐟𝐢𝐝𝐞𝐧𝐭𝐢𝐚𝐥 အနေနဲ့သေချာဆွေးနွေးတိုင်ပင် ပေးသွားမှာဖြစ်ပါတယ်။

တိုင်ပင်ရာ 𝐆𝐚𝐭𝐡𝐞𝐫𝐢𝐧𝐠 လေးပြန်လုပ်ပေးပါလားဆိုပြီး မိတ်ဆွေတော်တော်များများ တောင်းဆိုထားကြတဲ့ 𝐫𝐞𝐪𝐮𝐞𝐬𝐭 လေး အခုတစ်ခါပြန်လည်ပြီးပြုလုပ်ပေးပါတော့မယ်ရှင်။

𝐕𝐞𝐧𝐮𝐞 အခက်အခဲရှိတာရယ်၊ 𝐭𝐢𝐠𝐡𝐭 𝐬𝐜𝐡𝐞𝐝𝐮𝐥𝐞 အရမ်းဖြစ်တဲ့အတွက် အချိန်ညှိနှိုင်းလို့မရတာရယ်ကြောင့် ခေတ္တခဏရပ်နားထားတဲ့ 𝐠𝐚𝐭𝐡𝐞𝐫𝐢𝐧𝐠 ဒီဆောင်းရာသီအဝင်မှာ ပြန်လည်စတင်ပါတော့မယ်ရှင်။

𝐃𝐚𝐭𝐞 & 𝐕𝐞𝐧𝐮𝐞 အတွက် ပြန်လည်ကြေငြာပေးပါ့မယ်။ 𝐒𝐭𝐚𝐲 𝐓𝐮𝐧𝐞𝐝!

#တိုင်ပင်ရာ

Why Commitment and Dedication Are the Backbone of Life Success? Success doesn’t happen overnight. It’s not luck or talen...
10/04/2025

Why Commitment and Dedication Are the Backbone of Life Success?

Success doesn’t happen overnight. It’s not luck or talent alone—it’s the consistent drive, the discipline to keep showing up, and the mindset to stay focused no matter how hard it gets. This is where commitment and dedication come in.

Commitment means making a decision and sticking with it. It’s the promise you make to yourself that you’ll keep going—even when it’s tough, even when progress feels slow.

Dedication is what fuels your daily actions. It’s the quiet hustle behind the scenes, the sacrifices you make, and the discipline you apply.

Whether you’re building a business, chasing a personal goal, or trying to make a difference in the world—commitment and dedication separate those who wish from those who achieve.

Stay focused. Stay hungry. Success always rewards the consistent.

#တိုင်ပင်ရာ

အဖွဲ့အစည်းများမှ ဦးဆောင်ပြီး မြေပြင်တွင် အမှန်တကယ် လိုအပ်သော ထမင်းဘူး၊ သောက်ရေ၊ အစားအစာ၊ မုန့်ခြောက်၊ အချိုရေ၊ dead body...
06/04/2025

အဖွဲ့အစည်းများမှ ဦးဆောင်ပြီး မြေပြင်တွင် အမှန်တကယ် လိုအပ်သော ထမင်းဘူး၊ သောက်ရေ၊ အစားအစာ၊ မုန့်ခြောက်၊ အချိုရေ၊ dead body bags, ကျန်ရစ်သူ မိသားစုများအတွက် ငွေသား၊ Tent ၊ အမိုးအကာ၊ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ အတွက် ငွေသား စတာတွေကို Sue တို့အဖွဲ့ဝင်များ၏ တစ်နိုင်တစ်ပိုင် အလှုငွေလေးများဖြင့် ကုသိုလ်ပါဝင်ယူခဲ့ပါသည်။ အလှုရှင်များအားလုံး ကုသိုလ် ထပ်တူထပ်မျှရကြပါစေ၊ သာဓု အနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ 🙏

ဦးဆောင် ဦးစီးပြုလုပ်ပြီး ထိရောက်စွာ လှုဒါန်းပေးကြသော ဘာသာရေး အဖွဲ့အစည်းကြီးများ၊ ကုမဏီအဖွဲ့အစည်းများ၊ မြေပြင်ပရဟိအဖွဲ့များသို့ 𝐒𝐔𝐄 𝐑𝐞𝐚𝐥𝐭𝐲 မိသားစုနှင့် 𝐔𝐀𝐄 ရောက် ၇ရက်သားသမီးများ အဖွဲ့က ကျေးဇူး အထူးတင်ပါတယ်ရှင် 🙏

SUE Realty မိသားစုနှင့်အတူ အားတတ်သရော ပါဝင်လှုဒါန်းခဲ့ကြသော UAE က မိတ်ဆွေများအားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင်။

မြန်မာနိုင်ငံ ငလျင်ဘေးပြန်လည်ထူထောင်ရေးအတွက် ဒီနေ့အချိန်ထိ ကောက်ခံရရှိထားတဲ့ အလှုငွေစာရင်းလေးကို တင်ပြချင်ပါတယ်။ ရေလိုနေ...
30/03/2025

မြန်မာနိုင်ငံ ငလျင်ဘေးပြန်လည်ထူထောင်ရေးအတွက် ဒီနေ့အချိန်ထိ ကောက်ခံရရှိထားတဲ့ အလှုငွေစာရင်းလေးကို တင်ပြချင်ပါတယ်။

ရေလိုနေတဲ့အချိန် မိုးစက်လေးတစ်ပေါက်ကလည်း အားဖြစ်စေတဲ့ အတွက် လှုဒါန်းမှုမှာ နည်းသည်များသည် မရှိပါဘူးရှင်။

AED Cash နဲ့ ပေးချင်တဲ့ မိတ်ဆွေများလည်း Al Riga မှာ ပေးလို့ရပြီး၊ Bank Transfer (Or) Kpay နဲ့ပေးချင်လည်း ရပါတယ်ရှင်။ Viber/Whatsapp/Call (+971585937766) ကို ဆက်သွယ်လှုဒါန်းလို့ ရပါတယ်။

အလှုငွေစာရင်း

28/03/2025

Sue Realty - 5,000,000 MMK
Thiha Nay Htun - 1,000,000 MMK

29/03/2025

MIA - AED 100
Nom - AED 500
Pan Thinzar Toe - AED 500
Myat Noe Thitsar - AED 50
Thu Zar Myint - AED 300 (Abudhabi)
Phyu Sin Thant + Nay Ye Aung - AED 700

Ju Zin Night - 400,000 MMK
Su Latt Maung - 300,000 MMK
Khin Thandar Kyaw - 100,000 MMK

30/03/2025

Han Htun Zaw - AED 100
Ye Lin Aung - AED 170
Thet Thet San - AED 200
Lei Lei Win Aung - AED 100
Chit Po Po Htun - AED 1,000
Aye Mya Thu - AED 300
Arkar Phyo - AED 250
Hlaing Myat Htin Family - AED 600
Pyae Phyo Hein + Thazin Myint - AED 500

အလှုငွေများကို 2nd April ထိနောက်ဆုံးထား ကောက်ခံပေးပြီး 3rd April ကျရင်တော့ တကယ်လိုအပ်နေတဲ့ နေရာများကို သေချာစီစစ်ပြီး မြန်မာပြည်က Organization တွေနဲ့ချိတ်ဆက်ပြီး လှုဒါန်းပေးသွားမှာဖြစ်ပါတယ်။

တိုက်ရိုက်လှုဒါန်းပါဝင်ကုသိုလ်ယူချင်တဲ့ မိတ်ဆွေများအတွက်လည်း စိတ်ချရတဲ့ organization တွေရဲ့ ဘဏ်အကောင့်တွေကို

https://www.facebook.com/share/p/1E8Ad7ZabQ/?mibextid=wwXIfr

အခုပို့စ်ရဲ့commentမှာ ဝင်ရောက်ကြည့်ရှုလို့ရပါတယ်ရှင်။

လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ သဘာဝဘေးအန္တရာယ် (ငလျင်) ဘေး ပြန်လည်ထူထောင်ရေးအတွက် Sue Realty မိသားစုမှ ( ငွေကျပ်သိန်း - ၅၀ တိတိ ) မတည် လှုဒါန်းသွားမှာဖြစ်ပါတယ်။

UAE ရောက် မိတ်ဆွေများလည်း ကုသိုလ် အနည်းအများ မသတ်မှတ်ဘဲ ပါဝင်လှုဒါန်းကူညီနိုင်ပါတယ်။

စာရင်းအတိအကျနှင့်တစ်ကွ တစ်ကယ်လိုအပ်တဲ့နေရာများသာ Organization များနဲ့ ချိတ်ဆက်ပြီး လှုဒါန်းပေးမှာဖြစ်ပြီး တိုက်ရိုက်လှုဒါန်းချင်သူများအတွက်လည်း စိတ်ချရတဲ့ organization တွေကို စီစစ်ပြီး Comment အောက်မှာ Link ချပေးမှာဖြစ်တဲ့အတွက် တိုက်ရိုက် ပါဝင်ကူညီပေးလို့ရနိုင်ပါတယ်ရှင်။

စာရင်းပေး လှုဒါန်းလိုသူများ +971585937766 (Viber) မှာ ဆက်သွယ် စာရင်းပေး လှုဒါန်းနိုင်ပါတယ်။

မြန်မာပြည်မှ မိတ်ဆွေများ၊ မိသားစု များနှင့် ခုနှစ်ရက်သားသမီးအပေါင်း ဘေးအန္တရာယ်ကင်းရှင်းပြီး အစစအရာရာ အဆင်ပြေပါစေလို့ ဆုတောင်းရင်း … ။

လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ သဘာဝဘေးအန္တရာယ် (ငလျင်) ဘေး ပြန်လည်ထူထောင်ရေးအတွက် Sue Realty မိသားစုမှ ( ငွေကျပ်သ...
28/03/2025

လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ သဘာဝဘေးအန္တရာယ် (ငလျင်) ဘေး ပြန်လည်ထူထောင်ရေးအတွက် Sue Realty မိသားစုမှ ( ငွေကျပ်သိန်း - ၅၀ တိတိ ) မတည် လှုဒါန်းသွားမှာဖြစ်ပါတယ်။

UAE ရောက် မိတ်ဆွေများလည်း ကုသိုလ် အနည်းအများ မသတ်မှတ်ဘဲ ပါဝင်လှုဒါန်းကူညီနိုင်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ သဘာဝဘေးအန္တရာယ် (ငလျင်) ဘေး ပြန်လည်ထူထောင်ရေးအတွက် Sue Realty မိသားစုမှ ( ငွေကျပ်သိန်း - ၅၀ တိတိ ) မတည် လှုဒါန်းသွားမှာဖြစ်ပါတယ်။

UAE ရောက် မိတ်ဆွေများလည်း ကုသိုလ် အနည်းအများ မသတ်မှတ်ဘဲ ပါဝင်လှုဒါန်းကူညီနိုင်ပါတယ်။

စာရင်းအတိအကျနှင့်တစ်ကွ တစ်ကယ်လိုအပ်တဲ့နေရာများသာ Organization များနဲ့ ချိတ်ဆက်ပြီး လှုဒါန်းပေးမှာဖြစ်ပြီး တိုက်ရိုက်လှုဒါန်းချင်သူများအတွက်လည်း စိတ်ချရတဲ့ organization တွေကို စီစစ်ပြီး Comment အောက်မှာ Link ချပေးမှာဖြစ်တဲ့အတွက် တိုက်ရိုက် ပါဝင်ကူညီပေးလို့ရနိုင်ပါတယ်ရှင်။

စာရင်းပေး လှုဒါန်းလိုသူများ +971585937766 (Viber) မှာ ဆက်သွယ် စာရင်းပေး လှုဒါန်းနိုင်ပါတယ်။

မြန်မာပြည်မှ မိတ်ဆွေများ၊ မိသားစု များနှင့် ခုနှစ်ရက်သားသမီးအပေါင်း ဘေးအန္တရာယ်ကင်းရှင်းပြီး အစစအရာရာ အဆင်ပြေပါစေလို့ ဆုတောင်းရင်း … ။

မ Sue ဘဝ တစ်လျှောက် မတူညီတဲ့ Career Industry တိုင်းမှာ အမြဲTop Achiever တစ်ယောက်ဖြစ်အောင် ဘယ်လို စိတ်မျိုးမွေးမြူပြီး အလ...
07/03/2025

မ Sue ဘဝ တစ်လျှောက် မတူညီတဲ့ Career Industry တိုင်းမှာ အမြဲTop Achiever တစ်ယောက်ဖြစ်အောင် ဘယ်လို စိတ်မျိုးမွေးမြူပြီး အလုပ်လုပ်ခဲ့လဲဆိုပြီး Juniors တော်တော်များများ အမြဲမေးလေ့ရှိကြတယ်။

အဓိက မိဘ၊ ဆရာသမားတွေ သွန်သင်ထားတဲ့ အချက်တွေနဲ့ပဲ ကြိုးစားရှင်သန်ခဲ့တာ အသက် ၁၆ နှစ် အလုပ်စလုပ်ကတည်းက အခုချိန်ထိပဲ။

မတူညီတဲ့ Career တိုင်းမှာ ဆွဲခေါ်ပေးခဲ့တဲ့ ဆရာသမားတွေရှိသလို တွန်းချခဲ့တဲ့ မိတ်ဆွေတွေလည်း အများကြီးရှိခဲ့တယ်။ ဒါပေမယ့် ဘယ်လိုအခြေအနေပဲရောက်ရောက် ဘယ် Industry မှာပဲ လုပ်လုပ် လက်ကိုင်ပြီး ကျင့်သုံးတဲ့ မိဘဆရာသမား တွေရဲ့ သွန်သင်ဆုံးမမှုတွေကတော့..

• ပိုက်ဆံနောက် မလိုက်နဲ့၊ career growth ဖြစ်ဖို့နောက်ပဲလိုက်၊ career growth ဖြစ်ပြီး ကိုယ့်မှာ skillful ပြည့်နေရင် ပိုက်ဆံက ကိုယ့်နောက်ကို အလိုလို လိုက်လာလိမ့်မယ် (My Mentor)

• ဝန်ထမ်းဘဝအနေနဲ့ အလုပ်လုပ်တဲ့အခါ သူများပိုက်ဆံတစ်ပြားပေးထားရင် အဲ့ တစ်ပြားထက်မက လုပ်အားကို ပိုလုပ်ပေးလိုက်ပါ၊ သူများပိုက်ဆံ အလကားမယူနဲ့ (My Mom)

• No Excuses, Just Get it DONE! (One of my Ex Boss)
ဘဝမှာ ကိုယ်လိုချင်တာတွေအတွက် ဘယ်အရာကိုမှ ဆင်ခြင်မပေးနဲ့၊ ပြီးမြောက်အောင်ပဲလုပ်ဆောင်ပါ၊ solution ရှာ get it done, no matter what!

ဒီအချက် ၃ ချက်ကိုပဲ အမြဲခေါင်းထည့်ထားပြီး လုပ်ဆောင်တယ်။ ကိုယ်ကိုယ်တိုင်ရဲ့ ခံယူချက်ကတော့….

• ကိုယ်လုပ်တဲ့ အလုပ်တိုင်း ကျွမ်းကျင်စွာနဲ့ Professional ဆန်နေရမယ်။

• ပိုက်ဆံရရင်ပြီးရော အလုပ်လုပ်တယ်ဆ်ိုတာထက် ကိုယ့်နာမည်တစ်လုံးကို တန်ဖိုးထားပြီး တစ်ဖက်လူအဆင်ပြေအောင် စေတနာလေးထားပြီး အလုပ်လုပ်ပေးတတ်တယ်။

• လွယ်လွယ်နဲ့ လက်မလျော့တတ်သလို အလုပ်လုပ်တဲ့အခါ အတတ်နိုင်ဆုံးစေ့စပ်သေချာ၊ တာဝန်ယူမှု တာဝန်ခံမှုစိတ်ကလေးနဲ့ လုပ်ဆောင်တတ်တယ်။

• 200% ကြိုးစားတယ် ၊ လောဘမရှိဘူး၊ ဘုရားပေးသလောက်ပဲယူတယ်။

• ကိုယ့်ကိုယ်ပဲ Focus လုပ်တယ်၊ ရိုးရှင်းစွာနေထိုင်တယ်၊
ကိုယ့်အိမ်မက်တွေနဲ့ကိုယ်ရှင်သန်တယ်။ ကိုယ့်ကိုယ်လိုအပ်တဲ့ Next Generation တွေကို ရသလောက်ဆွဲခေါ်ပေးတယ်။

• Toxic people, Toxic Environment, Toxic Relationships တွေနဲ့ အဝေးဆုံးမှာနေတယ်၊ အခြေအနေတိုင်းမှာ Positive Energy နဲ့ Positive Thoughts ရဖို့အတွက်..

• အသက်ရှင်နေတဲ့ နေ့ရက်တိုင်းကိုကျေးဇူးတင်တတ်တဲ့စိတ်လေးနဲ့ ရှင်သန်ပေးတယ်။

Weak People Revenge
Strong People Forgive
Intelligent People Ignore!

#တိုင်ပင်ရာတိုင်ပင်ရာ

၇ လကျော်ကြာ ပြုလုပ်ခဲ့တဲ့ တိုင်ပင်ရာ 𝐆𝐚𝐭𝐡𝐞𝐫𝐢𝐧𝐠 𝐄𝐯𝐞𝐧𝐭 လေးတုန်းက မိတ်ဆွေတွေရဲ့ 𝐇𝐨𝐧𝐞𝐬𝐭 𝐑𝐞𝐯𝐢𝐞𝐰𝐬 လေးတွေ💕 𝐆𝐚𝐭𝐡𝐞𝐫𝐢𝐧𝐠 𝐄𝐯𝐞𝐧𝐭 လေးတ...
03/03/2025

၇ လကျော်ကြာ ပြုလုပ်ခဲ့တဲ့ တိုင်ပင်ရာ 𝐆𝐚𝐭𝐡𝐞𝐫𝐢𝐧𝐠 𝐄𝐯𝐞𝐧𝐭 လေးတုန်းက မိတ်ဆွေတွေရဲ့ 𝐇𝐨𝐧𝐞𝐬𝐭 𝐑𝐞𝐯𝐢𝐞𝐰𝐬 လေးတွေ💕

𝐆𝐚𝐭𝐡𝐞𝐫𝐢𝐧𝐠 𝐄𝐯𝐞𝐧𝐭 လေးတွေ ပြန်မလုပ်တော့ဘူးလားလို့ မေးနေတဲ့ မိတ်ဆွေတွေ, 𝐇𝐢𝐠𝐡 𝐒𝐞𝐚𝐬𝐨𝐧 မှာ မိတ်ဆွေတွေတော်တော်များများလည်း အလုပ်ရသွားကြတဲ့ အပြင် 𝐀𝐝𝐦𝐢𝐧 တို့အနေနဲ့ကလည်း အရမ်း 𝐛𝐮𝐬𝐲 𝐬𝐜𝐡𝐞𝐝𝐮𝐥𝐞 တွေဖြစ်ခဲ့တော့ ခဏရပ်နားထားလိုက်ရတာပါ။

𝐆𝐚𝐭𝐡𝐞𝐫𝐢𝐧𝐠 𝐄𝐯𝐞𝐧𝐭 ပြန်လုပ်စေချင်တယ်ဆိုတဲ့ မိတ်ဆွေများ 𝐜𝐨𝐦𝐦𝐞𝐧𝐭 𝐨𝐫 𝐜𝐡𝐚𝐭 𝐛𝐨𝐱 ကနေ 𝐝𝐚𝐭𝐞 နဲ့ အချိန်လေးတွေ ပို့ပေးထားကြပါနော်။ လူဦးရေ အနည်းအများ အပေါ်မူတည်ပြီး ပြန်စီစဉ်ပေးပ့ါမယ်။

#တိုင်ပင်ရာ

ဒီနေ့ကတော့ Iranian လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းမလေး အတွက် Mentor, coaching session လေး ပေးဖြစ်ခဲ့တယ်။ အိမ်တွေမရောင်းရတာ၊ ...
22/01/2025

ဒီနေ့ကတော့ Iranian လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းမလေး အတွက် Mentor, coaching session လေး ပေးဖြစ်ခဲ့တယ်။

အိမ်တွေမရောင်းရတာ၊ Deal Close မဖြစ်တာ ၂ လရှိပြီမို့ အရမ်း down ဖြစ်လို့တဲ့… နင့်လိုလတိုင်း ရောင်းထွက်ပြီး အမြဲ active, positive vibe ရှိတဲ့လူလိုဖြစ်ချင်တာ ဘယ်လိုလုပ်ရမလဲဆိုပြီး Motivation ယူချင်လို့တဲ့.. ကုမဏီကလည်း pressure တွေပေးနေပြီ.. ရှေ့ဆက်ထပ်ပြီး မ deal တော့ရင် အလုပ်ပြုတ် တော့မယ် ဆိုပြီး တိုင်ပင်လာလို့ ဒီညနေမှာတော့ တွေ့ပြီး အားပေးဖြစ်ခဲ့တယ်။

ဒူဘိုင်း အိမ်ခြံမြေ ဒုတိယမြောက် ကုမဏီတစ်ခုမှာ Salary Base၊ ဝန်ထမ်းအနေနဲ့ လုပ်ခဲ့တုန်းက တစ်ကုမဏီတည်း အတူတူလုပ်ခဲ့တဲ့ အသက် ၁၀ နှစ်ကွာ၊ ဘာသာစကား ၄ မျိုးပြောတတ်တဲ့ လုပ်ဖော်ကိုင်ဖက် အီရန်မလေး..

Overall သူ့အခြေအနေကြည့်ပြီး သုံးသပ်ပေးမိတာကတော့

* ပထမဆုံး အရင် deal close ဖြစ်ခဲ့တဲ့ အရာတွေ အတွက် ကျေးဇူးတင်ပြီး နောက် deals တွေအတွက် အကောင်းဆုံးကြိုးစားဖို့

* Down ဖြစ်နေတဲ့ Energy တွေကို cleansing လုပ်ပြီး positive vibe ပြန်ရအောင်လုပ်ဖို့

* ကိုယ်လိုချင်တဲ့ အရာကိုလိုချင်ရင် အကောင်းဆုံးကြိုးစားပြီး ကိုယ့်ကိုယ်ကို pressure အရမ်းမပေးဖို့

* စိိတ်အရမ်းမလောပဲ စိတ်ကို အတတ်နိုင်ဆုံး relax လုပ်ပြီး progress တွေအတွက် အကောင်းဆုံး result တစ်ခုကို ရလာအောင် စောင့်ဖို့

တကယ်တော့ သူမ deal တစ်ခါ close ရင် AED 18M , 20M deal တဲ့သူပါ၊ အခု ၂ လ လောက် မ deal တာနဲ့ pressure တွေမိပြီး down ဖြစ်နေလို့တဲ့..

Sue တို့ဘဝမှာလေ ကိုယ်ရခဲ့တဲ့ အရာတွေအတွက် ကျေးဇူးတင်တတ်တဲ့ စိတ်ကလေးတွေ မွေးမြူတတ်ရင်နေ့တစ်ဒူဝ ဖြစ်နေတဲ့ Pressure ဒဏ်ကနေ လျော့နည်းသွားမယ်။ ကိုယ့်မှာရှိတဲ့ မကောင်းတဲ့ Energy တွေ cleansing ဖြစ်ပြီး ကြုံတွေနေရတဲ့အရာတွေအတွက် positive၊ အကောင်းမြင်တတ်တဲ့ စိတ်လေး မွေးမြူတတ်ရင် ကိုယ့်ဘဝမှာ ကောင်းသောအရာတွေပဲ ဖြစ်လာတာပိုများတတ်တယ်။ ကိုယ်လိုချင်တဲ့ အရာတွေအတွက် Do your best and Let God Do the Rest!

Focus on what you can control, leave what you can’t!

#တိုင်ပင်ရာ

အပတ်စဉ် အပတ်တိုင်း ပြုလုပ်နေကြဖြစ်တဲ့ တိုင်ပင်ရာ 𝗚𝗮𝘁𝗵𝗲𝗿𝗶𝗻𝗴 𝗘𝘃𝗲𝗻𝘁 လေးမှာ ဒီတစ်ပတ် ၂၇ ပတ်မြောက်မှာ ပြုလုပ်မယ့် မနက်ဖြန်မှာ...
16/01/2025

အပတ်စဉ် အပတ်တိုင်း ပြုလုပ်နေကြဖြစ်တဲ့ တိုင်ပင်ရာ 𝗚𝗮𝘁𝗵𝗲𝗿𝗶𝗻𝗴 𝗘𝘃𝗲𝗻𝘁 လေးမှာ ဒီတစ်ပတ် ၂၇ ပတ်မြောက်မှာ ပြုလုပ်မယ့် မနက်ဖြန်မှာဆိုရင် ဆွေးနွေးပေးမယ့်အကြောင်းအရာ တွေနဲ့ ဆွေးနွေးတိုင်ပင် ပေးမယ့် 𝗦𝗲𝗻𝗶𝗼𝗿𝘀 တွေရဲ့ 𝗕𝗮𝗰𝗸𝗴𝗿𝗼𝘂𝗻𝗱 နဲ့ မိတ်ဆက် ပေးလိုက်ပါတယ်ရှင်😇

လမ်းလျှောက်ရင်း လမ်းပျောက်နေလို့ စိတ်ခွန်အားလိုချင်တဲ့ မိတ်ဆွေများ၊

(𝐑𝐞𝐚𝐥 𝐄𝐬𝐭𝐚𝐭𝐞 𝐒𝐞𝐜𝐭𝐨𝐫, 𝐌𝐞𝐧𝐭𝐚𝐥 𝐂𝐨𝐚𝐜𝐡, 𝐅𝐫𝐨𝐧𝐭 𝐎𝐟𝐟𝐢𝐜𝐞, 𝐒𝐚𝐥𝐞𝐬 & 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠, 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 : 𝐌𝐬. 𝐒𝐮𝐞)

(𝐇𝐑 𝐒𝐞𝐜𝐭𝐨𝐫, 𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 𝐐&𝐀, 𝐎𝐟𝐟𝐞𝐫 𝐋𝐞𝐭𝐭𝐞𝐫, 𝐂𝐨𝐧𝐭𝐫𝐚𝐜𝐭 & 𝐋𝐚𝐰 : 𝐊𝐨 𝐓𝐡𝐢𝐡𝐚)

စတာတွေကို ဒီလို အတွေ့အကြုံ Background ရှိတဲ့ Seniors တွေနဲ့ အခမဲ့ ဆွေးနွေးသွားမှာ ဖြစ်လို့ စိတ်ဝင်စားလို့ Register ပြုလုပ်ချင်ရင် Chat Box မှာ စာရင်းပေးပေးပါနော်!

#တိုင်ပင်ရာ

11/01/2025

အပတ်စဉ် ၂၆ ပတ်မြောက် “𝐀 𝐆𝐚𝐭𝐡𝐞𝐫𝐢𝐧𝐠 𝐎𝐩𝐞𝐧 𝐇𝐞𝐚𝐫𝐭𝐬” 𝐄𝐯𝐞𝐧𝐭 လေးကို venue sponsor အဖြစ်ပေးတဲ့ 𝐓𝐍𝐓 (𝐌𝐚𝐧𝐚𝐝𝐚𝐥𝐚𝐲 𝐁𝐚𝐲 𝐓𝐫𝐚𝐯𝐞𝐥 & 𝐓𝐨𝐮𝐫) 𝐎𝐟𝐟𝐢𝐜𝐞 တွင်ကျင်းပ ပြုလုပ်ပေးခဲ့ပါတယ်။

ဒီတစ်ပတ် ထူးခြားအစီအစဉ်အနေနဲ့ 𝐔𝐒 နိုင်ငံမှ(𝐃𝐨𝐜𝐭𝐨𝐫 & 𝐈𝐧𝐯𝐞𝐬𝐭𝐨𝐫) တစ်ဦးလည်းဖြစ်သော 𝐒𝐞𝐧𝐢𝐨𝐫 𝐄𝐱𝐩𝐞𝐫𝐭, ဆရာကြီးမှ စိတ်ခွန်အား အကြံဉာဏ်များ မျှဝေပေးခဲ့ပါတယ်။

စိတ်ခွန်အားလိုအပ်တဲ့ မိတ်ဆွေတွေရော၊ အလုပ်ကိစ္စ တိုင်ပင်ဆွေးနွေးဖို့ အပတ်တိုင်း တိုင်ပင်ရာမှာ လာနားထောင်အားဖြည့်ပေးကြတဲ့ မိတ်ဆွေများ ဒီတစ်ပတ်မှာတော့ 𝐒𝐚𝐥𝐞𝐬, 𝐑𝐞𝐚𝐥 𝐄𝐬𝐭𝐚𝐭𝐞, 𝐇𝐑 𝐋𝐚𝐰𝐬, အပိုင်း လုပ်ငန်းခွင်အတွေ့အကြုံ၊ အင်တာဗျူးအတွေ့အကြုံနဲ့ စိတ်ခွန်အားတွေပါရရှိကြမယ်လို့ ယုံကြည်ပါတယ်။

ဒီ 𝐄𝐯𝐞𝐧𝐭 လေးမှာတော့ ဒူဘိုင်းကိုရောက်ခါစ အလုပ်ရှာနေဆဲ လူငယ်တွေရဲ့ တိုင်ပင်ချင်တဲ့ အကြောင်းအရာ မေးခွန်းတွေကို အဓိကဆွေးနွေးပေးခဲ့ပြီး လိုအပ်တဲ့ စိတ်ခွန်အားအကြံဉာဏ်ပါပေးခဲ့ပါတယ်။ အလုပ်တွေအမြန်ရရှိပြီး အစစအရာရာ အဆင်ပြေကြပါစေ။

#တိုင်ပင်ရာ

အပတ်စဉ် အပတ်တိုင်း ပြုလုပ်နေကြဖြစ်တဲ့ တိုင်ပင်ရာ 𝗚𝗮𝘁𝗵𝗲𝗿𝗶𝗻𝗴 𝗘𝘃𝗲𝗻𝘁 လေးမှာ ဒီတစ်ပတ် ၂၆ ပတ်မြောက်မှာ ပြုလုပ်မယ့် မနက်ဖြန်မှာ...
09/01/2025

အပတ်စဉ် အပတ်တိုင်း ပြုလုပ်နေကြဖြစ်တဲ့ တိုင်ပင်ရာ 𝗚𝗮𝘁𝗵𝗲𝗿𝗶𝗻𝗴 𝗘𝘃𝗲𝗻𝘁 လေးမှာ ဒီတစ်ပတ် ၂၆ ပတ်မြောက်မှာ ပြုလုပ်မယ့် မနက်ဖြန်မှာဆိုရင် ဆွေးနွေးပေးမယ့်အကြောင်းအရာ တွေနဲ့ ဆွေးနွေးတိုင်ပင် ပေးမယ့် 𝗦𝗲𝗻𝗶𝗼𝗿𝘀 တွေရဲ့ 𝗕𝗮𝗰𝗸𝗴𝗿𝗼𝘂𝗻𝗱 နဲ့ မိတ်ဆက် ပေးလိုက်ပါတယ်ရှင်😇

လမ်းလျှောက်ရင်း လမ်းပျောက်နေလို့ စိတ်ခွန်အားလိုချင်တဲ့ မိတ်ဆွေများ၊

(𝐒𝐞𝐧𝐢𝐨𝐫 𝐄𝐱𝐩𝐞𝐫𝐭 𝐟𝐫𝐨𝐦 𝐔𝐧𝐢𝐭𝐞𝐝 𝐒𝐭𝐚𝐭𝐞𝐬)

(𝐑𝐞𝐚𝐥 𝐄𝐬𝐭𝐚𝐭𝐞 𝐒𝐞𝐜𝐭𝐨𝐫, 𝐌𝐞𝐧𝐭𝐚𝐥 𝐂𝐨𝐚𝐜𝐡, 𝐅𝐫𝐨𝐧𝐭 𝐎𝐟𝐟𝐢𝐜𝐞, 𝐒𝐚𝐥𝐞𝐬 & 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠, 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 : 𝐌𝐬. 𝐒𝐮𝐞)

(𝐇𝐑 𝐒𝐞𝐜𝐭𝐨𝐫, 𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 𝐐&𝐀, 𝐎𝐟𝐟𝐞𝐫 𝐋𝐞𝐭𝐭𝐞𝐫, 𝐂𝐨𝐧𝐭𝐫𝐚𝐜𝐭 & 𝐋𝐚𝐰 : 𝐊𝐨 𝐓𝐡𝐢𝐡𝐚)

စတာတွေကို ဒီလို အတွေ့အကြုံ Background ရှိတဲ့ Seniors တွေနဲ့ အခမဲ့ ဆွေးနွေးသွားမှာ ဖြစ်လို့ စိတ်ဝင်စားလို့ Register ပြုလုပ်ချင်ရင် Chat Box မှာ စာရင်းပေးပေးပါနော်!

#တိုင်ပင်ရာ

Address

Dubai

Website

Alerts

Be the first to know and let us send you an email when တိုင်ပင်ရာ - The Reliable Mentor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share